Mon the 21st: Memorial of Pius X, pope.
Judg 2:11-19; Ps 106:34-44; Matt 5:3; Matt 19:16-22
တရားသူကြီးမှတ်စာ အခန်းကြီး ၂ (Judg 2:11-19);
၁၁ ထိုကာလအခါ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍ ဗာလဘုရားတို့ကို ဝတ်ပြုကြ၏။
၁၂ အဲဂုတ္တုပြည်မှသူတို့ကို ဆောင်ခဲ့တော်မူသော ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားကို စွန့်၍၊ ပတ်ဝန်းကျင်၌ရှိသော လူမျိုးတို့၏ဘုရားတပါးတို့နောက်သို့ လိုက်လျက် ဦးည¸တ်သဖြင့်၊ ထာဝရဘုရားအမျက်တော်ကို ထွက်စေကြ၏။
၁၃ ထာဝရဘုရားကိုစွန့်၍ ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြသောကြောင့်၊
၁၄ ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာအမျက်ထွက်လျက်၊ လုယူသောသူတို့ လက်သို့အပ်၍၊ ပတ်ဝန်းကျင်သော ရန်သူတို့၌ ရောင်းတော်မူသဖြင့်၊ ရန်သူတို့ရှေ့မှာ သူတို့သည် တဖန်မရပ်နိုင်ကြ။
၁၅ သူတို့သည် ထွက်သွားလေရာရာ၌ ထာဝရဘုရားမိန့်မြွက်ကျိန်ဆိုတော်မူသည်အတိုင်း၊ လက်တော်အဆီးအတား နှင့် တွေ့၍၊ အလွန်ဆင်းရဲခြင်းသို့ရောက်ကြ၏။
၁၆ သို့ရာတွင် လုယူသောသူတို့လက်မှ ကယ်လွှတ်သောတရား သူကြီးတို့ကို ထာဝရဘုရားပေါ်ထွန်းစေတော်မူ၏။
၁၇ ထိုတရားသူကြီးတို့စကားကိုလည်း သူတို့သည်နားမထောင်၊ အခြားတပါးသောဘုရားတို့နှင့် မှားယွင်း၍ဦးည¸တ်ကြ၏။ ဘိုးဘေးတို့သည် ထာဝရဘုရား၏ ပညတ်တော်တို့ကို ကျင့်၍လိုက်သောလမ်းမှ သူတို့သည် အလျှင်အမြန်လွှဲသွားသဖြင့်၊ ဘိုးဘေးကျင့်သည်အတိုင်း မကျင့်ကြ။
၁၈ ထာဝရဘုရားသည် တရားသူကြီးကို ပေါ်ထွန်းစေသောအခါ၊ သူနှင့်အတူရှိ၍၊ သူ့လက်ထက်ပတ်လုံး ဣသရေလ လူတို့ကို ရန်သူ၏လက်မှ ကယ်လွှတ်တော်မူ၏။ အကြောင်းမူကား၊ သူတို့သည် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရ၍ မြည်းတမ်းကြသောအခါ၊ ထာဝရဘုရားသည် နောင်တရတော်မူ၏။
၁၉ တရားသူကြီးသေသောနောက်၊ သူတို့သည် တဖန်ဘိုးဘေးထက်သာ၍ဆိုးသဖြင့်၊ အခြားတပါးသော ဘုရားတို့နောက်သို့လိုက်လျက်၊ ဝတ်ပြု၍ဦးည¸တ် ကြ၏။ မိမိတို့အကျင့်ဓလေ့နှင့် ကြမ်းတမ်းသောလမ်းကို မစွန့်မပယ်ကြ။
ဆာလံကျမ်း အခန်းကြီး ၁၀၆ (Ps 106:34-44);
၃၄ ထာဝရဘုရား မိန့်တော်မူသည်အတိုင်းမပြု။ တပါးအမျိုးသားတို့ကို မဖျက်ဆီးဘဲ နေကြ၏။
၃၅ သူတို့နှင့် ရောနှော၍ သူတို့၏ ဘာသာ ဓလေ့ကို သင်ကြ၏။
၃၆ သူတို့၏ရုပ်တုများကိုဝတ်ပြု၍ ကျော့ကွင်း ၌ ကျော့မိကြ၏။
၃၇ ကိုယ့်သားသမီးတို့ကို နတ်ဆိုးတို့အား ယဇ်ပူဇော်ကြ၏။
၃၈ ထို့အပြင် အပြစ်မရှိသော သူတို့၏အ သွေး၊ ခါနာန်ရုပ်တု တို့ရှေ့မှာယဇ်ပူဇော်သော ကိုယ်သား သမီးတို့အသွေးကို သွန်ကြ၍ ထိုမြေသည်အသွေးနှင့် ညစ်ညူးလေ၏။
၃၉ သူတို့သည် ကိုယ်အကျင့်အားဖြင့် ကိုယ်ကို ညစ်ညူးစေ၍ ကိုယ်အမှုတို့တွင် မှားယွင်းကြ၏။
၄၀ ထို့ကြောင့်ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်၍၊ မိမိအမွေတော်ကို ရွံ့ရှာတော်မူ၏။
၄၁ သူတို့ကို တပါးအမျိုးသားတို့လက်သို့ အပ်တော်မူသဖြင့်၊ မုန်းသောသူတို့သည် အုပ်စိုးရကြ၏။
၄၂ ရန်သူတို့သည် ညှင်းဆဲ၍၊ သူတို့သည် ရန်သူတို့အောက်မှာ နှိမ့်ချခြင်းကိုခံကြရ၏။
၄၃ သူတို့သည်ကြိမ်ဖန်များစွာ ကယ်နှုတ်တော်မူ သော်လည်း၊ ပုန်ကန်သော အကြံကိုသာ ကြံ၍ မိမိတို့ဒုစရိုက်အပြစ်ကြောင့် နှိပ်စက်ခြင်းကိုခံကြရ၏။
၄၄ တဖန်သူတို့ အော်ဟစ်ခြင်းကို ကြားတော်မူလျှင် သူတို့၌ ဆင်းရဲဒုက္ခကို ကြည့်ရှုသဖြင့်၊
၄၅ န်ခံခြင်းကတိတော်ကို သူတို့အဘို့ အောက်မေ့၍၊ ကရုဏာ တော်များပြားသည့်အတိုင်း၊ နောင်တရတော်မူ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:3);
၃ စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံတော်ဖြစ်၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၉ (Matt 19:16-22);
၁၆ ထိုအနောက် လူတယောက်သည် ချဉ်းကပ်၍၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုရအံ့ သောငှါ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊
၁၇ ငါ့ကို ကောင်းမြတ်သည်ဟု အဘယ် ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ်တော်မူ၏။ အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင် ပညတ်တော်တို့ကို စောင့်ရှောက်လော့ဟု မိန့်တော်မူ၏။
၁၈ အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက်ပြန်သော်၊ လူအသက်ကိုမသတ်နှင့်။ သူ့မယားကိုမပြစ်မှားနှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။
၁၉ မိဘကို ရိုသေစွာပြုလော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု မိန့်တော်မူ၏။
၂၀ ထိုလုလင်ကလည်း၊ ထိုပညတ်ရှိသမျှ တို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီ။ အဘယ် အကျင့်လိုသေးသနည်း ဟု လျှောက်ပြန်လေ၏။
၂၁ ယေရှုကလည်း၊ သင်သည် စုံလင်ခြင်းသို့ရောက်လိုလျှင် သွားလော့ ကိုယ်ဥစ္စာများကိုရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။
၂၂ ထိုလုလင်သည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် စိတ်မသာသည်နှင့် သွားလေ၏။