Sat the 26th: Ruth 2:1-11; 4:13-17; Ps 128:1-5; Matt 23:9-10; Matt 23:1-12
ရုသ၀တ္တု အခန်းကြီး ၂ (Ruth 2:1-11; 4:13-17);
၁ နောမိ၏လင် ဧလိမလက်၏ အဆွေအမျိုးတွင် အလွန်ရတတ်သော ပေါက်ဘော်တယောက်ရှိ၏။ သူ၏ အမည်ကား ဗောဇတည်း။
၂ မောဘပြည်သူရုသက၊ ကျွန်မသည် လယ်ပြင်သို့သွား၍ စိတ်နှင့်တွေ့ သောသူနောက်မှာ စပါးကျန်ကို ကောက်ပါရစေဟုနောမိ၌ အခွင့်ပန်လျှင်၊ နောမိက၊ သွားတော့ငါ့သမီးဟုဆို၏။
၃ ရုသသည်သွား၍ စပါးရိတ်သောသူတို့နောက်မှာ၊ စပါးကျန်ကို ကောက်သည်တွင်၊ ဧလိမလက်၏အဆွေအမျိုး ဗောဇပိုင်သောလယ်၌ အမှတ်တမဲ့နေရာကျ၏။
၎ ထိုအခါ ဗောဇသည် ဗက်လင်မြို့ကလာ၍၊ ထာဝရဘုရားသည် သင်တို့နှင့် အတူရှိသော်မူ ပါစေသောဟု ရိတ်သောသူတို‹အားဆိုလျှင်၊ သူတို‹က၊ ကိုယ်တော်ကို ထာဝရဘုရား ကောင်းကြီး ပေးတော်မူပါစေသော ဟု ပြန်ပြောကြ၏။
၅ ဗောဇကလည်း၊ ထိုမိန်းမငယ်သည် အဘယ်သူနှင့် ဆိုင်သနည်းဟု လယ်ခေါင်းအားမေးသော်၊
၆ လယ်ခေါင်းက၊ မောဘပြည်မှနောမိနှင့် အတူလိုက်လာသော မောဘအမျိုးသမီးဖြစ်ပါသည်။
၇ သူကလည်း၊ ကíန်မသည် စပါးရိတ်သောသူတို‹နောက်၌ကောက်လှိုင်းစုထဲမှာ ကျန်သော စပါးကို ကောက်သိမ်းပါရစေဟု အခွင့် တောင်းလျက် ဝင်သဖြင့်၊ နံနက်မှစ၍ ယခုခဏတဲ၌နေသော အချိန်တိုင်အောင် လုပ်နေပါပြီဟု ပြောဆိုလျှင်၊
၈ ဗောဇသည် ရုသကိုခေါ်၍၊ နားထောင်ပါ၊ ငါ့သမီး။ အခြားသော လယ်သို‹သွား၍ စပါးကျန်ကိုမကောက်နှင့်။ ဤအရပ်က မထွက်ဘဲ၊ ငါ့ကíန်မတို‹၌ မှီဝဲလျက်နေတော့။
၉ သူတို‹ရိတ်သော လယ်ကွက်ကိုကြည့်မှတ်၍ သူတို‹နောက်၌ လိုက်လော့။ လုလင်တို‹သည် သင့်ကို မနှောက်ရှက်ရမည်အကြောင်း ငါမှာထားပြီး။ ရေငတ်သောအခါ၊ အိုးထားရာသို‹သွား၍ လုလင်ခပ်သောရေကို သောက်တော့ဟုဆိုလေသော်၊
၁၀ ရုသသည်မြေကြီးပေါ်မှာဦးချပြပ်ဝပ်လျက်၊ ကíန်မသည် တပါး အမျိုးသားဖြစ်၍ ကိုယ်တော်သည် ကíန်မကို သိမှတ်မည်အကြောင်း၊ အဘယ်သို‹ စိတ်တော်နှင့် တွေ‹ရပါသနည်းဟု လျှောက်လေ၏။
၁၁ ဗောဇကလည်း သင်၏လင်သေသောနောက်၊ သင်သည် ယောက္ခမအား ပြုစုသမျှကိုင်း၊ သင်သည်မိဘနှင့် မွေးဘွားရာဌာနပြည်ကို စွန့် ၍အထက်ကမသိဘူးသောပြည်သို့ လာကြောင်းကိုင်း၊ ငါ့အား သေချာစွာ ပြောကြပြီး။
၁၃ ဗောဇသည်ရုသကိုသိမ်း၍စုံဘက်လျက်ဆက်ဆံသောအခါ၊ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ရုသသည် ပဋိသန္ဓြေွယူ၍ သားယောက်ျားကို ဘွားမြင်လေ၏။
၁၄ မိန်းမတို‹သည်လည်း နောမိအား၊ သင့်ကိုပြုစုသော အမျိုးသားချင်းကို ယနေ‹ဖြတ်တော်မမူသောထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ ယခုရသောအမျိုးသား ချင်းသည်လည်း ဣသရေလ အမျိုး၌ အသရေကျော်စောပါစေသော။
၁၅ သူသည် သင်၏အသက်ကို ပြုပြင်သောသူ၊ သင်အသက်ကြီးသောအခါ သင့်ကို ကောင်းမွန်စွာပြုစုသောသူဖြစ်ပါစေသော။ သင့်ကိုချစ်၍သားခုနှစ်ယောက်ထက် သင့်အဘို‹သာ၍ကောင်းသောသင်၏ခေíးမသည် သားယောက်ျားကို ဘွားမြင်ပြီဟု ပြောဆိုကြ၏။
၁၆ နောမိသည် ထိုသူငယ် ကိုယူ၍ပိုက်ချီလျက်ထိန်းလေ၏။
၁၇ အိမ်နီးချင်းမိန်းမတို့ ကလည်း၊ နောမိသည် သားယောက်ျား ကိုရပြီဟုဆိုလျက်၊ ထိုသူငယ်ကိုသြဗက် အမည်ဖြင့် မှည့်ကြ၏။ သြဗက်သားကားယေရှဲ။ ယေရှဲသားကားဒါဝိဒ်တည်း။
ဆာလံကျမ်း အခန်းကြီး ၁၂၈ (Ps 128:1-5);
၁ ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းခရီးတော်သို့ လိုက်သွားသမျှသော သူတို့သည် မင်္ဂလာရှိကြ၏။
၂ ထိုသို့ပြုလျှင် သင်သည် မိမိလက်နှင့် လုပ်ဆောင်၍ရသော အစာကိုစားရလိမ့်မည်။ မင်္ဂလာရှိ၍ ကောင်းစား ရလိမ့်မည်။
၃ သင်၏မယားသည် သင့်အိမ်နားမှာ များစွာအသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့၎င်း၊ သားသမီးတို့သည် သင့်စားပွဲ ပတ်လည်၌ စိုက်ပျိုးသော သံလွင်ပင်များ ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
၎ ထာဝရဘုရားကို ကြောက်ရွံ့သော သူသည် ထိုသို့သော မင်္ဂလာရှိရလိမ့်မည်။
၅ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကောင်းကြီးပေးတော်မူ၍၊ ယေရုရှလင်မြို့ ခံရသော ကောင်းကျိုးကို တသက်လုံးမြင် ရလိမ့်မည်။
၆ မိမိသားသမီးတို့၌ ဘွားမြင်သော သားသမီး တို့ကိုလည်း မြင်ရလိမ့်မည်။ ဣသရေလ အမျိုး၌ ငြိမ်ဝပ်ခြင်းရှိပါစေသော။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၃ (Matt 23:9-10);
၉ မြေကြီးပေါ်မှာအဘယ် သူကိုမျှ အဘဟူ၍မခေါ် ဝေါ်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့အဘ တပါးတည်းရှိတော်မူ၏။
၁၀ ဥပဇ္ဈယ် ဆရာဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈယ် ဆရာတပါးတည်းရှိ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၃ (Matt 23:1-12);
၁ ထိုအခါ ယေရှုသည် တပည့်တော်တို့နှင့်လူအပေါင်းတို့အားဟောပြောတော်မူသည်ကား၊
၂ ကျမ်းပြုဆရာ၊ ဖာရိရှဲတို့သည်မောရှေ၏ထိုင်ရာပလ္လင်ပေါ်မှာ ထိုင်ကြ၏။
၃ ထိုကြောင့် သူတို့စီရင်ထုံးဖွဲ့ သမျှတို့ကို စောင့်ရှောက်၍ ပြုကြလော့။ သူတို့၏အကျင့်အတိုင်း မကျင့်ကြနှင့်။ အကြောင်းမူကား၊ သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင် မကျင့်ကြ။
၎ အလွန်လေး၍ ထမ်းခဲသောဝန်တို့ကို ပြင်ဆင်၍သူတပါးပခုံးပေါ်မှာ တင်တတ်ကြ၏၊ မိမိတို့မူကား လက်ဖျားနှင့်မျှ မရွှေ့လိုကြ။
၅ သူတို့သည် ပြုသမျှသောအကျင့်အမှုတို့ကို လူများရှေ့မှာထင်ရှားစေခြင်းငှာ ပြုကြ၏။ ကျယ်သောလက်ဖွဲ့တို့ကိုင်း၊ ကြီးသောပန်းပွားတို့ကိုင်း ဝတ်လေ့ရှိကြ၏။
၆ ပွဲသဘင်၊ တရားစရပ်တို့၌ မြင့်မြတ် သော နေရာထိုင်ရာကို၎င်း၊
၇ ဈေး၌ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်း၊ အရှင်ဘုရားအရှင်ဘုရားဟု လူများခေါ်ဝေါ်ခြင်းကို၎င်း နှစ်သက်ကြ၏။
၈ သင်တို့မူကား အရှင်ဘုရားဟုခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသောသင်တို့ ဥပဇ္ဈယ်ဆရာ တပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကိုချင်းဖြစ်ကြ၏။
၉ မြေကြီးပေါ်မှာအဘယ် သူကိုမျှ အဘဟူ၍မခေါ် ဝေါ်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့အဘ တပါးတည်းရှိတော်မူ၏။
၁၀ ဥပဇ္ဈယ် ဆရာဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈယ် ဆရာတပါးတည်းရှိ၏။
၁၁ သင်တို့တွင် အကြီးဖြစ်သောသူသည် သင်တို့ အစေခံဖြစ်ရ၏။
၁၂ အကြင်သူသည် မိမိကိုမြှောက်အံ့၊ ထိုသူသည် နှိမ်ချခြင်းသို့ ရောက်လတံ့။ အကြင်သူသည် မိမိကိုနှိမ်ချအံ့၊ ထိုသူသည် မြှောက်ခြင်းသို့ ရောက်လတံ့။