Wed the 16th: Memorial of Cornelius, pope and martyr; Cyprian, bishop and martyr.
1 Tim 3:14-16; Ps 111:1-6; John 6:63, 68; Luke 7:31-35
တိမောသေသြဝါဒပဌမစောင် အခန်းကြီး ၃ (1 Tim 3:14-16);
၁၄ သင်ရှိရာသို့ ငါမြန်မြန်လာမည်ဟု မြော်လင့်ခြင်းရှိသော်လည်း တာရှည်စွာနေလျှင်၊
၁၅ သင်သည် ဘုရား သခင်၏အိမ်တော်၌ အဘယ်သို့ကျင့်ကြံ ပြုမူရမည်ကို သိစေခြင်းငှါ ဤသို့ငါရေး၍ပေးလိုက်၏။ ထိုအိမ်တော်ကား၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ အသင်းတော်ဖြစ်၏၊ ထိုအသင်းတော်ကား၊ သမ္မာတရား၏ အမှီတကဲဖြစ် ၏။ သမ္မာတရား၏ တည်ရာလည်းဖြစ်၏။
၁၆ မှန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာသည် ကြီးစွာသောအရာ ဖြစ်သည်ဟု ငြင်းခုံရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဓွာ၌ပေါ်ထွန်းတော်မူပြီ။ ဟုတ်မှန်တော်မူခြင်းအကြောင်းသည် ဝိညာဉ်တော်အားဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန်တို့သည် ကိုယ်တော်ကို ရှုမြင်ရကြပြီ။ တပါးအမျိုးသားတို့ သည် သိတင်းတော်ကို ကြားရကြပြီ။ လောကီသားတို့သည် ယုံကြည်ရကြပြီ။ ဘုန်းအသရေနှင့်တကွ အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။
ဆာလံကျမ်း အခန်းကြီး ၁၁၁ (Ps 111:1-6);
၁ ငါသည်ဖြောင့်မတ်သော သူတို့၏ အစည်းအဝေး၌၎င်း၊ ပရိတ်သတ်၌၎င်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ချီးမွမ်းမည်။
၂ ထာဝရဘုရား၏ အမှုတော်တို့သည် ကြီးမြတ်ကြ၏။ ကြည်ညိုသောသူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ၏။
၃ စီရင်တော်မူသောအရာသည် ဘုန်းအသရေနှင့် ပြည့်စုံ၍၊ ဖြောင့်မတ် တော်မူခြင်းတရားလည်း အစဉ်အမြဲတည်၏။
၎ အံ့ဘွယ်သော အမှုတော်တို့ကို အောက်မေ့ဘို့ရာ စီရင်တော်မူပြီ။ ထာဝရဘုရားသည် ကျေးဇူးပြုတက်သော သဘော၊ သနားစုံမက်တတ်သောသဘောနှင့် ပြည့်စုံတော်မူ၏။
၅ ကြောက်ရွံ့ရို သေသောသူတို့ကို ကျွေးမွေးတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော်မူ၏။
၆ အမှုတော်တို့၌ ရှိသော တန်ခိုးကို မိမိလူတို့အားပြ၍၊ တပါးအမျိုးသားတို့၏ အမွေကို ပေးတော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၆ (John 6:63, 68);
၆၃ိဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက် လည်းဖြစ်၏။
၆၈ ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့သွား ရပါမည်နည်း။ ထာဝရအသက်နှင့်ယှဉ်သော စကားသည် ကိုယ်တော်၌ တည်ပါ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၇ (Luke 7:31-35);
၃၁ ထိုကြောင့် ဤလူမျိုးကို အဘယ်ဥပမာနှင့်ပုံပြရအံ့နည်း။ အဘယ်သူနှင့်တူသနည်း။
၃၂ ပွဲသဘင်၌ထိုင်နေ သောသူငယ်ချင်းတို့သည် တယောက်ကိုတယောက် အသံလွှင့်ကြ၍၊ ငါတို့သည် သာယာစွာတီးမှုတ်သော်လည်း သင်တို့သည်မကကြ။ ညည်းတွားစွာမြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြောဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည် တူလှ၏။
၃၃ အကြောင်းမူကား၊ ဗတ္တိဇံ ဆရာယောဟန်သည် မုန့်ကိုမစား၊ စပျစ်ရည်ကိုမသောက်ဘဲလာသည်ရှိ သော်သင်တို့က၊ ဤသူသည် နတ်ဆိုးစွဲသော သူပါတကားဟု ဆိုကြ၏။
၃၄ လူသားသည် စားသောက်လျက် လာသည်ရှိသော်၊ ဤသူသည် စားကြူး သောသူ၊ စပျစ်ရည်သောက်ကြူးသောသူပါတကား။ အခွန်ခံသောသူနှင့် ဆိုးသောသူတို့ကို မိတ်ဆွေဖွဲ့သော သူပါတကားဟု ဆိုပြန်ကြ၏။
၃၅ သို့သော်လည်း ပညာတရားသည် မိမိသားရှိသမျှ တို့တွင် ကဲ့ရဲ့ပြစ်တင်ခြင်း နှင့်လွတ်၏ဟု မိန့်တော်မူ၏။