Monday, 7 September 2015

7-SEPTEMBER-2015-(READING)

Mon the 7th:    Col 1:24-2:3; Ps 62:6-9; John 10:27; Luke 6:6-11

ကောလောသဲသြဝါဒစာ အခန်းကြီး ၁ (Col 1:24-2:3);

၂၄ ငါပေါလုသည် ထိုတရားကို ဟောသောဆရာဖြစ်သည်နှင့် သင်တို့အဘို့အလိုငှါ ဆင်းရဲခံခြင်း၌ ယခုဝမ်းမြောက်၍၊ ခရစ်တော်၏ ဆင်းရဲဒုက္ခအကြွင်းအကျန်ကို အသင်းတော်တည်းဟူသော ကိုယ်တော်အဘို့ အလိုငှါ ငါ့ကိုယ်ခန္ဓွာ၌ ပြည့်စုံစေ၏။
၂၇ တပါးအမျိုးသားတို့တွင် ဤနက်နဲ သောအရာနှင့်ဆိုင်သော မဟာစည်းစိမ်ကား၊ အဘယ်မျှလောက်ကြီးသည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ၊ ဘုရားသခင်အလိုရှိတော်မူ၏။ ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မြော်လင့်ခြင်းအကြောင်းတည်း ဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း။
၂၈ ခရစ်တော်အားဖြင့် လူတိုင်း စုံလင်ခြင်းသို့ရောက်၍ လူခပ်သိမ်းတို့ကို ဆက်သအံ့သောငှါ၊ ငါတို့သည် လူခပ်သိမ်းတို့ကို သတိပေး၍ ပညာအမျိုးမျိုးနှင့် ဆုံးမသွန်သင်လျက် ခရစ်တော်၏တရားကို ဟောပြောကြ၏။
၂၉ ထိုသို့အလိုငှါ ငါသည် အမှုဆောင်ရွက်၍၊ ငါ၌ တန်ခိုးတော် ပြုပြင် အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိ၏။
၁ သင်တို့နှင့် လောဒိကိမြို့သူမြို့သားတို့မှစ၍၊ ငါ့မျက်နှာကို မမြင်ဘူးသောသူ ရှိသမျှတို့သည်၊
၂ မေတ္တာ ချင်းထုံးဖွဲ့၍၊ ခမည်းတော်ဘုရားနှင့် ခရစ်တော်၏ နက်နဲသောအရာကို နားလည်နိုင်သော ဝိစိကိစ္ဆာ နှင့် ကင်းစင်သော ဥာဏ်၏စည်းစိမ်အပေါင်းနှင့် ပြည့်စုံ၍၊ စိတ်နှလုံးသက်သာစေမည်အကြောင်း အဘယ်မျှလောက် ကြီးသောတိုက်လှန် ခြင်းကိုငါခံရသည်ဟု သင်တို့ သိစေခြင်းငှါ ငါအလိုရှိ၏။
၃ ထိုနက်နဲသောအရာ၌ ပညာဘဏ္ဍာ၊ ဥာဏ်ဘဏ္ဍရှိသမျှတို့ သည် ဝှက်ထားလျက်ရှိကြ၏။

ဆာလံကျမ်း အခန်းကြီး ၆၂ (Ps 62:6-9);

၆ အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း ငါခိုလှုံရာဖြစ်တော်မူ၍ ငါသည် လှုပ်ရှားခြင်းမရှိရာ၊၊
၇ ငါ့ကို ကယ်တင်ခြင်း အကြောင်း ငါ၏ဘုန်းပွင့်ခြင်း အကြာင်းကား ဘုရားသခင်ပေတည်း၊၊ ငါ့ကိုအားပေးသော ကျောက်၊ ငါခိုလှုံရာကား၊ ဘုရားသခင်ပေတည်း၊၊
၈ အိုလူ များတို့ ဘုရားသခင်၌ အစဉ်မပြတ်ခိုလှုံကြလော့၊၊ ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့၊၊ ဘုရားသခင်သည် ငါတို့ခိုလှုံ ရာဖြစ်တော်မူ၏၊၊
၉ အကယ်စင်စစ် ယုတ်ညံ့သော သူတို့သည် အနတ္တ အသရေရှိသောသူတို့သည် မုသာဖြစ်ကြ၏၊၊ ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူအပေါင်းတို့သည် အနတ္တ ထက်သာ၍ ပေါ့ကြ၏၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:27);

၂၇ ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၆ (Luke 6:6-11);

၆ အခြားသောဥပုသ်နေ့၌ ကိုယ်တော်သည် တရားစရပ်သို့ဝင်၍ ဆုံးမသြဝါဒပေးတော်မူသည်တွင်၊ ထိုစရပ်၌ လက်ျာလက်သေသောသူတယောက်ရှိ၏။
၇ ဥပုသ်နေ့၌ သူ၏ရောဂါကို ငြိမ်းစေမည် မငြိမ်းစေမည်ကို ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ကိုယ်တော်၌ ပြစ်တင်ခွင့်ကိုရှာ၍ ချောင်းကြည့်ကြ၏။
၈ ကိုယ်တော်သည် သူတို့အကြံအစည်ကို သိလျှင်၊ လက်သေသောသူအား၊ ထလော့။ အလယ်၌မတ်တတ်နေလော့ဟု မိန့်တော်မူသည်အတိုင်း ထိုသူသည် ထ၍ မတ်တတ်နေကြ၏။
၉ ယေရှုကလည်း၊ သင်တို့ကို ငါမေးမည်။ ဥပုသ်နေ့၌ အဘယ်သို့ပြုရသနည်း။ ကျေးဇူး ပြုအပ်သလော။ သူ့အကျိုးကိုဖျက်ဆီးအပ်သလော။ အသက်ကိုကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိသတ် တို့အား မေးတော်မူပြီးလျှင်၊
၁၀ ထိုသူအပေါင်း တို့ကို ပတ်လည်ကြည့်ရှုလျက်၊ သင်တို့၏လက်ကို ဆန့်လော့ဟု ထိုသူအားမိန့်တော်မူ၍ သူသည်မိမိလက် ကိုဆန့်လျှင်၊ ထိုလက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ၏။
၁၁ ထိုသူများတို့သည် ဒေါသစိတ်နှင့် ယစ်မူး၍ ယေရှုအား အဘယ်သို့ပြုရအံ့နည်းဟု အချင်းချင်းဆွေးနွေးကြ၏။