Sunday, 16 December 2018

16-DEC-2018 (READING -ADV-3-YC-C1)

Sun the 16th: Psalter III, Advent Week 3.
Gaudete Sunday.
Zeph 3:14-18; Isa 12:1-6; Phil 4:4-7; Luke 3:10-18

ဇေဖနိအနာဂတ္တိကျမ်း အခန်းကြီး ၃ (Zeph 3:14-18);

၁၄ အိုဇိအုန်သတို့သမီး၊ သီချင်းဆိုလော့။ အိုဣသရေလအမျိုး၊ ကြွေးကြော်လော့။ အိုယေရုရှလင် သတို့သမီး၊ စိတ်နှလုံးအကြွင်းမဲ့ ဝမ်းမြောက်ရွှင်လန်းလော့။
၁၅ ထာဝရဘုရားသည် သင်၏အပြစ်ဒဏ်တို့ကို ပပျောက်စေ၍၊ သင်၏ ရန်သူတို့ကို ပယ်ရှားတော်မူပြီ။ ဣသရေလအမျိုး၏ ရှင်ဘုရင် ထာဝရဘုရားသည် သင့်အလယ်၌ ရှိတော်မူ၏။ သင်သည် နောက်တဖန် ဘေးဥပဒ်နှင့်မတွေ့မကြုံရ။
၁၆ မစိုးရိမ်နှင့်ဟု ယေရုရှလင်မြို့အား၎င်း၊ လက်အားမလျော့စေ နှင့်ဟု၊ ဇိအုန်တောင်အား၎င်း ထိုအခါဆိုရ၏။
၁၇ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အလယ်၌ရှိ၍၊ တန်ခိုး ကြီးသောဘုရားသည် သင့်ကိုကယ်တင် တော်မူလိမ့်မည်။ သင်၌အားရ၍ ဝမ်းမြောက်တော်မူလိမ့်မည်။ ချစ်ခြင်းမေတ္တာ၌ ကျိန်းဝပ်၍၊ သီချင်းဆိုခြင်းနှင့်တကွ သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်။
၁၈ ကဲ့ရဲ့ခြင်းဝန်ကို သင်ထမ်းရာ အကြောင်းတည်းဟူသော၊ သင်နှင့်ဝေး၍ ဓမ္မပွဲကိုမခံရဘဲ ညှိုးငယ်လျက်ရှိသော သူတို့ကိုငါစုဝေးစေမည်။

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၁၂ (Isa 12:1-6);

၁ ထိုကာလ၌ သင်မြွက်ဆိုရမည်ကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါမည်၊အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း၊ တဖန်အမျက်တော်ငြိမ်း၍၊ အကျွန်ုပ်ကို နှစ်သိမ့်စေတော်မူ၏၊၊
၂ ဘုရား သခင်သည် ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏၊၊ ကြောက်လန့်သော စိတ်မရှိဘဲ ရဲရင့်မည်၊၊ ထာဝရဘုရား သည် ငါချီးမွမ်းရာ၊ ငါသီချင်းဆိုရာ၊ ငါ့ကိုကယ်တင်တော်မူသော အရှင်ဖြစ်တော်မူ၏၊၊
၃ သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့် ကယ်တင်ခြင်းစမ်းရေတွင်းတို့၌ ရေခပ်ရကြလိမ့်မည်၊၊
၎ ထိုကာလ၌လည်း ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်း ကြလော့၊၊ နာမတော်ကိုပဌနာပြုကြလော့၊၊ အမှုတော်တို့ကို လူများတို့တွင် ဘော်ပြကြလော့၊၊ နာမတော်သည် မြင့်မြတ်သောကြောင့် ချီးမွမ်းကြလော့၊၊
၅ ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့၊၊ ထူးဆန်းသောအမှုကို ပြုတော်မူပြီ၊၊ အမှုတော်သည် မြေတပြင်လုံး၌ ထင်ရှားပါစေ၊၊ အိုဇိအုန်သတို့သမီး၊ ကြွေးကြော်လော့၊၊ ဝမ်းမြောက်သဖြင့် အော်ဟစ်လော့၊၊ အကြောင်းမူကား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားသည် သင်၏အလယ်၌ ဘုန်းကြီးတော် မူ၏ဟုမြွက်ဆိုရလိမ့်မည်၊၊

ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၄ (Phil 4:4-7);

၎ သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တဖန် ငါဆိုသည်ကား၊ ဝမ်းမြောက်ကြလော့။
၅ လူအပေါင်းတို့ရှေ့၌ သင်တို့၏ဖြေးညှင်းခြင်းသဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။
၆ အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်ပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။
၇ ထိုသို့ ပြုလျှင် အဘယ်သူမျှကြံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံး တို့ကို စောင့်မလိမ့်မည်။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၃ (Luke 3:10-18);

၁၀ လူအစုအဝေးကလည်း၊ သို့ဖြစ်လျှင်အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက် ကြသော်၊
၁၁ ယောဟန်က၊ အင်္ကျီနှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသောသူအားမျှစေ။ စားစရာရှိသော သူသည်လည်း ထိုနည်းတူပြုစေဟု ပြန်ပြော၏။
၁၂ အခွန်ခံသူတို့သည် ဗတ္တိဇံ ကိုခံခြင်းငှါလာ၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြလျှင်၊
၁၃ သင်တို့သခင်သည် ခွဲဝေစီမံ သည်ထက်သာ၍ မခွဲမခံကြနှင့် ဟုပြန်ပြော၏။
၁၄ စစ်သူရဲတို့ကလည်း အကျွန်ုပ်တို့သည် အဘယ်သို့ ပြုရပါမည်နည်းဟု မေးလျှောက်ကြလျှင်၊ သင်တို့သည် အဘယ်သူကိုမျှ အနိုင်အထက်မပြုကြနှင့်။ အဘယ်သူကိုမျှမလျှပ်ကြနှင့်။ ကိုယ်ရသောအခနှင့် ရောင့်ရဲကြလော့ဟု ပြန်ပြော၏။
၁၅ လူများတို့သည်မြော်လင့်၍၊ ယောဟန်သည် ခရစ်တော်မှန်သည်မမှန်သည်ကို နှလုံးထဲမှာ တွေးတော ဆင်ခြင်ကြစဉ်၊
၁၆ ယောဟန်သည် လူအပေါင်းတို့အား ပြန်ပြောသည်ကား၊ ငါသည်သင်တို့အား ရေ၌ ဗတ္တိဇံ ကို ပေး၏။ ငါ့ထက်တတ်စွမ်းနိုင်သောသူသည် ကြွလာသေး၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှါ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌င်း၊ မီး၌၎င်း သင်တို့ကို ဗတ္တိဇံ ပေးမည်။
၁၇ လက်တော်တွင် စံကောပါလျက် မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ ဂျုံစပါးကိုကား ကျီ၌စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင် သောမီးနှင့် ရှို့တော်မူလတံ့ဟု ပြောဆို၏။
၁၈ အခြားသော စကားများနှင့် ဆုံးမသွေးဆောင်၍ ဧဝံဂေလိတရားကို လူများတို့အား ဟောပြောလေ၏။