Sat the 26th: Optional memorial of Cosmas and Damian, martyrs.
Zech 2:5-15; Jer 31:10-13; 2 Tim 1:10; Luke 9:43-45
ဇာခရိအနာဂတ္တိကျမ်း အခန်းကြီး ၂ (Zech 2:5-15);
၅ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည်မြို့ကိုကာသောမင်းမြို့ရိုးဖြစ်မည်။ မြို့အလယ်၌ လည်းငါသည် မြို့၏ ဘုန်းအသရေဖြစ်မည်။
၆ အချင်းတို့၊ အချင်းတို့၊ မြောက်မျက်နှာအရပ်မှ ပြေးလာကြလောဟု ထာဝရဘုရားမိန့်တော်မူ၏။ မိုဃ်းကောင်းကင်အောက် လေးမျက်နှာတို့၌ သင်တို့၌ငါနှံ့ပြားစေပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
၇ ဗာဗုလုန်မြို့သမီးထံမှနေသော အချင်းဇိအုန်သတို့သမီး၊ အလွတ်ပြေးလော့။
၈ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ကိုဖျက်ဆီးသော လူမျိုးတို့ရှိရာသို့ ဘုန်းထင်ရှားပြီမှ ငါ့ကိုစေလွှတ် တော်မူ၏။ သင်တို့ကို ထိသောသူသည် မျက်ဆန်တော်ကို ထိသောသူဖြစ်၏။
၉ သူတို့ကိုငါသတ်၍ သူတို့၏ကျွန်များ သည် လုယူဖျက်ဆီးကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူသည်ကို သင်တို့သိရကြလိမ့်မည်။
၁၀ အိုဇိအုန်သတို့သမီး၊ သီချင်းဆို၍ ရွှင်လန်းလော့။ ငါလာ၍သင့်အလယ်၌ နေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
၁၁ ထိုကာလ၌ လူမျိုးအများတို့သည် ထာဝရဘုရားဘက်သို့ ဝင်စား၍ ငါ၏လူဖြစ်ကြလိမ့်မည်။ သင့်အလယ်၌ ငါနေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကိုသင့်ဆီသို့ စေလွှတ်တော်မူသည်ကို သင်သိရလိမ့်မည်။
၁၂ ထာဝရဘုရားသည် သန့်ရှင်းသောပြည်၌ မိမိအဘို့ ယုဒပြည်ကိုအမွေခံ၍ တဖန်ယေရုရှလင်မြို့ကို ရွေးချယ်တော်မူလိမ့်မည်။
၁၃ အိုလူသတ္တဝါအပေါင်းတို့ ထာဝရဘုရားရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့။ သန့်ရှင်း သောကျိန်းဝပ်ရာဌာနတော်၌ ထတော်မူပြီ။
ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၁၀ (Jer 31:10-13);
၁၀ ထာဝရ ဘုရားမူကား၊ မှန်သောဘုရား၊ အသက်ရှင်သောဘုရား၊ နိစ္စထာဝရဘုရင်ဖြစ်တော်မူ၏။ အမျက်တော်ထွက်လျှင် မြေကြီးတုန်လှုပ်ရ၏။ လူအမျိုးမျိုးတို့သည် အမျက်တော်ကို မခံနိုင်ကြ။
၁၁ သာသနာပလူတို့အား ပြောရသောစကား ဟူမူကား၊ ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းသောဘုရားတို့သည် ဤကောင်းကင် အောက်၊ ဤမြေကြီြး့ပင်မှ ကွယ်ပျောက်ကြလိမ့်မည်။
၁၂ ထာဝရဘုရားသည် တန်ခိုးတော်အားဖြင့် မြေကြီးကိုဖန်ဆင်းတော်မူပြီ။ ပညာတော် အားဖြင့် လောကဓါတ်ကို တည်တော်မူပြီ။ ဥာဏ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို ကြက်တော်မူပြီ။
၁၃ အသံတော် ကို လွှတ်တော်မူသောအခါ၊ မိုဃ်းရေအသံဗလံ ဖြစ်တတ်၏။ မြေကြီးစွန်းမှ မိုဃ်းတိမ်ကိုတက်စေတော်မူ၏။ မိုဃ်းရွာ သည်နှင့် လျှပ်စစ်ပြက်စေတော်မူ၏။ လေကိုလည်း၊ ဘဏ္ဍာတော်တိုက်ထဲက ထုတ်တော်မူ၏။
တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၁ (2 Tim 1:10);
၁၀ ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင် သောသခင်ယေရှုခရစ်ပေါ်ထွန်း သည်အရာမှာ ယခုထင်ရှားလျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်း ကိုပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်း နှင့်မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၉ (Luke 9:43-45);
၄၃ လူအပေါင်း တို့သည် ဘုရားသခင်၏မဟာတန်ခိုးတော်ကိုမြင်၍ မိန်းမောတွေ ဝေခြင်းရှိကြ၏။
၄၄ ထိုသို့ယေရှုပြုတော်မူသမျှကို သူအပေါင်းတို့သည် အံ့သြချီးမွမ်းကြစဉ် တပည့်တော်တို့အား၊ သင်တို့သည် ငါ့စကားကို နားထောင်မှတ်မိကြလော့။ လူသားကိုလူတို့လက်သို့ အပ်နှံရသောအချိန်နီးပြီဟု မိန့်တော်မူ၏။
၄၅ ထိုစကားတော်၏အနက်မထင်ရှားသဖြင့် တပည့်တော်တို့သည် နားမလည် မရိပ်မိဘဲ နေကြ၏။ အနက်ကိုလည်း မမေးမလျှောက်ဝံ့ကြ။