Monday, 28 September 2015

28-SEPTEMBER-2015-(READING)

Mon the 28th:        Optional memorial of Wencaslaus, martyr.
                            Optional memorial of Lawrence Ruiz and companions, martyrs.
Zech 8:1-8; Ps 102:16-29; Mark 10:45; Luke 9:46-50

ဇာခရိအနာဂတ္တိကျမ်း အခန်းကြီး ၈(Zech 8:1-8);

၁ တဖန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
၂ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည်ဇိအုန်တောင်အဘို့ အလွန်စိတ်အား ကြီးပြီ။ အလွန်အမျက်ထွက်၍ သူအဘို့စိတ်အားကြီးပြီ။
၃ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားမိန့် တော်မူသည်ကား၊ ဇိအုန်တောင်သို့ငါပြန်လာပြီ။ ယေရုရှလင်မြို့ထဲမှာနေမည်။ ယေရုရှလင်မြို့ကို သမ္မာမြို့ဟူ၍င်း၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ တောင်တော်ကိုသန့်ရှင်းသော တောင်ဟူ၍င်း၊ သမုတ်ကြလိမ့်မည်။
၎ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၊ အိုသောယောက်ျားမိန်းမ၊ အသက်ကြီး၍ တောင်ဝေးကိုင်သောသူအပေါင်းတို့သည် ယေရုရှလင်မြို့လမ်းတို့၌ နေကြလေဦးမည်။
၅ မြို့လမ်းတို့သည်လည်း ကစားသောသူငယ်ယောက်ျားမိန်းမတို့နှင့် အပြစ်ရှိကြလိမ့်မည်။ မြို့လမ်းတို့သည် လည်း၊ ကစားသောသူငယ်ယောက်ျား
၆ မိန်းမတို့နှင့် အပြည့်ရှိကြလိမ့်မည်။ တဖန်မိန့်တော်မူသည်ကား၊ ထိုအမှု ယခုကာလတွင် ကျန်ကြွင်းသော ဤလူတို့မျက်မှောက်၌ အံ့သြဖွယ်ဖြစ်သော် လည်း၊ ငါ့မျက်မှောက်၌ အံ့သြဘွယ်ဖြစ်ရာလေသလောဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
၇ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို အရှေ့ပြည်မှင်း၊ အနောက်ပြည်မှင်း ငါကယ်တင်၍၊
၈ ဆောင်ခဲ့သဖြင့်၊ သူတို့သည် ယေရုရှလင်မြို့ထဲမှာနေရကြလိမ့်မည်။ သစ္စာတရားနှင့် ဖြောင့်မတ်ခြင်း တရားအားဖြင့်၊ သူတို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်လိမ့်မည်။

ဆာလံကျမ်း အခန်းကြီး ၁၀၂ (Ps 102:16-29);

၁၆ ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင်၍၊ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။
၁၇ ကိုးကွယ်ရာ မဲ့သောသူတို့ ဆုတောင်းခြင်းအကြောင်းကို မထီမဲ့မြင်မပြု၊ သူတို့၏ ပဌာနကို မှတ်တော်မူလိမ့်မည်။
၁၈ ထိုအကြောင်းအရာ ကို  နောက်ဖြစ်လတံ့သော လူမျိုးတို့အဘို့ ရေးမှတ် ရမည်။ပြုပြင်တော်မူလတံ့သောသူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။
၂၃ လမ်းခရီး၌ ငါ၏ အစွမ်းကို လျော့စေခြင်းငှာ၎င်း၊ ငါ၏ နေ့ရက်ကာလကို တိုစေခြင်းငှါ၎င်း၊ ပြုတော်မူသော အခါ၊
၂၄ ငါလျှောက်သော အချက်ဟူမူကား၊ အို အကျွန်ုပ်၏ ဘုရား၊ အကျွန်ုပ်ကို အသက်ပျိုစင်ပင် ပယ်ရှင်းတော် မမူပါနှင့်၊ ကိုယ်တော်၏နှစ်တို့သည် ကာလအစဉ်အဆက် မြဲကြပါ၏။
၂၅ ကိုယ်တော်သည် ရှေးဦးစွာ၌ မြေကြီးကို  တည်တော်မူပြီ။ မိုးကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။
၂၆ ထိုအရာတို့သည် ပျက်စီး ခြင်းသို့ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။  ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်း နွမ်းခြင်းသို့ရောက်၍ ကိုယ်တော်သည် ဝတ်လုံကိုလဲသကဲ့သို့လဲတော်မူသဖြင့် ပြောင်းလဲခြင်း ရှိကြသော်လည်း၊
၂၇ ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။
၂၈ အသက်တော်လည်းမကုန်ဆုံးရပါ။ ကိုယ်တော် ကျွန်တို့၏ သားမြေးတို့ သည် တည်၍၊ အမျိုးအနွယ်သည်လည်း ရှေ့တော်၌ မြဲမြံပါလိမ့်မည်။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၀ (Mark 10:45);

၄၅ အကြောင်းမူကား၊ လူသားသည် သူတပါးကိုစေစားခြင်းငှါ မလာ၊ သူတပါးအစေကိုခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသတည်းဟု မိန့်တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၉ (Luke 9:46-50);

၄၆ ထိုအခါ အဘယ်သူသည်သာ၍ ကြီးမြတ်အံ့နည်းဟု တပည့်တော်တို့သည် အချင်းချင်းငြင်းခုံကြ၏။
၄၇ ယေရှုသည် သူတို့အကြံအစည်ကို သိမြင်လျှင်၊ သူငယ်တယောက်ကိုယူ၍ မိမိအနား၌ထားပြီးမှ၊
၄၈ အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤသူငယ်ကိုလက်ခံ၏၊ ထိုသူသည်ငါ့ကိုပင်လက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသောသူကိုပင် လက်ခံ၏။ သင်တို့တွင် အငယ်ဆုံးသော သူသည် သာ၍ကြီးမြတ်သောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
၄၉ ယောဟန်ကလည်း၊ သခင်၊ ကိုယ်တော်၏နာမကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ် သောသူတယောက်ကိုအကျွန်ုပ်တို့တွေ့ပါ၏။ သူသည် အကျွန်ုပ်တို့နှင့်အတူမလိုက်သောကြောင့် အကျွန်ုပ်တို့ မြစ်တားကြပါ၏ဟုလျှောက်သော်၊
၅၀ ယေရှုက၊ ထိုသူကိုမမြစ်တားကြနှင့်။ သင်တို့ရန်သူဘက်၌မရှိသောသူသည် သင်တို့ဘက်၌ ရှိသည်ဟုမိန့်တော်မူ၏။