Thursday, 31 August 2017

31-AUG-2017 (READING -ORD21-YA-C1)

Thu the 31st: 1 Thess 3:7-13; Ps 90:3-17; Matt 24:42, 44; Matt 24:42-51

သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး (1 Thess 3:7-13);

ညီအစ်ကိုတို့၊ ငါတို့သည် အရာရာ၌ဆင်းရဲ၍ ခက်ခဲစွာခံရသည်တွင် သင်တို့၏ ယုံကြည်ခြင်းအားဖြင့် သက်သာခြင်းသို့ရောက်ကြ၏။
ယခုမှာ သင်တို့သည် သခင်ဘုရား၌ တည်ကြည်လျှင်၊ ငါတို့သည် အသက်ရှင်ကြ၏။
ငါတို့၏ ဘုရားသခင်ရှေ့၌ သင်တို့၏အကြောင်း ကြောင့် ငါတို့ခံရသော ဝမ်းမြောက်ခြင်းအကြောင်းကို ထောက်၍၊ သင်တို့အကြောင်းကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အဘယ်သို့ ဆပ်နိုင်သနည်း။
၁၀ သင်တို့မျက်နှာကိုမြင်၍၊ သင်တို့ယုံကြည်ခြင်း လိုသေးသမျှကို စုံလင်စေမည်အကြောင်း၊ ငါတို့သည် နေ့ညဥ့်အပြတ် အလွန်တရာ ဆုတောင်းပဌနာပြု၍နေကြ၏။
၁၁ သင်တို့ရှိရာသို့ ငါသွားရာလမ်းကို ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့် ငါတို့သခင်ယေရှုခရစ် သည် ပြင်ဆင်တော်မူပါစေသော။
၁၂ ထိုသခင်သည် မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ၊ ငါတို့ အဘတည်းဟူသော ဘုရားသခင့်ရှေ့မှာ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သင်တို့၏စိတ်နှလုံးကို ကိုယ်တော်သည် သန့်ရှင်းခြင်ပါရမီ၌ မြဲမြံခိုင်ခန့်စိမ့်သောငှါ၊ ငါတို့သည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည် အချင်းချင်ကို၎င်း၊ သူတပါး အပေါင်းတို့ကို၎င်းချစ်၍၊ ချစ်ခြင်းမေတ္တာနှင့် အထူးသဖြင့် ကြွယ်ဝပြည့်စုံမည်အကြောင်း သခင်ဘုရား ပြုတော်မူပါစေသော။

ဆာလံကျမ်း အခန်းကြီး ၉၀ (Ps 90:3-17);

လူမျိုးကိုကား၊ ကြေမွစေတော်မူ၏။ အချင်းလူသားတို့ ပြန်ကြလော့ဟု မိန့်တော်မူ၏။
ရှေ့တော်၌ အနှစ်တစ်ထောင်သည် လွန်ပြီသော မနေ့ကဲ့သို့၎င်း၊ ညဥ့်ယံတယံကဲ့ သို့၎င်း ဖြစ်ပါ၏။
လူတို့ကို လွှမ်းမိုးတိုက်သွားတော်မူ၏။ သူတို့သည် အိပ်ပျော်ခြင်းကဲ့သို့ ဖြစ်ကြပါ၏။ လူသည်မြက် ပင်ကဲ့သို့ နံနက်အချိန်၌ တိုးပွားတတ်ပါ၏။
နံနက် အချိန်၌ကား၊ ပွင့်လန်း၍ တိုးပွားပါ၏၊၊ ညဦးအချိန်၌ကား၊ ရိတ်၍ညိုးနွမ်းပါ၏။
အမျက်တော် ထွက်သောအားဖြင့် အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ရောက်ကြပါ၏။ စိတ်တော်မပြေသောကြောင့်၊ စိုးရိမ်တုန်လှုပ်ခြင်းရှိကြပါ၏။
အကျွန်ုပ်တို့ ဒုစရိုက်များကို ရှေ့တော်၌၎င်း၊ ဝှက်ထား သော အကျင့်များကို  မျက်နှာတော်အလင်းထဲ၌ ၎င်း၊ လှန်ထားတော်မူ၏၊၊
အကျွန်ုပ်တို့သည် အမျက်တော်ကို ခံရသောကြောင့်၊ နေ့ရက်ကာလရွေ့သွား၍၊ နှစ်များတို့ သည် စိတ်ထင်ကဲ့သို့ လွန်တတ်ကြပါ၏။
၁၀ အကျွန်ုပ်တို့၏ အသက်အရွယ်သည် အနှစ်ခုနစ်ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်း သည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်း ဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏။
၁၁ အမျက်တော်အရှိန်ကို အဘယ်သူသိပါသနည်း။ အမျက်ထွက် တော်မူခြင်းကို ကြောက်ရွံ့သင့်သည်အတိုင်း အဘယ်သူကြောက်ရွံ့ ပါသနည်း။
၁၂ အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်းမိမည်အကြောင်း၊ ကိုယ်နေ့ရက် ကာလကို ရေတွက်နိုင်ခြင်းငှာ သွန်သင်တော်မူပါ။
၁၃ အိုထာဝရဘုရား၊ ပြန်လာတော်မူပါ။ အဘယ်မျှလောက်ကြာပါမည်နည်း။ ကိုယ်တော်၏ ကျွန်တို့ကို နာကြင်သော စိတ်ရှိတော်မူပါ၊
၁၄ အကျွန်ုပ်တို့ကို ကရုဏာတော်နှင့် အလျင်အမြန်ရောင့်ရဲစေတော်မူပါ။ သို့ပြုလျှင် တသက်လုံးဝမ်းမြောက် ရွှင်လန်းကြပါလိမ့်မည်။
၁၅ အကျွန်ုပ်တို့ကို ညှင်းဆဲတော်မူသော နေ့ရက်ကာလ၊ ဒုက္ခခံရခဲ့ပြီး သော  နှစ်ပေါင်းများသည် အတိုင်း၊ ဝမ်းမြောက်ရသော အခွင့်ကိုပေးသနား တော်မူပါ။
၁၆ အမှုတော်သည် ကိုယ်တော်၏ ကျွန်တို့အား၎င်း၊ ဘုန်းတော်သည် သားမြေးတို့အား၎င်း ထင်ရှားပါစေသော။
၁၇ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရ ဘုရား၏ ကျေးဇူးတော်သည် အကျွန်ုပ်တို့ပေါ်သို့ ရောက်ပါစေသော။ အကျွန်ုပ်တို့ပြုသော အမှုတို့ကိုလည်း အကျွန်ုပ် တို့ အဘို့မြဲမြံစေတော်မူပါ။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၄ (Matt 24:42, 44);

၄၂ သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ရောက်လာမည်ကိုသင်တို့မသိ သောကြောင့်စောင့်နေကြလော့။
၄၄ ထိုကြောင့်သင်တို့သည်ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၄ (Matt 24:42-51);

၄၂ သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ရောက်လာမည်ကိုသင်တို့မသိ သောကြောင့်စောင့်နေကြလော့။
၄၃ သူခိုးလာမည် အချိန်နာရီကိုအိမ်ရှင်သိရလျှင်၊ မိမိအိမ်ကိုမထွင်းမဖောက်စေခြင်းငှါ စောင့်နေလိမ့်မည်ကိုသင်တို့သိကြ၏။
၄၄ ထိုကြောင့်သင်တို့သည်ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။
၄၅ အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အားအချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှါ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်၎င်း၊ သတိပညာနှင့်င်းပြည့်စုံသော ကျွန်ကား အဘယ်သူနည်း။
၄၆ အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကိုအရှင်သည် ပြန်လာ၍ တွေ့၏၊ ထိုကျွန်သည်မင်္ဂလာရှိ၏။
၄၇ ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌အပ်လိမ့်မည်။
၄၈ သို့မဟုတ်မူကား၊ အကြင်ကျွန်ဆိုးက င့ါအရှင်လာခဲလိမ့်မည် ဟု စိတ်ထဲ၌အောက်မေ့သည်နှင့်၊
၄၉ ကျွန်ချင်းတို့ကိုရိုက်ပုတ်လျက်သေသောက်ကြူး သောသူတို့နှင့် တကွစားသောက် လျက်နေ၏။
၅၀ ထိုကျွန် မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသောအချိန်နာရီ၌ သခင်သည်ရောက်လာလျှင်၊
၅၁ ထိုကျွန်ကို ပြင်းပြစွာကွပ်မျက်ဆုံးမ၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ်၌ လျှို့ဝှက်သောသူတို့နှင့်တကွနေ ရာချလတံ့။