Mon the 14th: Optional memorial of Maximilian Mary Kolbe, priest and martyr.
Vigil of Solemnity of The Assumption.
Deut 10:12-22; Ps 147:12-20; 2 Thess 2:14; Matt 17:22-27
Vigil Readings: 1 Chr 15:3-16, 16:1-2; Ps 132:6-14; 1 Cor 15:54-57; Luke 11:27-28
တရားဟောရာကျမ်း အခန်းကြီး ၁၀ (Deut 10:12-22);
၁၂ အိုဣသရေလအမျိုး၊ သင်၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းတော်သို့ လိုက်သွားခြင်း၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်ခြင်း၊
၁၃ သင်၏အကျိုးကို ထောက်၍ ယနေ့ငါဆင့်ဆိုသော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက်ခြင်း အမှုမှတပါး၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် အဘယ်အမှုကို တောင်းတော်မူသနည်း။
၁၄ မိုဃ်းကောင်းကင်နှင့် ကောင်းကင်ဘဝဂ်ကိုင်း၊ မြေကြီးနှင့် မြေကြီးတန်ဆာရှိသမျှကိုင်း၊ သင်၏ဘုရားသခင်ထာဝရဘုရား ပိုင်တော်မူ၏။
၁၅ သို့ရာတွင် ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကို ချစ်ခင် မြတ်နိုး၍၊ ယနေ့ရှိသကဲ့သို့၊ သူတို့အမျိုးအနွယ်တည်းဟူသော သင့်ကို၊ အခြားသောလူမျိုး တကာတို့တွင် ရွေးကောက်တော်မူ၏။
၁၆ သို့ဖြစ်၍ သင်၏နှလုံးအရေဖျားကို လှီးဖြတ်လော့။ နောက်တဖန်ခိုင်မာ သောလည်ပင်းမရှိစေနှင့်။
၁၇ အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရ ဘုရားသည်၊ ဘုရားတို့၏ဘုရား၊ သခင်တို့၏သခင်၊ ကြီးမြတ်သောဘုရား၊ တန်ခိုးနှင့် ပြည့်စုံ၍ ကြောက်မက်ဘွယ် သောဘုရား၊ လူမျက်နှာကို မထောက်၊ တံစိုးကို မစားဘဲ၊
၁၈ မိဘမရှိသောသူငယ်၊ မုတ်ဆိုးမဘက်၌ တရားစီရင်၍၊ ဧည့်သည်အာဂန္တုတို့ကို စုံမက်သဖြင့်၊ အဝတ်အစားတို့ကို ပေးသနားသော ဘုရားဖြစ်တော်မူ၏။
၁၉ သို့ဖြစ်၍ ဧည့်သည်တို့ကို ချစ်ကြလော့။ အကြောင်းမူကား၊ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဘူးပြီ။
၂၀ သင်၏ဘုရားသည်ထာဝရဘုရားကို ကြောက်ရွံ့၍ အမှုတော်ကို ဆောင်ရွက်ရမည်။ ကိုယ်တော်၌ ဆည်းကပ်ရမည်။ နာမတော်အားဖြင့် ကျိန်ဆိုခြင်းကို ပြုရမည်။
၂၁ ထာဝရဘုရားသည် သင်၏ဂုဏ်အသရေ၊ သင်၏ဘုရားသခင် ဖြစ်တော်မူ၏။ သင်သည်ကိုယ့်မျက်စိနှင့် မြင်သည်အတိုင်း၊ ကြောက်မက်ဘွယ်သော အမှုအရာကြီးတို့ကို သင့်အဘို့ပြုတော်မူပြီ။
၂၂ သင်၏ ဘိုးဘေးတို့သည် အရေအတွက် အားဖြင့် လူခုနှစ်ဆယ်မျှသာ ရှိလျက်၊ အဲဂုတ္တုပြည်သို့ ဆင်းသွားကြ၏။ ယခုမူကား၊ အရေအတွက်အားဖြင့် မိုဃ်းကောင်းကင်ကြယ်နှင့် အမျှသင်၏ဘုရားသခင် ထာဝရဘုရားသည် များပြားစေတော်မူပြီ။
ဆာလံကျမ်း အခန်းကြီး ၁၄၇ (Ps 147:12-20);
၁၂ အိုယေရုရှလင်မြို့ ထာဝရဘုရားကို ချီးမွမ်းလော့၊၊ အိုဇိအုန်မြို့၊ သင်၏ ဘုရားသခင်ကို ချီးမွမ်းလော့၊၊
၁၃ အကြောင်းမူကား၊ သင်၏ တံခါးကန့်လန့်တို့ကို ခိုင်မာစေ၍ သင်၏ အထဲမှာ သားသမီးများကို ကောင်းကြီးပေး တော်မူ၏၊၊
၁၄ သင်၏ ပြည်စွန်းပြည်နားမှာ အမှုအရေးကို ငြိမ်းစေ၍ အကောင်ဆုံးသော စပါးနှင့်သင့်ကို ဝစွာကျွေးမွေး တော်မူ၏၊၊
၁၅ မြေကြီးပေါ်သို့ ဗျာဒိတ်တော်ကို လွှတ်တော်မူ၏၊၊ နှုတ်ကပတ်တော်သည် အလျှင်အမြန်ပြေးတတ်ပါ၏။
၁၆ မိုဃ်းပွင့်ကို သိုးမွေးကဲ့သို့ ချတော်မူ၏၊၊ နှင်းခဲကိုလည်း ပြာကဲ့သို့ ဆွတ်ဖြူတော်မူ၏၊၊
၁၇ မိမိမိုဃ်းသီးကို စားနုတ် စားပေါက်ကဲ့သို့ လွှတ်တော်မူ၍ ချမ်းစေတော်မူခြင်းကို အဘယ်သူ ခံနိုင်သနည်း၊၊
၁၈ တဖန် နှုတ်ကပတ်တော်ကို လွှတ်၍ ထိုမိုဃ်းပွင့်အစရှိသည်တို့ကို အရည်ကျိုတော်မူ၏၊၊ မိမိလေကို လာစေတော်မူသဖြင့် ရေတို့သည် စီးကြ၏၊
၁၉ နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး၌၎င်း၊ စီရင်ထုံးဖွဲ့ချက်များကို ဣသရေလအမျိုး၌၎င်း ဘော်ပြ တော်မူ၏။
၂၀ အခြားတပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော်မမူ၊ စီရင်တော်မူချက်များကို သူတို့မသိရကြ၊၊ ဟာလေလုယ။
သက်သာလောနိတ်သြဝါဒစာဒုတိယစောင် အခန်းကြီး ၂ (2 Thess 2:14);
၁၄ ထိုသို့ အလိုငှါ ငါတို့ဧဝံဂေလိတရားအားဖြင့် သင်တို့ကိုခေါ်တော်မူပြီ။ အကြောင်းမူကား၊ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ဘုန်းကိုပိုင်ရမည်အကြောင်းတည်း။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၇ (Matt 17:22-27);
၂၂ ဂါလိလဲပြည်၌ နေကြစဉ်တွင် ယေရှုက၊ လူသားကိုလူတို့လက်သို့အပ်နှံရသောအချိန်နီးပြီ။
၂၃ သူတို့သည် သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟုတပည့်တော်တို့အား မိန့်တော်မူ၏။ သူတို့သည်လည်းအလွန်ဝမ်းနည်းခြင်းရှိကြ၏၊
၂၄ ကပေရနောင်မြို့သို့ရောက်သောအခါ၊ ဗိမာန်တော်အခွန်တည်းဟူသော ဒိဒြမ္မကိုခံသော သူတို့သည် ပေတရု ဆီသို့လာ၍သင်၏ဆရာသည်ဒိဒြမ္မကိုမပေးသလောဟု မေးမြန်းလျှင်၊ ပေးပါသည်ဟုပေတရုဆို၏။
၂၅ ပေတရု သည် အိမ်သို့ဝင်သောအခါ၊ ယေရှုသည်တင်ကူး၍အချင်းရှိမုန်၊ သင်သည်အဘယ်သို့ထင်သနည်း။ လောကီရှင် ဘုရင်တို‹သည် အဘယ်သူမှာ အခွန်ကိုခံကြသနည်း။ မိမိသားမှာခံကြသလော။ သူတပါးမှာခံကြသလော၊ ဟုမေး တော်မူလျှင်၊
၂၆ ပေတရုက၊ သူတပါးမှာခံကြပါဟု လျှောက်သော်၊ ယေရှုကလည်းသို့ဖြစ်လျှင်သားမူကား လွတ်ရ၏။ သို့သော်လည်းထိုသူတို့သည် ငါတို့ကြောင့်မမှားယွင်းမည်အကြောင်း၊ အိုင်သို့သွား၍ငါးမျှားကိုချလော့။
၂၇ ရှေ့ဦးစွာ ရသောငါးကိုယူ၍ ပစပ်ကိုဖွင့်လျှင်၊ သတာတဲတပြားကိုတွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါ့အဘို့နှင့် သင့်အဘို့ ထိုသူတို့အားပေးလော့ဟုမိန့်တော်မူ၏။
Vigil Readings:
ရာဇဝင်ချုပ်ပဌမစောင် အခန်းကြီး ၁၅ (1 Chr 15:3-16, 16:1-2);
၃ ထာဝရဘုရား၏ သေတ္တာတော်အဘို့ ပြင်ဆင် သောအရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ဣသရေလအမျိုးသားအပေါင်းတို့ကို ယေရုရှလင်မြို့၌ စုဝေးစေသောအခါ၊
၎ အာရုန်သားတို့နှင့် လေဝိသားတို့ကိုလည်း စုဝေးစေတော်မူ၍ ရောက်လာသောသူဟူမူကား၊
၅ ကောဟတ်အမျိုး တွင် အကြီးဖြစ်သော ဥရေလနှင့် သူ၏ညီအစ်ကိုတရာနှစ်ဆယ်၊
၆ မေရာရိအမျိုးတွင် အကြီးဖြစ်သော အသာယနှင့် သူ၏ညီအစ်ကို တရာနှစ်ဆယ်၊
၇ ဂေရရှုံအမျိုးတွင် အကြီးဖြစ်သောယောလ၊ သူ၏ညီအစ်ကိုတရာသုံးဆယ်၊
၈ ဧလိဇဖန်အမျိုးတွင် အကြီးဖြစ်သော ရှေမာယနှင့် သူ၏ညီအစ်ကိုနှစ်ရာ၊
၉ ဟေဗြုန်အမျိုးတွင် အကြီးဖြစ်သော ဧလျေလနှင့် သူ၏ညီအစ်ကိုရှစ်ဆယ်၊
၁၀ သြဇေလအမျိုးတွင် အကြီးဖြစ်သော အမိနဒပ်နှင့်သူ၏ညီအစ်ကို တရာတဆယ်နှစ် ယောက်တည်း။
၁၁ ဒါဝိဒ်သည်လည်း ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် အဗျာသာနှင့် လေဝိသားသြရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလ၊ အမိနဒပ်တို့ကိုခေါ်၍၊
၁၂ သင်တို့သည် လေဝိသားအဆွေအမျိုးသူကြီး ဖြစ်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ သေတ္တာတော်အဘို့ ငါပြင်ဆင်သောအရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ကိုယ်ကိုင်း၊ ညီအစ်ကိုတို့ကိုင်း၊ သန့်ရှင်းစေကြလော့။
၁၃ အရင်ကမသန့်ရှင်း၊ တရားလမ်းသို့မလိုက်ဘဲ ငါတို့ဘုရား သခင် ထာဝရဘုရားကို ရှာသောကြောင့် ဒဏ်ခတ်တော်မူသည်ဟု သတိပေး၏။
၁၄ ထိုအခါ ယဇ်ပုရောဟိတ်တို့နှင့် လေဝိသားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ ကိုယ်ကို သန့်ရှင်းစေကြ၏။
၁၅ ထာဝရဘုရား အမိန့်တော်နှင့်အညီ မောရှေမှာထားခဲ့သည်အတိုင်း၊ လေဝိသားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို သေတ္တာတော်ထမ်းပိုးဖြင့် ထမ်းကြ၏။
၁၆ လေဝိသားအကြီးအကဲတို့သည် စောင်း၊ တယော၊ ခွက်ကွင်းအစရှိသော တူရိယာမျိုးနှင့် သီချင်းဆိုတတ်သော ညီအစ်ကိုတို့ကို ဝမ်းမြောက်စွာ အသံပြိင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်း အမိန့်တော်ရှိသည်အတိုင်း၊
၁၇ ထိုလေဝိသားတို့သည် ယောလသားဟေမန်၊ သူ၏ညီစုထဲက ဗေရခိသားအာသပ်၊ မိမိတို့ညီစု၊ မေရာရိအမျိုးထဲက ဣရှာယသား ဧသန်တို့ကိုင်း၊
၁၈ မိမိတို့သည် ဒုတိယအရာရှိဖြစ်သော ခရာဇိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့်သြဗဒေဒုံ၊ ယေလ၊ အာဇဇိတို့ကိုင်း ခန့်ထားကြ၏။
၁ ထိုသို့ ဘုရားသခင်၏သေတ္တာတော်ကို ဆောင်ခဲ့၍ ဒါဝိဒ်ဆောက်နှင့်သော တဲအလယ်၌ထားပြီးမှ၊ မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ်တို့ကို ဘုရားသခင့်ရှေ့တော်၌ ပူဇော်ကြ၏။
၂ မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ် ပူဇော်ခြင်းအမှုကို ဒါဝိဒ်မင်းသည် ပြီးစီးစေသောအခါ၊ ထာဝရဘုရား၏ နာမတော်ကိုမြွက်၍ ပရိသတ်တို့ကို ကောင်းကြီးပေးလေ၏။
ဆာလံကျမ်း အခန်းကြီး ၁၃၂ (Ps 132:6-14);
၆ တဲ တော်သည် ဧဖရိမ်ပြည်မှာ ရှိကြောင်းကို ငါတို့သည် ကြားရပြီ။ ယာရိမ်တော၌ တွေ့ကြပြီ။
၇ ဘုံဗိမာန်တော်သို့ ဝင်၍၊ ခြေတော် တင်ရာ ခုံအောက်၌ ပြပ်ဝပ်ကိုးကွယ်ကြကုန်အံ့။
၈ အိုထာဝရဘုရား၊ ကျိန်းဝပ်တော်မူရာသို့ ဘုန်းတော်နှင့် ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တက်တော်မူပါ။
၉ ကိုယ်တော်၏ယဇ်ပုရောဟိတ်တို့သည် ဖြောင့်မတ် ခြင်းတန်ဆာကို ဆင်၍၊ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။
၁၀ ကိုယ်တော်၏ ကျွန်ဒါဝိဒ်မင်း၏ မျက်နှာကို ထောက်သဖြင့်၊ ကိုယ်တော်ထံ၌ ဘိသိက်ခံသော သူကို ငြင်းပယ်တော်မမူပါနှင့်။၁၁ ထာဝရဘုရားသည် ဒါဝိဒ်အား ဓိဋ္ဌာန်ကျိန်ဆိုခြင်းကို ပြု၍၊ သစ္စာဖျက်တော်မမူသော စကားဟူမူကား၊ သင်၏ အမျိုးအနွယ်ကို သင်၏ပလ္လင်ပေါ်မှာ ငါတင်မည်။
၁၂ သင်၏သားတို့သည် ငါ့ပဋိညာဉ်တရားကို၎င်း၊ ငါသွန်သင်သော သက်သေခံချက်ကို၎င်း စောင့်ရှောက်လျင်၊ သူတို့၏ သားများသည်လည်း သင်၏ပလ္လင်ပေါ်မှာ အစဉ်အမြဲ ထိုင်ကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူပြီ။
၁၃ ထာဝရဘုရားသည် ဇိအုန်မြို့ကို ရွေးကောက်၍၊ အမြဲနေ တော်မူရာဘို့ အလိုတော် ရှိသည့် အရာမှာ၊
၁၄ ဤမြို့ကား ငါအစဉ်အမြဲ ကျိန်းဝပ်ရာမြို့တည်း။ ငါအလိုရှိသည်ဖြစ်၍၊ ဤမြို့၌ ငါနေမည်။
ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁၅ (1 Cor 15:54-57);
၅၄ ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့၎င်း၊ ဤသေတတ်သောအရာသည် မသေနိုင်သော အဖြစ်သို့၎င်း ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌ နစ်မြုပ်ပြီဟု ကျမ်းစာ၌ လာချက် ပြည့်စုံလိမ့်မည်။
၅၅ အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။
၅၆ သေမင်း၏လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း၊ ဒုစရိုက်အပြစ်၏တန်ခိုးကား၊ ပညတ် တရားပေတည်း။
၅၇ ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။
၅၈ ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်၏အမှုတော် ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သောစိတ်နှင့်ပြည့်စုံ၍၊ မရွေ့မလျော့ မတိမ်းယိမ်း ဘဲလျက် ဘုရားသခင်၏အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:27-28);
၂၇ ထိုသို့မိန့်တော်မူစဉ်တွင် မိန်းမတယောက်သည် လူအစုအဝေးထဲကခေါ်၍ ကိုယ်တော်ကိုလွယ် သော ဝမ်းနှင့်စို့တော်မူသောသားမြတ်သည် မင်္ဂလာရှိပါ၏ ဟုလျှောက်လျှင်၊
၂၈ ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုနာ၍ ကျင့်စောင့်သော သူသည်မြတ်စွာသောမင်္ဂလာရှိသည်ဟု မိန့်တော်မူ၏။