Isa 56:1-8; Ps 67:1-8; John 5:33-36
Song 2:8-14 or Zeph 3:14-18; Ps 33:1-21; Luke 1:39-45
ဟေရှာယ အခန်းကြီး (56:1-8;)
၁ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရားကိုစောင့်၍ ဖြောင့်မတ်စွာကျင့်လော့။ ငါ၏ကယ်တင်ခြင်း ကျေးဇူးရောက်ချိန်နှင့် ငါ၏ဖြောင့်မတ်ခြင်းတရားတို့ ထင်ရှားချိန် ရောက်လုနီးပြီ။ ၂ထိုသို့ပြုသောသူ၊ အမြဲစွဲလမ်းသော လူသားသည်၊ ဥပုသ်နေ့ကိုမရှုတ်ချ။ စောင့်ရှောက်၍ ဒုစရိုက်ကို မပြုမည်အကြောင်း၊ မိမိလက်ကိုချုပ်တည်းလျှင်လည်း မင်္ဂလာရှိ၏။
၃ထာဝရဘုရား၌မှီဝဲသော တပါးအမျိုးသားက၊ ထာဝရဘုရားသည် ငါ့ကိုမိမိလူမျိုးနှင့်ရှင်းလင်း ခွဲထားတော် မူပြီဟုမဆိုစေနှင့်။ မိန်းမလျှာကလည်း၊ ငါသည်သွေ့ခြောက်သောအပင်ဖြစ်သည်ဟု မဆိုစေနှင့်။ ၄ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ဥပုသ်နေ့ကိုစောင့်လျှက်၊ ငါနှစ်သက်သောအရာကိုရွေးယူ၍၊ ငါ၏ပဋိညာဉ်ကို မှီဝဲသောမိန်းမ လျှာတို့အား၊ ၅သားသမီးတို့ထက်မြတ်သသောအရာ၊ မြတ်သောနာမငါ့အိမ်ကို၊ ငါ့တန်တိုင်းအတွင်း၌ ငါပေးမည်။ မပျောက် နိုင်သောထာဝရ နာမကိုသူတို့အား ငါပေးမည်။ ၆ထာဝရဘုရားထံ၌ အမှုစောင့်ခြင်း၊ နာမတော် ကိုချစ်ခြင်း ကျွန်တော် ရင်းဖြစ်ခြင်းအလိုငှါ၊ ထာဝရဘုရား၌မှီဝဲသော တပါးအမျိုးသားတို့ကို၎င်း၊ ဥပုသ်နေ့ကိုမရှုတ်ချ။ စောင့်ရှောက်၍၊ ငါ၏ပဋိညာဉ်ကို စွဲလမ်းသောသူအပေါင်းတို့ ကို၎င်း၊ ၇ငါ၏သန့်ရှင်းသောတောင်သို့ ငါဆောင်ခဲ့၍ ငါ၏ပဌနာအိမ်၌ ဝမ်းမြောက်စေမည်။ သူတို့မီးရှို့ရာယဇ်နှင့် ယဇ်အမျိုးမျိုးတို့ကို ငါယဇ်ပလ္လင်ပေါ်မှာ လက်ခံမည်။ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာအိမ်ဟု ခေါ်ဝေါ်လတ္တံ့။ ၈အရပ်ရပ်၌ ကွဲပြားသော ဣသရေလအမျိုးသား တို့ကိုစုဝေးသော အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ စုဝေးပြီးသော သူများမှတပါး အခြားသောသူတို့ကို ထိုအစုအဝေး၌ ငါစုဝေးဦးမည်ဟု မိန့်တော်မူ၏။
ဆာလံကျမ်း အခန်းကြီး(Ps 67:1-8)
၁ဘုရားသခင်သည် အကျွန်ုပ်တို့ကို သနားခြင်း ကရုဏာစိတ်တော်ရှိသဖြင့် ကောင်းကြီးပေး၍ မျက်နှာတော် ၏ အလင်းကို လွှတ်တော်မူပါစေသော၊၊ ၂ထိုသို့သော အားဖြင့် မြေကြီးသားတို့သည် အမှုတော်တို့ကိုသိ၍ ခပ်သိမ်းသော လူမျိုးတို့သည် ကယ်တင်တော်မူခြင်း ကျေးဇူးတော်ကို ခံရကြပါစေ သော၊၊ ၃အိုဘုရားသခင်၊ လူများ တို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော၊၊ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။ ၄လူအမျိုးမျိုးတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာ သီချင်းဆိုကြ ပါစေသော၊၊ အကြောင်းမူကား ကိုယ်တော်သည် လူတို့ကို ဖြောင့်မတ်စွာ တရားစီရင်၍ မြေကြီးပေါ်မှာရှိသော လူမျိုးတို့ကို ချမ်းသာပေးတော်မူမည်၊၊ ၅အိုဘုရားသခင် လူများတို့သည် ကိုယ်တော်ကိ ချီးမွမ်းကြပါစေသော၊၊ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော၊၊ ၆မြေသည် မိမိဘဏ္ဍာကိုပေး၍ ဘုရားသခင်တည်းဟူသော ငါတို့၏ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေး တော်မူ၏၊၊ ၇ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေးတော်မူဦးမည်၊၊ မြေကြီးစွန်း အပေါင်းတို့သည်လည်း ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်၊၊
ယောဟန် အခန်းကြီး (5:33-36)
၃၃သင်တို့သည် ယောဟန်ထံသို့ စေလွှတ်ကြ၏။ သူသည် သမ္မာတရားဘက်၌ သက်သေခံ၏။ ၃၄သို့သော်လည်း လူပေးသောသက်သေကို ငါသည် ပမာဏမပြု။ သင်တို့သည် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း ဤစကားကိုငါပြော၏။ ၃၅ယောဟန်သည် ညှိထွန်း၍ လင်းသော ဆီမီးဖြစ်၏။ သင်တို့သည် သူ၏အလင်း၌ ခဏသာမွေ့လျော်ခြင်းငှါ အလိုရှိကြ၏။ ၃၆ယောဟန်၏သက်သေထက် သာ၍ကြီးသောသက်သေသည် ငါ၌ရှိ၏။ အကြင်အမှုတို့ကို ငါပြီးစီးစေခြင်းငှါ ခမည်းတော်သည် ငါ့လက်သို့ အပ်တော် မူ၍၊ ငါပြုသောထိုအမှုတို့သည်လည်း ငါ့ဘက်၌နေ ၍၊ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်အကြောင်းကို သက်သေခံကြ၏။
Isa 56:1-8; Ps 67:1-8; John 5:33-36
Song 2:8-14 or Zeph 3:14-18; Ps 33:1-21; Luke 1:39-45
ရှောလမုန်သီချင်း အခန်းကြီး(2:8-14)
၈ငါချစ်ရာသခင်၏ စကားသံပေ၊၊ ကြည့်ပါ၊၊ တောင်ကြီးတောင်ငယ်တို့ကို ခုန်ကျော်လျက်ကြွှလာ၏၊၊ ၉ငါချစ်ရာ သခင်သည် သမင်ဒရယ်သငယ်နှင့်တူ၏၊၊ ကြည့်ပါ၊၊ အုတ်ရိုးပြင်မှာ ရပ်တော်မူ၏၊၊ ပြတင်းပေါက်ဝတွင် ကြည့်လျက်၊ ပြတင်းရွက်ကြားမှာကိုယ်ကို ပြလျက်နေတော်မူ၏၊၊ ၁ဝငါချစ်ရာသခင်သည် ခေါ်၍ပြောသည်ကား၊ ငါချစ်သော နှမ၊ ငါ၏ မိန်းမလှ၊ ထ၍ လာခဲ့ပါ။ ၁၁ဆောင်းကာလလွန်ပြီ၊၊ မိုဃ်းလည်းကြည်လင်ပြီ၊၊ ၁၂မြေကြီးပေါ်မှာပန်းများပွင့်ကြပြီ၊၊ ငှက်တို့မြည်တွန်ချိန်လည်း ရောက်လေပြီ၊၊ ငါတို့မြေ၌ ချိုးငှက်တွန်သံကိုလည်း ကြားရ၏၊၊ ၁၃သင်္ဘောသဖန်းပင်သည် စိမ်းသော အသီးကို မှည့်စေ၏၊၊ စပျစ်နွယ်ပင်လည်း ပွင့်လျက် မွှေးကြိုင်၏၊၊ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ၊ ၁၄တောင်ပေါ်၌ ခိုလှုံရာကျောက်ကြားတွင်ရှိသော ငါ၏ချိုးငှက်၊ သင်၏မျက်နှာကိုမြင်ပါရစေ။ သင်၏စကားသံ ကိုကြားပါရစေ။ သင်၏ စကားသံသည်ချို၏၊၊ သင်၏မျက်နှာလည်း လှ၏၊၊ ၁၅စပျစ်နွယ်ပင် တို့ကို ဖျက်လတံ့သော မြေခွေးများနှင့် မြေခွေးကလေးများကို ငါတို့ဘို့ဘမ်းကြလော့၊၊ ငါတို့စပျစ်နွယ်ပင်တို့သည် အပွင့်ပွင့်လျက်ရှိကြ၏၊၊
ဇေဖနိ အခန်းကြီး(၃:၁၄- ၁၈ )
၁၄အိုဇိအုန်သတို့သမီး၊ သီချင်းဆိုလော့။ အိုဣသရေလအမျိုး၊ ကြွေးကြော်လော့။ အိုယေရုရှလင် သတို့သမီး၊ စိတ်နှလုံးအကြွင်းမဲ့ ဝမ်းမြောက်ရွှင်လန်းလော့။ ထာဝရဘုရားသည် သင်၏အပြစ်ဒဏ်တို့ကို ပပြောက်စေ၍၊ သင်၏ ရန်သူတို့ကို ပယ်ရှားတော်မူပြီ။ ဣသရေလအမျိုး၏ ရှင်ဘုရင် ထာဝရဘုရားသည် သင့်အလယ်၌ ရှိတော်မူ၏။ သင်သည် နောက်တဖန် ဘေးဥပဒ်နှင့်မတွေ့မကြုံရ။ ၁၆မစိုးရိမ်နှင့်ဟု ယေရုရှလင်မြို့အား၎င်း၊ လက်အားမလျော့စေ နှင့်ဟု၊ ဇိအုန်တောင်အား၎င်း ထိုအခါဆိုရ၏။ ၁၇သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အလယ်၌ရှိ၍၊ တန်ခိုး ကြီးသောဘုရားသည် သင့်ကိုကယ်တင် တော်မူလိမ့်မည်။ သင်၌အားရ၍ ဝမ်းမြောက်တော်မူလိမ့်မည်။ ချစ်ခြင်းမေတ္တာ၌ ကျိန်းဝပ်၍၊ သီချင်းဆိုခြင်းနှင့်တကွ သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်။ ၁၈ကဲ့ရဲ့ခြင်းဝန်ကို သင်ထမ်းရာ အကြောင်းတည်းဟူသော၊ သင်နှင့်ဝေး၍ ဓမ္မပွဲကိုမခံရဘဲ ညှိုးငယ်လျက်ရှိသော သူတို့ကိုငါစုဝေးစေမည်။
ဆာလံကျမ်း 32(33):2-3,11-12,20-21
၂စောင်းတီး၍ ထာဝရဘုရားကို ချီမွမ်းကြလော့၊၊ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်းဆိုကြလော့၊၊ ၃ရှေ့တော်၌အသစ်သော သီချင်းကို ဆိုကြလော့၊၊ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာတီးကြလော့၊၊ ၁၁ထာဝရဘုရား၏ ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍ စိတ်နှလုံးတော်၏ အကြံ အစည်တို့သည် သားစဉ်မြေးဆက် အဆုံးတိုင်အောင် တည်ကြလိမ့်မည်၊၊ ၁၂ထာဝရဘုရားသည် အကြင်အမျိုး၏ ဘုရားဖြစ်၍ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက်တော်မူ၏၊၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ၏၊၊
သန့်ရှင်း သော နာမတော်ကို ခိုလှုံသောကြောင့် ငါတို့သည်ထာဝရဘုရား၌ ဝမ်းမြောက်ခြင်းရှိကြ၏။ ၂၂အိုထာဝရဘုရား အကျွန်ုပ်တို့သည် ကိုယ်တော်ကိုကိုးစားသည်နှင့်အညီ အကျွန်ုပ်တို့အပေါ်မှာ ဂရုဏာတော်သက် ရောက်ပါစေသော။
လုကာ အခန်းကြီ: (1:39-45)
၃၉ထိုအခါ မာရိသည် ထ၍၊ တောင်ကြားအရပ်၌ရှိသော ယုဒမြို့တမြို့သို့ အလျင်အမြန်သွားပြီးလျှင်၊ ၄ဝဇာခရိ အိမ်သို့ဝင်၍ ဧလိရှဗက်ကို နှုတ်ဆက်လေ၏။ ၄၁ထိုနှုတ်ဆက်ခြင်းစကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း၌ ရှိသောသူငယ်သည် ခုန်၍၊ မိမိသည်သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက်၊ ၄၂သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိ၏။ သင်၏ဝမ်း၌ရှိသောသူငယ်သည်လည်း မြတ်စွာသောမင်္ဂလာရှိ၏။ ၄၃အကျွန်ုပ်သခင်၏ မယ်တော်သည် အကျွန်ုပ်ဆီသို့ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။ ၄၄သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြား စဉ်တွင်၊ အကျွန်ုပ်ဝမ်းထဲ၌ သူငယ်သည်ရွှင်မြူးသောစိတ်နှင့် ခုန်၏။ ၄၅ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအား ထာဝရဘုရား မိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသော အသံနှင့် မြွက်ဆို၏။