Thu the 20th: Isa 54:1-10; Ps 30:1-13; Luke 7:24-30
Isa 7:10-14; Ps 24:1-6; Luke 1:26-38
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၄(Isa 54:1-10);
၁ သားမဘွားသောအမြုံမ၊ ဝမ်းမြောက်လော့။ သားဘွားခြင်းဝေဒနာကို မခံသေးသော မိန်းမ၊ ကြွေးကြော် အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသောမိန်းမသည် လင်ရှိသောမိန်းမထက်သာ၍ များသောသားတို့ကို ဘွားမြင်ပြီဟုထာဝရဘုရားမိန့်တော်မူပြီ။ သင်၏တဲရာကို ကျယ်စေလော့။
၂ သင်၏နေရာ မျက်နှာကြပ်ကို ကြက်ကြည့် ဦးလော့။ နှမြောသောစိတ်မရှိနှင့်။ကြိုးတို့ကို ရှည်စေအုံးလော့။ တိုင်တို့ကိုမြဲစွာ စိုက်လော့။
၃ အကြောင်းမူကား၊ သင်သည်လကျာ်ဘက်၊ လက်ဝဲဘက်တို့၌တိုးပွားလိမ့်မည်။ သင်၏အမျိုးအနွှယ်သည် တပါးအမျိုးသားတို့ကို အမွေခံ၍၊ သူတို့၏ဆိတ်ညံသောမြို့တို့၌နေကြလိမ့်မည်၊၊
၎ မစိုးရိမ်နှင့်။ ရှက်ကြောက်ခြင်း သို့မရောက်ရ၊၊ မျက်နှာမပျက်နှင့်။ အရှက်ကွဲခြင်းမခံရ။ အသက်ငယ်စဉ်အခါ ခံရသော ရှက်ကြောက်ခြင်းကို မေ့လျော့လိမ့်မည်။ မုတ်ဆိုးမဖြစ်၍ခံရသော ကဲ့ရဲ့ခြင်းကို နောက်တဖန် မအောက်မေ့ရ။
၅ အကြောင်းမူကား၊ သင့်ကို ဖန်ဆင်းသောသူသည် သင်၏လင်ဖြစ်တော်မူ၏။ နာမတော်ကား၊ ကောင်းကင်ဗိုလ်ခြေရှင် ထာဝရဘုရား တည်း။ သင့်ကိုရွေးချယ်သော သူသည်ဣသရေလအမျိုး၌ သန့်ရှင်းသောထာဝရားဖြစ်တော်မူသည်။ မြေကြီးတပြင်လုံးကို အစိုးရသော ဘုရားဟူ၍ခေါ်ကြရ၏။
၆ စွန့်ပစ်၍စိတ်ငြို ငြင်သောမိန်းမ၊ ငယ်စဉ်အခါ မယားဖြစ်၍၊ နောက်မှငြင်းပယ်သော မိန်းမကိုတဖန်ခေါ်သကဲ့သို့သင့်ကိုငါခေါ်မည်ဟု သင်၏ဘုရားသခင်မိန့် တော်မူ၏။
၇ သင့်ကိုခဏသာ ငါစွန့်သည်ဖြစ်၍၊ များစွာသောကရုဏာနှင့် ငါတဖန်သိမ်းဆည်း ဦးမည်။
၈ ပြင်းစွာသော အမျက်ထွက်၍ ငါခဏမျှမျက်နှာလွှဲသော်လည်း၊ ထာဝရမေတ္တာနှင့်သင့်ကို ကယ်မသနားဦး မည်ဟု သင့်ကိုရွေးနုတ်သော ထာဝရဘုရား မိန့်တော်မူသည်။
၉ နောဧ လက်ထက်၌ လွှမ်းမိုးသောရေကို ငါသည်မှတ်၍ ထိုရေသည် မြေကြီးကိုနောက်တဖန် မလွှမ်းမိုးရေဟု ကျိန်ဆိုခြင်းကို ပြုသည်နည်းတူ၊ သင့်ကိုအမျက်မထွက်၊ မဆုံးမဟု ကျိန်ဆိုခြင်းကိုပြုပြီ။
၁၀ တောင်ကြီးတို့သည် ရွေ့၍၊ တောင်ငယ် တို့သည် လှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည် သင်မှမရွေ့ရ။ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရဟုသင်၌သနားခြင်း ၊ ကရုဏာစိတ်ရှိတော်မူသော ထာဝရဘုရားမိန့်တော်မူ၏၊၊
ဆာလံကျမ်း အခန်းကြီး ၃၀ (Ps 30:1-13);
၁ ဒါဝဒ်သည်အိမ်တော်ကိုသန့်ရှင်းစေသောအခါ၊ အသံညှိ၍ ဆိုသောဆာလံ။ အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမွမ်းပါမည်၊၊ အကျွန်ုပ်ကို ဆယ်နှုတ်တော်မူ၏၊၊ ရန်သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ဝမ်းမြောက်ရသော အခွင့်ကို ပေးတော်မမူ၊၊
၂ အိုအကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်သည် ကိုယ်တော်ကို အော်ဟစ်၍ ကိုယ်တော်သည် ချမ်းသာပေးတော်မူ၏၊၊
၃ အိုထာဝရဘုရား ကိုယ်တော် သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံထဲက နှုတ်ယူတော်မူပြီ၊၊ သချိုင်းတွင်းထဲသို့ မဆင်းစေဘဲ အကျွန်ုပ်ကို အသက်ချမ်းသာပေးတော်မူပြီ၊
၎ ထာဝရဘုရား၏ သန့်ရှင်းသူတို့ ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့၊၊ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းကြလော့၊၊
၅ အမျက်တော်သည် ခဏထွက်၏၊၊ ကျေးဇူးတော်မူကား တသက်လုံး တည်၏၊၊ ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍ တည်းခို၏၊၊ နံနက်ယံ၌ကား သီချင်းဆိုရသော အခွင့်ရှိ၏၊၊
၆ ငါသည် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်ဟု ကောင်းစားစဉ်အခါ အကျွန်ုပ်အောက်မေ့ ပါ၏၊၊
၇ အို ထာဝရဘုရား ကျေးဇူးတော်အားဖြင့်သာ အကျွန်ုပ်၏ တောင်သည် ခိုင်ခံ့မြဲမြံပါ၏၊၊ မျက်နှာလွဲတော်မူသောအခါ ဆင်းရဲခြင်းသို့ ရောက်ပါ၏၊၊
၈ အို ထာဝရဘုရား အကျွန်ုပ်သည် အသက်ဆုံး၍၊
၉ င်္သချိုင်းတွင်းထဲသို့ ဆင်းလျှင် အဘယ်အကျိုးရှိပါအံ့နည်း၊၊
၁၀ မြေမှုန့်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်လော၊၊ သစ္စာတော်ကို ဘော်ပြပါမည်လော။ အိုထာဝရဘုရား နားထောင်၍ ကယ်မသနားတော်မူပါ၊၊ အိုထာဝရဘုရား အကျွန်ုပ်ကို စောင့်မတော်မူပါဟု ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ်၍၊ထာဝရဘုရားကို တောင်းလျှောက်ပါ၏။
၁၁ ထိုအခါ အကျွန်ုပ်ညည်းတွား မြည်တမ်းခြင်းကို ကခုန်ခြင်း ဖြစ်စေတော်မူ၏။ အကျွန်ုပ်ဝတ်သော လျှော်တေအဝတ်ကို ချွတ်၍၊ ဝမ်းမြောက်ခြင်း ခါးပန်းနှင့် စည်းတော် မူ၏။
၁၂ သို့ဖြစ်၍ အကျွန်ုပ်၏ ဝိညာဉ်သည်တိတ်ဆိတ်စွာမနေ။ ကိုယ်တော်ကို သီချင်းဆိုပါမည်။ အိုအကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ ကျေးဇူးတော်ကို အစဉ်အမြဲ ချီးမွမ်းပါမည်။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၇ (Luke 7:24-30);
၂၄ ယောဟန်စေလွှတ်သောသူတို့သည် သွားကြသည်နောက်၊ ယေရှုသည် ယောဟန်ကို အကြောင်းပြု၍ ပရိသတ်တို့အား၊ သင်တို့သည်အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှါ တောသို့ထွက် သွားကြသနည်း။ လေလှုပ်သောကျူပင်ကို ကြည့်ရှုခြင်းငှါ သွားသလော။
၂၅ သို့မဟုတ် နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှါ သွားသလော။ တင့်တယ်သောအဝတ်ကို ဝတ်ဆင်၍ ကောင်းမွန်စွာစား သောက်သောသူတို့သည် မင်းအိမ်၌နေတတ်ကြ၏။
၂၆ ပရောဖက်ကိုကြည့်ရှုခြင်းငှါ သွားသလော၊ မှန်ပေ၏။ ပရောဖက်ထက်ကြီးမြတ်သောသူ သည်လည်းဖြစ်သည်ဟု ငါဆို၏။
၂၇ ကျမ်းစာ၌လာသည်ကား၊ ကြည့်ရှု လော့။ သင်သွားရာလမ်းကို ပြင်ရသောငါ၏ တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏ဟုဆိုလိုရာ၌ ထိုသူကိုဆိုလိုသတည်း။
၂၈ ငါဆိုသည်ကား မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံ ဆရာယောဟန်ထက် ကြီးမြတ်သော ပရောဖက်တယောက်မျှမရှိ။ သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်တွင် အငယ်ဆုံး သောသူသည် ထိုသူထက်သာ၍ကြီးမြတ်၏။
၂၉ အခွန်ခံသူမှစ၍ လူအပေါင်းတို့သည် ယောဟန်၏ စကားကိုကြားနာရလျှင်၊ ဘုရားသခင်ကိုချီးမွမ်း၍ ယောဟန်ပေးသော ဗတ္တိဇံ ကိုခံကြ၏။
၃၀ ဖာရိရှဲနှင့်ကျမ်းတတ် တို့မူကား၊ သူတို့အကျိုးအလိုငှါ ဘုရားသခင်ကြံစည်တော်မူသော ကျေးဇူးတော်ကိုပယ်၍ ယောဟန်၏ ဗတ္တိဇံ ကို မခံဘဲနေကြ၏။
Isa 7:10-14; Ps 24:1-6; Luke 1:26-38
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၇(Isa 7:10-14);
၁၀ တဖန်ထာဝရဘုရားက၊ သင်၏ဘုရားသခင်ထာဝရဘုရားထံမှာ နိမိတ်လက္ခဏာကို တောင်းပန်လော့၊၊
၁၁ နက်သော အရပ်၌ဖြစ်စေ၊ မြင့်သောအထက်အရပ်၌ဖြစ်စေ၊ တောင်းပန်လော့ဟု အာခတ်မင်းကို မိန့်တော်မူလျှင်၊
၁၂ အာခတ်မင်းက ကျွန်ုပ်မတောင်းပန်ပါ၊၊ ထာဝရဘုရားကိုမစုံစမ်းပါဟုပြန်ပြော၏၊၊
၁၃ ထိုအခါ ဟေရှာယက၊ အိုဒါဝိဒ်အမျိုးသားတို့၊ နားထောင်ကြလော့၊၊ သင်တို့သည် လူကိုငြီးငွေ့စေသည်သာမက၊ ငါကိုးကွယ်သော ဘုရားသခင်ကို ငြီးငွေ့စေကြမည်လော့၊၊
၁၄ ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်၊၊ ကြည့်ရှုလော့၊၊ သတို့သမီးကညာသည်၊ ပဋိသန္ဓြေွယူ၍၊ သားယောက်ျားကို ဘွားမြင် လတံ့၊၊ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့၊၊
ဆာလံကျမ်း အခန်းကြီး ၂၄ (Ps 24:1-6);
၁ ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကို၎င်း၊ လောကဓာတ်နှင့် လောကသားတို့ ကို၎င်းပိုင် တော်မူ၏။
၂ အကြောင်းမူကား ထိုနေရာကို သမုဒ္ဒရာပေါ်မှာ တည်၍၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ။
၃ ထာဝရဘုရား၏ တောင်တော်ပေါ်သို့ အဘယ်သူသည်တက်ရမည်နည်း။ သန့်ရှင်းရာ ဌာနတော်၌ အဘယ်သူသည် ရပ်နေမည်နည်းဟူမူကား
၎ သန့်ရှင်းသော လက်နှင့် ဖြူစင်သောနှလုံးရှိသော သူ၊ မုသာကိုမမှီဝဲ မဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်၊ ၅ ထာဝရဘုရား၏ လက်တော်မှ ကောင်းကြီးမင်္ဂလာကို ၎င်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏ လက်တော်မှဖြောင့်မတ်ခြင်း တရားကို ၎င်းခံရလိမ့်မည်။
၆ ထိုသူသည် ထာဝရဘုရားကို ရှာသောအမျိုး၊ မျက်နှာတော်ကို ရှာသော ယာကုပ်အမျိုးဖြစ်သတည်း။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁ (Luke 1:26-38)
၂၆ ငါးလလွန်သောအခါ၊ ဂါလိလဲပြည် နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင်း၍၊
၂၇ မရှက်တင်သေးသော သတိုးသမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင် တမန် ဂါဗြေလကို စေလွှတ်တော်မူ၏။ ထိုသတိုးသမီးကညာကား၊ မာရိအမည်ရှိ၏။
၂၈ ကောင်းကင်တမန်သည် ရောက်လာ လျှင်၊ ကျေးဇူးတော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိသည်ဟု ပြောဆို၏။
၂၉ မာရိသည် ထိုစကားကိုကြားလျှင် စိတ်နှလုံးမငြိမ်မဝပ်ရှိ၍၊ ဤနှုတ်ဆက်ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတော ဆင်ခြင်၍နေ၏။
၃၀ ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင့်ရှေ့တော်၌ မျက်နှာရပြီ။
၃၁ သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကိုယေရှုအမည်ဖြင့် မှည့်ရမည်။
၃၂ ထိုသားသည်ကား၊ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။
၃၃ ထိုသူသည်လည်း ယာကုပ်အမျိုးအနွှယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရဟု ပြောဆို၏။
၃၄ မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်သည် ယောက်ျား နှင့်မဆက်ဆံ ပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။
၃၅ ကောင်းကင်တမန်ကလည်း သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ အပေါ်မှာသက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏ တန်ခိုးအာနုဘော် တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။
၃၆ ထိုမှတပါး၊ အမြုံမဟူ၍ ခေါ်ဝေါ်သောသင်၏အဆွေအမျိုး ဧလိရှဗက်သည် ပဋိသန္ဓေစွဲယူ၍ ယခု ခြောက်လအဝင်ရှိပြီ။
၃၇ ဘုရားသခင်တတ်နိုင်တော်မမူသော အမှုမရှိဟု ပြောဆိုလျှင်၊
၃၈ မာရိက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ဖြစ်ပါစေသောဟု ဝန်ခံပြီးမှ၊ ကောင်းကင် တမန်သည် မာရိထံမှသွားလေ၏။