Sunday, 30 December 2018

30-DEC-2018 (READING -XMAS-YC-C1)

Sun the 30th: Psalter I, Octave of Christmas.
Feast of The Holy Family.
1 Sam 1:20-28; Ps 84:1-10; 1 John 3:1-2, 21-24; Luke 2:41-52

ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး ၁ (1 Sam 1:20-28);

၂၀ ဟန္နသည် ပဋိသန္ဓြေွယူ၍ကာလ အချိန်စေ့သောအခါ၊ သားယောက်ျားကိုဘွားမြင်ပြီးလျှင် ထိုသားကို ထာဝရဘုရားထံ၌ ဆုတောင်းသောကြောင့်၊ ရှမွေလအမည်ဖြင့် မှည့်လေ၏။
၂၁ ဧလကာနသည် အိမ်သူအိမ်သားအပေါင်းတို‹နှင့်အတူ နှစ်စဉ်ပြုရသောယဇ်ကို င်း၊ သစ္စာဂတိနှင့်ဆိုင်သော ပူဇော်သက္ကာကိုင်း၊ ထာဝရဘုရားအား ပူဇော်ခြင်းငှါတက်သွား သောအခါ၊
၂၂ ဟန္နက၊ နို‹နှင့်ကွာပြီးမှ သူငယ်ကို ဆောင်သွားပါမည်။ ထိုအခါသူသည် ထာဝရဘုရားရှေ‹တော်သို‹ ရောက်၍အမြဲနေရလိမ့်မည်ဟုဆိုလျှင်၊
၂၃ ခင်ပွန်းဧလကာနက။ စိတ်ရှိသည်အတိုင်းပြုလော့။ နို‹နှင့်မကွာမှီတိုင် အောင် နေလော့။ ထာဝရဘုရား၏ဂတိတော်သာ တည်ပါစေသောဟု ဝန်ခံ၍၊ မယားသည် သူငယ်ကို နို‹တိုက်လျက် နို‹မကွာမှီတိုင်အောင် မသွားဘဲနေ၏။
၂၄ နို‹ကွာပြီးမှ၊ အသက်သုံးနှစ်ရှိသော နွားတကောင်၊ မုန်‹ညက်တဧဖာ၊ စပျစ်ရေတဘူးနှင့်တကွ သူငယ်ကိုဆောင်သွား၍၊ ရှိလောမြို‹၌ ထာဝရဘုရား၏အိမ်တော်သို‹ ရောက်လေ၏။ ထိုအခါသူငယ်သည် အသက်နုသေး၏။
၂၅ နွားကိုသတ်၍ သူငယ်ကို ဧလိထံသို‹သွင်းလျက်၊  ဟန္နက၊ ကíန်မ၏သခင်၊
၂၆ ကိုယ်တော်အသက်ရှင်သည်အတိုင်း၊ ကíန်မသည် ယမန်တခါ ဤအရပ်၌ ကိုယ်တော်အနားမှာ ရပ်လျက် ဆုတောင်းသော မိန်းမဖြစ်ပါ၏။
၂၇ ထိုအခါ ဤသူငယ်ကို ရမည်အကြောင်း ဆုတောင်းပါ၏။ တောင်းသည့်အတိုင်း ထာဝရဘုရားသည် ပေးသနားတော်မူပြီ။
၂၈ ထို‹ကြောင့်ကíန်မသည် သူ‹ကိုထာဝရဘုရား အား ငှါးပါပြီ။ သူသည် တသက်လုံး ထာဝရဘုရားထံတော်၌ အငှါးခံ၍နေရပါမည်သခင်ဟု လျှောက် ပြီးမှ၊ ထိုအရပ်၌ ထာဝရဘုရားကို ကိုးကွယ်ကြ၏။

ဆာလံကျမ်း အခန်းကြီး ၈၄ (Ps 84:1-10);

၁ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော်ကျိန်းဝပ်တော်မူရာ အရပ်ဌာနတို့သည် အလွန်နှစ် သက်ဘွယ် ဖြစ်ပါသည်တကား၊
၂ ထာဝရဘုရား၏တန်တိုင်းတော်တို့ကို အကျွန်ုပ်၏ ဝိညာဉ်သည် တသ၍ အားလျော့ လျက်ရှိပါ၏။ အကျွန်ုပ်နှလုံးနှင့် ကိုယ်ခန္ဓြွာသည် အသက်ရှင်တော်မူသော ဘုရားသခင်ကို အလိုရှိ၍ ကြွေးကြော်ပါ၏။
၃ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကယ်စင်စစ်ယစ် ပလ္လင်တော်တို့ အနားမှာ စာငှက်သည် နေရာအရပ်ကို၎င်း၊ ဇရက်သည်လည်း သားငယ်မွေးစရာ အသိုက်ကို၎င်း တွေ့ရပါ၏။
၎ အိမ်တော်၌ နေသောသူတို့သည် မင်္ဂလာရှိပါ၏။ ကိုယ်တော်ကို အစဉ်ချီးမွမ်းကြပါလိမ့်မည်။
၅ ကိုယ်တော်ကို အားပြုသောသူသည် မင်္ဂလာရှိပါ၏။ ထိုသို့သောသူတို့သည် လမ်းခရီးတော်တို့ကို နှလုံး သွင်းတတ်ကြပါ၏။
၆ သူတို့သည် ဗာကာလွင်ပြင်၌ ရှောက်သွားစဉ်၊ ထိုလွင်ပြင်ကို စမ်းရေထွက်ရာအရပ် ဖြစ်စေကြပါ၏။ အရင်မိုဃ်းရေလည်း မင်္ဂလာများနှင့် လွှမ်းစေပါ၏။
၇ သူတို့သည် အားတိုးတက်၍ ခရီးသွားလျက်၊ ဇိအုန်မြို့မှာ ဘုရားသခင်ထံတော်၌ မျက်နှာပြကြပါ၏။
၈ ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား၊ အကျွနုပ်၏ ပဌာနာစကားကို မှတ်တော် မူပါ။ ယာကုပ်အမျိုး၏ ဘုရားသခင်၊ နားထောင်တော်မူပါ။
၉ အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသောဘုရား၊ ကြည့်ရှုတော်မူပါ။ အထံတော်၌ ဘိသိက်ခံသော်သူ၏ မျက်နှာကို ထောက်ရှုတော်မူပါ။
၁၀ တန်တိုင်းတော်တို့အတွင်း၌ နေသော တရက်သည် အခြားအရပ်၌နေသော အရက်တထောင်ထက်သာ၍ ကောင်းပါ၏။ မတရားသောသူ၏ နေရာ၌နေရ သော အခွင့်ထက်၊ အကျွန်ုပ်၏ ဘုရားသခင်အိမ်တော်၌ တံခါးစောင့်အရာကို အကျွန်ုပ်သာ၍ နှစ်သက်ပါ၏။
၁၁ ထာဝရအရှင်ဘုရားသခင်သည် နေလည်းဖြစ်တော်မူ၏။ အကွယ်အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့်

ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၃ (1 John 3:1-2, 21-24);

၁ ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည် ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ လောကီသားတို့သည် ဘုရားသခင် ကို မသိသောကြောင့်၊ ငါတို့ကိုလည်းမသိကြ။
၂ ချစ်သူတို့၊ ယခုတွင်ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။ နောက်မှ အဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း၊ ကိုယ်တော်သည်ထင်ရှား ပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည်ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည်မြင်ရကြလတံ့။
၂၁ ချစ်သူတို့၊ ကိုယ်စိတ်နှလုံးသည်ကိုယ်ကိုအပြစ်မတင်လျှင်၊ ဘုရားသခင့် ရှေ့တော်၌ ရဲရင့်ရသောအခွင့်ရှိကြ၏။
၂၂ ငါတို့သည် ပညတ်တော်တို့ကိုစောင့်ရှောက်၍၊ နှစ်သက်တော်မူသော အကျင့်တို့ကို ကျင့်သောကြောင့်၊ ဆုတောင်းသမျှတို့ကို ဘုရားသခင့်ထံတော်မှရကြ၏။
၂၃ ဘုရားသခင်၏ ပညတ်တော်ဟူမူကား၊ သားတော်ယေရှုခရစ်ကို ယုံကြည်ရမည်။ သားတော်ပညတ်တော်မူသည်အတိုင်း၊ အချင်းချင်းချစ်ရမည်ဟူသော ပညတ်တော်ပေတည်း။
၂၄ ပညတ်တော်တို့ကို စောင့်သောသူသည် ဘုရား သခင်၌တည်၏။ ထိုသူ၌လည်း ဘုရားသခင်တည်တော်မူ၏။ ငါတို့အားပေးတော်မူသော ဝိညာဉ်တော်ကို ငါတို့သည်အမှီပြု၍၊ ဘုရားသခင်သည် ငါတို့၌တည်တော်မူသည်ကို သိရကြ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂ (Luke 2:41-52);

၄၁ မိဘတို့သည်နှစ်တိုင်းအစဉ် ပသခါပွဲခံချိန်ရောက်လျှင်၊ ယေရုရှလင်မြို့သို့သွားကြ၏။
၄၂ ယေရှုသည် တဆယ် နှစ်နှစ်ရှိသောအခါ ပသခါပွဲထုံးစံအတိုင်းယေရုရှလင်မြို့သို့တတ်ကြ၍၊
၄၃ ပွဲနေ့ရက်လွန်ပြီးမှ မိဘတို့ သည်ပြန်ကြလျှင်၊ သူငယ်ယေရှုသည် ယေရုရှလင်မြို့၌နေရစ်လေ၏။ ယောသပ်နှင့်မယ်တော်သည် ထိုအကြောင်းကိုမသိ၍၊
၄၄ အပေါင်းအဘော်စုထဲမှာ သူငယ်ပါသည်ဟုစိတ်ထင်နှင့် တနေ့ခရီးသွားမိလျှင်၊ အဆွေအမျိုးအသိအကျွမ်းတို့တွင် ရှာ၍၊
၄၅ မတွေ့သောအခါ ယေရှရုလင်မြို့ပြန်၍ရှာကြ၏။
၄၆ သူငယ်မူကား ဗိမာန်တော်၌ ဆရာများအလယ်မှာထိုင်၍ ထိုသူတို့နှင့် ဆွေးနွေးမေးမြန်းလျက်ရှိသည်ကို မိဘတို့သည် သုံးရက်ကြာမှ တွေ့ကြ၏။
၄၇ သူ၏စကားကိုကြားသောသူ အပေါင်းတို့သည် သူ၏ပညာကို၎င်း၊ စကား အဖြေကို၎င်း အံ့သြကြ၏။
၄၈ မိဘတို့သည်သားကိုမြင်လျှင် မိန်းမောတွေဝေ၍ မယ်တော်က၊ ငါ့သား၊ အဘယ်ကြောင့်ငါ့တို့အား ဤသို့ပြုသနည်း။ ညှိုးငယ်ကြောင့်ကြသော စိတ်နှင့်မိဘတို့သည် မောင်ကိုရှာ ကြပြီဟု ဆိုသော်၊
၄၉ ယေရှုက၊ မိဘသည်အဘယ်ကြောင့်အကျွန်ုပ်ကိုရှာရပါသနည်း။ အကျွန်ုပ်သည် အဘ၏အိမ်၌ နေရသည်ကို မသိပါသလောဟု ပြောဆိုလျှင်၊
၅၀ သူတို့သည် ထိုစကားကိုနားမလည်ကြ။
၅၁ ထိုနောက် ယေရှုသည် မိဘတို့နှင့်အတူသွားသဖြင့်နာဇရက်မြို့သို့ရောက်၍သူတို့စကားကိုနားထောင်လျက် နေလေ၏။ ထိုအကြောင်းအရာအလုံးစုံတို့ကို မယ်တော်သည် နှလုံးထဲ၌ မှတ်ကျုံးလေ၏။
၅၂ ယေရှုသည်လည်း အစဉ်အတိုင်းကြီး၍ ပညာတိုးပွါးလျက်၊ ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏။