Sun the 20th: Psalter IV, Ordinary Time Week 20.
(Memorial of Bernard, abbot and doctor.)
Isa 56:1-7; Ps 67:1-8; Rom 11:13-32; Matt 4:23; Matt 15:21-28
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၆(Isa 56:1-7);
၁ ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရားကိုစောင့်၍ ဖြောင့်မတ်စွာကျင့်လော့။ ငါ၏ကယ်တင်ခြင်း ကျေးဇူးရောက်ချိန်နှင့် ငါ၏ဖြောင့်မတ်ခြင်းတရားတို့ ထင်ရှားချိန် ရောက်လုနီးပြီ။
၂ ထိုသို့ပြုသောသူ၊ အမြဲစွဲလမ်းသော လူသားသည်၊ ဥပုသ်နေ့ကိုမရှုတ်ချ။ စောင့်ရှောက်၍ ဒုစရိုက်ကို မပြုမည်အကြောင်း၊ မိမိလက်ကိုချုပ်တည်းလျှင်လည်း မင်္ဂလာရှိ၏။
၃ ထာဝရဘုရား၌မှီဝဲသော တပါးအမျိုးသားက၊ ထာဝရဘုရားသည် ငါ့ကိုမိမိလူမျိုးနှင့်ရှင်းလင်း ခွဲထားတော် မူပြီဟုမဆိုစေနှင့်။ မိန်းမလျှာကလည်း၊ ငါသည်သွေ့ခြောက်သောအပင်ဖြစ်သည်ဟု မဆိုစေနှင့်။
၎ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ဥပုသ်နေ့ကိုစောင့်လျှက်၊ ငါနှစ်သက်သောအရာကိုရွေးယူ၍၊ ငါ၏ပဋိညာဉ်ကို မှီဝဲသောမိန်းမ လျှာတို့အား၊
၅ သားသမီးတို့ထက်မြတ်သသောအရာ၊ မြတ်သောနာမငါ့အိမ်ကို၊ ငါ့တန်တိုင်းအတွင်း၌ ငါပေးမည်။ မပျောက် နိုင်သောထာဝရ နာမကိုသူတို့အား ငါပေးမည်။
၆ ထာဝရဘုရားထံ၌ အမှုစောင့်ခြင်း၊ နာမတော် ကိုချစ်ခြင်း ကျွန်တော် ရင်းဖြစ်ခြင်းအလိုငှါ၊ ထာဝရဘုရား၌မှီဝဲသော တပါးအမျိုးသားတို့ကိုင်း၊ ဥပုသ်နေ့ကိုမရှုတ်ချ။ စောင့်ရှောက်၍၊ ငါ၏ပဋိညာဉ်ကို စွဲလမ်းသောသူအပေါင်းတို့ ကိုင်း၊
၇ ငါ၏သန့်ရှင်းသောတောင်သို့ ငါဆောင်ခဲ့၍ ငါ၏ပဌနာအိမ်၌ ဝမ်းမြောက်စေမည်။ သူတို့မီးရှို့ရာယဇ်နှင့် ယဇ်အမျိုးမျိုးတို့ကို ငါယဇ်ပလ္လင်ပေါ်မှာ လက်ခံမည်။ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာအိမ်ဟု ခေါ်ဝေါ်လတ္တံ့။
ဆာလံကျမ်း အခန်းကြီး ၆၇ (Ps 67:1-8);
၁ ဘုရားသခင်သည် အကျွန်ုပ်တို့ကို သနားခြင်း ကရုဏာစိတ်တော်ရှိသဖြင့် ကောင်းကြီးပေး၍ မျက်နှာတော် ၏ အလင်းကို လွှတ်တော်မူပါစေသော၊၊
၂ ထိုသို့သော အားဖြင့် မြေကြီးသားတို့သည် အမှုတော်တို့ကိုသိ၍ ခပ်သိမ်းသော လူမျိုးတို့သည် ကယ်တင်တော်မူခြင်း ကျေးဇူးတော်ကို ခံရကြပါစေ သော၊၊
၃ အိုဘုရားသခင်၊ လူများ တို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော၊၊ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။
၎ လူအမျိုးမျိုးတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာ သီချင်းဆိုကြ ပါစေသော၊၊ အကြောင်းမူကား ကိုယ်တော်သည် လူတို့ကို ဖြောင့်မတ်စွာ တရားစီရင်၍ မြေကြီးပေါ်မှာရှိသော လူမျိုးတို့ကို ချမ်းသာပေးတော်မူမည်၊၊
၅ အိုဘုရားသခင် လူများတို့သည် ကိုယ်တော်ကိ ချီးမွမ်းကြပါစေသော၊၊ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော၊၊
၆ မြေသည် မိမိဘဏ္ဍာကိုပေး၍ ဘုရားသခင်တည်းဟူသော ငါတို့၏ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေး တော်မူ၏၊၊
၇ ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေးတော်မူဦးမည်၊၊ မြေကြီးစွန်း အပေါင်းတို့သည်လည်း ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်၊၊
ရောမသြဝါဒစာ အခန်းကြီး ၁၁ (Rom 11:13-32);
၁၂ သူတို့၏ လဲခြင်းအရာသည် လောကီသားတို့၏ စီးပွားကို၎င်း၊ သူတို့၏ရှုံးခြင်းအရာသည် တပါးအမျိုးသားတို့၏ စီးပွားကို၎င်း ပြုစုလျှင်၊ သူတို့၏ပြည့်စုံခြင်းအရာသည် သာ၍ ပြုစုမည်မဟုတ်လော၊
၁၃-၁၄ ထိုသို့ဆိုသော်၊ ငါသည် တပါးအမျိုးသား တို့နှင့် ဆိုင်သောတမန်တော်ဖြစ်သည် နှင့်အညီ၊ ထိုတမန်တော်၏အရာကို ချီးမွမ်းလျက်၊ ငါ့အမျိုးသားချင်းတို့ ၏စိတ်ကို တခုခုအားဖြင့် နှိုးစော်၍၊ အချို့တို့ကို ကယ်တင်ခြင်းငှါ တပါးအမျိုးသားဖြစ်သော သင်တို့အား ဆိုရသတည်း။
၁၅ ထိုသူတို့ကို ပယ်တော်မူခြင်းအရာသည် လောကီသားတို့၏ မိဿဟာယဖွဲ့ခြင်းအကြောင်း ဖြစ်လျှင်၊ သူတို့ကို သိမ်းဆည်းတော်မူခြင်းအရာသည် သေခြင်းမှ ထမြောက်ရှင်ပြန်ခြင်းကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်လော။
၁၆ အဦးနယ်သော မုန့်စိမ်းသည် သန့်ရှင်းလျှင်၊ တပုံလုံးသန့် ရှင်းလိမ့်မည်၊ အမြစ်သန့်ရှင်းလျှင် အခက်အလက်များလည်း သန့်ရှင်းကြလိမ့်မည်။
၁၇ အချို့သောအခက်တို့ကို ချိုးဖဲ့ပြီးမှ၊ ရိုင်းသောသံလွင်ပင် တည်းဟူသော သင်တို့အထက်ငုတ်၌ ဆက်၍စိုက်သဖြင့် အခက်များနှင့်အတူ သံလွင် ပင်အမြစ်ကို၎င်း၊ အဆီသြဇာကို၎င်း ဆက်ဆံလျှင်၊ ချိုးဖဲ့သောအခက်တို့ကို ကဲ့ရဲ့ဝါကြွားခြင်းမရှိနှင့်။
၁၈ါကြွားလျှင် မူကား၊ သင်သည် အမြစ်ကိုမဆောင်၊ အမြစ်သည်သင့်ကိုဆောင်၏။
၁၉ ငါ့ကိုဆက်၍ စိုက်ခြင်းငှါ ထိုအခက်တို့ကို ချိုးဖဲ့ပြီဟု သင်ဆိုပြန်လျှင်၊ မှန်စေတော့။
၂၀ မယုံကြည်သောစိတ်ရှိသောကြောင့် သူတို့ကိုချိုးဖဲ့သည်ဖြစ်၍၊ သင်သည် ယုံကြည်ခြင်းအားဖြင့်သာ တည်၏။ မာနစိတ်မရှိစေနှင့်။ ကြောက်ခြင်းစိတ်ရှိစေလော့။
၂၁ အကြောင်းမူကား၊ ဘုရားသခင်သည် ပကတိအခက်များကို နှမြောတော်မမူလျှင်၊ သင်တို့ကိုနှမြော တော်မူမည်လော။
၂၂ သို့ဖြစ်၍ လဲသောသူ တို့၌ ပြင်းစွာစီရင်တော်မူခြင်းကို၎င်း၊ ကျေးဇူးတော်၌ သင်သည် တည် နေလျှင်၊ သင်၌ပြုတော်မူသော ကျေးဇူးတော် ကို၎င်း၊ ဤနှစ်ပါးကိုအောက်မေ့လော့။ ကျေးဇူးတော်၌ မတည်မနေလျှင်၊ သင်သည်လည်း ခုတ်ပစ်ခြင်းကိုခံရမည်။
၂၃ သူတို့သည် မယုံကြည်သောစိတ်ပျောက်လျှင်၊ အပင်၌တဖန်ဆက်၍ စိုက်သောအခွင့်ကို ရကြလိမ့်မည်။ သူတို့ကို တဖန်ဆက်၍စိုက်ခြင်းငှါ ဘုရားသခင် တတ်နိုင်တော်မူ၏။
၂၄ အဘယ်သို့နည်း ဟူမူကား၊ ပကတိရိုင်းသောသံလွင်ပင်မှ သင့်ကိုခုတ်ယူ၍၊ ကောင်းသောသံလွင်ပင်၌ ပကတိကိုမလိုက်ဘဲ ဆက်၍စိုက်သည်မှန်လျှင် ပကတိအခက်ဖြစ်သော ထိုသူတို့ သည် မိမိတို့သံလွင်ပင်၌ဆက်၍ စိုက်သောအခွင့်ကို သာ၍ရကြမည်မဟုတ်လော။
၂၅ ညီအစ်ကိုတို့၊ သင်တို့သည် ဝါကြွားသောစိတ်မရှိစေမည်အကြောင်း တပါးအမျိုးသား အပေါင်း တို့သည် မဝင်မှီတိုင်အောင်၊ ဣသရေလလူအချို့တို့ကို မှောင်မိုက်ဖုံးလွမ်းခြင်းအကြောင်းတည်းဟူသော နက်နဲသောအရာကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။
၂၆ ထိုသို့ကျမ်းစာနှင့်အညီ၊ ဣသရေလလူအပေါင်း တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ကျမ်းစာချက်ဟူမူကား၊ ကယ်လွှတ်သောသခင်သည် ဇိအုန်တောင်၌ ပေါ်ထွန်း၍၊ မတရားသော အမှုကို ယာကုပ်အမျိုးသားတို့မှ လွှဲတော်မူလတံ့။
၂၇ သူတို့အပြစ် များကို ငါပယ်ရှင်းသောအခါ၊ သူတို့၌ငါပေးသော ပဋိညာဉ်တရားသည် ထိုသို့သောတရားဖြစ်၏ဟု လာသတည်း။
၂၈ သူတို့သည် ဧဝံဂေလိတရားအားဖြင့်မူကား သင်တို့အကြောင်းကြောင့် ရန်သူဖြစ်ကြ၏။ ရွေးကောက်တော်မူခြင်းအားဖြင့်မူကား၊ ဘိုးဘေးများအကြောင်းကြောင့် ချစ်သူဖြစ်ကြ၏။
၂၉ အဘယ်သို့နည်း ဟူမူကား၊ ဘုရားသခင်ပေးသနားတော်မူခြင်း၊ ခေါ်ထားတော်မူခြင်းကျေးဇူးသည် ဖောက်ပြန်ခြင်း သဘောမရှိ၊
၃၀ သင်တို့သည် အထက်က၊ ဘုရားသခင်၏စကားတော်ကို နားမထောင်ဘဲနေသော်လည်း၊ ယခုတွင် သူတို့နားမထောင်ခြင်းအမှုအားဖြင့် သနားတော်မူခြင်းကို ခံရသကဲ့သို့၊
၃၁ ထိုနည်းတူ၊ သင်တို့ခံရ သော သနားတော်မူခြင်းအားဖြင့် သူတို့လည်း သနားတော်မူခြင်းကို ခံရမည်အကြောင်း၊ ယခုတွင် သူတို့သည် နားမထောင်ဘဲနေရကြ၏။
၃၂ ဘုရားသခင်သည် လူအပေါင်းတို့ကို သနားတော်မူခြင်းအခွင့် ရှိစေခြင်းငှါ လူအပေါင်းတို့ကို နားမထောင်ခြင်းအဖြစ်၌ ချုပ်ထားတော်မူ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၄ (Matt 4:23);
၂၃ ယေရှုသည် တရားစရပ်တို့၌ဆုံးမသြဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင် အနာရောဂါအမျိုးမျိုးတို့ကိုငြိမ်းစေလျက်၊ ဂါလိလဲပြည်တပြည်လုံးကို ဒေသစာရီလှည့်လည်တော်မူ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၅ (Matt 15:21-28);
၂၁ ယေရှုသည် ထိုအရပ်မှထွက်၍ တုရုမြို့နှင့်ဇိဒုန်မြို့၏ ကျေးလက်သို့ကြွတော်မူလျှင်၊
၂၂ ခါနာန်အမျိုးဖြစ်သော မိန်းမတယောက်သည် ထိုနယ်စပ်မှထွက်လာ၍၊ ဒါဝိဒ်၏သားတော်ရှင်၊ ကျွန်မကိုသနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကိုပြင်းစွာခံရပါသည်ဟု ဟစ်ကြော်သော် လည်း စကားတခွန်းမျှပြန်တော်မမူ။
၂၃ တပည့်တော်တို့ သည်ချဉ်းကပ်၍၊ ထိုမိန်းမပြန်သွားရသောအခွင့်ကို ပေးတော်မူပါ။ ငါတို့နောက်သို့လိုက်၍ ဟစ်ကြော်လျက်နေပါသည် ဟု တောင်းလျှောက်ကြ၏။
၂၄ ကိုယ်တော်ကလည်း၊ ဣသရေလအမျိုးအဝင်ပျောက်လွင့်သောသိုးများမှတပါး အခြားသောအမျိုးရှိရာသို့ ငါ့ကိုမစေမလွှတ်ဟုမိန့်တော်မူ၏။
၂၅ ထိုမိန်းမသည် ချဉ်းကပ်၍ပြပ်ဝပ်လျက် ကျွန်မကို ကယ်မတော်မူပါ သခင်ဟု လျှောက်ပြန်လျှင်၊
၂၆ ကိုယ်တော်က၊ သား၏အစာကိုယူ၍ခွေးအားမပေးမချအပ်ဟုပြန်ပြော တော်မူ၏။
၂၇ မိန်းမကလည်း မှန်ပါ၏သခင်၊ ခွေးမည်သည်ကားမိမိသခင်၏စားပွဲမှကျသောစားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု လျှောက်ပြန်လျှင်၊
၂၈ အိုမိန်းမ၊ သင်သည်ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေဟုမိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏သမီးသည် ကျန်းမာပကတိဖြစ်လေ၏။