Sunday, 27 August 2017

27-AUG-2017 (READING -ORD21-YA-C1)

Sun the 27th: Psalter I, Ordinary Time Week 21.
(Memorial of Monica.)
Isa 22:19-23; Ps 138:1-8; Rom 11:33-36; Matt 16:13-20

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂၂ (Isa 22:19-23);

၁၉ ငါသည်လည်း သင်၏အရာကို နှုတ်မည်၊၊ သင်၏နေရာမှ သင့်ကိုချမည်၊၊
၂၀ ထိုကာလ၌ ငါ့ကျွန်၊ ဟိလခိ၏သား ဧလျာကိမ်ကို ငါခေါ်၍၊
၂၁ သင်၏ဝတ်လုံနှင့် ဝတ်ဆင်စေမည်၊၊ သင်၏ခါးစည်းနှင့်ချီး မြေ‡ာက်၍၊ သင်၏အစိုးရသော အခွင့်ကိုအပ်ပြီးလျှင်၊ သူသည် ယေရုရှလင်မြို့သူ၊ ယုဒအမျိုးသားတို့၏ အဘဖြစ်လိမ့် မည်၊၊
၂၂ ဒါဝိဒ်မင်းမျိုး၏တံခါးသော့ကိုသူ၏ ပခုံးပေါ်မှာငါတင်ထားသဖြင့်၊ သူသည်အဘယ်သူမျှမပိတ် နိုင်အောင် ဖွင့်လိမ့် မည်၊၊ အဘယ်သူမျှမဖွင့်နိုင်အောင် ပိတ်လိမ့်မည်၊၊
၂၃ မြဲသော အရပ်၌စွဲသော တံစို့ကဲ့သို့ သူ့ကိုငါစွဲစေမည်၊၊

ဆာလံကျမ်း အခန်းကြီး ၁၃၈ (Ps 138:1-8);

၁ အိုထာဝရဘုရား၊ ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ အကျွန်ုပ်ချီးမွမ်းပါမည်။ အခြားတစ်ပါးသော ဘုရားတို့ရှေ့မှာ ကိုယ်တော်ကို ထောမနာ သီချင်းကိုဆိုပါမည်။
၂ သန့်ရှင်းသော ဗိမာန်တော်သို့ မျက်နှာပြုလျက် ပြပ်ဝပ်ကိုးကွယ်၍၊ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် နာမတော်ကို ချီးမွမ်းပါမည်။ အကြောင်းမူကား၊ ကတိတော်ကို သိတင်းတော် ရှိသမျှထက် ချီးမြှောက်တော်မူပြီ။
၃ အကျွန်ုပ်အော်ဟစ်သော နေ့တွင် နားထောင်တော်မူ၍၊ စိတ်ဝိညာဉ်ထဲသို့ ခွန်းအားကို သွင်းသဖြင့်၊ အကျွန်ုပ်ကို ခိုင်မာစေတော်မူ၏။
၎ အိုထာဝရဘုရား၊ လောကီရှင်ဘုရင် အပေါင်းတို့သည် နှုတ်တော်ထွက် စကားတို့ကို ကြားရသည် ဖြစ်၍၊ ဂုဏ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။
၅ ထာဝရဘုရား၏ လမ်းခရီးတော်တို့၌ လိုက်၍ သီချင်းဆိုကြပါလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဘုန်းကြီးတော်မူ၏။
၆ ထာဝရဘုရားသည် မြင့်မြတ်တော်မူသော်လည်း၊ စိမ့်နှိမ့်ချသော သူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သောသူတို့ကိုကား၊ အဝေးက သိတော်မူ၏။
၇ အကျွန်ုပ်သည် ဆင်းရဲဒုက္ခများ၌ ကျင်လည်သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင်စေတော်မူလိမ့်မည်။ လက်တော်ကို ဆန့်လျက်၊ ရန်သူ တို့၏ အမျက်ဒေါသ ကို ဆီးတား၍၊ လက်ျာလက်တော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော် မူလိမ့်မည်။
၈ ထာဝရဘုရားသည် ငါ၏အမှုကို ပြီးစီးစေတော်မူမည်။ အိုထာဝရဘုရား၊ ကရုဏာသည် အစဉ်အမြဲ တည်ပါသည်ဖြစ်၍၊ ကိုယ်တော်၏ လက်နှင့် ပြုစုသော အမှုတို့ကို စွန့်ပစ်တော်မမူပါနှင့်။

ရောမသြဝါဒစာ အခန်းကြီး ၁၁ (Rom 11:33-36);

၃၃ ဘုရားသခင်၏ပညာနှင့်ညဏ်တော် သည် အလွန်ကျယ်ဝန်း နက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှ စစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်း တို့ကို လိုက်၍ရှာသော်လည် မတွေ့မမှီနိုင်။
၃၄ ထာဝရဘုရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရဘုရား နှင့် အဘယ်သူသည် တိုင်ပင်ဘက်ပြုသနည်း။
၃၅ ကျေးဇူးဆပ်တော်မူရမည်အကြောင်း၊ ထာဝရဘုရား၌ အဘယ်သူ သည် ကျေးဇူးပြုဘူးသနည်း။
၃၆ ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက၎င်း၊ ကိုယ်တော်အားဖြင့်၎င်း၊ ကိုယ်တော်အဘို့အလိုငှါ၎င်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော် မူစေသတည်း။ အာမင်။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၆ (Matt 16:13-20);

၁၃ ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ကြွတော်မူသောအခါ၊ လူများတို့သည် လူသားဖြစ်သော ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊
၁၄ လူတချို့က ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန်ဖြစ်သည် ဟူ၍၎င်း၊ အချို့က၊ ဧလိယ ဖြစ်သူဟူ၍၎င်း၊ အချို့က ယေရမိမှစ၍ ပယောဖက် တပါးပါးဖြစ်သည် ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊
၁၅ သင်တို့လည်း ငါ့ကိုအဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊
၁၆ ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင် တော်မူသောဘုရားသခင်၏ သားတော်ဖြစ်တော် မူသည်ဟု လျှောက်လေ၏။
၁၇ ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အားဘော်ပြသည် မဟုတ်။ ကောင်းကင်ဘုံ၌ရှိ တော်မူသော ငါ့ခမည်းတော်သည် ဘော်ပြတော်မူသတည်း။
၁၈ ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ။
၁၉ ကောင်းကင်နိုင်ငံတော်၏ သော့တို့ကိုလည်း သင့်အားငါပေးမည်။ သင်သည်မြေကြီးပေါ်မှာ ချည်နှောင် သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျှက်ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြေလွှတ်လျက်ရှိလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊
၂၀ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်း ကို အဘယ်သူအားမျှ မပြောစိမ့်သောငှါ တပည့်တော်တို့ကို ပညတ်တော်မူ၏။