Tuesday, 22 August 2017

22-AUG-2017 (READING -ORD20-YA-C1)

Tue the 22nd:    Memorial of The Queenship of Mary.
Judg 6:11-24; Ps 85:9-14; 2 Cor 8:9; Matt 19:23-30

တရားသူကြီးမှတ်စာ အခန်းကြီး (Judg 6:11-24);

၁၁ တဖန်ထာဝရဘုရား၏ ကောင်းကင်တမန်သည် လာ၍၊ သြဖရရွာမှာ အဗျေဇာအမျိုးသား ယောရှပိုင်သော သပိတ်ပင်အောက်၌ ထိုင်နေ၏။ ယောရှသား ဂိတောင်သည် မိမိစပါးကို မိဒျန်လယ်သို့ မတွေ့စေခြင်းငှါ၊ စပျစ်သီးနယ်ရာတန်ဆာအနားမှာ စပါးကိုနယ်လျက်နေ၏။
၁၂ ထာဝရဘုရား၏ ကောင်းကင် တမန်သည် ကိုယ်ထင်ရှား၍၊ ခွန်အားကြီးသောအချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏ဟု ဆိုလျှင်၊
၁၃ ဂိတောင်က၊ အိုသခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့် အတူရှိတော်မူသည် မှန်လျှင်၊ အဘယ်ကြောင့် ဤအမှုကြီးရောက်ရပါ သနည်း။ ထာဝရဘုရားသည်ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော် မူသည် မဟုတ်လောဟု ကျွန်ုပ်တို့အဘများ ပြောသည် အတိုင်းပြုတော်မူသော၊ အံ့ဘွယ်သောအမှုရှိသမျှတို့သည် အဘယ်မှာရှိပါသနည်း။ ယခုမှာ ထာဝရဘုရားသည် အကျွန်ုပ်ကိုစွန့်၍ မိဒျန်လူတို့လက်သို့ အပ်တော်မူပြီတကားဟု ဆိုလေသော်၊
၁၄ ထာဝရဘုရားသည် သူ့ကိုကြည့်ရှု၍ ယခုသင်ရသော တန်ခိုးကို အမှီပြုလျက်သွားလော။ သင်သည်ဣသရေလ အမျိုးကို မိဒျန်လူတို့လက်မှ ကယ်နှုတ်လိမ့်မည်။ သင့်ကိုငါ စေခိုင်းသည်မဟုတ်လောဟု မိန့်တော်မူ၏။
၁၅ ဂိဒေါင်ကလည်း၊ အိုသခင်၊ အကျွန်ုပ်သည် ဣသရေလအမျိုးကို အဘယ်သို့ ကယ်နှုတ်နိုင်ပါမည်နည်း။ အကျွန်ုပ်အဆွေအမျိုးသည် မနာရှေအမျိုး၌သာ၍ဆင်းရဲပါ၏။ အကျွန်ုပ်သည်လည်း၊ ကိုယ်အဆွေအမျိုး၌ အယုတ် ဆုံးသောသူဖြစ်ပါ၏ဟု လျှောက်လျှင်၊
၁၆ ထာဝရဘုရားက အကယ်စင်စစ်ငါသည် သင်နှင့်အတူရှိသဖြင့်၊ သင်သည် လူတယောက်ကိုလုပ်ကြံသကဲ့သို့ မိဒျန်လူတို့ကို လုပ်ကြံလိမ့်မည်ဟု မိန့်တော်မူ၏။
၁၇ ဂိဒေါင်ကလည်း၊ အကျွန်ုပ်သည် ရှေ့တော်၌မျက်နှာရပါလျှင်၊ အကျွန်ုပ်နှင့် ယခုနှုတ်ဆက်တော်မူကြောင်း ထင်ရှားသောနိမိတ်လက္ခာကို ပြတော်မူပါ။
၁၈ အကျွန်ုပ်သည် တဖန်လာပြန်၍ ဘောဇဉ်ပူဇော်သက္ကာကို ဆောင်ခဲ့သဖြင့်၊ ကိုယ်တော်ရှေ့၌မတင်မှီတိုင်အောင်၊ ဤအရပ်က ကြွသွားတော် မမူပါနှင့်ဟု တောင်းပန်လျှင်၊ သင်သည် ပြန်၍မလာမှီတိုင်အောင်၊ ငါနေမည်ဟု မိန့်တော်မူ၏။
၁၉ ဂိဒေါင်သည်သွား၍ ဆိတ်သငယ်တကောင်ကို၎င်း၊ မုန့်ညက်တဧဖာနှင့် လုပ်သော တဆေးမဲ့မုန့်ပြားတို့ကို၎င်း ပြင်ဆင်လေ၏။ ဆိတ်သားကိုတောင်း၌ထည့်၍၊ ဆိတ်သားပြုတ်ရည်ကို အိုး၌လောင်းပြီးမှ ကောင်းကင်တမန်ရှိရာ သပိတ်ပင်အောက်သို့ ဆောင်ခဲ့၍ဆက်လေ၏။
၂၀ ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကို ယူ၍ ဤကျောက်ပေါ်မှာတင်ထားလော့။ အမဲသားပြုတ်ရည်ကို သွန်းလောင်း လော့ဟု ဆိုလျှင်၊ ဆိုသည်အတိုင်း၊ ဂိဒေါင်သည် ပြုလေ၏။
၂၁ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် မိမိကိုင်သော တောင်းဝေးကိုဆန့်၍၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကို တို့သဖြင့် ကျောက်ထဲကမီးထ၍ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကို လောင်ပြီးမှ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကွယ်လေ၏။
၂၂ ထာဝရဘုရား၏ကောင်းကင်တမန်ဖြစ်သည်ကို ဂိဒေါင်သည် သိမြင်သောအခါ၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ထာဝရဘုရား၏ ကောင်းကင်တမန်ကို မျက်နှာချင်းဆိုင်၍ မြင်ရပါပြီတကားဟု လျှောက်သော်၊
၂၃ ထာဝရဘုရားက၊ ချမ်းသာပါစေ။ မစိုးရိမ်နှင့်။ သင်သည်သေဘေးနှင့် လွတ်လျက်ရှိသည်ဟု မိန့်တော်မူ၏။
၂၄ ထိုအရပ်၌ ဂိဒေါင်သည်ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကိုတည်၍၊ ယေဟောဝါရှာလုံအမည်ဖြင့်မှည့်လေ၏။ အဗျေဇာသား၏ နေရာသြဖရရွာ၌ ယနေ့တိုင်အောင် ရှိသတည်း။

ဆာလံကျမ်း အခန်းကြီး ၈၅ (Ps 85:9-14);

ငါတို့ပြည်၌ ဘုန်းတော်ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော် မူခြင်း ကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၏ အနီးသို့ ဧကန်အမှန်ရောက်လေပြီ။
၁၀ ကရုဏာနှင့် သစ္စာဆုံမိပြီ။ တရားနှင့် ချမ်းသာသည် တပါးကိုတပါးနမ်းကြပြီ။
၁၁ သစ္စာသည် မြေကြီးထဲကပေါက်လိမ့်မည်။ တရားသည်လည်း ကောင်းကင်ပေါ်က ငုံ့ကြည့်လိမ့်မည်။
၁၂ အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၍၊ ငါတို့မြေသည် မိမိဘဏ္ဍာကို ပေးလိမ့်မည်။ 
၁၃ တရားသည် ရှေ့တော်၌သွား၍ ခြေတော်ရာတို့ကို ပဲ့ပြင်လိမ့်မည်။

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး (2 Cor 8:9);

အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၉ (Matt 19:23-30);

၂၃ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ငွေရတတ်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခဲလှ၏။
၂၄ တဖန် ငါဆိုသည်ကား၊ ကုလားအုပ်သည် အပ်နဖားကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
၂၅ ထိုသူတို့သည် ကြားလျှင် အလွန်မိန်းမောတွေဝေ ခြင်းရှိ၍၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင် မည်နည်းဟု ပြောဆိုကြ၏။
၂၆ ယေရှု သည်လည်း၊ သူတို့ကိုကြည့်ရှု၍ ဤအမှုကို လူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသောအမှု တို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။
၂၇ ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီ။ အဘယ် အကျိုးကို ရကြပါမည်နည်းဟု လျှောက်လေသော်၊
၂၈ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည်ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအခါ၊ ငါ့နောက်သို့ လိုက်ကြသောသင်တို့သည် တဆယ်နှစ်ခုသော ပလ္လင်ပေါ်မှာထိုင်လျက်၊ ဣသရေလလူတဆယ်နှစ်မျိုးကို စစ်ကြော စီရင်ရကြလတံ့။
၂၉ အကြင်သူသည် ငါ၏နာမကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တပါးပါးကိုစွန်၍၊ ထိုသူသည် အဆတရာသောအကျိုးကို ရ၍ ထာဝရ အသက်ကို အမွေခံရလတံ့။
၃၀ နောက်ကျသော သူအများတို့သည် အရင်ကျကြလိမ့်မည်၊ အရင်ကျသောသူအများတို့သည် နောက်ကျကြလိမ့်မည်။