Sat the 12th: Deut 6:4-13; Ps 18:1-51; 2 Tim 1:10; Matt 17:14-20
တရားဟောရာကျမ်း အခန်းကြီး ၆ (Deut 6:4-13);
၎ အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင်ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။
၅ သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။
၆ ယနေ့ငါမှာထားသော စကားကို နှလုံးသွင်းရမည်။
၇ ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ။ အိပ်လျက်။ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။
၈ ထိုစကားကိုလည်း သင်၏ လက်၌ လက္ခဏာ သက်သေဘို့ရာင်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့င်း ချည်ထားရမည်။
၉ အိမ်တံခါး၊မြို့တံခါးတို့၌လည်း ရေးထားရမည်။
၁၀-၁၁ သင်မတည်သော မြို့ကြီးမြို့မြတ်တို့ကိုင်း၊ သင်မဖြည့်ဘဲ ကောင်းသောအရာနှင့်ပြည့်သော အိမ်တို့ကိုင်း၊ သင်မတူးသောရေတွင်းတို့ကိုင်း၊ သင်မစိုက်မပျိုးသော စပျစ်ဥယျာဉ်နှင့် သံလွင်ပင်တို့ကိုင်း သင့်အားပေးခြင်းငှာ၊ သင်၏ အဘအာဗြဟံဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသော ပြည်သို့ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို ဆောင်သွင်းတော်မူ၍၊ သင်သည်ဝစွာစားလျက် နေရသော အခါ၊
၁၂ ကျွန်ခံနေရာ အဲဂုတ္တပြည်မှ သင့်ကို ကယ်နှုတ်ဆောင်ယူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြုလော့။
၁၃ သင်၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ နာမတော်အားဖြင့်လည်း ကျိန်ဆိုခြင်းကို ပြုရမည်။
ဆာလံကျမ်း အခန်းကြီး ၁၈ (Ps 18:1-51);
၁ ထာဝရဘုရား၏ ကျွန်ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ၊ ရန်သူအပေါင်းတို့လက်မှ ကယ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရသောအခါ ထာဝရဘုရား ရှေ့တော်၌ မြွက်ဆိုသောသီချင်း စကားဟူမူကား၊၊ အို ထာဝရဘုရား၊ အကျွန်ုပ်၏ ခွန်အား ဗလတည်းဟူသော ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏၊၊
၂ ထာဝရဘု ရားသည် ငါ၏ကျောက်၊ ငါ၏ မြို့ရိုး ငါ့ကို ကယ်လွှတ်သောသခင်၊ ငါ၏ဘုရား ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ ငါ့ကို ကယ်တင်သော ဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏၊၊
၃ ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါ တောင်းလျှောက်၍ ရန်သူတို့လက်မှ ကယ်တင်ခြင်းသို့ ရောက်၏၊၊
၎ သေခြင်းကြိုးတို့သည် ငါ့ကို ဝိုင်းမိ၍ ဖျက်ဆီး တတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့်ရ၏၊၊
၅ မရဏာနိုင်ငံ၏ ကြိုးတို့သည် ဝိုင်း၍ သေမင်း၏ ကျော့ကွင်းသည် ငါ့ကို ကျော့မိလျက်ရှိ၏၊၊
၆ ထိုသို့ ငါသည် ဆင်းရဲငြိုငြင်သောအခါ ထာဝရဘုရားခေါ်၍ ငါ၏ ဘုရားသခင် ကို အော်ဟစ် လေ၏၊၊ ခေါ်သောအသံကို ဗိမာန်တော်ထဲမှ ကြားတော်မူ၍ အော်ဟစ်သော အသံသည် နားတော်ထဲသို့ ဝင်လေ၏။
၇ ထိုအခါ အမျက်တော်ထွက်သော အားဖြင့် မြေကြီးတုန်လှုပ်၍ တောင်အမြစ်တို့သည် တရွေ့ရွေ့လှုပ်ရှားကြ၏၊၊
၈ နှာခေါင်းတော်ထဲက မီးခိုးထွက်၍ နှုတ်တော်ထဲက မီးလောင်သောအားဖြင့် မီးခဲတောက်လေ၏၊၊
၉ မိုဃ်းကောင်း ကင်ကို ညွတ်သဖြင့် ဆင်းသက်တော်မူ၍ ခြေဘဝါးတော်အောက်၌ မှောင်မိုက်ဖြစ်လေ၏၊၊
၁၀ ခေရုဗိမ်ကို စီးလျက် ပျံတော်မူ၏၊၊ လေ၏ အတောင်တို့အပေါ်မှာ လျှင်မြန်စွာ ပျံတော်မူ၏၊၊
၁၁ မှောင်မိုက်ထဲမှာ ပုန်းကွယ်တော်မူ၍ တခဲနက် သောရေနှင့် ထူထပ်သော မိုဃ်းတိမ်တို့သည် ကိုယ်တော်ကို ကာရံလျက် ရှိကြ၏၊၊
၁၂ ရှေ့တော်၌ ရောင်ခြည်ကြောင့် တိမ်ထပ်တို့သည် မိုဃ်းသီးနှင့် မီးခဲပါလျက် လွင့်ကြ၏၊၊
၁၃ ထာဝရဘုရားသည်လည်း ကောင်းကင်ပေါ်မှာ မိုဃ်းချုန်း၍ အမြင့်ဆုံးသောဘုရားသည် အသံတော်ကို လွှင့်တော်မူ၏၊၊
၁၄ လေးမြှားတ်ာတို့ကို ပစ်၍ လျှပ်စစ်ပြက်စေသဖြင့် ရန်သူ တို့ကို အရပ်ရပ်သို့ ခွဲ၍ ရှုံးစေတော်မူ၏၊၊
၁၅ ထိုအခါ အိုထာဝရဘုရား ကိုယ်တော်သည် အပြစ်တင်၍ နှာခေါင်းတော်ထဲက အသက်ရှုတော်မူသော အားဖြင့် သမုဒ္ဒရာအောက်ပြင်နှင့် လောက တိုက်မြစ်တို့သည် ပွင့်လစ် ထင်ပေါ်လျက် ရှိကြ၏၊၊
၁၆ ထာဝရဘုရားသည် အထက်အရပ်က လက်တော်ကိုဆန့်၍ တခဲနက်သော ရေထဲက ငါ့ကို ဆယ်ယူတော်မူ၏၊၊
၁၇ ငါ့ကိုမုန်းသော သူတည်း ဟူသော ငါပြိုင်၍ မနိုင်နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ၏၊၊
၁၈ ဘေးဥပဒ်ရောက် သောကာလ၌ သူတို့သည် ဆီးတားသော်လည်း ထာဝရဘုရားသည် ငါမှီရာဖြစ်၍
၁၉ င့ါကို ကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏၊၊ ငါ့ကို နှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏၊၊
၂၀ ငါဖြောင့်မတ်ခြင်းရှိသည်အလျောက်၊ ထာဝရဘုရားသည် အကျိုးကိုပေး၍ ငါ့လက်စင်ကြယ်ခြင်း၏ အကျိုးကို စီရင်တော်မူ၏၊၊
၂၁ အကြောင်းမူကား ငါသည်ထာဝရဘုရား၏ လမ်းတော်သို့ အစဉ်လိုက်၏၊၊ ငါ၏ဘုရား သခင်ထံမှ ပြစ်မှား၍ မသွား၊၊
၂၂ စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက်ပြု၏၊၊ အထုံးအဖွဲ့တော်တို့ကို မပယ်၊
၂၃ ရှေ့တော် မှာ ဖြောင့်မတ်၍ ကိုယ်ဒုစရိုက်ကို ကြည်ရှောင်၏၊၊
၂၄ ထိုကြောင့် ရှေ့တော်မှာ ထင်ရှားသောငါ၏ ဖြောင့်မတ်ခြင်း လက်စင်ကြယ်ခြင်း ရှိသည်နှင့်အလျှောက် ထာဝရဘုရား သည် ငါ၏အကျိုးကို ပေးတော်မူပြီ၊၊
၂၅ သနားတတ်သော သူအား ကိုယ်တော်သည် သနားခြင်းသဘော ကို၎င်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်း သဘောကို၎င်း၊
၂၆ သန့်ရှင်းသောသူအား သန့်ရှင်းသော သဘောကို၎င်း၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သောသဘောကို၎င်း ပြတော်မူ၏၊၊
၂၇ နှိမ့်ချလျက်ရှိသော သူတို့ကို ကိုယ်တော်သည် ကယ်တင်၍ ထောင်လွှားသော မျက်နှာကိုမူကား ရှုတ်ချတော်မူ၏၊၊
၂၈ ထိုထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ကို ထွန်း၍ အကျွန်ုပ်၏ဘုရားသခင်သည် အကျွန်ုပ်၏ မှောင်မိုက်ခြင်းကို လင်းစေတော်မူ၏၊
၂၉ အကျွန်ုပ်သည် ကိုယ်တော်ကို အမှီပြု၍ တပ်ကို ဖျက်ပါပြီ၊၊ အကျွန်ုပ်၏ ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော်၍ ဝင်ပါပြီ၊၊
၃၀ ဘုရားသခင် စီရင်တော်မူသော အမှုသည် စုံလင်၏၊၊ ထာဝရဘုရား၏ သစ္စာတော်သည် အစစ်ခံ၍ တည်၏။ခိုလှုံသောလူအပေါင်းတို့ အကွယ်အကာ ဖြစ်တော်မူ၏၊၊
၃၁ ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း၊ ငါတို့ဘုရားသခင်မှတပါး အဘယ်မည်သော ကျောက်ရှိသနည်း၊၊
၃၂ ထိုဘုရားသခင် သည် ငါ့ကို ခွန်အား ခါးပန်းနှင့်စည်း၍ ငါသွားရာ လမ်းကို ဖြောင့်စေတော်မူ၏၊၊
၃၃ ငါ့ခြေကို သမင်ခြေကဲ့သို့ လျင်မြန်စေတော်မူ၍ ငါ၏မြင့်ရာ အရပ်ပေါ်မှာ င့ါကိုတင်ထားတော်မူ၏၊၊
၃၄ ငါ့လက်ကိုစစ်မူ၌ လေ့ကျက်စေခြင်းငှါ သွန်သင်တော်မူ၍ ကြေးဝါ လေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင်၏၊၊
၃၅ ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍ လက်ျာလက်တော်အားဖြင့် မစတော်မူ၏၊၊ သည်းခံတော်မူခြင်းအားဖြင့် အကျွနုပ်သည် မြှောက်ခြင်းသို့ ရောက်ပါ၏၊၊
၃၆ အကျွန်ုပ်သွားသောလမ်းကို ရှင်းလင်း၍ ခြေမချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့်
၃၇ အကျွန်ုပ်သည် ရန်သူတို့ကို လိုက်၍မှီသဖြင့် သူတို့ကို မပယ်ရှင်းမှီတိုင် အောင် မပြန်ပါ၊၊
၃၈ သူတို့သည် အကျွန်ုပ်ခြေ အောက်မှာ လဲလျက်ရှိ၍ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နှင်းပါ၏။
၃၉ အကြောင်းမူကား စစ်တိုက်စေခြင်းငှါ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍ အကျွန်ုပ်တဘက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏၊၊
၄၀ အကျွန်ုပ်ကိုမုန်းသောရန်သူတို့၏လည်ပင်းကို အကျွန်ုပ်၌ အပ်၍ ဖျက်ဆီးရသော အခွင့်ကို ပေးတော်မူ၏၊၊
၄၁ သူတို့သည်အော်ဟစ်ကြသောအခါ ကယ်တင်သော သူမရှိ ထာဝရဘုရား ကိုအော်ဟစ်သော်လည်း ထူးတော်မမူ၊၊
၄၂ ထိုအခါ အကျွန်ုပ်သည်သူတို့ကို လေတိုက်သော မြေမှုန့် ကိုကဲ့သို့၊ ညက်ညက်ချေပြီးမှ၊ လမ်း၌အမှိုက်ကိုကဲ့သို့ သွန်ပစ်လေ၏။
၄၃ လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကိုကယ်လွှတ်၍ တပါးအမျိုးသားတို့၏ အကဲအမှူးအရာ၌ ခန့်ထားတော်မူသောအားဖြင့် အကျွန်ုပ်မသိဘူးသော လူစုသည်အကျွန်ုပ်ထံ၌ ကျွန်ခံပါ၏၊၊
၄၄ အကျွန်ုပ် စကားသံကို ကြားသည် ခဏခြင်းတွင်နားထောင်ပါ၏။ တပါးအမျိုးသားတို့သည် အကျွန်ုပ်ကိုတောင်းပန်ကြပါ၏။
၄၅ ညှိုးနွမ်းသည် ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန်လှုပ်လျက်ထွက်ကြပါ၏၊၊
၄၆ ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ်၍ငါ၏ကျောက်၌မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်၌ မြှောက်ခြင်းရှိပါစေသတည်း။
၄၇ ငါ့ဘက်၌တရားသဖြင့် စီရင်၍ လူစုတို့ကို ငါ့အောက်မှာ နိမ့်ချသောသူကား ဘုရားသခင်ပေတည်း။
၄၈ ရန်သူတို့ လက်မှငါ့ကို ကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တ ဘက်၌ ထသောသူတို့အပေါ်သို့ ကိုယ်တော်သည် အကျွန်ုပ်ကို မြေ‡ာက်တင်၍လုယူဖျက်ဆီးတတ်သော သူ၏လက် မှကယ်လွှတ်တော်မူ၏။
၄၉ ထိုကြောင့် အိုထာဝရဘုရား အကျွန်ုပ်သည်တပါးအမျိုးသားတို့တွင် ကျေးဇူးတော် ကိုချီးမွမ်း ၍ နာမတော်ကိုထောမနာ သီချင်းဆိုပါမည်။
၅၀ ဘုရားသခင်သည် မိမိခန့်ထားသော မင်းကြီးကိုအထူးသဖြင့် ကယ်လွှတ်တော်မူသည်။ ဘိသိက်တော်ကို ခံရသောဒါဝိဒ်မှစ၍ အမျိုးအနွယ်အား ကာလအစဉ်အဆက် ကရုဏာ ကျေးဇူးကိုပြုတော်မူ၏။
တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၁ (2 Tim 1:10);
၁၀ ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင် သောသခင်ယေရှုခရစ်ပေါ်ထွန်း သည်အရာမှာ ယခုထင်ရှားလျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်း ကိုပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်း နှင့်မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၇ (Matt 17:14-20);
၁၄ လူအစုအဝေးရှိရာသို‹ရောက်ကြသောအခါ၊ လူတယောက်သည် အထံတော်သို့ချဉ်းကပ်၍ ဒူးထောက် လျက်၊သခင်၊
၁၅ အကျွန်ုပ်၏ သားကိုကယ်မသနားတော်မူပါ။ဝက်ရူးနာစွဲ၍ ပြင်းစွာခံရပါ၏။မီး၌၎င်း၊ ရေ၌၎င်းအကြိမ်ကြိမ် လဲတတ်ပါ၏။
၁၆ တပည့်တော်တို့ထံသို့ဆာင်ခဲ့၍ သူတို့သည်ချမ်းသာမပေးနိုင်ကြပါဟု လျောက်လျှင်၊
၁၇ ယေရှုက၊ယုံကြည်ခြင်းမရှိ၊ ဖေါက်ပြန်သောအမျိုး၊ ငါသည်သင်တို့နှင့်တကွ အဘယ်မျှ ကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟုမိန့်တ်ာမူ၏။
၁၈ ယေရှုသည် သူ့ကိုဆုံးမတော်မူလျှင်၊ နတ်ဆိုးသည်သူမှထွက်သွားသဖြင့်၊ ထိုခဏမှ စ၍သူငယ်သည် ကျန်းမာ ပကတိဖြစ်လေ၏။
၁၉ ထိုအခါတပည့်တော်တို့သည် ဆိတ်ကွယ်ရာ အရပ်၌ယေရှုထံတော်သို့ချဉ်းကပ်၍၊ အကျွန်ုပ်တို့သည်ထို နတ်ဆိုးကိုအဘယ်ကြောင့်မနှင်ထုတ်နိုင်ပါသနည်းဟု လျှောက်ကြသော်၊
၂၀ သင်တို့သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ၊ငါအမှန်ဆိုသည်ကား၊ သင်တို့သည်မုန်ညင်းစေ့ခန့်မျှ လောက်သော ယုံကြည်ခြင်းရှိလျှင် ထိုတောင်ကို နေရာမှ ရွေ့လော့ဟုဆိုကြသော်၊ နေရာမှရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှုမရှိ။