Wed the 19th: Isa 45:6-25; Ps 85:9-14; Luke 7:18-23
Judg 13:1-25; Ps 71:3-17; Luke 1:5-25
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၄၅ (Isa 45:6-25);
၆ သို့ဖြစ်၍ ငါမှတပါး အခြားသောဘုရားမရှိ၊ ငါတပါးတည်း သာ ထာဝရ ဘုရားဖြစ်ကြောင်းကို၊ နေထွက်ရာ အရပ်သားနှင့် အနောက်မျက်နှာသားတို့သည် သိရကြလိမ့်မည်။
၇ ငါသည် အလင်းကိုလုပ်၏။ အမိုက်ကိုလည်းဖန်ဆင်း၏။ ငြိမ်သက်ခြင်းကိုဖြစ်စေ၏၊၊ အမင်္ဂလာကိုလည်း ဖန်ဆင်း၏။ ခပ်သိမ်းသော အမှုအရာတို့ကို ငါထာဝရဘုရားပြု တော်မူ၏။
၈ မိုဃ်းကောင်းကင်တို့၊ အထက်မှယိုကြလော့။ မိုဃ်းတိမ်တို့သည် တရားမိုဃ်းရွာကြစေ။ မြေကြီးသည် ပွင့်၍ ကယ်တင်ခြင်း အသီးကိုသီးစေ။ ဖြောင့်မတ်ခြင်းတရားသည် တပြိုင်နက်ပေါက်စေ။ ထိုသို့ငါထာဝရဘုရား ဖန်ဆင် ၏။
၉ အကြင်သူသည် မိမိကိုဖန်ဆင်းသော သူနှင့် ဆန့်ကျင်ဘက်ပြု၏၊ ထိုသူသည် အမင်္ဂလာရှိ၏။ မြေအိုးခြမ်းတို့ တွင် အိုးခြမ်းပါတကား။ အိုးမြေက၊ သင်သည် အဘယ်သို့သောအရာကို လုပ်သနည်းဟု အိုးထိန်းသမားကို ဆိုရမည်လော။ ငါ့ကိုလုပ်သောသူ၌ လက်မရှိဟု သင်လုပ်သော အရာကဆိုရမည်လော။
၁၀ မိမိအဘအား၊ သင်သည် အဘယ်သို့သော အရာကို ဖြစ်ဘွားစေသနည်းဟူ၍င်း၊ မိမိအမိအား၊ သင်သည်အဘယ်သို့သော အရာကို မွေးဖွား သနည်းဟူ၍င်း ဆိုသောသူသည် အမင်္ဂလာရှိ၏။
၁၁ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၊ ထိုအမျိုးကို ဖန်ဆင်းသော ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့သည်ဖြစ်လတံ့သော အမှုတို့ကိုငါ့ထံ၌ မေးမြန်းကြလော့။ ငါ့သားတို့အတွက်၊ ငါကိုယ်တိုင်ပြုသော အမှုအတွက်ကြောင့်၊ ငါ့ကိုစီရင်ကြလော့။
၁၂ မြေကြီးကိုငါလုပ်လေပြီ။ မြေကြီးပေါ်မှာ လူကိုလည်း ဖန်ဆင်းလေပြီ။ မိုဃ်းကောင်းကင်ကို ကိုယ်လက်နှင့် ငါကြက်လေပြီ။ မိုဃ်းကောင်းကင် တန်ဆာအပေါင်းတို့ကို ငါခန့်ထားလေပြီ။
၁၃ ထိုသူကိုလည်းတရားတော်အတိုင်း ငါပေါ်ထွန်းစေ၏။ သူသွားသောလမ်းကို ငါဖြောင့်စေမည်။ သူသည်ငါ၏ မြို့ကို တည်ဆောက်လိမ့်မည်။ သိမ်းသွားချုပ်ထားခြင်းကို ခံရသောငါ၏လူတို့ကို သူသည်အဘိုးမခံ၊ ဆုမယူဘဲ လွတ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၁၄ တဖန်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အဲဂုတ္တုရပြည်တွင် ဆည်ဖူးသောဥစ္စာ ကုရှပြည်သား၊ အရပ်မြင့်သော သေဘအမျိုးသားပြုစုသော ကုန်သွယ်ဥစ္စာသည် သင်ဘက်သို့ ရောက်၍၊ သင်၏ဥစ္စာ ဖြစ်ရလိမ့်မည်။ ထိုသူတို့သည် သင့်နောက်သို့လိုက်၍ သံကြိုးနှင့်ချည်နှောင်လျက်လမ်း၌ ရှောက်သွားကြလိမ့်မည်၊၊ သင့်ရှေ့မှာပြပ်ဝပ်၍၊ အကယ်စင်စစ်ကိုယ်တော်၌ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတပါး အခြားသောဘုရား သခင်မည်မျှမရှိပါဟူ၍ တောင်းပန်ကြလိမ့်မည်။
၁၅ အိုဣသရေလ အမျိုး၏ဘုရားသခင် ကယ်တော်မူသောဘုရား အကယ်စင်စစ်ကိုယ်တော်သည် ကိုယ်ကို ထင်ရှားစွာပြတော်မမူသော ဘုရားသခင်ဖြစ်တော်မူ၏။
၁၆ ရုပ်တုကိုလုပ်သော သူအပေါင်းတို့သည် ရှက်ကြောက်၍ မိန်မောတွေဝေ ကြလိမ့်မည်။ အရှက်ကွဲ၍ တပြိုင်နက် ဆုတ်သွားကြလိမ့်မည်။
၁၇ ဣသရေလ အမျိုးအမူကား၊ ထာဝရဘုရားသခင်အားဖြင့် ထာဝရကယ်တင်ခြင်းသို့ရောက်၍၊ သင်တို့သည်ရှက်ကြောက်ခြင်း မှိုင်တွေခြင်းနှင့် ကမ္ဘာအဆက်ဆက်ကင်းလွတ်ကြလိမ့်မည်။
၁၈ မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၊ မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေ တော်မူသောအရှင်၊ အချည်းနှီးဖန်းဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဘို့ ဖန်ဆင်းတော်မူသောဘုရားသခင် မိန့်တော်မူသည်ကား ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှတပါးအခြားသောဘုရားမရှိ။
၁၉ ငါသည်တိတ်ဆိတ်စွာ မဟော။ မြေကြီးထဲမှာ မှောင်မိုက်သော အရပ်၌မဟော။ သင်တို့သည် ကျေးဇူးမရှိဘဲ ငါ့ကိုရှာကြလော့ဟု ယာကုပ်အမျိုးအား ငါမပြော။ ငါသည်ဖြောင့်မတ်စွာ ပြော၍အတည့်အလင်း ဟောတတ်သောထာဝရ ဘုရားဖြစ်၏။
၂၀ သင်တို့သည် စည်းဝေး ၍ လာကြလော့။ အတိုင်းတိုင်းအပြည်ပြည်တို့မှ ဘေးလွတ်သောသူတို့၊ စည်းဝေးကြလော့။ မိမိထုလုပ်သော သစ်သားကိုဆောင်ရွက်သောသူ၊ မကယ်တင်နိုင်သောဘုရားကို ပဌနာပြုသောသူတို့သည် ပညာမရှိကြ။
၂၁ သိတင်းကြားပြောကြလော့။ လူများကိုအနီးသို့ခေါ်ခဲ့၍ တိုင်ပင်ကြပါစေ။ ဤအမှုကိုရှေးကာလမှစ၍ အဘယ်သူ ဘော်ပြသနည်း။ အထက်က အဘယ်သူဟောပြောသနည်း၊၊ ငါထာဝရဘုရားဟောပြောသည်မဟုတ်လော။ ငါမှတပါး အခြားသောဘုရားသခင် မရှိ။
၂၂ မြေကြီးစွန်းသား အပေါင်းတို့၊ ငါ့ကိုမျှော်ကြည့်၍၊ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။ ငါသည်ဘုရားသခင် ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။
၂၃ ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်။ လူတိုင်းမိမိနှုတ်နှင့် သစ္စာခံရမည်ဟု ကိုယ်ကိုကိုယ် တိုင်တည်၍ ငါကျိန်ဆိုသောတရားစကားသည် ငါ့နှုတ်မှ ထွက်သည်ဖြစ်၍ မပြည့်စုဲံမနေရ။
၂၄ ထာဝရဘုရား အားဖြင့်သာ ဖြောင့်မတ် ခြင်းနှင့်အစွမ်းသတ္တိကို ရပါသည်ဟုလူတိုင်း လျှောက်ရမည်။ ကိုယ်တော်ကို မနာလိုသောသူအပေါင်းတို့သည်အထံတော်သို့လာ၍ရှက် ကြောက်ခြင်းသို့ ရောက်ကြ လိမ့်မည်။
၂၅ ဣသရေလ အမျိုးသားအပေါင်းတို့သည် ထာဝရဘုရား အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်၍ ဝါကြွား ကြလိမ့်မည်။
ဆာလံကျမ်း အခန်းကြီး ၈၅ (Ps 85:9-14);
၈ ထာဝရအရှင်ဘုရားသခင် အဘယ်သို့မိန့်တော်မူမည်ကို ငါနားထောင်မည်။ အကယ်စင်စစ် မိမိလူ၊ မိမိသန့်ရှင်းသူတို့အား ငြိမ်သက်ခြင်းအကြောင်းကို မိန့်တော်မူလိမ့်မည်။ သို့ရာတွင်၊ နောက်တဖန် မိုက်သောအကျင့်ကို မကျင့်ကြပါစေနှင့်။
၉ ငါတို့ပြည်၌ ဘုန်းတော်ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော် မူခြင်း ကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၏ အနီးသို့ ဧကန်အမှန်ရောက်လေပြီ။
၁၀ ကရုဏာနှင့် သစ္စာဆုံမိပြီ။ တရားနှင့် ချမ်းသာသည် တပါးကိုတပါးနမ်းကြပြီ။
၁၁ သစ္စာသည် မြေကြီးထဲကပေါက်လိမ့်မည်။ တရားသည်လည်း ကောင်းကင်ပေါ်က ငုံ့ကြည့်လိမ့်မည်။
၁၂ အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၍၊ ငါတို့မြေသည် မိမိဘဏ္ဍာကို ပေးလိမ့်မည်။
၁၃ တရားသည် ရှေ့တော်၌သွား၍ ခြေတော်ရာတို့ကို ပဲ့ပြင်လိမ့်မည်။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၇ (Luke 7:18-23);
၁၈ ယောဟန်၏တပည့်တို့သည် ထိုအကြောင်းအရာအလုံးစုံတို့ကို မိမိဆရာအား ကြားပြောကြ၏။
၁၉ ထိုအခါ ယောဟန်သည် မိမိတပည့်နှစ်ယောက်ကိုခေါ် ပြီးလျှင် ယေရှုထံတော်သို့ စေလွှတ်၍၊ ကိုယ်တော်သည်ကြွလာသော သူမှန်သလော။ သို့မဟုတ် အခြားသောသူကို မြော်လင့်ရပါမည်လောဟု မေးလျှောက်စေ၏။
၂၀ ထိုသူတို့သည် အထံတော်သို့ရောက်လျှင်၊ ကိုယ်တော်သည်ကြွလာသော သူမှန်သ လော။ သို့မဟုတ် အခြားသောသူကို မြော်လင့် ရပါမည်လောဟု မေးလျှောက်စေခြင်းငှါ၊ ဗတ္တိဇံ ဆရာယောဟန်သည် အကျွန်ုပ်တို့ကို ကိုယ်တော်ထံသို့စေလွှတ် ပါပြီဟု လျှောက်ကြ၏။
၂၁ ထိုအချိန်နာရီ၌ ယေရှုသည် လူများတို့ကို အနာရောဂါဝေဒနာဘေး၊ နတ်ဆိုးဘေးနှင့် ကင်းလွတ်စေတော်မူ၏။ မျက်စိကန်းသောသူအများတို့လည်း မျက်စိမြင်စေခြင်းငှါ ကျေးဇူးပြုတော်မူ၏။
၂၂ ထိုအခါ ယေရှုက၊ သင်တို့သည်ကြားရသမျှ၊ မြင်ရသမျှတို့ကို သွား၍ယောဟန်အား ကြားလျှောက်ကြလော့။ မျက်စိကန်း သောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်းသောသူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ ရောက်ရကြ၏။
၂၃ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသိတင်းကို ကြားရကြ၏။ ငါ့ကြောင့်စိတ်မပျက်သော သူသည် မင်္ဂလာရှိ၏ဟု ပြန်ပြောတော်မူ၏။
:Judg 13:1-25; Ps 71:3-17; Luke 1:5-25
တရားသူကြီးမှတ်စာ အခန်းကြီး ၁၃ (Judg 13:1-25);
၁ တဖန်ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုသောကြောင့်၊ ထာဝရဘုရားသည် သူတို့ကို ဖိလိတ္တိလူတို့လက်သို့အနှစ်လေးဆယ်ပတ်လုံး အပ်တော်မူ၏။
၂ ဒန်အမျိုး၊ ဇောရာမြို့သားမာနော်အမည်ရှိသောသူ တယောက်ရှိ၏။ သူ၏မယားသည် မြုံသောကြောင့် သားမဘွား။
၃ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထိုမိန်းမအား ကိုယ်ထင်ရှား၍၊ သင်သည်မြုံသောကြောင့် သားမဘွား သော်လည်း၊ ယခုပဋိသန္ဓြေွယူ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည်။
၎ သို့ဖြစ်၍ သတိပြုလော့။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကိုမသောက်နှင့်။ မစင်ကြယ်သောအစာကို မစားနှင့်။
၅ အကြောင်းမူကား၊ ပဋိသန္ဓြေွယူ၍ ဘွားမြင်လတံ့သောသားယောက်ျားသည် ဆံပင်ရိတ်ခြင်းကို မခံဘဲ၊ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏ နာဇရိလူ ဖြစ်ရလိမ့်မည်။ သူသည်လည်း ဣသရေလအမျိုးကို ဖိလတ္တိလူတို့လက်မှ ကယ်နှုတ်စပြုလိမ့်မည်ဟု ဆို၏။
၆ ထိုမိန်းမသည်လည်းမိမိခင်ပွန်းထံသို့သွား၍ ဘုရားသခင်၏ ကောင်းကင်တမန်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ် သောမျက်နှာရှိသော ဘုရားသခင်၏လူ တယောက်သည် အကျွန်ုပ်ဆီသို့လာ၏။ အဘယ်ကလာသနည်းဟု အကျွန်ုပ်လည်းမမေး။ သူသည်လည်း မိမိအမည်ကိုမပြော။
၇ သူကလည်း၊ သင်သည် ပဋိသန္ဓြေွယူ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည်။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင်။ မစင်ကြယ်သော အစာကို မစားနှင့်။ အကြောင်းမူကား၊ ထိုသူငယ်သည်အမိဝမ်းထဲမှစ၍ သေသောနေ့တိုင်အောင်ဘုရားသခင်၏ နာဇရိလူဖြစ်ရလိမ့်မည်ဟု အကျွန်ုပ်အားမိန့်မြွက်ကြောင်းကို ပြောဆိုလေ၏။
၈ ထိုအခါ မာနော်က၊ အိုဘုရားရှင်၊ အကျွန်ုပ်တို့သည် ဘွားမြင်လတံ့သောသူငယ်၌ အဘယ်သို့ပြုရမည်ကို ဘုရားသခင်၏ တမန်တော်သည် တဖန်လာ၍သွန်သင်စေတော်မူပါဟု ထာဝရဘုရားအား တောင်းလျှောက်လေသော်၊
၉ ထာဝရဘုရားသည် မာနော်စကားကို နားထောင်တော်မူ၍၊ ဘုရားသခင်၏ ကောင်းကင်တမန်သည် လယ်လုပ်ရာ အရပ်၌ ထိုင်လျက်ရှိသော ထိုမိန်းမဆီသို့လာပြန်၏။ ထိုအခါခင်ပွန်းမာနော်မရှိ။
၁၀ မိန်းသည် မိမိခင်ပွန်းထံသို့ အလျင်အမြန်ပြေး၍၊ တနေ့ကလာသောသူသည် ယခုလာ ရောက်ပြီဟုကြားပြောလျှင်၊
၁၁ မာနော်သည် ထ၍မယားနှင့်အတူ ထိုသူထံသို့သွားပြီလျှင်၊ သင်သည်ဤမိန်းမအား ပြောသောသူမှန်သလောဟု မေးသော်၊ မှန်သည်ဟုဆို၏။
၁၂ မာနော်ကလည်း၊ ကိုယ်တော်၏ စကားပြည့်စုံပါစေသော။ သူငယ်သည်အဘယ်သို့သောသူဖြစ်ပါလိမ့်မည်နည်း။ သူ၌အဘယ်သို့ပြုရပါမည်နည်းဟု မေးသော်၊
၁၃ ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါပြောသမျှကို မိန်းမရှောင်ရမည်။
၁၄ စပျစ်ပင်မှ ဖြစ်သမျှကိုမစားရ။ စပျစ်ရည်မှစ၍ သေရည်သေရက်ကို မသောက်ရ။ မစင်ကြယ်သောအရာကိုမစားရ။ ငါမှာထားသမျှအတိုင်းစောင့်ရှောက်ရမည်ဟု မာနော်အားပြောဆို၏။
၁၅ မာနော်ကလည်း၊ ကိုယ်တော်အဘို့ ဆိတ်သငယ်ကို မပြင်ဆင်မှီတိုင်အောင်၊ ကိုယ်တော်ကို ဆီးတားပါရစေဟု ထာဝရဘုရား၏ ကောင်းကင်တမန်အားဆိုလျှင်၊
၁၆ ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါ့ကိုဆီးတားသော်လည်း သင်၏စားစရာကိုငါမစား။ မီးရှို့ရာယဇ်ကိုပူဇော်လိုလျှင်၊ ထာဝရဘုရားအား ပူဇော်ရမည်ဟု မှာနော်အားဆိုပြန်၏။ သူသည်ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို မာနော်မသိသေး။
၁၇ မာနော်ကလည်း ကိုယ်တော်စကား ပြည့်စုံသောအခါ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုချီမွမ်းရမည်အကြောင်း၊ ကိုယ်တော်၏အမည်ကား အဘယ်သို့နည်းဟု ထာဝရဘုရား၏ ကောင်းကင်တမန်အားမေးသော်၊
၁၈ ထာဝရဘုရား၏ ကောင်းကင်တမန်က၊ အံ့သြဘွယ်ဖြစ်သောငါ့အမည်ကို အဘယ်ကြောင့်မေးသနည်းဟု ဆို၏။
၁၉ မာနော်သည် ဆိတ်သငယ်နှင့် ဘောဇဉ် ပူဇော်သက္ကာကိုယူ၍ ကျောက်ပေါ်မှာထာဝရဘုရားအား ပူဇော်လေ၏။ ထိုအခါ မာနော်လင်မယားတို့သည် ကြည့်၍ မြင်ရသောအံ့သြဘွယ်ဟူမူကား၊
၂၀ မီးလျှံသည် ယဇ်ပလ္လင်ပေါ်က မိုဃ်းကောင်းကင်သို့ တပ်စဉ်တွင်၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ယဇ်ပလ္လင်မီးလျှံ၌ တတ်လေ၏။ မာနော်လင်မယားတို့သည် ကြည်၍မြင်လျှင် မြေပေါ်မှာ ပြပ်ဝပ်လျက်နေကြ၏။
၂၁ ထာဝရဘုရား၏ ကောင်းကင်တမန်သည်၊ မာနော်လင်မယားတို့အားတဖန် မပေါ်လာ။ ထိုအခါမာနော်သည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကိုသိ၏။
၂၂ မာနော်ကလည်း၊ ငါတို့သည် ဘုရားသခင်ကိုမြင်သောကြောင့်၊ ဆက်ဆက်သေတော့မည်ဟု မယားအားပြောသော်၊
၂၃ မယားက၊ ထာဝရဘုရားသည် ငါတို့ကိုသတ်ခြင်းငှါ၊ အလိုတော်ရှိလျှင်၊ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ငါတို့လက်မှ ခံယူတော်မမူ။ ဤအချင်းအရာ အလုံးစုံတို့ကိုလည်း ပြတော်မမူ။ ယခုအခါ၌ ဤသို့သောစကားကိုလည်း မိန်တော်မမူဟု ပြန်ပြော၏။
၂၄ ထိုမိန်းမသည် သားယောက်ျားကို ဘွားမြင်၍၊ ရှံဆုန်အမည်ဖြင့် မှည့်၏။ သူငယ်သည်ကြီးပွား၍ ထာဝရဘုရားကောင်းကြီးပေးတော်မူ၏။
၂၅ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဇောရာမြို့နှင့် ဧရှတောလ မြို့စပ်ကြား၊ ဒန်အမျိုးတပ်၌ တခါတလေနှိုးဆော်စပြုတော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၇၁ (Ps 71:3-17)
အကျွန်ုပ်အစဉ်ရောက်၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ၊၊ အကျွန်ုပ်ကို ကယ်တင်မည်အကြောင်း မိန့်တော်ရှိ၍ အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ဖြစ်တော်မူ၏၊၊
၎ အကျွန်ုပ်၏ ဘုရားသခင် ဆိုးသောသူ၏ လက်မှ၎င်း၊ မတရား သောသူနှင့် ကြမ်းတမ်းသော သူ၏ လက်မှ၎င်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊
၅ အရှင်ထာဝရ ဘုရား ကိုယ်တော်သည် အကျွန်ုပ်မြော်လင့်ရာ ဖြစ်တော်မူ၏၊၊ အကျွန်ုပ်ငယ်သော အရွယ်မှစ၍ အကျွန်ုပ်ကိုးစားရာ ဖြစ်တော်မူ၏၊၊
၆ အကျွန်ုပ် သည် ဘွားကတည်းက ပင် ကိုယ်တော်ကို မှီဝဲပါပြီ။ အမိဝမ်းတွင်းမှ စ၍ ကျေးဇူးတော်ကို ခံရပါပြီ။
၇ ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည်။ အကျွန်ုပ်သည် များစွာ သောသူတို့၌ အံ့ဘွယ်သောအရာ ကဲ့သို့ဖြစ် သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သော ခိုလှုံရာဖြစ်တော်မူ၏။
၈ ဂုဏ်အသရေတော်နှင့် ယှဉ်သော ထောပနာစကားကို ကျွန်ုပ်သည် နေ့တိုင်း အစဉ် မြွက်ဆိုပါစေသော။
၉ အကျွန်ုပ်ကို အိုသောအခါပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။
၁၀ ရန်သူတို့သည် အကျွန်ုပ် တဘက်၌ ပြောဆိုကြပါ၏။ အကျွန်ုပ် အသက်ကို ချောင်းကြည့်သော သူတို့က၊
၁၁ ဘုရားသခင် သည်သူ့ကိုစွန့်ပစ်တော်မူ၏။ လိုက်၍ ဘမ်းကြကုန်အံ့။ကယ် လွတ်သောသူမရှိဟု တိုင်ပင်ပြောဆိုကြပါ၏။
၁၂ အိုဘုရားသခင်၊ အကျွန်ုပ် နှင့်ဝေးဝေး နေတော်မမူပါနှင့်။ အကျွန်ုပ်၏ ဘုရားသခင် ၊ ကျွန်ုပ်ကိုမစခြင်းငှာ အလျင်အမြန်ပြုတော်မူပါ။
၁၃ အကျွန်ုပ် အသက်ကိုရန်ဘက်ပြုသော သူတို့သည် အရှက်ကွဲ၍ဆုံးရှုံးခြင်းသို့ရောက်ကြပါစေသော။ အကျွန်ုပ် ၌အပြစ်ပြုခြင်းအခွင့်ကိုရှာသော သူတို့သည် ကဲ့ရဲ့ခြင်း၊ အသရေပျက်ခြင်းနှင့် မွန်းကြပါစေသော။
၁၄ အကျွန်ုပ်မူကား၊ အစဉ်မြော်လင့်၍ ကိုယ်တော်ကို ချီးမွမ်းသမျှ ထက်သာ၍ ချီးမွမ်းပါမည်။
၁၅ ဖြောင့်မတ်တော် မူခြင်းနှင့် ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် ညွန်ကြားပါမည်။ ကျေးဇူးတော်တို့ကို ရေတွက်၍ မကုန်နိုင်ပါ။
၁၆ အရှင်ထာဝရ ဘုရား၏ ဘုန်းတန်ခိုးတော် များကို အမှီပြု၍ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကိုသာ ပြသပါမည်။
၁၇ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကိုငယ်သော အရွယ်မှ စ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင် အောင်အံ့ဘွယ်သော အမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁ (Luke 1:5-25)
၅ ယုဒပြည်ကိုအစိုးရသော ဟေရုဒ်မင်းကြီးလက်ထက်၊ အဘိယအသင်းဝင်ဖြစ်၍၊ ဇာခရိအမည်ရှိ သော ယဇ်ပုရောဟိတ်တပါးရှိ၏။ သူ၏ခင်ပွန်းသည် အာရုန်အမျိုးအနွှယ်ဖြစ်၏။ သူ့အမည်ကား၊ ဧလိရှဗက်တည်း။
၆ ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား၏ ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ်တင်ခွင့်နှင့် လွတ်သဖြင့်၊ ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်း ပါရမီရှိကြ၏။
၇ ဧလိရှက်ေသည် မြုံသောကြောင့် သူတို့သည် သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ်ကြီး ရင့်ကြ၏။
၈ ဇာခရိသည် မိမိအသင်းနှင့်တကွ အလှည့်သင့်၍၊ ဘုရားသခင့်ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင်၊
၉ ယဇ်ပုရောဟိတ်ထုံးစံအတိုင်း စာရေးတံချသဖြင့်၊ သူသည် ထာဝရဘုရား၏ ဗိမာန်တော် အတွင်းသို့ဝင်၍ နံ့သာပေါင်းကို မီးရှို့ရ၏။
၁၀ ထိုသို့ နံ့သာပေါင်းကိုမီးရှို့သည်အချိန်တွင်၊ လူများအပေါင်းတို့သည် ပြင်၌ဆုတောင်းလျက်နေကြ၏။
၁၁ ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် ထင်ရှား၍၊ နံ့သာပေါင်းကို ရှို့သောယဇ်ပလ္လင်လက်ျာဘက်၌ ရပ်နေသည်ကို၊
၁၂ ဇာခရိသည် မြင်လျှင်၊ စိတ်နှလုံးမငြိမ်မဝပ် ထိတ်လန့်ခြင်းသို့ ရောက်၏။
၁၃ ကောင်းကင်တမန်ကလည်း၊ ဇာခရိ၊ ကြောက်ရွံ့ခြင်း မရှိနှင့်။ သင်ပြုသောပဌနာကို နာခံတော်မူပြီ။ သင်၏ခင်ပွန်း ဧလိရှဗက်သည် သားယောက်ျား ကိုဘွားမြင် လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရမည်။
၁၄ သင်သည် ဝမ်းသာရွှင်မြူးခြင်းရှိလိမ့်မည်။ ထိုသားကိုဘွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက် ခြင်းသို့ရောက်ကြလိမ့်မည်။
၁၅ အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားရှေ့၌ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုးကိုမသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။
၁၆ ဣသရေလအမျိုးသားအများတို့ကို သူတို့ဘုရားသခင် ထာဝရဘုရားထံသို့ ပြောင်းလဲစေလိမ့်မည်။
၁၇ အဘတို့သည် သားတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှါ၎င်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဘို့အလိုငှာ ပြင်ဆင်သောလူမျိုး ဖြစ်စေခြင်းငှါ၎င်း၊ သူသည် ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်၊ ဘုရားသခင့်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်းကင်တမန်ပြောဆို၏။
၁၈ ဇာခရိကလည်း၊ ထိုသို့ဖြစ်လိမ့်မည်ကို အကျွန်ုပ်အဘယ်သို့ သိရပါမည်နည်း။ အကျွန်ုပ်သည် လူအိုဖြစ်ပါ၏။ အကျွန်ုပ်မယားသည်လည်း အသက်အရွယ်ကြီးရင့်ပါပြီဟု ကောင်းကင်တမန်အား ပြောဆိုလျှင်၊
၁၉ ကောင်းကင်တမန်က၊ ငါသည် ဘုရားသခင့်အထံတော်၌ ခစားသော ဂါဗြေလဖြစ်၏။ သင့်ကိုနှုတ်ဆက်၍ ဤဝမ်းမြောက်စရာသိတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူ၏။
၂၀ သင်သည် ငါ့စကားကို မယုံသောကြောင့် ဤအကြောင်းအရာမဖြစ်မီနေ့တိုင်အောင် စကားမပြောနိုင်ဘဲ၊ အ လျက်နေလိမ့်မည်။ ငါ့စကား သည်ကား အချိန်တန်လျှင်ပြည့်စုံလိမ့်မည်ဟု ပြောဆို၏။
၂၁ လူများတို့သည် ဇာခရိကို ငံ့လင့်၍၊ ဗိမာန်တော်အတွင်း၌ ကြာမြင့်စွာနေသည်ကို အံ့သြခြင်း ရှိကြ၏။
၂၂ သူသည် ထွက်လာသောအခါ စကားမပြောနိုင်သည်ဖြစ်၍၊ ဗိမာန်တော်၌ ဗျာဒိတ်ရူပါရုံကို မြင်ပြီဟု ရိပ်မိကြ၏။ ဇာခရိသည် သူတို့အား အရိပ်အမှတ်ကိုသာပေး၍ စကားအလျက်နေ၏။
၂၃ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်ရသော အချိန်ကာလကုန်သောအခါ၊ ဇာခရိသည် မိမိအိမ်သို့သွားလေ၏။
၂၄ ထိုနောက် သူ၏ခင်ပွန်း ဧလိရှဗက်သည် ပဋိန္ဓေစွဲ၍၊
၂၅ ငါသည် လူတို့တွင်ခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်းခြင်းငှါ ငါ့ကိုကြည့်ရှုတော်မူစဉ်တွင်၊ ဤကျေးဇူးတော်ကို ပြုတော်မူပြီဟု ဆိုလျက်၊ ငါးလပတ်လုံးအိမ်တွင်း၌ အောင်း၍ နေလေ၏။