Sunday, 20 September 2015

20-SEPTEMBER-2015-(READING)

Sun the 20th:    Psalter I, Ordinary Time Week 25.
                        (Optional memorial of Andrew Kim Taegon, priest and martyr; Paul Chong Hasang and companions, martyrs.)
Wis 2:12-20; Ps 54:3-8; Jas 3:16-4:3; Mark 9:30-37

ပညာပါရမီကျမ်းအခန်းကြီး (၂) (Wis 2:12-20);


၁၂။    ဖြောင့်မတ်သောသူကိုချောင်းမြောင်း တိုက်ခိုက်ကြစို့၊ အကြောင်းမူကား၊ သူသည် ငါတို့ အတွက် အော့နှလုံးနာဘွယ် ကောင်း၍ငါတို့၏လုပ် ရပ်များကို ဆန့်ကျင်၏။ သူသည် ငါတို့ဥပဒေချိုး ဖောက်ခြင်းကို အပြစ်တင်၍ရရှိခဲ့သော သင်ကြားမှု ကို  ငါတို့ဆန့်ကျင်သည့်အတွက်ငါတို့ကိုစွပ်စွဲ၏။
၁၃။    သူသည် ဘုရားသခင်ကို သိရှိသည်ဟု ၀န်ခံပြီး၊
၁၄။    မိမိကိုယ်ကို ဘုရား၏သားဟုခေါ်၏။ငါတို့အတွက် မူကား၊ သူသည်ငါတို့အတွေးအခေါ်များကိုပြစ်တင်
စွပ်စွဲသောသူဖြစ်၏။သူ့ကိုမြင်ရရုံနှင့်ငါတို့အတွက် 
၁၅။    ၀န်လေးခက်ခဲလှ၏။ အဘယ်ကြောင့်ဆိုသော်သူ၏ နေထိုင်ပုံသည် အခြားသူများနှင့်မတူ၊သူ၏လုပ်ရပ်
၁၆။    များသည်လည်းထူးခြား၏။သူ့အတွက်မူကား၊ငါတို့ သည် အဆင့်အတန်း နိမ့်ကျသူများဖြစ်၏။ မစင် ကြယ်သောအရာများကိုရှောင်ကျဉ်သကဲ့သို့သူသည် ငါတို့ကို ရှောင်ရှား၏။ ဖြောင့်မတ်သောသူ၏ကံ ကြမ္မာကို ၀မ်းမြောက်ဖွယ်ရာဖြစ်သည်ဟု သူဆို၏။ ဘုရားသခင်သည်သူ၏အဖဖြစ်သည်ဟူ၍လည်းသူ
၁၇။    ၀ါ<ကား၏။ သူ၏စကားများမှအမှန်တရားကိုစောင့် ၍ကြည့်ကြစို့။ သူကိုယ်တိုင် မည်ကဲ့သို့ ဆုံးခန်း
၁၈။    ရောက်မည်ကို ကြည့်ကြစို့။  အကယ်၍ဖြောင့်မတ် သောသူသည် ဘုရားသခင်၏ သားဖြစ်လျှင်ဘုရား သခင်သည်သူ့ကိုကာကွယ်ပေးလိမ့်မည်။ သူ့ကိုရန်  သူတို့၏လက်မှ ရွေးနှုတ်ကယ်တင် လိမ့်မည်။
၁၉။    သူ့တွင်နူးညံ့သိမ့်မွေ့သောစိတ်ရှိ၊မရှိ၊သက်သေပြရန်နှင့်၊သူ၏သည်းခံခြင်းကိုစမ်းသပ်ရန်သူ့ကိုအရှက်ခွဲ ခြင်းနှင့်ညှဉ်းပန်းနှိပ်စက်ခြင်းတို့ဖြင့်စမ်းသပ်ကြစို့။
၂၀။    သူ့ကို အရှက်တကွဲသေစေရန် စီရင်ကြစို့။ သူ၏ စကားအတိုင်းဘုရားသခင်သည်သူ့ကိုစောင့်ရှောက်  ကာကွယ်လိမ့်မည်ဟု   ဘုရားတရားမဲ့ သူတို့သည် တွေးမြင်ကြ၏။

ဆာလံကျမ်း အခန်းကြီး ၅၄ (Ps 54:3-8);

၃ အကြောင်းမူကား၊ တကျွန်းတနိုင်ငံသားတို့သည် အကျွန်ုပ်ကို ရန်ဘက်ပြု၍ ထကြပါပြီ၊၊ ကြမ်းတမ်းသော သူတို့သည် အကျွန်ုပ်အသက်ကို ရှာကြပါ၏၊၊ ဘုရားသခင်၏ မျက်နှာတော်ကို မထောက်ကြပါ၊၊
၎ ကြည့်ရှုလော့၊၊ ဘုရားသခင်သည် ငါ့ကို ကူမတော်မူ၏၊၊ ငါ့အသက်ကို ထောက်ပင့်သောသူတို့တွင့် ထာဝရ ဘုရား ရှိတော်မူ၏၊၊
၅ ငါ၏ရန်သူတို့အား မကောင်းသောအကျိုးကို ဆပ်ပေးတော်မူမည်၊၊ သစ္စာတော်ရှိသည်အတိုင်း သူတို့ကို ပယ်ရှင်းတော်မူပါ၊၊
၆ အကျွန်ုပ်သည်လည်း စေတနာစိတ်နှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ အိုထာဝရ ဘုရား နာမတော်ကို ချီးမွမ်းပါမည်၊၊ အကြောင်းမူကား ကောင်းမြတ်တော်မူ၏၊၊
၇ အကျွန်ုပ်ကို ခပ်သိမ်းသောဒုက္ခ ထဲက ကယ်နှုတ်တော်မူသဖြင့် အကျွန်ုပ်သည် ရန်သူတို့ကို ကိုယ်မျက်စိနှင့် မြင်၍ အားရပါ၏၊၊

ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၃ (Jas 3:16-4:3);

၁၆ အကြောင်းမူကား၊ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာပြုမူခြင်းအမျိုးမျိုးရှိတတ်၏။
၁၇ အထက်မှ သက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာစင်ကြယ်၏။ ထိုမှတပါး၊ အသင့်အတင့်နေတတ်၏။ ဖြည်းညှင်းသောသဘော ရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်၎င်း၊ ကောင်းကျိုးနှင့်၎င်းပြည့်စုံ၏။ လျစ်လျူသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့် ကင်းစင်၏။
၁၈ အသင့်အတင့်နေခြင်းငှါ ပြုစုတတ်သော သူတို့သည် ဖြောင့်မတ်ခြင်းတရား၏ မျိုးစေ့ကိုငြိမ်သက်စွာကြဲတတ်ကြ၏။
၁ သင်တို့တွင်စစ်တိုက်ခြင်း၊ ရန်တွေ့ခြင်းသည် အဘယ်အကြောင်းအကြောင့်ဖြစ်သနည်း။ သင်တို့ အင်္ဂါများ၌ စစ်ပြိုင်သောကိလေသာ ကာမစိတ်ကြောင့်ဖြစ်သည်မဟုတ်လော။
၂ သင်တို့သည် တပ်မက်၍ မရကြ။ လူအသက်ကိုသတ်၍၎င်း၊ အလွန်လိုချင်သောလောဘစိတ်ရှိ၍၎င်း၊ အလိုမပြည့်စုံနိုင်ကြ။ ရန်တွေ့ခြင်း၊ စစ်တိုက်ခြင်းကိုလည်းပြု၍ မရကြ။ အကြောင်းမူကား၊ ဆုမတောင်းဘဲနေကြ၏။
၃ ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာဘို့ရှိစေခြင်းငှါ၊ အလွဲတောင်းသောကြောင့်မရကြ။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၉ (Mark 9:30-37);

၃၀ ထိုအရပ်မှထွက်၍ ဂါလိလဲပြည်အလယ်၌ ရှောက်သွားကြစဉ်တွင် အဘယ်သူမျှသိစေခြင်းငှါ အလိုတော်မရှိ။
၃၁ အကြောင်းမူကား၊ လူသားသည်လူတို့လက်သို့ အပ်နှံခြင်းကို၎င်း၊ အသေသတ်ခြင်းကို၎င်း ခံရမည်။
၃၂ ခံပြီးမှ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသောအကြောင်းများကို တပည့်တော်တို့အား ပြတော်မူ၏။ ထိုအကြောင်းများကို သူတို့နားမလည်သော်လည်း၊ ကိုယ်တော်ကိုမမေး မလျှောက်ဝံ့ကြ။
၃၃  ကပေရနောင်မြို့သို့ရောက်၍ အိမ်၌ရှိတော်မူလျှင်၊ သင်တို့သည် လမ်း၌အဘယ်အမှုကို အချင်းချင်း ငြင်းခုံကြသနည်းဟု မေးတော်မူသည်ကို၊
၃၄ သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား၊ အဘယ်သူသည် သာ၍ကြီးမြတ်အံ့နည်းဟု လမ်း၌အချင်းချင်းငြင်းခုံကြ၏။
၃၅ ထိုအခါ ကိုယ်တော်သည်ထိုင်လျက် တကျိပ်နှစ်ပါးတို့ကို ခေါ်တော်မူ၍၊ အရင်အဦးဖြစ်လိုသောသူမည်သည်ကား နောက်ဆုံးဖြစ်ရမည်။ အလုံးစုံတို့၏ အစေခံလည်းဖြစ်ရမည်ဟု မိန့်တော်မူ၏။
၃၆ သူငယ်တယောက်ကိုလည်းယူ၍ သူတို့အလယ်၌ထားပြီးမှ လက်တော်နှင့်ချီပိုက်လျက်၊
၃၇ အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောသူငယ် တစုံတယောက် ကိုလက်ခံ၏၊ ထိုသူသည်ငါ့ကို ပင်လက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့ကိုသာလက်ခံသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူကိုပင် လက်ခံသည်ဟု မိန့်တော်မူ၏။