Wednesday, 9 August 2017

09-AUG-2017 (READING -ORD18-YA-C1)

Wed the 9th:    Optional memorial of Teresa Benedicta of the Cross, virgin and martyr.
Num 13:1-14:35; Ps 106:6-23; Luke 7:16; Matt 15:21-28

တောလည်ရာကျမ်း အခန်းကြီး ၁၃ (Num 13:1-14:35);

တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
ဣသရေလအမျိုးသားတို့အား ငါပေး သောခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ၊ အမျိုးအနွှယ်အသီးအသီးထဲက အဆွေအမျိုးသူကြီးဖြစ်သော တမျိုးတယောက် စီရွေးကောက်၍ စေလွှတ်လော့ဟု၊
ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊  မောရှေသည် လူတို့ကို ပါရန်တောက စေလွှတ်လေ၏။ စေလွှတ်သောသူအပေါင်းတို့သည် ဣသရေလအမျိုး၌ အကဲအမှူးဖြစ်ကြ၏။
သူတို့အမည်ကား၊ ရုဗင်အမျိုး၊ ဇက္ကုရသား ရှမွာ။
ရှိမောင်အမျိုး၊ ဟောရိသားရှာဖတ်။
ယုဒအမျိုး၊ ယေဖုန္နာသား ကာလက်။
ဣသခါအမျိုး၊ ယောသပ်သား ဣဂါလ။
ဧဖရိမ်အမျိုး၊ နုန်သားသြရှေ။
ဗင်္ဃာမိန်အမျိုး၊ ရာဖုသား ပါလတိ။
၁၀ ဇာဗုလုန်အမျိုး၊ သောဒိသား ဂါဒျေလ။
၁၁ ယောသပ်သားတွင် မနာရှေအမျိုး၊ သုသိသား ဂဒ္ဒိ။
၁၂ ဒန်အမျိုး၊ ဂေမလ္လိသား အမျေလ။
၁၃ အာရှာအမျိုး၊ မိက္ခေလသား သေသုရ။
၁၄ နဿလိအမျိုး၊ ဝါဖသိသားနာဘိ၊
၁၅ ဂဒ်အမျိုး၊ မာခိသား ဂွေလတည်းဟူသော၊
၁၆ ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေစေလွှတ်သော သူတို့၏အမည်တည်း။ နုန်၏သား သြရှေကို၊ ရောရှုဟူသောအမည်ဖြင့် မောရှေမှည့်လေ၏။
၁၇ ခါနာန်ပြည်ကိုစူးစမ်းစေခြင်းငှါ မောရှေစေလွှတ်လျက်၊ သင်တို့သည် တောင်မျက်နှာလမ်းဖြင့် သွား၍ တောင်ရိုးပေါ်သို့ တက်ကြလော့။
၁၈ ထိုပြည်သည် အဘယ်သို့သောပြည် ဖြစ်သနည်း။ ပြည်သား တို့သည် အားကြီး သလော၊ အားနည်းသလော။ များသလော၊ နည်းသလော။
၁၉ သူတို့နေသောပြည်သည် ကောင်းသလော၊ မကောင်းလော။ သူတို့နေသောမြို့ရွာတို့သည် အဘယ်သို့နည်း။ တဲနှင့်နေကြသလော၊ ခိုင်ခံ့သောမြို့နှင့် နေကြ သလော။
၂၀ ထိုမြေသည် ကောင်းသလော၊ မကောင်းသလော။ တောများသလော၊ နည်းသလောဟု ကြည့်ရှုကြ လော့။ ရဲရင့်သောစိတ်ရှိကြလော့။ သစ်သီးအချို့ကိုလည်း ယူခဲ့ကြလော့ဟု မှာလိုက်လေ၏။ ထိုကာလသည် စပျစ် သီးမှည့်စကာလဖြစ်သတည်း။
၂၁ ထိုသူတို့သည် ဇိနတောမှသွား၍ ဟာမတ်မြို့သို့ရောက်သောလမ်းနား၊ ရဟောဘမြို့တိုင်အောင် ခါနာန်ပြည်ကို စူးစမ်းကြ၏။
၂၂ တောင်မျက်နှာ၌ ရှောက်သွား၍ အာနကအမျိုးသား အဟိမာန်၊ ရှေရှဲ၊ တာလမဲနေ သော ဟေဗြုန်မြို့သို့ရောက်ကြ၏။ ဟေဗြုန်မြို့ကား၊ အဲဂုတ္တုပြည်၌ ဇောနမြို့မတည်မှီ ခုနစ်နှစ်ကတည်သော မြို့ဖြစ်သတည်း။
၂၃ ဧရှကောလချိုင့်သို့ ရောက်လျှင်၊ အသီးတပြွတ်ပါသော စပျစ်နွယ်ပင် အခက်တခက်ကိုခုတ်၍ လူနှစ်ယောက်တို့သည် ထမ်းဘိုးနှင့်ထမ်းကြ၏။ သလဲသီး၊ သင်္ဘောသဖန်းသီးများကိုလည်း ဆောင်ခဲ့ကြ၏။
၂၄ ဣသရေသားအမျိုးသား ခုတ်ယူသောစပျစ်သီးပြွတ်ကို ထောက်၍၊ ထိုချိုင့်ကို ဧရှကောလချိုင့်ဟူသောအမည်ဖြင့် မှည့်သတည်း။
၂၅ အရက်လေးဆယ်လွန်မှ ခါနာန်ပြည်ကို စူးစမ်းသောအမှုပြီး၍ ပြန်လာကြ၏။
၂၆ မောရှေနှင့် အာရုန်မှစ၍ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့နေရာ ပါရန်တော၊ ကာဒေရှအရပ် သို့ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သိတင်းကြားပြော၍၊ ထိုပြည်၌ သီးသောအသီးကိုပြကြ၏။
၂၇ မောရှေအားလည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်စေလွှတ်သောပြည်သို့ ရောက်ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည် သည် နို့နှင့်ပျားရည်စီးသောပြည် ဖြစ်ပါ၏။ ဤအသီးတို့ကား ထိုပြည်၌သီးသော အသီးဖြစ်ပါ၏။
၂၈ သို့ရာတွင် ပြည်သူပြည်သားတို့သည် အားကြီးပါ၏။ ခိုင်ခံ့သော မြို့ကြီးနှင့် နေကြပါ၏။ ထိုမျှမက၊ အာနကအမျိုးသားတို့ကို လည်း မြင်ရပါ၏။
၂၉ အာမလက်အမျိုးသား တို့သည် တောင်ဘက်၌၎င်း၊ ဟတ္တိလူ၊ ယေဗုသိလူ၊ အာမောရိလူတို့သည် တောင်ရိုးပေါ်၌၎င်း၊ ခါနနိလူတို့သည် ပင်လယ်နား ယော်ဒန်မြစ်နား၌၎င်း နေကြပါသည်ဟု လျှောက်ဆိုကြ၏။
၃၀ ကာလက်က လည်း ချက်ခြင်းချီသွား၍ ထိုပြည်ကိုသိမ်းယူကြစို့။ အောင်နိုင်ကောင်းသည်ဟုဆို၍ မောရှေရှေ့မှာ လူများတို့ကို ငြိမ်းစေ၏။
၃၁ သူနှင့်အတူလိုက်သွားသောသူတို့က ထိုပြည်သားတို့ကို ငါတို့မတိုက်နိုင်။ သူတို့သည် ငါတို့ထက်သာ၍ အားကြီးကြသည်ဟူ၍၎င်း၊
၃၂ ငါတို့သွား၍ စူးစမ်းသောပြည်သည် မိမိသားတို့ကို ဖျက်ဆီးတတ်၏။  ငါတို့တွေ့မြင်သော ပြည်သားအပေါင်းတို့သည် အလွန်အရပ်မြင့်ကြ၏။
၃၃ ကိုယ်ကြီးသောလူအမျိုးအနွှယ်၊ အာနက အမျိုးအနွှယ်ဖြစ်၍၊ အလွန်ကြီးမားသောသူတို့ကိုလည်း မြင်ခဲ့ကြပြီ။ သူတို့ရှေ့မှာ ငါတို့သည် ကိုယ်အထင်အတိုင်း နှံကောင်ကဲ့သို့ဖြစ်ကြ၏။ သူတို့အထင်အတိုင်း လည်း ထိုသို့ဖြစ်ကြသည်ဟူ၍၎င်း၊ မိမိတို့စူးစမ်းသောပြည်ကို ဣသရေလအမျိုးသားတို့အား မကောင်းသောသိတင်းကို ကြားပြောကြလေ၏။
ထိုအခါ ပရိသတ်အပေါင်းတို့သည် အသံကိုလွှင့်၍ မြည်တမ်းသဖြင့်၊ တညဥ့်လုံးငိုကြွေးကြ၏။
ဣသရေ လအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ မောရှေနှင့် အာရုန်ကို အပြစ်တင်သောစကားနှင့် မြည်တမ်းလျက်၊ ငါတို့သည် အဲဂုတ္တုပြည်၌ မသေပါလေ။ ဤတော၌မသေပါလေ။
ငါတို့သည် ထားဖြင့်သေ၍ သားမယားတို့သည် ရန်သူလက်သို့ ရောက်စေခြင်းငှါ ထာဝရဘုရားသည် အဘယ်ကြောင့်ငါတို့ကို ဤအရပ်သို့ဆောင်ခဲ့တော်မူသနည်း။ အဲဂုတ္တုပြည်သို့ ပြန်ကောင်းသည်မဟုတ်လောဟု မောရှေနှင့် အာရုန်အားဆိုပြီးမှ၊
တဖန် လူတစုံတယောက်ကို မြှောက်၍၊ အဲဂုတ္တုပြည်သို့ ပြန်ကြစို့ဟု တယောက်ကိုတယောက် ဆိုကြ၏။
မောရှေနှင့် အာရုန်တို့သည် ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့ရှေ့မှာ ပြပ်ဝပ်လျက်နေကြ၏။
ခါနာန်ပြည်ကို စူးစမ်းသောလူစုထဲက နုန်၏သား ရောရှု၊ ယေဖုန္နာ၏သား ကာလက်တို့သည် မိမိတို့အဝတ်ကို ဆုတ်၍၊
ဣသရေလအမျိုးသား အပေါင်း တို့အား ခေါ်လျက်၊ ငါတို့ရှောက်သွား၍ စူးစမ်းသောပြည်သည် အလွန်တရာကောင်းသောပြည် ဖြစ်ပါ၏။
ထာဝရ ဘုရားသည် ငါတို့နှစ်သက်လျှင်၊ နို့နှင့်ပျားရည်စီးသောထိုပြည်သို့ ငါတို့ကိုဆောင်သွင်း၍ အပိုင်ပေးတော်မူ လိမ့်မည်။
ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်သူပြည်သားတို့ကို မကြောက်ကြနှင့်။ သူတို့သည် ငါတို့စားစရာဘို့ ဖြစ်ကြ၏။ သူတို့၌ အမှီတကဲမရှိ။ ထာဝရဘုရားသည် ငါတို့ဘက်၌ရှိတော်မူ၏။ သို့ဖြစ်၍ သူတို့ကိုမကြောက်ကြနှင့် ဟု ပြောဆိုကြလေသော်။
၁၀ ပရိသတ်အပေါင်းတို့သည်၊ ထိုသူနှစ်ယောက်ကို ကျောက်ခဲနှင့်ပစ်စေခြင်းငှါ စီရင်ကြ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းတော်သည် ဣသရေလအမျိုးသား အပေါင်းတို့ရှေ့မှာ ပရိသတ်စည်းဝေးရာ တဲတော် ၌ထင်ရှားလေ၏။
၁၁ ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် အဘယ်မျှကာလပတ်လုံး ငါ့ကိုမရိုသေပြုကြလိမ့်မည်နည်း။ သူတို့၌ ငါပြခဲ့သမျှသော နိမိတ်လက္ခဏာတို့ကို မြင်ရသော်လည်း၊ ထိုမျှကာလပတ်လုံး ငါ့ကိုမယုံဘဲ နေကြလိမ့်မည်နည်း။
၁၂ သူတို့ကို ကာလနာဘေးဖြင့် ငါသည်ဒဏ်ခတ်၍ သား၏အရာကိုနှုတ်မည်။ သူတို့ထက်သင့်ကိုသာ၍ စည်ပင်သော အမျိုး၊ သာ၍တန်ခိုးကြီးသောအမျိုး ဖြစ်စေမည်ဟု မောရှေအား မိန့်တော်မူ၏။
၁၃ မောရှေကလည်း၊ ကိုယ်တော်သည် ဤလူမျိုးကို တန်ခိုးတော်အားဖြင့် အဲဂုတ္တုလူတို့အထဲက နှုတ်ဆောင်ခဲ့တော်မူသည်ဖြစ်၍၊ နောက်တဖန်ဤသိတင်းကို အဲဂုတ္တုလူတို့သည် ကြားပြန်လျှင်၊
၁၄ ဤပြည်၌နေသောသူတို့အား သိတင်းပြောကြလိမ့်မည်။ ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုး၌ ရှိတော်မူကြောင်းကို၎င်း၊ ထာဝရဘုရား၊ ကိုယ်တော်သည် ထင်ရှားတော်မူကြောင်း ကို၎င်း၊ မိုဃ်းတိမ်တော်သည် သူတို့ကိုလွှမ်းမိုးကြောင်းကို၎င်း၊ ကိုယ်တော်သည် နေ့အချိန်၌ မိုဃ်းတိမ်တိုင်၊ ညဥ့်အချိန်၌ မီးတိုင်ဖြင့် သူတို့ရှေ့က ကြွတော်မူကြောင်းကို၎င်း ကြားရပြီ။
၁၅ ယခုမှာ၊ ဤလူမျိုးကို လူတယောက် ကဲ့သို့မှတ်၍ သုတ်သင်ပယ်ရှင်းတော်မူလျှင်၊ သိတင်းတော်ကို ကြားဘူးသောလူအမျိုးမျိုး တို့က၊
၁၆ ထာဝရဘုရားသည် ထိုလူတို့အား ဤမည်သောပြည်ကို ငါပေးမည်ဟု ကျိန်ဆိုသော်လည်း၊ ထိုပြည်သို့ သူတို့ကိုဆောင်သွင်းခြင်းငှါ မတတ်နိုင်သောကြောင့်၊ တော၌သုတ်သင်ပယ်ရှင်းပြီဟု ပြောဆိုကြပါလိမ့်မည်။
၁၇ ကိုယ်တော်က၊ ထာဝရဘုရားသည် သည်းခံ သောသဘော၊ သနားသောသဘောနှင့် ပြည့်စုံတော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်း အပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချဉ်းနှီးသက်သက် ဖြေလွှတ်တော်မမူထသော၊ လူအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊
၁၈ အဘတို့၏အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်ဖြစ်၏ ဟု မိန့်တော်မူသည်အတိုင်း၊ အကျွန်ုပ်တို့၏ ဘုရားရှင်တန်ခိုးတော်သည် ကြီးပါစေသော။
၁၉ အဲဂုတ္တုပြည်က ထွက်သောနေ့မှစ၍ ယခုတိုင်အောင် ဤလူမျိုးတို့၏အပြစ်ကို လွှတ်တော်မူသည်နည်းတူ၊ ကရုဏာ တော်များပြား သည်နှင့်အညီ၊ ယခုလွှတ်တော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရားအား လျှောက်ဆိုလျှင်၊
၂၀ ထာဝရ ဘုရားက၊ သင်တောင်းပန်သည်အတိုင်း ငါလွှတ်၏။
၂၁ ငါအသက်ရှင်သည်ဖြစ်၍၊ ထာဝရဘုရား၏ဘုန်းတော်သည် မြေတပြင်လုံး၌ နှံ့ပြားလိမ့်မည်။
၂၂ ငါ့ဘုန်းတော်ကို၎င်း၊ အဲဂုတ္တုပြည်မှစ၍ ဤတော၌ ထူးဆန်းသောတန်ခိုးတော် ကို၎င်း မြင်ရသောလူအပေါင်းတို့သည်၊ ငါ့စကားကိုနားမထောင်၊ ဆယ်ကြိမ်တိုင်အောင် ငါ့ကိုစုံစမ်းသောကြောင့်၊
၂၃ သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်ကို အကယ်စင်စစ် သူတို့သည်မမြင်ရကြ။ ငါ့ကိုမရိုမသေပြုသောသူ တစုံတယောက်မျှမမြင်ရ။
၂၄ ငါ့ကျွန်ကာလက် မူကား ထူးခြားသောသဘောရှိ၍၊ ငါ့နောက်သို့လုံးလုံး လိုက်သောကြောင့်၊ သူသွားခဲ့ပြီးသောပြည်သို့ သူ့ကိုငါဆောင်သွင်းသဖြင့်၊ သူ၏သားမြေးတို့သည် အမွေခံရကြလိမ့်မည်။
၂၅ အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် ချိုင့်မှာနေကြသည်ဖြစ်၍၊ သင်တို့သည် နက်ဖြန် နေ့၌ လှည့်လည်၍ ဧဒုံပင်လယ်လမ်းဖြင့် တောသို့သွားကြလော့ဟု မိန့်တော်မူ၏။
၂၆ တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊
၂၇ ငါ့ကိုအပြစ်တင်၍ မြည်တမ်းသော ဤပရိသတ်ဆိုးတို့ကို အဘယ်မျှကာလပတ်လုံး ငါသည်သည်းခံရအံ့နည်း။ ဣသရေလ အမျိုးသားတို့သည် ငါ့ကိုအပြစ်တင်၍ မြည်တမ်းသောစကားကို ငါကြားရပြီ။
၂၈ သင်သည် သူတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားက၊ ငါအသက်ရှင်သည်ဖြစ်၍၊ သင်တို့သည် ငါ့ကိုကြားစေခြင်းငှါ ပြောကြသောစကားအတိုင်း သင်တို့ကိုငါပြုမည်။
၂၉ သင်တို့ကိုရေတွက်၍ စာရင်းယူသည်အတိုင်း၊ အသက်နှစ်ဆယ်လွန်သောသူ၊ ငါ့ကိုအပြစ်တင်၍ မြည်တမ်းသော သူအပေါင်းတို့သည် သေ၍ ဤတော၌ အသေကောင်ဖြစ်လျက် နေရစ်ကြလိမ့်မည်။
၃၀ ငါသည် ဤမည်သောပြည်၌ သင်တို့ကို နေရာချမည်ဟု ငါကျိန်ဆို၏။ ထိုပြည်သို့ ယေဖုန္နာ၏သား ကာလက်၊ နုန်၏သားယောရှုမှတပါး အဘယ် သူမျှမရောက်ရ။
၃၁ ရန်သူလုယူရာ ဖြစ်လိမ့်မည်ဟု သင်တို့ဆိုသောသူငယ်တို့ကို ငါဆောင်သွင်း၍ သင်တို့ပယ်သော ပြည်ကို သူတို့သည်သိရကြလိမ့်မည်။
၃၂ သင်တို့မူကား၊ ဤတော၌သေ၍ အသေကောင်ဖြစ်လျက် နေရစ်ရကြလိမ့် မည်။
၃၃ ဤတော၌ သင်တို့အသေကောင်များ ပျောက်ပျက်သည်တိုင်အောင်၊ ကိုယ်သားသမီးတို့သည် မိဘမှား ယွင်းခြင်းအပြစ်များကို ဆောင်၍၊ ဤတော၌ အနှစ်လေးဆယ်ပတ်လုံး လှည့်လည်ရကြလိမ့်မည်။
၃၄ ထိုပြည်ကို စူးစမ်းရာနေ့ရက်ပေါင်း အရက်လေးဆယ်နှင့်အညီ၊ တရက်ကိုတနှစ်ထား၍ အနှစ်လေးဆယ် ပတ်လုံး ကိုယ်အပြစ်ကို ဆောင်လျက်၊ ငါစွန့်ပြစ်ခြင်းကို သိရကြလိမ့်မည်။
၃၅ အကယ်စင်စစ် ငါ့တဘက်၌ စည်းဝေးသော ဤပရိသတ်ဆိုး အပေါင်းတို့ကို ထိုသို့ငါပြု၍ သူတို့သည် ဤတော၌ သေကျေ ပျောက်ပျက်ကြလိမ့်မည်ဟု ငါထာဝရဘုရား မိန့်တော် မူ၏။
ဆာလံကျမ်း အခန်းကြီး ၁၀၆ (Ps 106:6-23);

အဲဂုတ္တုပြည်၌ ပြုတော်မူသော အံ့သြဘွယ် တို့ကို ဘိုးဘေးတို့သည် နားမလည်ကြ။ များစွာ သော ဂရုဏာတော်တို့ကို မအောက်မေ့ကြ။ပင်လယ်နား၊ ဧဒုံပင်လယ်နား မှာ ပုန်ကန်ကြပါ၏။
သို့သော်လည်း၊ မဟာ တန်ခိုးတော်ကို ထင်ရှားစေခြင်းငှါ နာမတော်သည် အကြောင်းကြောင့် သူတို့ကို ကယ်တင်တော်မူ၏။
ဧဒုံ ပင်လယ်ကိုဆုံး မတော်မူ၍၊ ပင်လယ်ရေသည် ခန်းခြောက်လေ၏။ တော၌ ပို့ဆောင်သကဲ့သို့ နက်နဲရာ အရပ်၌ သူတို့ကို ပို့ဆောင်တော် မူ၏။
၁၀ မုန်းသောသူ၏ လက်မှ သူတို့ကို ကယ်တင်၍၊ ရန်သူ၏ လက်မှ ရွေးနှုတ်တော်မူ၏။
၁၁ ရန်သူတစ်စုံ တစ်ယောက်ကိုမျှ မကျန်ရစ်စေခြင်းငှာ၊ ရေသည်လွှမ်းမိုးလေ၏။
၁၂ ထိုအခါ စကားတော်ကို ယုံ၍ဂုဏ်ကျေးဇူတော်ကို သီချင်းဆိုကြ၏။
၁၃ သို့သော်လည်း၊ အမှုတော်ကို အလျင်အမြန် မေ့လျော့သည်ဖြစ်၍ အကြံအစည်တော်ကို မဆိုင်းမလင့်ဘဲ၊
၁၄ တော၌ အလွန်တပ်မက်၍၊ လူဆိတ်ညံရာအရပ်၌ ဘုရားသခင်ကို စုံစမ်းကြ၏။
၁၅ သူတို့တောင်းသောဆုကို ပေးတော်မူ၏။သို့သော် လည်း၊ သူတို့၌ ပိန်ကြုံခြင်းကို သွင်းပေးတော်မူ၏။
၁၆ ထိုသူတို့သည်လည်း၊ တပ်ထဲမှာ မောရှေကို၎င်း၊ ထာဝရဘုရား၏ သန့်ရှင်းသူ အာရုန်ကို၎င်း ငြူစူကြ၏။
၁၇ မြေကြီးသည်  ကွဲလျက်၊ ဒါသန်ကိုမျို၍၊ အဘိရံ၏ အသင်းအဝင်ကို ဖုံးအုပ်လေ၏။
၁၈ သူတို့အသင်းအဝင်ထဲမှာမီးရှို့၍၊ မတရားသောသူတို့ကို လောင်လေ၏။
၁၉ သူတို့သည်ဟောရပ်တောင်နား မှာ နွားသငယ်ကိုလုပ်၍ အရည်သွင်းသော ရုပ်တုကို ပြပ်ဝပ်ကိုးကွယ်ကြ၏။
၂၀ သူတို့၏ ဘုန်းကိုလဲ၍ မြက်ကိုစားသော နွား၏ပုံသဏ္ဍာန်ကို ယူကြ၏။
၂၁-၂၂ အဲဂုတ္တု  ပြည်၌  ကြီးသောအမှုတို့ကို၎င်း၊ ဟာမအမျိုးနေရာပြည်၌ အံဘွယ်သောအမှုတို့ကို၎င်း၊ ဧဒုံပင်လယ်နားမှာ ကြောက်မက်ဘွယ်သော အမှုတို့ကို၎င်း၊ ပြု၍၊ ကယ်တင်တော်မူသော အရှင်ဘုရားသခင်ကို မေ့လျော့ကြ၏။ အကျွန်ုပ်တို့သည် ဘိုးဘေးတို့နှင့်အတူ ပြစ်မှားကြပါပြီ။ ဒုစရိုက်ကို ပြုကြပါပြီ။ မတရား သောအမှုကို ပြုကြပါပြီ။
၂၃ ထိုအခါ ရွေးကောက်တော်မူသော မောရှေ့သည်  အမျက်တော်ကိုလွှဲ၍ ထိုသူတို့ကို ဖျက်ဆီးတော်မမူစေခြင်းငှာ၊ ဖျက်ဆီးရာ အရပ်၊ ရှေ့တော်၌ မရပ်လျှင်၊ သူတို့ကိုဖျက်ဆီး မည်ဟုအကြံရှိတော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး (Luke 7:16);

၁၆ လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်း သို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှုကြွလာတော်မူပြီဟူ၍ ဘုရားသခင်၏ဂုဏ်တော် ကို ချီးမွမ်းကြ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၅ (Matt 15:21-28);

၂၁ ယေရှုသည် ထိုအရပ်မှထွက်၍ တုရုမြို့နှင့်ဇိဒုန်မြို့၏ ကျေးလက်သို့ကြွတော်မူလျှင်၊
၂၂ ခါနာန်အမျိုးဖြစ်သော မိန်းမတယောက်သည် ထိုနယ်စပ်မှထွက်လာ၍၊ ဒါဝိဒ်၏သားတော်ရှင်၊ ကျွန်မကိုသနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကိုပြင်းစွာခံရပါသည်ဟု ဟစ်ကြော်သော် လည်း စကားတခွန်းမျှပြန်တော်မမူ။
၂၃ တပည့်တော်တို့ သည်ချဉ်းကပ်၍၊ ထိုမိန်းမပြန်သွားရသောအခွင့်ကို ပေးတော်မူပါ။ ငါတို့နောက်သို့လိုက်၍ ဟစ်ကြော်လျက်နေပါသည် ဟု တောင်းလျှောက်ကြ၏။
၂၄ ကိုယ်တော်ကလည်း၊ ဣသရေလအမျိုးအဝင်ပျောက်လွင့်သောသိုးများမှတပါး အခြားသောအမျိုးရှိရာသို့ ငါ့ကိုမစေမလွှတ်ဟုမိန့်တော်မူ၏။
၂၅ ထိုမိန်းမသည် ချဉ်းကပ်၍ပြပ်ဝပ်လျက် ကျွန်မကို ကယ်မတော်မူပါ သခင်ဟု လျှောက်ပြန်လျှင်၊
၂၆ ကိုယ်တော်က၊ သား၏အစာကိုယူ၍ခွေးအားမပေးမချအပ်ဟုပြန်ပြော တော်မူ၏။
၂၇ မိန်းမကလည်း မှန်ပါ၏သခင်၊ ခွေးမည်သည်ကားမိမိသခင်၏စားပွဲမှကျသောစားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု လျှောက်ပြန်လျှင်၊
၂၈ အိုမိန်းမ၊ သင်သည်ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း  သင်၌ဖြစ်စေဟုမိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏သမီးသည် ကျန်းမာပကတိဖြစ်လေ၏။