Tuesday, 8 September 2015

8-SEPTEMBER-2015-(READING)

Tue the 8th:        Feast of The Birth of Mary.
Col 2:6-15; Ps 145:1-11; John 15:16; Luke 6:12-19

ကောလောသဲသြဝါဒစာ အခန်းကြီး ၂ (Col 2:6-15);

၆-၇ ထို ကြောင့် သင်တို့သည်သခင်ယေရှုခရစ်ကိုခံယူပြီးသည် ဖြစ်၍၊ ထိုသခင်၌ စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်းရှိလျက်၊ နည်းဥပဒေသကိုခံပြီးသည်အတိုင်း ယုံကြည်ခြင်း၌ မြဲမြံစွာ စွဲလမ်းလျက်၊ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့် တကွယုံကြည်ခြင်းတိုးပွါးပြည့်စုံလျက်၊ ထိုသခင်၌ကျင်လည်ကြလော့။
၈ ခရစ်တော်၏ တရားကိုမလိုက်၊ လူအဆက်ဆက်ခံသောနည်းဥပဒေသနှင့် လောကီတရားနုကိုလိုက်၍၊ လောကီပညာနှင့် အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကိုအဘယ်သူမျှမလုယူ မဖျက်မဆီးစေခြင်းငှါ သတိ ပြုကြလော့။
၈ အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ကိုယ် ထင်ရှား၍ကျိန်းဝပ်တော်မူ၏။
၁၀ အထွဋ်အမြတ် အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသောထိုသခင်၌ သင်တို့သည် စုံလင်ခြင်းရှိကြ၏။
၁၁ ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိပကတိအပြစ်၏ ကိုယ်ကို ပယ်ရှင်း၍၊ လက်ဖြင့်မလုပ် သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍၊
၁၂ ဗတ္တိဇံအားဖြင့် ထိုသခင်နှင့် အတူသင်္ဂြိုဟ် ခြင်းကိုခံကြ၏။ ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့် အတူထမြောက်ခြင်းသို့ ရောက်ကြ၏။
၁၃ ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကိုမခံသော အဖြစ်၌၎င်း သေလျက်ရှိနေ သော သင်တို့ကိုခရစ်တော်နှင့် အတူ အသက်ရှင်စေ၍၊ သင်တို့အပြစ်ရှိသမျှတို့ကိုလွှတ်တော်မူ၏။
၁၄ ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့ နှင့် စပ်ဆိုင်သောလက်မှတ်ကိုချေ၍၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲကပယ်ရှင်းတော်မူပြီ။
၁၅ အထွဋ်အမြတ်၊ အာဏာစက်များကိုလုယူလျှင်၊ ထင်ရှားစွာထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကိုခံတော်မူပြီ။

ဆာလံကျမ်း အခန်းကြီး ၁၄၅ (Ps 145:1-11);

၁ အကျွန်ုပ်၏ရှင်ဘုရင် အကျွန်ုပ်၏ဘုရားသခင် ကိုယ်တော်ကို မြှောက်ပါမည်၊၊ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းကြီးပေးပါမည်၊၊
၂ ကိုယ်တော်ကိုနေ့တိုင်းအစဉ် ကောင်းကြီးပေးပါမည်၊၊ နာမတော်ကို ကမ္ဘာအဆက်ဆက် ချီးမွမ်းပါမည်၊၊
၃ ထာဝရဘုရားသည် ကြီးမြတ်၍အလွန်ချီးမွမ်းဘွယ် ဖြစ်တော်မူ၏၊၊ ကြီးမြတ်တော် မူခြင်းကိုစစ်၍မကုန်နိုင်၊၊
၎ အမှုတော်တို့ကို လူမျိုးအဆက်ဆက် တို့သည်ချီးမွမ်း၍ တန်ခိုးတော်များကို ဟောပြောကြပါ လိမ့်မည်၊၊
၅ အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုး အာနုဘော်တော်ကို၎င်း၊ အံ့ဘွယ်သောအမှုတော် တို့ကို၎င်း မြွက်ဆိုပါ ၏၊၊
၆ သူတို့သည်ကြောက်မက်ဘွယ်သော အမှုတို့၌ပါသော တန်ခိုးကိုမြွက်ဆို၍ အကျွန်ုပ်သည်လည်း ကြီးမြတ်တော်မူ ခြင်း အကြောင်းကို ကြားပြောပါမည်၊၊
၇ သူတို့သည်အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဘို့ရာ မြွက်ဆို၍ ဖြောင့်မတ်တော်မူခြင်း အရာကိုရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မည်၊၊
၈ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော သနားစုံမတ်တတ်သော သဘောနှင့်ပြည့်စုံ၍ ခန္တီတော် နှင့် ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏၊၊
၉ ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သော သဘောရှိ၍ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏၊၊
၁၀ အိုထာဝရဘုရား ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကိုပြ၍ ကိုယ်တော်၏သန့်ရှင်းသူတို့သည် ကောင်းကြီးပေးကြ ပါ၏၊၊
၁၁ နိုင်ငံတော်၏ ဘုန်းကို၎င်း၊ တန်ခိုးတော်ကို၎င်း၊ ဟောပြောမြွက်ဆိုသဖြင့်၊
၁၂ တန်ခိုးပါသော အမှုတော်များနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့ အား ဘော်ပြကြပါ၏၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၅ (John 15:16);

၁၆ သင်တို့သည် ငါ့ကိုရွေး ကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကိုရွေးကောက်သဖြင့်၊ သင်တို့သည်သွား၍ တည်ကြည်သော အသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာ တောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၆ (Luke 6:12-19);

၁၂ ထိုနေ့ရက်ကာလ၌ ကိုယ်တော်သည် ဆုတောင်းပဌနာပြုခြင်းငှါ တောင်ပေါ်သို့ကြွ၍ ဘုရားသခင် အား ဆုတောင်းပဌနာပြုလျက် တညဥ့်လုံးနေတော်မူ၏။
၁၃ မိုဃ်းလင်းသောအခါ တပည့်တော်တို့ကို ခေါ်တော်မူ၍၊
၁၄ ပေတရုအမည်သစ်ကိုရသော ရှိမုန်နှင့် သူ့ညီအနြေ္ဒ၊ ယာကုပ်နှင့်ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊
၁၅ မဿဲနှင့် သောမ၊ အာလဖဲ၏သား ယာကုပ်နှင့် ဇေလုပ်ဟုခေါ်သော ရှိမုန်၊
၁၆ ယာကုပ်၏ညီ ယုဒနှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်တည်းဟူသော တကျိပ်နှစ်ပါးတို့ကို ရွေးကောက်၍ တမန်တော်အမည်ဖြင့် သမုတ်တော်မူ၏။
၁၇ ထိုသူတို့နှင့်တကွ ကိုယ်တော်သည် တောင်ပေါ်ကဆင်းကြွ၍ မြေညီရာအရပ်၍ ရပ်တော်မူ၏။ တရားနာ ခြင်းငှါ၎င်း၊ အနာရောဂါတို့ကို ငြိမ်းစေခြင်းငှါ၎င်း၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၊ ပင်လယ်ကမ်းနား၊ တုရုမြို့၊ ဇိဒုန်မြို့ အရပ်ရပ်တို့ကလာကြသော လူအစုအဝေးအပေါင်းတို့နှင့် တပည့်တော်အပေါင်းတို့သည် ရှိကြ၏။
၁၈ ညစ်ညူးသောနတ် ညှဉ်းဆဲသောသူတို့သည်လည်းလာ၍ ချမ်းသာရကြ၏။
၁၉ ကိုယ်တော်အထဲက တန်ခိုးထွက်၍ လူအပေါင်းတို့ကို သက်သာစေတော်မူသည်ဖြစ်၍၊ ပရိတ်သတ်အပေါင်းတို့သည် ကိုယ်တော် ကို တို့ခြင်းငှါ ရှာကြံကြ၏။