Sunday, 2 December 2018

02-DEC-2018 (READING -ADV-1-YC-C1)

Sun the 2nd: Psalter I, Advent Week 1.
Jer 33:14-16; Ps 25:4-14; 1 Thess 3:12-4:2; Luke 21:25-36

ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၃၃ (Jer 33:14-16); 

၁၄ တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့၌ ငါထားသော ကတိအတိုင်း ကျေးဇူးပြုရသော အချိန်ကာလသည် ရောက်လိမ့်မည်။ 
၁၅ ထိုကာလအခါ သန့်ရှင်းသော အညွန့်ကို ဒါဝိဒ်အဘို့ ငါပေါက်စေ၍၊ သူသည်မြေကြီးပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်လိမ့်မည်။ 
၁၆ ထိုကာလ၌ ယုဒပြည်သည် ကယ်တင်ခြင်းသို့ ရောက်၍၊ ယေရုရှလင်မြို့သည်လည်း ငြိမ်ဝပ်ခြင်းရှိလိမ့်မည်။ ထိုမြို့သည် ယေဟောဝါဇေဒကနုဟူသော ဘွဲ့နာမရှိလိမ့်သတည်း။ 

ဆာလံကျမ်း အခန်းကြီး ၂၅ (Ps 25:4-14); 

၎ အိုထာဝရဘုရား၊ ကိုယ်တော်၏ လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍၊ ခရီးတော်တို့ကို သွန်သင်တော်မူပါ။ 
၅ ကိုယ်တော်၏ သမ္မာ တရားကိုပြ၍၊ အကျွန်ုပ်ကိုသွန်သင်တော်မူပါ၊၊  အကြောင်းမူကားကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော ဘုရားသခင် ဖြစ်တော်မူ၏၊၊  ကိုယ်တော်ကို အစဉ်မြော်လင့်လျက်နေပါ၏၊၊ 
၆ အိုထာဝရဘုရားရှေးကာလ မှစ၍ ပြတော် မူသော ကရုဏာ နှင့် မေတ္တာသဘောကိုအောက်မေ့တော်မူပါ၊၊ 
၇ အကျွန်ုပ်သည်အသက်ငယ်ရွယ်စဉ် ပြစ်မှားမိသော အပြစ်တို့ကိုအောက်မေ့ တော်မမူနှင့်၊၊ ကောင်းမြတ်တော်မူသည်ဖြစ်၍ ကရုဏာတော်ရှိသည် အတိုင်း အကျွန်ုပ်ကိုအောက်မေ့ တော်မူပါ ထာဝရဘုရား။
၈ ထာဝရဘုရားသည် ကောင်းသောသဘော ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ အပြစ်ရှိသောသူတို့ကိုလမ်းပြတော်မူ၏၊၊ 
၉ နှိမ့်ချလျက်ရှိသောသူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏၊၊ နှိမ့်ချလျက်ရှိသော သူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏၊၊ 
၁၀ ထာဝရဘုရား၏ လမ်းခရီးရှိသမျှ တို့သည် ပဋိညာဉ်တရားတော်နှင့် သက်သေခံတော်မူချက်တို့ကို စောင့်ရှောက်သောသူတို့အား ကရုဏာတော်နှင့် သစ္စာ ဖြစ်ကြသတည်း၊၊ 
၁၁ အိုထာဝရဘုရား အကျွန်ုပ်၌အပြစ်များလှသောကြောင့် နာမတော်ကိုထောက်၍ ချမ်းသာပေး တော်မူပါ၊၊
၁၂ အကြင်သူသည်ထာဝရဘုရားကို ကြောက်ရွံ့တတ်၏၊၊ ထိုသူအားနှစ်သက်ဘွယ်သောလမ်းကို ပြညွန် တော်မူမည်၊၊ 
၁၃ ထိုသူသည်ကိုယ်တိုင်ကောင်းမွန်စွာ ကျိန်းဝပ်၍ သူ၏အမျိုးအနွယ်သည်လည်း ပြည်တော်ကို အမွေခံရ လိမ့်မည်၊၊ 
၁၄ ထာဝရဘုရားကို ကြောက်ရွံသောသူတို့သည် ကိုယ်တော်မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသောအခွင့်ရှိကြ၏၊၊ 

သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး ၃ (1 Thess 3:12-4:2); ၁၂ ထိုသခင်သည် မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ၊ ငါတို့ အဘတည်းဟူသော ဘုရားသခင့်ရှေ့မှာ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သင်တို့၏စိတ်နှလုံးကို ကိုယ်တော်သည် သန့်ရှင်းခြင်ပါရမီ၌ မြဲမြံခိုင်ခန့်စိမ့်သောငှါ၊ ငါတို့သည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည် အချင်းချင်ကို၎င်း၊ သူတပါး အပေါင်းတို့ကို၎င်းချစ်၍၊ ချစ်ခြင်းမေတ္တာနှင့် အထူးသဖြင့် ကြွယ်ဝပြည့်စုံမည်အကြောင်း သခင်ဘုရား ပြုတော်မူပါစေသော။ 
၁ ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်သို့ကျင့်ရမည်၊ ဘုရားသခင်ကို အဘယ်သို့ နှစ်သက်စေရမည်ကို ငါတို့ထံ၌ နည်းခံကြသည်နှင့်အညီ တိုးပွား၍ကြွယ်ဝပြည့်စုံမည်အကြောင်း၊ သခင်ယေရှုကို အမှီပြုလျက်၊ ငါတို့သည် တောင်းပန်၍ တိုက်တွန်းသွေးဆောင်ကြ၏။
၂ အဘယ်သို့သောပညတ်တို့ ကို သခင်ယေရှု၏ အခွင့်တော်နှင့် ငါတို့သည် အပ်ပေးသည်ကို သင်တို့သိကြ၏။ 

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:25-36); 

၂၅ ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ်ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊ 
၂၆ မြေကြီးပေါ်မှာဖြစ်လတံ့သော ဘေးများကိုမြော်၍ ကြောက်လန့်သဖြင့်၊ လူများတို့၏အသက်ဆုံးခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ 
၂၇ ထိုအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကိုစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။ 
၂၈ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်၊ မြော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။
၂၉ တဖန် ထပ်၍ မိန့်တော်မူသောဥပမာကား၊ သင်္ဘောသဖန်းပင်မှစ၍ သစ်ပင်များတို့ကို မှတ်ကြလော့။ 
၃၀ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သည် အလိုအလျောက်သိမြင်ကြ၏။ 
၃၁ ထိုနည်းတူ ထိုအကြောင်း အရာများဖြစ်သည်ကို မြင်ရလျှင်၊ သခင်၏နိုင်ငံတော်တည်လုနီးသည်ကို သိမှတ်ကြလော့။ 
၃၂ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများ မကုန်မှီထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။ 
၃၃ ကောင်းကင်နှင့်မြေကြီး မတည်သော် 
၃၄ လည်း ငါ့စကားတည်လိမ့်မည်။ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစား အသောက်လွန်ကျူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင်၊ ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့်တွေ့ကြုံလိမ့်မည်။ 
၃၅ ထိုနေ့ရက် သည် ပိုက်ကွန်ကဲ့သို့ မြေတပြင်လုံး၌ နေသောလူအပေါင်းတို့ကို အုပ်မိလိမ့်မ်ည်။ 
၃၆ ထိုကြောင့် သင်တို့သည် ဖြစ်လတံ့သောအမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့ဟု မိန့်တော်မူ၏။