Saturday, 21 April 2018

21-APR-2018 (READING -EST3-YB-C2)

Sat the 21st: Optional memorial of Anselm, bishop and doctor.
Acts 9:31-42; Ps 116:12-17; John 6:60-69

တမန်တော်ဝတ္ထု အခန်းကြီး ၉ (Acts 9:31-42);

၃၁ ထိုအခါ ယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည် အရပ်ရပ်တို့တွင် အသင်းတော်တို့သည် ငြိမ်သက်၍ တည်ဆောက်ခြင်းရှိကြ၏။ သခင်ဘုရားကို ကြောက်ရွံ့ခြင်း၌င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အဆုံးအမ၌၎င်း၊ မွေ့လျော်သောအားဖြင့် ပွားများကြ၏။
၃၂ ပေတရုသည် အရပ်ရပ်တို့ကိုလှည့်လည်သည်တွင် သန့်ရှင်းသူတို့ရှိရာ လုဒ္ဒမြို့သို့ရောက်လေ၏။
၃၃ ထိုအရပ်၌ အဲနေအမည်ရှိသော လက်ခြေသေ၍ ရှစ်နှစ်ပတ်လုံး အိပ်ယာ၌ တုံးလုံးနေသောသူတယောက်ကို တွေ့လျှင်၊ အဲနေ ယေရှုခရစ်သည် သင့်အား ချမ်းသာပေးတော်မူ၏။
၃၄ ထ၍ အိပ်ယာကိုပြင်လော့ဟု ပေတရုဆိုသော်၊ ထိုသူသည် ချက်ခြင်းထ၏။
၃၅ လုဒ္ဒမြို့နှင့် ရှာရုန်မြို့၌ နေသောသူအပေါင်းတို့သည် ထိုသူကို မြင်၍ သခင်ဘုရား ထံတော်သို့ ပြောင်းလဲကြ၏။
၃၆ ယုပ္ပေမြို့၌ ဒေါ်ကာဟုဆိုလိုသော တဗိသအမည်ရှိသော တပည့်တော်မတယောက်ရှိ၏။ ထိုမိန်းမ သည် ကောင်းသောအကျင့်၊ စွန့်ကြဲခြင်းအကျင့်နှင့်ပြည့်စုံလျက်၊
၃၇ ထိုအခါ၌ နာ၍သေလေ၏။ အလောင်းကို ရေချိုးပြီးလျှင် အထက်ခန်း၌ တင်ထားကြ၏။
၃၈ လုဒ္ဒမြို့သည် ယုပ္ပေမြို့နှင့် နီးသည်ဖြစ်၍ ထိုမြို့၌ ပေတရုရှိကြောင်း ကို တပည့်တော်တို့သည်ကြားလျှင်၊ ပေတရုသည် အလျင်အမြန်ကြွလာပါမည်အကြောင်း လူနှစ်ယောက်ကို စေလွှတ်၍ တောင်းပန်ကြ၏။
၃၉ ပေတရုသည်ထ၍ ထိုသူတို့နှင့်အတူလိုက်လေ၏။ ရောက်လျှင် အထက်ခန်း သို့ခေါ်ပင့်၍ မုတ်ဆိုးမများတို့သည် ငိုကြွေးလျက်၊ သူတို့နှင့်အတူ ဒေါ်ကာရှိစဉ်အခါ လုပ်ခဲ့သောအင်္ကျီနှင့်အဝတ် များကို ပြလျက်ရှိကြ၏။
၄၀ ပေတရုသည် ထိုသူအပေါင်းတို့ကို ပြင်သို့ထွက်စေသည်နောက် ကိုယ်တိုင်ဒူးထောက် ၍ ဆုတောင်းပဌနာပြုပြီးလျှင် ထိုအလောင်းသို့ မျက်နှာလှည့်၍ တဗိသ၊ ထလော့ဟုဆိုလေ၏။ ထိုမိန်းမသည် မျက်စိကိုဖွင့်၍ ပေတရုကိုမြင်လျှင် ထ၍ထိုင်၏။
၄၁ ပေတရုသည် မိမိလက်ကိုသူ့အားပေး၍ ချီကြွပြီးမှ သန့်ရှင်း သူတို့နှင့် မုတ်ဆိုးမတို့ကိုခေါ်၍ အသက်ရှင်လျက်ရှိသော ထိုမိန်းမကိုပြလေ၏။
၄၂ ထိုအကြောင်းကို ယုပ္ပေမြို့၌ အနှံ့အပြားသိကြ၍၊ လူများတို့သည် သခင်ဘုရားကိုယုံကြည်ခြင်းသို့ရောက်ကြ၏။


ဆာလံကျမ်း အခန်းကြီး ၁၁၆ (Ps 116:12-17);

၁၂ ငါ၌ ထာဝရဘုရား ပြုတော်မူသော ကျေးဇူးအလုံးစုံ တို့ကို အဘယ်သို့ ဆပ်ရမည်နည်း၊၊
၁၃ ကယ်တင်ခြင်းခွက်ဖလားကို ကိုင်ယူ၍ ထာဝရဘုရား၏ နာမတော်ကို ပဌနာ ပြုမည်၊၊
၁၄ ထာဝရဘုရားအား သစ္စာကတိထားသည်အတိုင်း ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေမည်၊
၁၅ ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသောသူတို့၏ သေခြင်းအရာသည် အဘိုးကြီးလှ၏၊၊
၁၆ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်မှန်ပါ၏၊၊ ကိုယ်တော်၏ ကျွန်မတွင်မြင်သောသားလည်း မှန်ပါ၏၊၊ အကျွန်ုပ်၌ ချည်အနှောင်ကို လွှတ်တော်မူပြီ၊၊
၁၇ ကျေးဇူးတော်ချီးမွမ်းရာ ယဇ်ကို ရှေ့တော်၌ ပူဇော်၍ ထာဝရ ဘုရား၏ နာမတော်ကို  ပဌနာပြုမည်၊၊
၁၈ ထာဝရဘုရားအား သစ္စာကတိထားသည်အတိုင်း အိုယေရုရှလင်မြို့ သင်၏အလယ်မှာ ထာဝရ ဘုရား၏ အိမ်တော်တန်တိုင်းအတွင်းတွင် ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေပါမည်၊၊ ဟာလေလုယ၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၆ (John 6:60-69);

၆၀ တပည့်တော်အများတို့သည် ကြားလျှင်၊ ထိုစကားသည် အလွန်ခက်လှ၏။ အဘယ်သူနား ခံနိုင်မည်နည်း ဟုဆိုကြ၏။
၆၁ ထိုသို့တပည့်တော်တို့ကဲ့ရဲ့အပြစ်တင်သည်ကို ယေရှုသည် အလိုအ လျောက်သိတော်မူလျှင်၊ ဤတရားစကားကြောင့်သင်တို့သည် စိတ်ပျက်ကြသလော။
၆၂ လူသားသည် အရင်နေရာ အရပ်သို့တဖန် ကြွတတ်သည်ကိုမြင်ရလျှင် အဘယ်သို့ထင်မှတ်ကြမည်နည်း။
၆၃ိဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက် လည်းဖြစ်၏။
၆၄ သို့သော်လည်း သင်တို့တွင်မယုံကြည်သောသူအချို့ရှိ၏။
၆၅ ထိုကြောင့်ငါ၏ ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင်၊ အဘယ်သူမျှငါ့ထံသို့မလာနိုင်ဟု အထက်ကငါဆိုခဲ့ပြီဟု မိန့်တော်မူ၏။ ထိုသို့မိန့် တော်မူသည် အကြောင်း ဟူမူကား၊ အဘယ်သူမယုံကြည်သည်ကို၎င်း၊ အဘယ်သူသည် ကိုယ်တော်ကိုအပ် နှံမည်ကို၎င်း၊ ယေရှုသည်အစအဦး၌ သိတော်မူ၏။
၆၆ ထိုအခါမှစ၍ တပည့်တော်အများတို့သည်ကိုယ်တော်နှင့် မပေါင်းဘော်ဘဲဆုတ်သွားကြ၏။
၆၇ ထိုကြောင့် ယေရှုသည် တကျိပ်နှစ်ပါးသောသူတို့အား၊ သင်တို့သည်လည်းထွက်သွားခြင်းငှါအလိုရှိကြ သလောဟု မေးတော်မူလျှင်၊
၆၈ ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့သွား ရပါမည်နည်း။ ထာဝရအသက်နှင့်ယှဉ်သော စကားသည် ကိုယ်တော်၌ တည်ပါ၏။
၆၉ ကိုယ်တော်သည် ခရစ်တော်တည်းဟူသောအသက်ရှင် တော်မူသောဘုရား သခင်၏ သားတော်ဖြစ်တော်မူသည်ကို အကျွန်ုပ် တို့ယုံကြည်သိမှတ် ကြပါသည်ဟု လျှောက်လေ၏။