Tue the 15th: Memorial of Our Lady of Sorrows.
1 Tim 3:1-13; Ps 101:1-6; Luke 7:16; Luke 7:11-17
တိမောသေသြဝါဒပဌမစောင် အခန်းကြီး ၃(1 Tim 3:1-13);
၁ သင်းအုပ်အရာကို တောင့်တသော သူသည် ကောင်းသောအမှုအရာကို တောင့်တသည်ဟူသောစကား သည်မှန်သောစကားဖြစ်၏။
၂ ထိုကြောင့်၊ သင်းအုပ်သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ၊ မယားတယောက် တည်းရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣနြေ္ဒစောင့်သောသူ၊ လျောက်ပတ်စွာကျင့်သောသူ၊ ဧည့်သည်ဝတ်ကိုပြု တတ်သောသူ၊ ဆုံးမသြဝါဒ ပေးတတ်သောသူဖြစ်ရမည်။
၃ စပျစ်ရည်နှင့်ပျော်မွေ့ခြင်း၊ သူတပါးကိုရိုက်ပုတ်ခြင်း၊ မစင်ကြယ်သောစီးပွါးကို တပ်မက်ခြင်းမရှိ၊ စိတ်ဖြည်းညှင်းသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကိုမတပ်မက် သောသူ ဖြစ်ရမည်။
၎ မိမိအိမ်ကို ကောင်းမွန်စွာ အုပ်စိုး၍ သမ္မာသမာဓိရှိသည်နှင့်၊ မိမိသားသမီးကို ဆုံးမနိုင်သောသူ ဖြစ်ရမည်။
၅ မိမိအိမ်ကို မအုပ်စိုးတတ်လျှင်၊ ဘုရားသခင် ၏အသင်းတော်ကို အဘယ်သို့ ပြုစုလိမ့်မည်နည်း။
၆ မာနနှင့် ယစ်မူးလျက်၊ မာရ်နတ်၏ အပြစ် ရောက်မည်ဟု စိုးရိမ်စရာ ရှိ၍၊ ဘာသာဝင်လူ သစ်မဖြစ်ရ။
၇ ကဲ့ရဲ့ပြစ်တင်ခြင်း၊ မာရ်နတ်ဘမ်းမိခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ပြင်ပလူတို့တွင် အသရေရှိသောသူဖြစ်ရမည်။
၈ ထိုနည်းတူ၊ သင်းထောက်တို့သည် တည်ကြည်သောသူဖြစ်ရမည်။ လျှာနှစ်ခွနှင့်ပြောသောသူ၊ စပျစ်ရည်ကို သောက်ကြူးသောသူ၊ မစင်ကြယ်သောစီးပွါကိုတပ်မက်သောသူမဖြစ်ရကြ။
၉ ကိုယ်ကိုကိုယ်သိသော စိတ်စင်ကြယ် သည်နှင့်၊ ယုံကြည်ခြင်း၏ နက်နဲသောအရာကိုစွဲလမ်းသောသူဖြစ်ရကြမည်။
၁၀ သူတို့သည်လည်း ရှေ့မဆွကစုံစမ်းခြင်း ကိုခံကြစေ။ နောက်မှ အပြစ်တင်ခွင့်နှင် ကင်းလွတ်လျှင်၊ သင်းထောက်လုပ်ကြစေ။
၁၁ ထိုနည်းတူ၊ မိန်းမတို့သည် တည်ကြည်သောသူ ဖြစ်ရကြမည်။ ချောစားတတ်သောသူမဟုတ်။ သမ္မာသတ္တိရှိ သောသူ၊ အရာရာ၌သစ္စာရှိသော သူဖြစ်ရကြမည်။
၁၂ သင်းထောက်သည် မယားတယောက်တည်းရှိရမည်။ မိမိသားသမီးနှင့် အိမ်သူအိမ်သားတို့ကို ကောင်းမွန်စွာ အုပ်ချုပ်သောသူဖြစ်ရမည်။
၁၃ အကြောင်းမူကား၊ သင်းထောက်အမှုကို ကောင်းစွာရွက်ဆောင်သော သူတို့သည် မိမိတို့အဘို့ ကောင်းသောအရာကို၎င်း၊ ယေရှုခရစ်၏ ယုံကြည်ခြင်းနှင့် ရဲရင့်ခြင်းသတ္တိကို၎င်း အမြတ် ရကြ၏။
ဆာလံကျမ်း အခန်းကြီး ၁၀၁ (Ps 101:1-6);
၁ ငါသည် သနားစုံမက်ခြင်း၊ တရားသဖြင့်စီရင်ခြင်းကို အကြောင်းပြု၍ သီချင်းဆိုပါမည်။ အိုထာဝဘုရား၊ ရှေ့တော်၌ သီချင်းဆိုပါမည်။
၂ စုံလင်သော တရားအတိုင်း ပညာသတိနှင့် ကျင့်ပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ဆီသို့ အဘယ်ကာလမှ ကြွလာတော်မူမည်နည်း။ ကိုယ့်အိမ်တွင်သန့်ရှင်းသော စိတ်နှလုံးနှင့် ကျင့်ပါမည်။
၃ အဓမ္မအမှုအရာ ကိုမျက်မှောက်မပြုပါ။ လမ်းလွဲသောသူ၏ အမှုကို ရွံ့ရှာသည်ဖြစ်၍၊ ငါ၌ မမှီမကပ်ရ။
၎ သဘောကောက်သောသူသည် ငါ့ထံမှ ထွက်သွားရမည်။ မကောင်းသောသူနှင့် ငါမပေါင်းဘော်။
၅ မိမိအိမ်နီးချင်း၏ အသရေကို တိတ်ဆိတ်စွာ ဖျက်သောသူကိုငါ ပယ်ဖြတ်မည်။ မျက်နှာထောင်လွှား၍ စိတ်မြင့်သော သူကိုလည်း သည်းမခံ။
၆ သစ္စာရှိသော ပြည်သားတို့ သည် ငါ့ထံမှာ နေမည်အ ကြောင်းသူတို့ကိုငါကြည့်ရှုရမည်။ စုံလင်သောတရား၌ ကျင်လည်သောသူ သည် ငါ၏ အမှုကို ဆောင်ရွက်ရမည်။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၇ (Luke 7:16);
၁၆ လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်း သို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှုကြွလာတော်မူပြီဟူ၍ ဘုရားသခင်၏ဂုဏ်တော် ကို ချီးမွမ်းကြ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၇ (Luke 7:11-17);
၁၁ နက်ဖြန်နေ့၌ နာဣနမြို့သို့ ကြွတော်မူ၍၊ တပည့်တော်များနှင့် လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။
၁၂ မြို့တံခါးအနီးသို့ရောက်သောအခါ၊ မုဆိုးမ၌တယောက်တည်းသောသား အသေကောင်ကို သင်္ဂြိုလ်ခြင်းငှါ ထုတ်သွား၍၊ မြို့သူမြို့သားများတို့သည် လိုက်ကြ၏။
၁၃ သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍၊ မငိုနှင့်ဟု မိန့်တော်မူလျက် အနီးသို့ကြွ၍ တလားကို လက်နှင့်တို့ တော်မူသဖြင့်၊ ထမ်းသောသူတို့သည် ရပ်၍နေကြ၏။
၁၄ ကိုယ်တော်ကလည်း၊ အချင်းလုလင်၊ ထလော့၊ သင့်အား ငါအမိန့်ရှိသည်ဟု မိန့်တော်မူလျှင်၊
၁၅ သေသောသူသည် ထိုင်၍စကားပြော၏။ ကိုယ်တော်သည်လည်း ထိုသူကို မိခင်အား အပ်ပေးတော်မူ၏။
၁၆ လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်း သို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှုကြွလာတော်မူပြီဟူ၍ ဘုရားသခင်၏ဂုဏ်တော် ကို ချီးမွမ်းကြ၏။
၁၇ ထိုသိတင်းတော်သည် ယုဒပြည်မှစ၍ ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြားကျော်စောလေ၏။