(Optional memorial of Our Lady of Lourdes.)
Lev 13:1-46; Ps 32:1-11; 1 Cor 10:31-11:1; Luke 7:16; Mark 1:40-45
ဝတ်ပြုရာကျမ်း အခန်းကြီး ၁၃(Lev 13:1-46);
၁ တဖန်ထာဝရဘုရားသည်၊ မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊
၂ လူသည် ကိုယ်အရေ၌ အဖူးဖြစ်စေ၊ ယားနာဖြစ်စေ၊ နူကွက်ဖြစ်စေ၊ နူသောလက္ခဏာပေါ်လျှင်၊ ထိုသူကို ယဇ်ပုရောဟိတ် အာရုန်ထံသို့ဖြစ်စေ၊ သူ၏သား ယဇ်ပုရောဟိတ်တစုံတယောက်ထံသို့ဖြစ်စေ ခေါ်ခဲ့ရမည်။
၃ ယဇ်ပုရော ဟိတ်သည်၊ ထိုသူ၏အရေ၌ပေါ်သောအနာကို ကြည့်ရှုသောအခါ၊ အနာ၌ရှိသော အမွေးသည် ဖြူလျှင်၎င်း၊ အနာသည် အရေအောက်၌ စွဲဟန်ရှိလျှင်၎င်း၊ နူနာမှန်၏။ ယဇ်ပုရောဟိတ်သည် ထိုသူကိုကြည့်ရှုပြီးမှ၊ မစင်ကြယ်ဟု စီရင်ရမည်။
၎ ကိုယ်အရေ၌ ရှိသောနူကွက်သည် ဖြူလျှင်၎င်း၊ အရေအောက်၌စွဲဟန်မရှိ၊ အမွေးမဖြူလျှင်၎င်း၊ ယဇ်ပုရောဟိတ်သည်၊ အနာရှိသောသူကို ခုနစ်ရက်ပတ်လုံးချုပ်ထားရမည်။
၅ သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ အနာသည် အရှေ့ ၌မတိုးမလျော့နေလျှင်၊ တဖန်ခုနစ်ရက် ပတ်လုံး ချုပ်ထားရမည်။
၆ တဖန်သတ္တမနေ့၌ကြည့်ရှု၍အနာသည် အရေ၌မတိုးပွါး၊ ခပ်မည်းမည်းဖြစ်လျှင်၊ ထိုသူသည်စင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ ယားနာသက်သက်ဖြစ်၏။ မိမိအဝတ်ကို လျှော်၍စင်ကြယ်ရ၏။
၇ စင်ကြယ်စေခြင်းငှါ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြီးမှ၊ နောက်တဖန်ယားနာ တိုးပွါးပြန်လျှင်၊ ယဇ်ပုရောဟိတ်ကြည့်ရှုပြန်၍၊
၈ ယားနာတိုးပွါးသည်ကို မြင်သောအခါ၊ ထိုသူသည်မစင်ကြယ် ဟု စီရင်ရမည်။ နူနာဖြစ်၏။၉ နူနာစွဲသောသူကို ယဇ်ပုရောဟိတ်ထံသို့ခေါ်ခဲ့ရမည်။
၁၀ ယဇ်ပုရောဟိတ်ကြည့်ရှု၍၊ အရေ၌ထသော အဖူး နှင့်တကွ အမွေးသည်ဖြူလျှင်၎င်း၊ အဖူး၌အသားစိုရှိလျှင်၎င်း၊
၁၁ ကိုယ်အရေ၌ဟောင်းသော နူနာဖြစ်၏။ ထိုသူသည်မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်၍ ချုပ်ထားသဖြင့်၊ သူသည်မစင်ကြယ် ဘဲနေရမည်။
၁၂ နူနာသည် အရေ၌တိုးပွါး၍ အနာစွဲသောသူ တကိုယ်လုံး၊ ခေါင်းထိပ်မှ သည်းခြေဘဝါးတိုင်အောင်၊ ယဇ်ပုရောဟိတ်ကြည့်ရှုလေရာရာ၌ နူနာနှံ့ပြားလျှင်၊
၁၃ ထိုသို့တကိုယ်လုံး အနာနှံ့ပြားသောသူသည် စင်ကြယ်၏ ဟုယဇ်ပုရောဟိတ်ဆင်ခြင်၍ စီရင်ရမည်။ တကိုယ်လုံ့းဖြူသည်ဖြစ်၍ စင်ကြယ်၏။
၁၄ သို့မဟုတ် အသားစို ပေါ်လျှင်မစင်ကြယ်။
၁၅ ယဇ်ပုရောဟိတ်သည် အသားစိုကိုကြည့်ရှု၍ ထိုသူသည်မစင်ကြယ် ဟုစီရင်ရမည်။ အသားစိုသည် မစင်ကြယ်။ နူနာအမှန်ဖြစ်၏။
၁၆ အသားစိုသည်ခြားနား၍ ဖြူပြန်လျှင်၊ ယဇ်ပုရောဟိတ် ထံသို့ တဖန်လာရမည်။
၁၇ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ အနာဖြူပြန်သည်ကို မြင်လျှင်၊ ထိုအနာရှိသောသူ စင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရသဖြင့်သူသည် စင်ကြယ်၏။
၁၈ ကိုယ်အရေ၌ အနာစိမ်းဖြစ်၍ ပျောက်ပြီးမှ၊
၁၉ အနာရွတ်၌ ဖြူသောအဖူးဖြစ်စေ၊ ဖြူနီသော အနူကွက်ဖြစ်စေ၊ ပေါ်လာသည်ကိုယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊
၂၀ အရေအောက်၌ စွဲဟန်ရှိ၍ အမွေးဖြူလျှင်၊ ထိုသူသည်မစင်ကြယ် ဟုယဇ်ပုရောဟိတ်စီရင်ရမည်။ အနာစိမ်းထဲကထွက်သေ နူနာဖြစ်၏။
၂၁ ယဇ်ပုရောဟိတ်သည် ကြည့်ရှုသော အခါ၊ ဖြူသောအမွေးမရှိ၊ အရေအောက်၌ မစွဲ၊ ခပ်မည်းမည်းဖြစ်လျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက်ပတ်လုံးချုပ်ထားရမည်။
၂၂ အရေ၌တိုးပွါးလျှင်၊ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ နူနာဖြစ်၏။
၂၃ သို့မဟုတ်နူကွက်မရွေ့၊ မတိုးပွါးလျှင် အနာစိမ်း ရွတ်ဖြစ်၏။ ထိုသူစင်ကြယ်၏ဟု စီရင်ရမည်။
၂၄ အရေအသား၌မီးလောင်နာရှိ၍၊ မီးလောင်နာအသားစို၌ ဖြူနီသောနူကွက်ရှိလျှင်၊
၂၅ ယဇ်ပုရော ဟိတ်သည် ကြည့်ရှုရမည်။ နူကွက်အမွေးဖြူ၍ အရေအောက်၌စွဲဟန်ရှိလျှင်၊ မီးလောင်နာထဲကထွက်သော နူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ နူနာမှန်၏။
၂၆ ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ နူကွက်၌ဖြူသော အမွေးမရှိ၊ အရေအောက်၌မစွဲ၊ ခပ်မည်းမည်းဖြစ်လျှင်၊ ယဇ်ပုရောဟိတ်သည်ထိုသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
၂၇ သတ္တမနေ့၌ ယဇ်ပုရောဟိတ် ကြည့်ရှု၍ နူကွက်သည် အရေ၌တိုးပွါးလျှင်၊ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာဖြစ်၏။
၂၈ သို့မဟုတ်နူကွက်မရွေ့ အရေ၌မတိုးပွါး ခပ်မည်းမည်းဖြစ်လျှင်၊ မီးလောင်နာအဖူးဖြစ်၏။ ထိုသူသည် စင်ကြယ်၏ဟုယဇ်ပုရောဟိတ်စီရင်ရမည်။ မီးလောင်သောအနာရွတ်သက်သက်ဖြစ်၏။
၂၉ ယောက်ျားမိန်းမသည်လည်း၊ ခေါင်း၌ဖြစ်စေ၊ မေး၌ဖြစ်စေ၊ အနာပေါက်၍၊
၃၀ ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ အရေအောက်၌ စွဲဟန်နှင့်တကွ အမွေးဝါဝါပါးပါးရှိလျှင်၊ ထိုသူမစင်ကြယ်ဟု ယဇ်ပုရော ဟိတ်စီရင် ရမည်။ ခေါင်း၌ဖြစ်စေ၊ မေး၌ဖြစ်စေ၊ ဗောက်နူနာဖြစ်၏။
၃၁ ထိုအနာကို ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ အရေအောက်၌စွဲဟန်မရှိ၊ နက်သောအမွေးလည်းမရှိလျှင်၊ ထိုအနာပေါက်သောသူကို၊ ယဇ်ပုရောဟိတ်သည် ခုနစ်ရက်ပတ်လုံးချုပ်ထားရမည်။
၃၂ သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍ အနာမတိုးပွါး၊ ပါးအမွေးမရှိ။ အရေအောက်၌စွဲဟန်လည်း မရှိလျှင်၊
၃၃ ထိုသူ၏အမွေးကို ရိတ်ရမည်။ အနာအမွေးကိုကားမရိတ်ရ။ တဖန်ခုနစ်ရက် ပတ်လုံးချုပ်ထားရမည်။
၃၄ သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍ အရေ၌အနာမတိုးပွါး၊ အရေအောက်၌ မစွဲလျှင်၊ ထိုသူသည် စင်ကြယ်၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ မိမိအဝတ်ကိုလျှော်၍ စင်ကြယ်ရ၏။
၃၅ စင်ကြယ်စေ ပြီးမှ၊ နောက်တဖန်ဗောက်နူနာတိုးပွါးလျှင်၊
၃၆ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြန်၍ အနာတိုးပွါးသည်မှန်လျှင်၊ ယဇ်ပု ရောဟိတ်သည် ဝါသောအမွေးကို မရှာရ။ ထိုသူသည်မစင်ကြယ်။
၃၇ သို့မဟုတ် ဗောက်နူနာသည် ရပ်နေဟန်ရှိ၍ နက်သောအမွှေးပေါက်လျှင်၊ အနာပျောက်၍ ထိုသူသည်စင်ကြယ်သောကြောင့်၊ ယဇ်ပုရောဟိတ်က၊ ထိုသူသည် စင်ကြယ်၏ဟု စီရင်ရမည်။
၃၈ ယောက်ျားမိန်းမသည်လည်း ထိုအရေ၌ဖြူသောနူကွက်ရှိ၍၊
၃၉ ယဇ်ပုရောဟိတ်သည် ကြည့်ရှုသော အခါ မွဲသောအဆင်းရှိလျှင်၊ အရေ၌ပေါက်သော ညှင်းဖြစ်၏။ ထိုသူသည်စင်ကြယ်၏။
၄၀ ဆံပင်ကျွတ်သော သူသည်၊ ခေါင်းပြောင်သော်လည်း စင်ကြယ်၏။
၄၁ နဖူးဆံပင်ကျွတ်သောသူသည်၊ နဖူးပြောင်သော်လည်း စင်ကြယ်၏။
၄၂ ပြောင်သောခေါင်း၌ဖြစ်စေ၊ ပြောင်သောနဖူး၌ဖြစ်စေ၊ ဖြူနီသော အနာပေါက်လျှင်၊ ထိုပြောင်ရာ၌ပေါက်သော နူနာဖြစ်၏။
၄၃ ထိုအခါ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ ကိုယ်အရေ၌ နူနာထင်သကဲ့သို့၊ ပြောင်ရာ၌ပေါက်သော အနာ၏ အဖူးဖြူနီလျှင်၊
၄၄ ထိုသူသည် မစင်ကြယ်။ လူနူဖြစ်၏။ ခေါင်း၌အနာပေါက်သောကြောင့်၊ အလျှင်းမစင်ကြယ် ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။
၄၅ နူနာစွဲသောသူသည် စုတ်သောအဝတ်ကို ဝတ်ရမည်။ ခေါင်းကိုမဖုံး၊ အထက်နှုတ်ခမ်း ကိုဖုံးလျက်၊ မစင်ကြယ်၊ မစင်ကြယ်ဟု ဟစ်ကြော်ရမည်။
၄၆ ထိုအနာစွဲသည်ကာလပတ်လုံး၊ သူသည်ညစ်ညူး၏။ မစင်ကြယ်သည်ဖြစ်၍ တယောက် တည်းနေရမည်။ သူ့နေရာသည် တပ်ပြင်မှာရှိရမည်။
ဆာလံကျမ်း အခန်းကြီး ၃၂(Ps 32:1-11);
၁ အပြစ်မှလွှတ်ခြင်း ဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းသို့ ရောက်သောသူသည်မင်္ဂလာရှိ၏၊၊
၂ ထာဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ်၍လှည့်စားတတ်သော စိတ်သဘောထားနှင့် ကင်းစင်သောသူသည် မဂ်လာရှိ၏၊၊
၃ ငါသည်အပြစ်ကို မဘော်မပြဘဲ နေစဉ်အခါတနေ့လုံး ညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ ခြင်းသို့ရောက်ရ၏၊၊
၎ နေ့ညဥ့်မပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်ပေါ်မှာလေး၍ အကျွန်ုပ်၏ချွေးသည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏၊၊
၅ တဖန်အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏၊၊ ပြုမိသောဒုစရိုက်ကို ဝှက်၍မထားပါ၊၊ ငါလွန်ကျုးသောအရာကို ထာဝရဘုရားအား ဘော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ ကိုယ် တော်သည်အကျွန်ုပ်ပြစ်မှားခြင်း အပြစ်ကိုလွှတ်တော် မူ၏၊၊
၆ ထို့ကြောင့်ကိုယ်တော်ကို တွေ့သင့်သောအချိန်ကာလ၌ သန့်ရှင်းသူအပေါင်းတို့သည်ရှေ့တော်၌ တောင်းလျှောက် ကြပါလိမ့်မည်၊၊ အကယ်စင်စစ် လွှမ်းမိုးတတ်သော ရေကြီးသည် သူတို့ထံသို့မချဉ်းရပါ၊၊
၇ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏၊၊ အကျွန်ုပ်ကို ဘေးလွတ်စေ ခြင်းငှါ ကွယ်ကာစောင့်မ တော်မူ၏၊၊ ကယ်လွှတ်ကြောင်းကို ဆိုသောသီချင်းနှင့် အကျွန်ုပ်ကို ခြံရံစေတော်မူ၏၊၊
၈ သင့်ကိုငါသွန်သင်မည်၊၊ သင်သွားရမည် လမ်းကိုပြတော်မူမည်၊၊ သင့်ကိုကြည့်ရှု့ ပြုစုမည်၊၊ ဥာဏ်ပညာမဲ့သော မြင်းလားကဲ့သို့ မဖြစ်နှင့်၊၊
၉ သူသည်သင့်ထံသို့ မချဉ်းကပ်သောကြောင့် ပစပ်ကိုဇက်ခွံ၍ ဇက်ကြိုးနှင့်ဆွဲရမည်၊၊
၁၀ မတရားသောသူသည် ဒုက္ခများစွာကိုခံရမည်၊၊ ထာဝရဘုရား၌ ကိုးစားသော သူသည်ကား ကရုဏာတော်သည် ဝန်းရံတတ်၏၊၊
၁၁ ဖြောင်မတ်သောသူတို့ ထာဝရဘုရား၌ ဝမ်းမြောက်ရွှင်လန်းကြလော့၊၊ သဘောဖြောင်သောသူတို့ ရွှင်လန်းစွာ သီချင်းဆိုကြလော့၊၊
ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁၀ (1 Cor 10:31-11:1);
၃၁ သင်တို့သည် စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကိုပြုသော်၎င်း၊ ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်း သောအမှုကိုစ္စကို ပြုကြလော့။
၃၂ လူများတို့သည် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှါ၊ ငါသည် ကိုယ်အကျိုးကို မရှာဘဲ သူ့အကျိုးကိုရှာ၍၊
၃၃ ခပ်သိမ်းသောလူတို့၏ အလိုသို့အရာရာ၌ လိုက်သည်နည်းတူ၊ သင်တို့လည်း ယုဒလူ၊ ဟေလသလူ၊ ဘုရားသခင်၏အသင်းတော်ဝင်သူတို့၌ ထိမိ၍ လဲစရာအကြောင်းကိုမပြုဘဲ၊
၁ ငါသည် ခရစ်တော်၏နည်းတူ ကျင့်သကဲ့သို့ သင်တို့လည်းငါ့နည်းတူ ကျင့်ကြလော့။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၇ (Luke 7:16);
၁၆ လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်း သို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှုကြွလာတော်မူပြီဟူ၍ ဘုရားသခင်၏ဂုဏ်တော် ကို ချီးမွမ်းကြ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁ (Mark 1:40-45);
၄၀ နူနာစွဲသောသူတယောက်သည် အထံတော်သို့လာ၍ ဒူးထောက်လျက်၊ ကိုယ်တော်အလိုရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည် ဟု တောင်းပန်လေ၏။
၄၁ ယေရှုသည် သနားသောစိတ်ရှိသဖြင့် လက်တော် ကိုဆန့်၍ ထိုသူကို တို့လျက်၊ ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေဟု မိန့်တော်မူ၏။
၄၂ ထိုသို့မိန့်တော်မူသည် ခဏခြင်းတွင် နူနာပျောက်၍သန့်ရှင်းခြင်းသို့ ရောက်လေ၏။
၄၃ ယေရှုကလည်း၊ သင်သတိပြု။ အဘယ်သူအား စကားတခွန်းကိုမျှမပြောနှင့်။ ယဇ်ပရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတပါး၌ သက်သေဖြစ်စေခြင်းငှါ သန့်ရှင်းခြင်းသို့ရောက်သည်အတွက်၊ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ ဟု မြစ်တား၍ ချက်ခြင်းလွှတ်လိုက်တော်မူ၏။
၄၄ ထိုသူသည် ထွက်သွား၍ စကားများသောအားဖြင့် ထိုအကြောင်းကို အနှံ့အပြား ကျော်စောစေ၏။ ထိုကြောင့် ကိုယ်တော်သည် နောက်တဖန်မြို့ထဲသို့ ထင်ရှားစွာ မဝင်ရဘဲ၊ မြို့ပြင်တောအရပ်၌သာ နေတော်မူ၍ အရပ်ရပ်တို့မှ အထံတော်သို့ရောက်လာကြ၏။