Presentation of the Lord Readings: Mal 3:1-4; Ps 24:7-10; Heb 2:14-18; Luke 2:22-40
Sir 47:1-11; Ps 18:31-51; Luke 8:15; Mark 6:14-29
မာလခိအနာဂတ္တိကျမ်း အခန်းကြီး ၃(Mal 3:1-4);
၁ ကြည့်ရှုလော့။ ငါသွားရာလမ်းကိုပြင်ရသောငါ၏တမန်ကို ငါစေလွှတ်မည်။ သင်တို့ရှာသောသခင်၊ သင်တို့ တောင့်တသော ပဋိညာဉ်တမန်တော်သည် မိမိဗိမာန်တော်သို့ ချက်ခြင်းလာကြလိမ့်မည်။ ကြည့်ရှုလော့။ ထိုသခင် လာလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
၂ လာတော်မူသောနေ့ရက်ကို အဘယ်သူသည် မတိမ်းမရှောင်ဘဲ နေလိမ့်မည်နည်း။ ပေါ်ထွန်းတော်မူသော အခါ အဘယ်သူသည် ခံရလိမ့်မည်နည်း။ ထိုသခင်သည် ငွေစစ်သောသူ၏မီး၊ ခဝါသည်သုံးသော ဆပ်ပြာကဲ့သို့ဖြစ်တော်မူမည်။
၃ ငွေကိုချွတ်၍ သန့်ရှင်းစေသော သူကဲ့သို့ထိုင်လျက်၊ ရွှေငွေကို ချွတ်သကဲ့သို့၊ လေဝိသားတို့ကိုချွတ်၍သန့်ရှင်းစေတော်မူသဖြင့်၊ သူတို့သည် ထာဝရဘုရားအဘို့ဖြစ်၍၊ ဖြောင့်မတ်ခြင်း ပူဇော်သက္ကာကို ပူဇော်ကြလိမ့်မည်။
၎ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့၏ ပူဇော်သက္ကာသည် ရှေးလွန်လေပြီးသောနှစ်၊ လ၊ နေ့ရက်ကာလ၌ဖြစ်သကဲ့သို့၊ ထာဝရဘုရားနှစ်သက်တော်မူဘွယ် ဖြစ်လိမ့်မည်။
ဆာလံကျမ်း အခန်းကြီး ၂၄ (Ps 24:7-10);
၇ အချင်းတံခါးတို့၊ တံခါးမုတ်ကို ကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီးသော ရှင်ဘုရင် ဝင်တော်မူမည်။
၈ ဘုန်းကြီးသော ရှင်ဘုရင်ကား အဘယ်သူနည်း။ အစွမ်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရား၊ စစ်တိုက်ခြင်းငှာ တန်ခိုးကြီးတော်မူသော ထာဝရဘုရားပေတည်း။
၉ အချင်းတံခါးတို့၊ တံခါးမုတ်ကို ကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီးသော ရှင်ဘုရင် ဝင်တော်မူသည်။
၁၀ ဘုန်းကြီး သော ရှင်ဘုရင်ကား အဘယ်သူနည်း။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားပေတည်း။ ထိုဘုရားသည် ဘုန်းကြီး သော ရှင်ဘုရင်ဖြစ်တော်မူသတည်း။
ဟေဗြဲသြဝါဒစာ အခန်းကြီး ၂ (Heb 2:14-18);
၁၄-၁၅ ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသောအားဖြင့်၊ သေခြင်းတရားကိုအစိုးရသောသူတည်းဟူသော မာရ်နတ်၏ တန်ခိုးကိုချိုးဖဲ့ဖျက်ဆီးခြင်းငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံးကျွန်ခံရသော သူတို့ကိုကယ်လွှတ်ခြင်းငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။
၁၆ အကြောင်းမူကား၊ ခရစ်တော်သည် ကောင်းကင်တမန်တို့ကို မစတော်မူသည်မဟုတ်၊ အာဗြဟံအမျိုးကိုမစတော်မူ၏။
၁၇ ထိုကြောင့်၊ ခရစ်တော်သည် လူတို့၏ အပြစ်ဖြေစရာ အကြောင်းကို စီရင်၍၊ ဘုရား သခင်နှင့် စပ်ဆိုင်သောအရာတို့၌ ကရုဏာနှင့် ၎င်း၊ သစ္စာနှင့်၎င်း ပြည့်စုံသော ယဇ်ပုရောဟိတ်အကြီးဖြစ်အံ့သောငှါ၊ မိမိညီအစ်ကိုတို့နှင့် လုံးလုံးတူရသောအကြောင်းရှိ၏။
၁၈ ထိုသို့စုံးစမ်း နှောင့်ရှက်ခြင်းကို ကိုယ်တော်တိုင်ခံ၍ ဒုက္ခ ဆင်းရဲခြင်း၌ ကျင်လည်သောကြောင့်၊ စုံးစမ်းနှောင့်ရှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူတို့ကို မစခြင်းငှါ တတ်နိုင် တော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၂ (Luke 2:22-40);
၂၂ ထိုနောက် မောရှေ၏ ပညတ်တရားအတိုင်းစင်ကြယ်ခြင်းကိုပြုရသော နေ့ရက် စေ့သောအခါ၊ မိဘတို့သည် သူငယ်ကိုယေရုရှလင်မြို့သို့ ဆောင်သွား၍၊
၂၃ သားဦးယောက်ျားအပေါင်းတို့သည်ဘုရား အဘို့သန့်ရှင်း ရကြ၏ဟု ထာဝရဘုရား၏ပညတ္တိကျမ်း လာသည်နှင့်အညီ၊ ထာဝရဘုရားအားဆက်ကပ်ပြီးမှ၊
၂၄ ခိုနှစ်ကောင် ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကိုပူ ဇော်ရမည်ဟု ထာဝရဘုရား၏ ပညတ္တိကျမ်း လာပြန်သည်နှင့်အညီ ယဇ်ပူဇော်ကြ၏။
၂၅ ထိုအခါ ရှုမောင်အမည်ရှိသောသူတယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည်ဖြောင့် မတ်သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မြော်လင့်သော သူဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်သည်သူ့အပေါ်၌တည်သည်ဖြစ်၍၊
၂၆ သူသည်ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မှီမသေရဟု ဗျာဒိတ်တော်ကိုရ၏။
၂၇ ထိုအခါသူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့ သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ်တရားထုံးတမ်းအတိုင်းပြုခြင်းငှါ ဆောင်သွားစဉ်တွင်၊
၂၈ ရှုမောင်သည် ယေရှုကိုလက်နှင့်ချီပိုက်၍၊
၂၉ ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းလျက်၊ အစိုးရတော် မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်းကိုယ်တော်၏ ကျွန်သည်ငြိမ်ဝပ်စွာစုတေ့ရသောအခွင့်ကိုကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။
၃၃ ထိုစကားများကို ယောသပ်နှင့် မယ်တော်သည်ကြားလျှင်အံ့သြခြင်းရှိကြ၏။
၃၄ ရှုမောင်သည်လည်း သူတို့ကိုကောင်းကြီး ပေး၍မယ်တော် မာရိအား၊ ဤသူငယ်ကားဣသရေလလူအများလဲမည်အကြောင်း၊ အများထမည် အကြောင်း၊ လူအများ တို့၏ အကြံအစည်ကို ထင်ရှားစေခြင်းငှါငြင်းခုံစရာဖြစ်မည်အကြောင်း ခန့်ထားသော သူဖြစ်၏။
၃၅ ထိုမှတပါး သန်လျက်သည် သင်၏စိတ် နှလုံးကိုခွင်းလိမ့်မည်ဟု မြွက်ဆို၏။
၃၆ အာရှာအမျိုးဖြစ်သော ဖနွေလ၏ သမီး၊ အန္နအမည်ရှိသော ပရောဖက်မတယောက်ရှိ၏။ သူသည် ပျိုသော အရွယ်မှစ၍ ခုနစ်နှစ်သာလင်နှင့်နေပြီးလျှင်၊
၃၇ အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင် မုတ်ဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့်နေ့ညဥ့်မပြတ်ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွါဘဲနေ၏။
၃၈ သူသည်လည်းထိုခဏခြင်းတွင်ဝင်၍ထာဝရဘုရား၏ ကျေးဇူးတော်ကိုချီး မွမ်းလေ၏။ ယေရုရှလင်မြို့၌ ရွေးနှုတ်ခြင်းအရာကိုမြော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။
၃၉ မိဘတို့သည်ထာဝရဘုရား၏ ပညတ်တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင်ပြုပြီးမှ၊ ဂါလိလဲပြည်၊ နာဇရက်အမည်ရှိသောမိမိတို့မြို့သို့ပြန်ကြ၏။
၄၀ သူငယ်သည်လည်း ကြီးပွါး၍ပညာဥာဏ်သတ္တိနှင့်ပြည့်စုံ၏။ ဘုရားသခင်၏ကျေးဇူးတော်သည်လည်းသူ့အပေါ်၌တည်၏။
ဆီရပ်ခ်၏နီတိဒေသနာကျမ်းအခန်းကြီး (၄၇) (ှငမ ၄၇ါ်၁-၁၁)း
၁။ ဒေးဗစ်မင်းကြီး ထီးနန်း စံနေခိုက် ဆာမြူအဲလ်၏ နောက်တွင် ပေါ်ထွန်းလာသော ပရောဖက်သည်ကား ၂။ နာသန် ဖြစ်၏။ မိတ်သဟာယ ယဇ်ပူဇော်ခြင်း၌ယဇ် ကောင်မှ အဆီကို ရွေးချယ်ထုတ်ယူသကဲ့သို့ဒေးဗစ် သည်လည်း အစ္စရေးလ် အမျိုးသားတို့ထဲမှ ရွေးချယ် ခြင်းခံခဲ့ရ၏။၃။ သူသည် ဆိတ်သူငယ်များနှင့်ကစားသကဲ့သို့ကစားခဲ့ ၏။ သိုးငယ်များနှင့် ကစားသကဲ့သို့ ဝက်ဝံများနှင့်၎။ ကစားခဲ့၏။ သူသည် ငယ်ရွယ် နုနယ်စဉ်အခါက ထွားကျိုင်းသန်မာသောသူကိုသတ်ခဲ့၍အစ္စရေးလ်လူ မျိုးအားမထီမဲ့မြင်ြုပခံရခြင်းမှကယ်တင်ခဲ့၏။သူသည် မိမိ၏လက်ကိုမြှောက်၍လောက်လွှဲတွင်ကျောက်ခဲကို ထည့်ပြီးဂေါလိယ၏ မောက်မာ ထောင်လွှားခြင်းကို သုတ်သင် ဖျက်ဆီးနိုင်ခဲ့သည် မဟုတ်လော။ ၅။ အကြောင်းမူကားသူသည်အမြင့်ဆုံးသောအရှင်သခင်ကိုအသနားခံတောင်းလျှောက်သဖြင့်ကိုယ်တော်သည် သူ၏ လက်ကျာ်လက်တွင်ခွန်အားတန်ခိုးကိုပေးတော် မူလျက်အင်အားကြီးသောစစ်သူရဲအားသုတ်သင်နိုင်ခဲ့ ပြီး မိမိ လူမျိုး၏ အင်အားကို မြှင့်တင်ပေးခဲ့၏။ ၆။ ထို့ကြောင့် လူအများကသူသည်ရန်သူတစ်သောင်းကို အောင်နိုင်ခဲ့သည်ဟုြွေကးကြော်ဂုဏ်ြုပခဲ့ကြ၏။ သူ့ အား ရာဇသရဖူကို အပ်နှင်းကြကာ သခင်ဘုရား၏ ကောင်းချီးတော်အတွက် သူ့ကိုချီးမွမ်းထောပနြာုပကြ၇။ ၏။ အကြောင်းမူကား သူသည်အဘက်ဘက်မှရန်သူ များကို နှိမ်နှင်း ဖယ်ရှားခဲ့၍ သူ၏ရန်ဘက်ဖြစ်သော ဖိလစ္စတင်းတို့ကိုအမျိုြးုဖတ်သုတ်သင်ခဲ့၏။သူသည် သူတို့၏အင်အားကို ချေမှုန်းထားသည်မှာယနေ့ထက် ၈။ တိုင်ဖြစ်လေ၏။ သူသည် မိမြိုပခဲ့သမျှတို့၌သန့်ရှင်း တော်မူသောအမြင့်ဆုံးအရှင်သခင်၏ဘုန်းတော်ဂုဏ်တော်ကိုသာတင်စားထုတ်ဖော်လျက်ကျေးဇူးဆပ်တင်ခဲ့၏။ မိမိ စိတ်နှလုံးထဲမှ ထွက်ပေါ်လာသော ချီးမွမ်း ထောပနြာုပခြင်းကိုကိုယ်တိုင်သီကျူးလျက်မိမိ၏ဖန်ဆင်းရှင်ကိုချစ်မြတ်နိုးခဲ့၏။ ၉။ သူသည် ပလ္လင်တော်ရှေ့မှာ တီးမှုတ် သီဆိုသူများကို ထား၍ ချိုသာငြိမ့်ညောင်းသောစောင်းတီးသံနှင့်အညီ သူတို့၏ကျူးရင့်သံများဖြင့်ချီးမွမ်းထောပနြာုပကြ၏။ ၁၀။ သူသည် ပွဲလမ်းကျင်းပခြင်းတို့၏တင့်တယ်လှပမှုကို ဦးစားပေး၍ တစ်နှစ်ပတ်လုံးတွင် အခါကြီးရက်ကြီး များကို ကြီးကျယ်ခမ်းနားစွာ ကျင်းပရန် စနစ်တကျ သတ်မှတ်ပေးပြီး ဘုရားသခင်၏ သန့်ရှင်းသောနာမ တော်ကို ချီးမွမ်းသော အသံတို့ဖြင့် ဗိမာန်တော်သည် နံနက်ချိန်မှစ၍သောင်းသောင်းဖျဖျ ရှိနေစေခဲ့လေ၏။ ၁၁။ သခင်ဘုရားသည် ဒေးဗစ်၏ အပြစ်များကို ခွင့်လွှတ်တော်မူ၍သူ၏တန်ခိုးအာဏာကိုလည်းအစဉ်အဆက် တည်စေတော်မူ၏။ ကိုယ်တော်သည် သူ့အား ဘုရင် များ၏ ပဋိညာဉ်နှင့် ဘုန်းကြီးသော ရာဇပလ္လင်ကိုအစ္စရေးလ်နိုင်ငံ၌ပေးသနားတော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၁၈ (Ps 18:31-51);
၃၁ ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း၊ ငါတို့ဘုရားသခင်မှတပါး အဘယ်မည်သော ကျောက်ရှိသနည်း၊၊
၃၂ ထိုဘုရားသခင် သည် ငါ့ကို ခွန်အား ခါးပန်းနှင့်စည်း၍ ငါသွားရာ လမ်းကို ဖြောင့်စေတော်မူ၏၊၊
၃၃ ငါ့ခြေကို သမင်ခြေကဲ့သို့ လျင်မြန်စေတော်မူ၍ ငါ၏မြင့်ရာ အရပ်ပေါ်မှာ င့ါကိုတင်ထားတော်မူ၏၊၊
၃၄ ငါ့လက်ကိုစစ်မူ၌ လေ့ကျက်စေခြင်းငှါ သွန်သင်တော်မူ၍ ကြေးဝါ လေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင်၏၊၊
၃၅ ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍ လက်ျာလက်တော်အားဖြင့် မစတော်မူ၏၊၊ သည်းခံတော်မူခြင်းအားဖြင့် အကျွနုပ်သည် မြှောက်ခြင်းသို့ ရောက်ပါ၏၊၊
၃၆ အကျွန်ုပ်သွားသောလမ်းကို ရှင်းလင်း၍ ခြေမချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့်
၃၇ အကျွန်ုပ်သည် ရန်သူတို့ကို လိုက်၍မှီသဖြင့် သူတို့ကို မပယ်ရှင်းမှီတိုင် အောင် မပြန်ပါ၊၊
၃၈ သူတို့သည် အကျွန်ုပ်ခြေ အောက်မှာ လဲလျက်ရှိ၍ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နှင်းပါ၏။
၃၉ အကြောင်းမူကား စစ်တိုက်စေခြင်းငှါ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍ အကျွန်ုပ်တဘက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏၊၊
၄၀ အကျွန်ုပ်ကိုမုန်းသောရန်သူတို့၏လည်ပင်းကို အကျွန်ုပ်၌ အပ်၍ ဖျက်ဆီးရသော အခွင့်ကို ပေးတော်မူ၏၊၊
၄၁ သူတို့သည်အော်ဟစ်ကြသောအခါ ကယ်တင်သော သူမရှိ ထာဝရဘုရား ကိုအော်ဟစ်သော်လည်း ထူးတော်မမူ၊၊
၄၂ ထိုအခါ အကျွန်ုပ်သည်သူတို့ကို လေတိုက်သော မြေမှုန့် ကိုကဲ့သို့၊ ညက်ညက်ချေပြီးမှ၊ လမ်း၌အမှိုက်ကိုကဲ့သို့ သွန်ပစ်လေ၏။
၄၃ လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကိုကယ်လွှတ်၍ တပါးအမျိုးသားတို့၏ အကဲအမှူးအရာ၌ ခန့်ထားတော်မူသောအားဖြင့် အကျွန်ုပ်မသိဘူးသော လူစုသည်အကျွန်ုပ်ထံ၌ ကျွန်ခံပါ၏၊၊
၄၄ အကျွန်ုပ် စကားသံကို ကြားသည် ခဏခြင်းတွင်နားထောင်ပါ၏။ တပါးအမျိုးသားတို့သည် အကျွန်ုပ်ကိုတောင်းပန်ကြပါ၏။
၄၅ ညှိုးနွမ်းသည် ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန်လှုပ်လျက်ထွက်ကြပါ၏၊၊
၄၆ ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ်၍ငါ၏ကျောက်၌မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်၌ မြှောက်ခြင်းရှိပါစေသတည်း။
၄၇ ငါ့ဘက်၌တရားသဖြင့် စီရင်၍ လူစုတို့ကို ငါ့အောက်မှာ နိမ့်ချသောသူကား ဘုရားသခင်ပေတည်း။
၄၈ ရန်သူတို့ လက်မှငါ့ကို ကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တ ဘက်၌ ထသောသူတို့အပေါ်သို့ ကိုယ်တော်သည် အကျွန်ုပ်ကို မြေ‡ာက်တင်၍လုယူဖျက်ဆီးတတ်သော သူ၏လက် မှကယ်လွှတ်တော်မူ၏။
၄၉ ထိုကြောင့် အိုထာဝရဘုရား အကျွန်ုပ်သည်တပါးအမျိုးသားတို့တွင် ကျေးဇူးတော် ကိုချီးမွမ်း ၍ နာမတော်ကိုထောမနာ သီချင်းဆိုပါမည်။
၅၀ ဘုရားသခင်သည် မိမိခန့်ထားသော မင်းကြီးကိုအထူးသဖြင့် ကယ်လွှတ်တော်မူသည်။ ဘိသိက်တော်ကို ခံရသောဒါဝိဒ်မှစ၍ အမျိုးအနွယ်အား ကာလအစဉ်အဆက် ကရုဏာ ကျေးဇူးကိုပြုတော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၈ (Luke 8:15);
၁၅ ကောင်းသောမြေ၌ရှိသောသူကား၊ ဖြောင့်မတ်စင် ကြယ်သောစိတ်နှလုံးနှင့် တရားစကားကိုကြားလျှင်၊ စွဲလမ်းသောအားဖြင့် မြဲမြံစွာအသီးသီးသောသူကို ဆိုလိုသတည်း။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၆ (Mark 6:14-29);
၁၄ ထိုအခါ သိတင်းတော်ကျော်စောသည်ဖြစ်၍၊ ဟေရုဒ်မင်းကြီးသည် ကြားလျှင်၊ ဗတ္တိဇံ ဆရာယောဟန် သည် သေခြင်းမှထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကိုပြနိုင်သည်ဟုဆို၏။
၁၅ လူအချို့က၊ ဤသူသည် ဧလိယဖြစ်သည် ဆိုကြ၏။ အချို့က၊ ရှေးပရောဖက်ကဲ့သို့ ပရောဖက်ဖြစ်သည်ဟု ဆိုကြ၏။
၁၆ ဟေရုဒ်သည် ကြားလျှင်၊ ဤသူကား ငါ၏အမိန့်နှင့် လည်ပင်းကိုဖြတ်သောယောဟန်ဖြစ်၏။ သေခြင်းမှထမြောက်လေပြီဟု ဆိုလေ၏။
၁၇ အထက်ကဟေရုဒ်သည် မိမိညီဖိလိပ္ပု၏ ခင်ပွန်း ဟေရောဒိ ကိုသိမ်းယူသဖြင့်၊ ထိုမိန်းမအကြောင်း ကြောင့် စေလွှတ်၍ယောဟန်ကို ဘမ်းဆီးပြီးလျှင် ထောင်ထဲမှာချုပ်နှောင်လေ၏။
၁၈ အကြောင်းမူကား၊ ယောဟန်က အရှင်မင်းကြီးသည် ညီတော်၏ခင်ပွန်းကို မသိမ်းအပ်ဟု ဟေရုဒ်အားဆိုလေပြီ။
၁၉ ထိုကြောင့်၊ ဟေရောဒိ သည် ယောဟန်ကိုရန်ငြိုးဖွဲ့သဖြင့် သတ်ခြင်းငှါအလိုရှိ၏။
၂၀ သို့သော်လည်း ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသော သူဖြစ်ကြောင်းကို ဟေရုဒ်သည်သိ၍ သူ့ကိုကြောက်ရွံ့ရိုသေ၏။ သူ့ကိုလည်း စောင့်မ၏။ အမှုအရာများတို့၌ သူ၏စကားကိုနားထောင်၍ ဝမ်းမြောက်သောစိတ်နှင့်လည်း နားထောင်တတ်သည်ဖြစ် သောကြောင့် ထိုမိန်းမသည် အခွင့်မရနိုင်။
၂၁ ထိုနောက်မှ အဆင်သင့်သောအခါ ဟေရုဒ်ကိုဘွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ မှူးမတ်၊ စစ်သူကြီး၊ ဂါလိလဲပြည်၌ အကြီးအကဲဖြစ်သောသူတို့ကို ကျွေးတော်မူစဉ်တွင်၊
၂၂ ဟေရောဒိ ၏သမီးသည် ဝင်၍ကသဖြင့်၊ ဟေရုဒ်မှစ၍ အပေါင်းအဘော်တို့အား နူးညွတ်သောစိတ်ကိုဖြစ်စေ၏။ ထိုအခါမင်းကြီးက၊ သင်သည်အလိုရှိ သမျှကိုတောင်းလော့၊ ငါပေးမည်ဟု ထိုမိန်းမငယ်အားဆိုလေ၏။
၂၃ တဖန်လည်း၊ သင်တောင်းသမျှကို ငါ့နိုင်ငံတဝက်တိုင်အောင် ငါပေးမည်ဟု ကျိန်ဆိုလေ၏။
၂၄ ထိုမိန်းမငယ်သည် ထွက်၍အဘယ်အရာကို တောင်းရမည်နည်းဟု သူ၏အမိကိုမေးလျှင် အမိက၊ ဗတ္တိဇံ ဆရာယောဟန်၏ ဦးခေါင်းကိုတောင်းလော့ဟု ပြန်ဆိုသော်၊
၂၅ ချက်ခြင်းမိန်းမငယ်သည် မင်းကြီးထံသို့ အလျင်တဆောဝင်၍၊ ဗတ္တိဇံ ဆရာဟောဟန်၏ဦးခေါင်းကို ဤလင်ပန်း၌ အလျင်အမြန်ပေးတော်မူစေခြင်းငှါ ကျွန်မအလိုရှိပါသည်ဟု တောင်းလျှောက်၏။
၂၆ မင်းကြီးသည် အလွန်ဝမ်းနည်းခြင်းရှိသော်လည်း၊ ကျိန်ဆိုခြင်းကို၎င်း၊ အပေါင်းအဘော်တို့၏မျက်နှာကို၎င်း၊ ထောက်သော ကြောင့်၊ ထိုမိန်းမငယ်ကိုမငြင်းမပယ်လို၍၊
၂၇ ဦးခေါင်းကိုယူခဲ့ဟု အမိန့်တော်ရှိလျက် လူစောင့်တယောက်ကို ချက်ခြင်း စေလွှတ်လျှင်၊ လူစောင့်သည်သွား၍ ယောဟန်၏လည်ပင်းကိုထောင်ထဲမှာဖြတ်လေ၏။
၂၈ ဦးခေါင်းကို လင်ပန်း၌ ဆောင်ခဲ့၍ ထိုမိန်းမငယ်အားပေးပြီးမှ မိန်းမငယ်သည်လည်း သူ့အမိကိုပေးလေ၏။
၂၉ ယောဟန်၏ တပည့် တို့သည်လည်း ကြားသောအခါလာ၍ အလောင်းကိုဆောင်သွားပြီးလျှင် သင်္ချိုင်းတွင်း၌ထားကြ၏။