Sat the 19th: Optional memorial of John Eudes, priest.
Josh 24:14-29; Ps 16:1-11; Matt 11:25; Matt 19:13-15
ယောရှုမှတ်စာ အခန်းကြီး ၂၄ (Josh 24:14-29);
၁၄ ယခုမှာ ထာဝရဘုရားကို ကြောက်ရွံ့၍ ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့။ မြစ်ကြီး တဘက်၌င်း၊ အဲဂုတ္တုပြည်၌င်း၊ ဘိုးဘေးတို့ဝတ်ပြုသော ဘုရားများကိုပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြလော့။
၁၅ သို့မဟုတ်ထာဝရဘုရားအား ဝတ်မပြုကောင်းဟု သင်တို့ထင်လျှင်၊ မြစ်ကြီးတဘက်၌ ဘိုးဘေးတို့ဝတ်ပြုသော ဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ ဘုရားများတွင်၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြုမည်အရာ ကို ယနေ့ရွေးကြလော့။ ငါနှင့်ငါ့အိမ်သား ဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟု ဆိုလေသော်၊
၁၆ လူများတို့က အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုခြင်းငှာ ထာဝရဘုရားကို စွန့်သောအမှုသည် အကျွန်ုပ်တို့နှင့် ဝေးပါစေသော။
၁၇ ငါတို့ဘုရားသခင်ထာဝရဘုရားသည်၊ ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ အဘတို့နှင့် ငါတို့ကို နှုတ်ဆောင်၍ ကြီးစွာသော နိမိတ်လက္ခဏာတို့ကို ငါတို့မျက်မှောက်၌ ပြတော်မူပြီ။ ငါတို့သွားလေရာရာအရပ်၊ ရှောက်လေရာရာ လူမျိုးတို့တွင် စောင့်တော်မူပြီ။
၁၈ ထာဝရဘုရားသည်လည်း၊ ဤပြည်၌ နေသောသူ အာမောရိလူအပေါင်းတို့ကို ငါတို့ရှေ့မှ နှင်ထုတ်တော်မူပြီ။ ထာဝရဘုရားအား ဝတ်ပြုပါမည်။ ထာဝရဘုရားသည် ငါတို့ဘုရားသခင်ဖြစ်တော်မူသည်ဟု ပြန်ပြောကြ၏။
၁၉ ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရားအား ဝတ်မပြုနိုင်။ ထိုဘုရားသည် သန့်ရှင်းသော ဘုရား၊ အပြစ်ရှိသည်ဟု ထင်လွယ်သောဘုရားဖြစ်တော်မူ၏။ သင်တို့လွန်ကျူးပြစ်မှားသော အပြစ်တို့ကို သည်းခံတော် မမူ။
၂၀ သင်တို့သည် ထာဝရဘုရားကို စွန့်၍ တကျွန်းတနိုင်ငံ ဘုရားတို့ကိုဝတ်ပြုလျှင်၊ သင်တို့၌ ကျေးဇူးပြုတော်မူပြီးမှ တဖန်လှည့်၍ ညှင်းဆဲဖျက်ဆီးတော်မူမည်ဟုဆိုလျှင်၊
၂၁ လူများတို့က ၊ မဟုတ်ပါ။ ထာဝရ ဘုရားကိုသာ ဝတ်ပြုပါမည်ဟု ပြန်လျှောက်ကြ၏။
၂၂ ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရားကိုဝတ်ပြုခြင်း ငှာ ထိုဘုရားကိုရွေးကြပြီဟု ကိုယ်အမှု၌ ကိုယ်သက်သေ ခံကြသည်ဟုဆိုလျှင် သူတို့က၊ သက်သေခံကြပါ၏ ဟုလျှောက်ကြသော်၊
၂၃ ယောရှုက၊ သို့ဖြစ်လျှင်၊ သင်တို့တွင်ရှိသော တကျွန်းတနိုင်ငံ ဘုရားတို့ကိုပယ်၍ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားဘက်သို့ စိတ်နှလုံးကို ညွှတ်ကြလော့ဟု ဆိုလေ၏။
၂၄ လူများတို့ကလည်း၊ ငါတို့ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုပါမည်။ စကားတော်ကို နားထောင်ပါမည်ဟု ဝန်ခံပြီးမှ၊
၂၅ ယောရှုသည် ထိုနေ့၌ လူများတို့နှင့် ပဋိညာဉ်ပြု၍ ရှေခင်မြို့မှာ စီရင်ထုံးဖွဲ့ချက်ကို ထားလေ၏။
၂၆ ထိုစကား ကိုလည်းဘုရားသခင်၏ ဓမ္မကျမ်းစာ၌ ရေးထား၍၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာနတော်နားမှာ ရှိသော သပိတ်ပင်အောက်၌ ကျောက်ကြီးကို ထောင်လျှက်၊
၂၇ ဤကျောက်သည် ငါတို့အား သက်သေဖြစ်ရလိမ့် မည်။ ထာဝရဘုရား မိန့်တော်မူသောစကားအလုံးစုံကို ကြားရပြီ။ သို့ဖြစ်၍ သင်တို့သည် ဘုရားသခင် ငြင်းပယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သင်တို့အား သက်သေဖြစ်ရလိမ့်မည်ဟု လူအပေါင်းတို့အား ပြောဆိုပြီးမှ၊
၂၈ အသီးအသီး မိမိတို့အမွေခံရာ အရပ်သို့ ပြန်သွားရသော အခွင့်ကိုပေးလေ၏။
၂၉ ထိုနောက်မှ ထာဝရဘုရား၏ ကျွန်၊ နုန်၏သား ယောရှုသည် အသက်တရာတဆယ်ရှိသော် အနိစ္စရောက် လေ၏။
ဆာလံကျမ်း အခန်းကြီး ၁၆ (Ps 16:1-11);
၁ အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား၊၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏၊၊
၂ ကိုယ်တော်သည် အကျွန်ုပ်၏ သခင်ဖြစ်တော်မူသည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ၊၊ ကျေးဇူးတော်မှတပါး အခြားသော မင်္ဂလာသည် အကျွန်ုပ်၌ မရှိပါ၊၊
၃ ပြည်တော်၌နေသော သန့်ရှင်းသူနှင့် ထူးဆန်းသော သူတို့ကိုသာ နှစ်သက်ပါ၏၊၊
၎ အခြားသော လမ်းသို့ လိုက်ပြေးသော သူတို့သည် များစွာသော ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ ငါသည် သူတို့ သွန်းလောင်းရာ ပူဇော်သက္ကာအသွေးကို မလှူမဆက်လို၊၊ သူတို့ဘုရား၏ နာမကို မမြွက်လို၊
၅ ထာဝရဘုရားသည် ငါအမွေခံရာအဘို့ ငါစားသောက်ရာ အဘို့ဖြစ်တော် မူ၏၊၊ ကိုယ်တော်သည် အကျွန်ုပ် အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏၊၊
၆ ငါပိုင်ထိုက်သော နယ်နိမိတ်သည် သာယာသောအရပ်တွင်ကျ၍ ကောင်းမွန်သော အမွေကို ငါခံရပြီ၊၊
၇ ငါ့ကို ပြုစုတော်မူသော ထာဝရဘုရားကို ကောင်းကြီးပေးမည်၊၊ ညဥ့်အချိန်၌ပင် ငါ့နှလုံးသည် ငါကို နှိုးဆော် တတ်၏၊၊
၈ ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏၊၊ အကြောင်းမူကား ငါ့လက်ျာဘက်၌ တည်ရှိတော် မူသည်ဖြစ်၍ ငါသည် လှုပ်ရှားခြင်းမရှိရ၊၊ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊
၉ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်း ခြင်းရှိ၏၊၊ ထိုမှတပါး ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်၊၊
၁၀ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ၊၊ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲလျက်
၁၁ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်၊၊ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်း အခွင့်နှင့် လက်ျာတော် နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်း အခွင့် ရှိပါ၏၊၊
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:25);
၂၅ ထိုအခါယေရှုက၊ ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဘ၊ ကိုယ်တော်သည်ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကိုထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အားဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၉ (Matt 19:13-15);
၁၃ ထိုအခါ သူငယ်တို့အပေါ်မှာ လက်တော်ကိုတင်၍ မေတ္တာပို့တော်မူစေခြင်းငှါ အထံတော်သို့ ဆောင်ခဲ့သည် ဖြစ်၍ တပည့်တော်တို့သည် အပြစ်တင်ကြ၏။
၁၄ ယေရှုကလည်း၊ ထိုသူငယ်တို့ကို ရှိစေတော့။ ငါ့ထံသို့လာသည်ကို မဆီးတားကြနှင့်။ ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်သည်ဟု မိန့်တော်မူ၍၊
၁၅ သူငယ်တို့ အပေါ်မှာ လက်တော်ကိုတင်ပြီးလျှင်၊ ထိုအရပ်မှကြွသွားတော်မူ၏။