Sunday, 13 September 2015

13-SEPTEMBER-2015-(READING)

Sun the 13th:    Psalter IV, Ordinary Time Week 24.
(Memorial of John Chrysostom, bishop and doctor.)
Isa 50:4-9; Ps 116:1-9; Jas 2:14-18; Gal 6:14; Mark 8:27-35

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၀ (Isa 50:4-9);

၎ ငါသည် ပင်ပန်းသော သူအား မစခြင်းငှာ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရားသည် လူတတ်၏နှုတ်သတ္တိကို ငါ့အား ပေးတော်မူပြီ။ နံနက်အစဉ်အတိုင်း ငါ့ကို နှိုးတော်မူပြီ။ စာသင်သောသူကဲ့သို့ နားထောင်စေမည့်အကြောင်း ငါ့နားကို နှိုးဆော်တော်မူပြီ။
၅ အရှင်ထာဝရ ဘုရားသည် ငါ့နားကို ဖွင့်တော်မူ၍၊ ငါလည်း မငြင်းမဆန်၊ နောက်သို့မဆုတ်၊
၆ ရိုက်သောသူတို့အား ငါ့ကျောကိုင်း၊ နားပန်ဆံကို နှုတ်သော သူတို့အား ငါ့ပါးကိုင်း၊ ငါအပ်၏၊၊ အရှက်ခွဲခြင်းနှင့် တံတွေးထွေးခြင်းမှ ငါသည် ကိုယ်မျက်နှာကို မလွှဲ။
၇ အရှင်ထာဝရဘုရား သည် ငါ့ကို စောင့်မတော်မူလိမ့်မည်၊၊ ထို့ကြောင့်၊ ငါမရှုံးရသည်ဖြစ်၍၊ ကိုယ်မျက်နှာကို မီးကျောက်ကဲ့သို့ထားလျက်၊ ရှက်ကြောက်ခြင်းသို့ မရောက်ရဟု ငါသိ၏၊၊
၈ ငါ့ကို အပြစ်လွှတ်သော သူသည် အနီးမှာ ရှိ၏၊၊ အဘယ်သူသည် ငါနှင့် တရားတွေ့မည်နည်း။ ပြိုင်၍ နေကြကုန်အံ့၊၊ အဘယ်သူသည် ငါနှင့် ရန်ဘက်ဖြစ်မည်နည်း။ ထိုသူသည် ချဉ်းကပ်စေ။
၉ ကြည့်ရှုလော့၊၊ အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူသည်။ အဘယ်သူသည် ငါ့ကို တရားရှုံး စေမည်နည်း။ ထိုသောသူအပေါင်းတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ ရောက်ကြလိမ့်မည်၊၊ ပိုးကိုက်စားခြင်း ကိုလည်း ခံရကြလိမ့်မည်၊၊

ဆာလံကျမ်း အခန်းကြီး ၁၁၆ (Ps 116:1-9);

၁ ထာဝရဘုရားသည် ငါတောင်းပန်ခြင်းအသံကိုကြား၍
၂ ငါ့ဘက်သို့ နားတော်ကိုလှည့်တော်မူသော ကြောင့် ငါနှစ်သက်၏။ ငါအသက်ရှည်သမျှ ကာလပတ်လုံး၊ ထာဝရဘုရားကို ပဌနာပြုမည်၊၊
၃ သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်း၍ မရဏာနိုင်ငံဘေးတို့သည် ငါ့ကိုဘမ်းမိသဖြင့် ဆင်းရဲဒုက္ခဝေဒနာနှင့် ငါတွေ့ကြုံရ၏၊၊
၎ ထိုအခါ အိုထာဝရဘုရား အကျွန်ုပ်အသက်ကို ကယ်နှုတ်တော်မူပါမည်အကြောင်း တောင်းပန်ပါ၏ဟု ထာဝရဘုရား၏ နာမတော်ကို ပဌနာပြု ၏၊၊
၅ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော၊ ဖြောင့်မတ်သောသဘော ရှိတော်မူ၏၊၊ ငါတို့ဘုရားသခင် သည် ကရုဏာစိတ်ရှိတော်မူ၏၊၊
၆ ထာဝရဘုရားသည် မလိမ္မာသောသူတို့ကို စောင့်မတော်မူ၏၊၊ ငါသည် နှိမ့်ချလျက် ရှိသောအခါ ကယ်တင်တော်မူ၏၊၊
၇ အိုငါ့ဝိညာဉ် သင်၏ ငြိမ်ဝပ်ရာသို့ပြန်လော့၊၊ ထာဝရဘုရားသည် သင်၌ ကျေး ဇူးပြုတော်မူပြီ၊၊
၈ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်းမှ၎င်း၊ အကျွန်ုပ်မျက်စိကို မျက်ရည်ကျခြင်းမှ၎င်း အကျွန်ုပ်ခြေကိုလည်း ထိမိ၍ လဲခြင်းမှ၎င်း ကယ်လွှတ်တော်မူပြီ၊၊
၉ သို့ဖြစ်၍ အသက်ရှင်သော သူတို့၏ နေရာတွင် ထာဝရဘုရားရှေ့တော်၌ ငါကျင့်၍ နေရ၏၊၊

ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၂ (Jas 2:14-18);

၁၄ ငါ့ညီအစ်ကိုတို့၊ တစုံတယောက် သောသူက၊ ငါသည်ယုံကြည်ခြင်းရှိ၏ဟုပြောလျက်၊ အကျင့်ကို မကျင့် ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကိုကယ်တင်နိုင်သလော့။
၁၅ ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်းစာရသောအစာမရှိသောအခါ၊
၁၆ သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာ သွားကြလော့။ နွေးကြလော့။ ဝကြလော့ဟု ပြောလျက်၊ သူတို့ကိုယ် နှင့်တော်လျော်သော အသုံးအဆောင်ကိုမပေး ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။
၁၇ ထိုနည်းတူ၊ အကျင့်နှင့် ကင်းသောယုံကြည်ခြင်းသည် တပါးတည်းရှိသော ကြောင့်အသေဖြစ်၏။
၁၈ တနည်းကား၊ သင်သည်ယုံကြည် ခြင်းရှိ၏။ ငါသည်အကျင့်ရှိ၏။ သို့ဖြစ်၍သင်သည် အကျင့်မရှိဘဲသင်၏ ယုံကြည်ခြင်းကိုပြလော့။ ငါမူကား၊ အကျင့်အားဖြင့်ငါ၏ ယုံကြည်ခြင်းကိုပြမည်ဟု ပြောစရာရှိ၏။

ဂလာတိသြဝါဒစာ အခန်းကြီး ၆ (Gal 6:14);

၁၄ ငါဖြစ်လျှင်၊ ငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတပါး အဘယ်အရာ၌မျှဝါကြွားခြင်းမရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင် တော်မှာ ဤလောကသည်ငါ့အဘို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏။ ငါသည်လည်း ဤလောကအဘို့ရိုက်ထားခြင်းကို ခံလျက်ရှိ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၈ (Mark 8:27-35);

၂၇  ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ တပည့်တော်တို့နှင့်တကွ ကြွတော်မူစဉ်၊ လမ်းခရီး၌ လူများတို့သည် ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊
၂၈ လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန်ဖြစ်သည်ဟူ၍၎င်း၊ အချို့က ဧလိယ ဖြစ်သည်ဟူ၍၎င်း၊ အချို့က ပရောဖက်တပါးပါးဖြစ်သည်ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊
၂၉ သင်တို့လည်း ငါ့ကိုအဘယ်သူ ဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက ကိုယ်တော်သည် ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။
၃၀ ကိုယ်တော်၏အကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှါ တပည့်တော်တို့အား ပညတ်တော်မူ၏။
၃၁ ထိုမှတပါး၊ လူသားသည်များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကို၎င်း၊ အသေသတ်ခြင်းကိုင်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြစပြုတော်မူ၏။
၃၂ ထိုသို့ အတည့်အလင်းပြတော်မူသောကြောင့် ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူ ခေါ်၍ အပြစ်တင်သောစကားကိုလျှောက်သော်၊
၃၃ ကိုယ်တော်သည် မျက်နှာတော်ကိုလှည့်၍ တပည့်တော်တို့ကို ကြည့်ရှုလျက်၊ အချင်းရန်သူ၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာစွဲလန်းသည်ဟူ၍ ပေတရုကို ဆုံးမတော်မူ၏။
၃၄ ထိုအခါ တပည့်တော်တို့နှင့် ပရိတ်သတ်များကို ခေါ်တော်မူပြီးလျှင်၊ အကြင်သူသည် ငါ၌ဆည်းကပ် ခြင်းငှါ အလိုရှိ၏၊ ထိုသူသည် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ငါ့နောက်သို့ လိုက်ရမည်။
၃၅ အကြင်သူသည် မိမိအသက်ကိုကယ်စေခြင်းငှါ အလိုရှိ၏၊ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်၎င်း၊ ဧဝံဂေလိတရားကြောင့်၎င်း အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။