Sunday, 6 September 2015

6-SEPTEMBER-2015-(READING)

Sun the 6th:    Psalter III, Ordinary Time Week 23.
Isa 35:4-7; Ps 146:6-10; Jas 2:1-5; Mark 7:31-37

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၃၅ (Isa 35:4-7);

၎ အားယူကြ လော့။ မစိုးရိမ်ကြနှင့်ဟု ကြောက်တတ်သောသူတို့အား ဆိုကြလော့၊၊ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်သည် အပြစ်ပေးလျက်၊ ဒဏ်စီရင်လျက်ကြွလာတော်မူလိမ့်မည်၊၊ ဘုရားသခင်သည် ကိုယ်တော်တိုင် ကြွလာ၍၊ သင်တို့ကို ကယ်တင်တော်မူလိမ့်မည်၊၊
၅ ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြ လိမ့်မည်၊၊ နားပင်းသော သူတို့ သည် နားးပင်းခြင်းနှင့် လွတ်ကြလိမ့်မည်၊၊
၆ ခြေဆွံ့သော သူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်၊၊ စကားအသောသူ  တို့သည် သီချင်းဆိုကြလိမ့်မည်၊၊ အကြောင်းမူကား၊ တော၌စမ်းရေထွက်၍၊ လွင်ပြင်၌မြစ်ရေစီးလိမ့်မည်၊၊
၇ တံလျှပ်သည် ရေကန်ဖြစ်လိမ့်မည်၊၊ သွေ့ခြောက်သောမြေသည် စမ်းရေတွင်းဖြစ် လိမ့်မည်။ မြေခွေးအိပ်ရာနေရာ၌ ကျူပင်နှင့်ဂမာပင်အစား၊ မြက်ပင်ပေါက်လိမ့်မည်၊၊

ဆာလံကျမ်း အခန်းကြီး ၁၄၆ (Ps 146:6-10);

၆ ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် တကွ အရပ်ရပ်၌ ရှိသမျှတို့ကို ဖန်ဆင်းတော် မူ၏၊၊ သစ္စာတော်ကို အစဉ်အမြဲ စောင့်တော်မူ၏၊၊
၇ ညှဉ်းဆဲခြင်းကို ခံရသော သူတို့အား တရားပြတော်မူ၏၊၊ ငတ်မွတ် သောသူတို့ကို ကျွေးမွေးတော်မူ၏၊၊ ထာဝရဘုရားသည် ချုပ်ထားခြင်းကို ခံရသောသူတို့ကို လွှတ်တော်မူ၏၊၊
၈ ထာဝရ ဘုရားသည် မျက်စိကန်းသောသူတို့ကို မြင်စေတော်မူ၏၊၊ ထာဝရဘုရားသည် နှိမ့်ချသောသူတို့ကို ကြွပင့်တော် မူ၏၊ ထာဝရဘုရားသည် ဖြောင့်မတ်သော သူတို့ကို ချစ်တော်မူ၏၊
၉ ထာဝရဘုရားသည် ဧည့်သည်တို့ကို စောင့်မ တော်မူ၍ မုတ်ဆိုးမနှင့် မိဘမရှိသော သူတို့ကို ထောက်မတော်မူ၏၊၊ မတရားသောသူတို့၏ လမ်းကိုကား ကွေ့ကောက်စေတော်မူ၏၊၊
၁၀ အိုဇိအုန်မြို့ သင်၏ ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ကာလအစဉ်အမြဲ ကမ္ဘာအဆက်ဆက် စိုးစံတော်မူလတံ့သတည်း၊၊ ဟာလေလုယ၊၊

ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၂ (Jas 2:1-5);

၁ ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကို ထောက် ခြင်းမရှိကြနှင့်။
၂ ရွေလက်စွပ်နှင့် တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူ၊ ညစ်သောအဝတ်ကို ဝတ်၍ ဆင်းရဲသော သူနှစ်ဦးသည် သင်တို့၏ တရားစရပ်ထဲသို့ ဝင်သောအခါ၊
၃ တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကိုကြည့်၍၊ ကောင်းမွန်သောဤအရပ်မှာထိုင်ပါဟူ၍၎င်း၊ ဆင်းရဲသောသူကို၊ ဟိုမှာနေ လော့။ သို့မဟုတ်ဤအရပ်မှာ ငါ့ခြေတင် ခုံအောက်၌ ထိုင်လော့ဟူ၍၎င်း၊ သင်တို့သည်ပြောဆိုလျှင်၊
၎ တဘက်၌ ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံ အစည်နှင့်စီရင်သောသူဖြစ်ကြသည်မဟုတ်လော။
၅ ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင်ဆင်းရဲ သောသူတို့သည် ယုံကြည်ခြင်း ရတနာကိုရတတ်စေခြင်းငှါ၎င်း၊ ဘုရားသခင်ကိုချစ်သောသူတို့အားပေးမည်ဟုဝန်ခံ တော်မူသောနိုင်ငံတော်၏ အမွေခံဖြစ်စေခြင်းငှါ၎င်း၊ ထိုသူတို့ကိုရွေးကောက်တော်မူသည်မဟုတ်လော။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၇ (Mark 7:31-37);

၃၁ တဖန် ကိုယ်တော်သည် တုရုမြို့နှင့်ဇိဒုန်မြို့၏ကျေးလက်မှထွက်၍ ဒေကာပေါလိပြည်နယ်ကို ရှောက်သွားသဖြင့်၊ ဂါလိလဲအိုင်သို့ရောက်တော်မူ၏။
၃၂ ထိုအခါ နားပင်း၍ စကားအသောသူတယောက်ကို အထံတော်သို့ဆောင်ခဲ့၍၊ သူ့အပေါ်မှာလက်တော်ကိုတင်ပါမည်အကြောင်း တောင်းပန်ကြ၏။
၃၃ ကိုယ်တော်သည် ထိုသူကို လူအစုအဝေးထဲက ခေါ်၍၊ ဆိတ်ကွယ်ရာအရပ်သို့သွားပြီးလျှင် လက်ညှိုးတော်ကို သူ၏နားပေါက်၌ သွင်းတော်မူ၏။ တံထွေးနှင့်ထွေး၍ သူ၏လျှာကိုလည်း တို့တော်မူ၏။
၃၄ ထိုနောက် ကောင်းကင်သို့ကြည့်မျှော်၍ ညီးတွားသံကိုပြုလျက်၊ ဧဖသ ဟု မိန့်တော်မူ၏။ အနက်ကား၊ ပွင့်စေဟု ဆိုလို သတည်း။
၃၅ ထိုခဏခြင်းတွင် သူသည်နားပွင့်ခြင်း၊ လျှာကြောလွတ်ခြင်းရှိသဖြင့် စကားပြီပြီပြောနိုင်၏။
၃၆ ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစေခြင်းငှါ သူတို့ကိုပညတ်တော်မူ၏။ ပညတ်တော်မူသော်လည်း သူတို့သည် သာ၍အလွန် သိတင်းကြား ပြောကြ၏။
၃၇ အတိုင်းထက်အလွန်မိန်းမောတွေဝေလျက်ရှိ၍၊ သူသည် အလုံးစုံတို့ကို လျောက်ပတ်စွာပြုတော်မူပြီ။ နားပင်းသောသူတို့ကို ကြားစေတော်မူသည် အသောသူတို့ကို စကားပြော စေတော်မူပြီဟု ဆိုကြ၏။