Thu the 27th: Feast of John, apostle and evangelist.
1 John 1:1-4; Ps 97:1-12; John 20:1-8
ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၁(1 John 1:1-4);
၁ ရှေ့ဦးစွာကပင်ဖြစ်၍၊ ငါတို့သည် ကိုယ်တိုင်ကြားလျက်၊ ကိုယ်မျက်စိနှင့်မြင်လျက်၊ စေ့စေ့ကြည့်ရှု၍ လက်နှင့်စမ်းသပ်ခဲ့ပြီးသော အရာတည်းဟူသော အသက်ရှင်သော နှုတ်ကပတ်တော်နှင့်ဆိုင်သော အရာတို့ ကို သင်တို့အား ပြသကြ၏။
၂ ထိုအသက်သည် ထင်ရှားခဲ့ပြီ။ ငါတို့လည်း မြင်ရကြပြီ။ ခမည်းတော်နှင့်အတူ ရှိဘူး၍၊ ငါတို့အား ထင်ရှားခဲ့ပြီးသော ထိုထာဝရအသက်ကို ငါတို့သည် သင်တို့အား သက်သေခံ၍ ပြသကြ၏။
၃ ငါတို့သည် ခမည်းတော်နှင့်၎င်း၊ သားတော်ယေရှုခရစ်နှင့်၎င်း၊ မိဿဟာယဖွဲ့ရသည်ဖြစ်၍၊ သင်တို့သည် ငါတို့နှင့် မိဿဟာယ ဖွဲ့စေခြင်းငှါ၊ ငါတို့ကြားမြင်ရသောအရာကို သင်တို့အားပြသကြ၏။
၎ သင်တို့၏ ဝမ်းမြောက်စရာအကြောင်း စုံလင် စေခြင်းငှါလည်း၊ ဤအရာများကို ငါတို့သည် ရေးလိုက်ကြ၏။
ဆာလံကျမ်း အခန်းကြီး ၉၇(Ps 97:1-12);
၁ ထာဝရဘုရားသည် စိုးစံတော်မူ၏။ မြေကြီးသည် ဝမ်းမြောက်၍၊ ကျွန်းများတို့သည်လည်း ရွှင်လန်းကြစေ။
၂ မိုဃ်းတိမ်နှင့် မှောင်မိုက်တို့သည် ထာဝရဘုရား၏ပတ်ဝန်းကျင်တို့၌ ရှိကြသည်၊၊ တရားသဖြင့်စီရင်ခြင်း ဖြောင့်မတ်စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာဖြစ်၏၊၊
၃ မီးသည်ရှေ့တော်၌ သွား၍ ရန်သူတို့ကိုအလှည့်လည့် လောင်လေ၏။
၎ လျှပ်စစ်တော်သည် လောကဓါတ်ကိုလင်းစေ၏၊၊ မြေကြီးသည်မြင်၍ တုန်လှုပ်၏၊၊
၅ ထာဝရဘုရားရှေ့ မြေကြီးတပြင်လုံး ကိုအစိုးရတော်မူသော အရှင်၏ရှေ့တော်၌ တောင်တို့သည်ဘယောင်းကဲ့သို့ အရည်ဖြစ်ကြသည်၊၊
၆ ဖြောင့်မတ်တော်မူ ခြင်း အကြောင်းကိုကောင်းကင်တို့သည် ထင်ရှားစွာပြ၍ လူများအပေါင်းတို့သည် ဘုန်းတော်ကိုမြင်ရကြ၏၊၊
၇ ရုပ်တု ဆင်းတုကို ဝတ်ပြုသောသူ အချည်းနှီးသက်သက်သော အရာ၌ဝါကြွားသောသူ အပေါင်းတို့သည် အရှက်ကွဲခြင်း ရှိကြစေ၊၊ ဘုရားအပေါင်းတို့ ထာဝရဘုရားကို ပြပ်ဝပ်ကိုးကွယ်ကြလော့၊၊
၈ အိုထာဝရဘုရား ကိုယ်တော်သည်တရားစီရင်တော်မူချက်တို့ အကြောင်းကြောင့် ဇိအုန်မြို့သည် ကြား၍ ရွှင်လန်းပါ၏၊၊ ယုဒသတို့သမီးတို့လည်း ဝမ်းမြောက်ကြပါ၏၊၊
၉ အိုထာဝရဘုရား ကိုယ်တော်သည် မြေကြီင်္းသားအ ပေါင်းတို့ ထက်ကြီးမြင့်တော်မူ၏၊၊ ဘုရားတကာတို့ထက် အလွန်မြှောက်ခြင်းရှိတော်မူ၏၊၊
၁၀ ထာဝရားဘုရားကို ချစ်တော်မူသောသူတို့ မကောင်းသောအမှုကို ရွံရှာကြလော့၊၊ ကိုယ်တော်၏ သန့်ရှင်းသူတို့၏အသက်ဝိညာဉ်ကို စောင့်မတော်မူ၍ မတရားသောသူတို့၏ လက်မှလည်းကယ်နှုတ် တော်မူ၏၊၊
၁၁ အလင်းသည်တရားသောသူတို့ အဘို့ ဝမ်းမြောက်ခြင်းသည် သဘောဖြောင့်သောသူတို့ အဘို့ပျိုးကြဲလျက်ရှိကြ၏၊၊
၁၂ ဖြောင့်မတ်သောသူတို့ ထာဝရဘုရားကို အမှီပြု၍ဝမ်းမြောက်ကြလော့၊၊ သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၂၀ (John 20:1-8);
၁ ခုနစ်ရက်တွင် ပထမနေ့ရက်၊ မိုဃ်းမလင်းမှီစောစောအချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့ သွား၍ တွင်းဝ၌ပိတ်သောကျောက်သည် ရွှေ့လျက်ရှိသည်ကိုမြင်လျှင်၊
၂ ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူ သော အခြား တပည့်တော်ဆီသို့ ပြေးသွား၍သင်္ချိုင်းတော်မှ သခင်ကိုယူသွားကြပြီ။ အဘယ်မှာထားကြ သည်ကိုမသိ ဟုပြောဆို ကြ၏။ ၃ ထိုအခါ ပေတရုနှင့် အခြားသောတပည့်တော်သည် ထွက်၍သင်္ချိုင်းတော်သို့ သွားကြ၏။
၎ ထိုသူနှစ်ယောက် တို့သည် အတူပြေးသည်တွင် အခြားသောတပည့်တော်သည် ပေတရုကိုလွန်၍ သင်္ချိုင်းတော်သို့ အရင်ရောက်သည် ရှိသော် ငုံ့၍ကြည့်သဖြင့်၊
၅ ပိတ်ပုဆိုးရှိရစ်သည်ကို မြင်လျှင်၊ မဝင်ဘဲနေ၏။
၆ ရှိမုန်ပေတရုသည် နောက်သို့လိုက်၍ ရောက်သောအခါ တွင်းထဲသို့ဝင်လျှင်၊ ပိတ်ပုဆိုးရှိရစ်သည်ကို၎င်း၊
၇ ခေါင်းတော်၌ရှိသောပဝါသည် ပုဆိုးနှင့်အတူ မရှိဘဲ တခြားဆီလိပ်လျက် ရှိသည်ကို၎င်း မြင်လေ၏။
၈ ထိုအခါ သင်္ချိုင်းတော်သို့ အရင်ရောက်သော အခြားတပည့်တော်သည် ဝင်၍ မြင်သဖြင့် ယုံလေ၏။