Thursday, 8 February 2018

08-FEB-2018 (READING -ORD5-YB-C2)

Thu the 8th:     Optional memorial of Jerome Emiliani.
Optional memorial of Josephine Bakhita, virgin.
1 Kgs 11:4-13; Ps 106:3-40; James 1:21; Mark 7:24-30

ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၁၁ (1 Kgs 11:4-13);

၎ ရှောလမုန်သည် အသက်ကြီးသောအခါ၊ မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတပါးသော ဘုရားနောက်သို့လွဲစေသဖြင့်၊ ခမည်းတော်ဒါဝိဒ်၏ စိတ်နှလုံးကဲ့သို့မိမိဘုရားသခင်ထာဝရဘုရားရှေ့ တော်၌ စုံလင်ခြင်းမရှိ။
၅ ဇိဒုန်နတ်သမီးအာရှတရက်၊ ရွံရှာဘွယ်သော အမ္မုန်ဘုရားမိလကုံ နောက်သို့ လိုက်၍၊
၆ ခမည်း တော်ဒါဝိဒ်ကဲ့သို့ထာဝရဘုရား၌ လုံးလုံးမဆည်းကပ်၊ ရှေ့တော်၌ဒုစရိုက်ကိုပြုလေ၏။
၇ ထိုအခါ ရှောလမုန်သည်ရွံ ရှာဘွယ်သော မောဘဘုရားခေမုရှနှင့် ရွံရှာဘွယ်သော အမ္မုန်ဘုရား မောလုတ်အဘို့၊ ယေရုရှလင်မြို့ရှေ့တော်၌ရှိ သောတောင်ပေါ်တွင်ကုန်းတို့ကိုတည်လေ၏။
၈ မိမိတို့ဘုရားအားနံ့သာပေါင်းကို မီးရှို၍၊ ယဇ်ပူဇော်သော တပါးအမျိုး သားခင်ပွန်းအပေါင်းတို့အဘို့ထိုသို့ပြု၏။
၉-၁၀ အခြားတပါးသော ဘုရားနောက်သို့မလိုက်ရမည်အကြောင်း ပညတ်တော်မူသောဘုရား၊ နှစ်ကြိမ် ထင်ရှားတော်မူသော ဣသရေလ အမျိုး၏ဘုရားသခင်ထာဝရဘုရားထံတော်မှ၊ ရှောလမုန်သည် စိတ်နှလုံးလွှဲသွား၍၊ မှာထားတော်မူ သောစကားကို နားမထောင်သောကြောင့်၊ ထာဝရဘုရား အမျက်ထွက်တော်မူလျက်၊  ၁၁ သင်သည် ဤသို့ပြု၍ငါဖွဲ့သော ပဋိညာဉ်နှင့်ငါမှာထားသော တရားကို မစောင့်ဘဲနေသောကြောင့်၊ နိုင်ငံတော်ကိုသင့်လက်မှ ငါဆက်ဆက်နှုတ် ၍ သင့်ကျွန်အားပေးမည်။
၁၂ သို့ရာတွင်သင့်အဘဒါဝိဒ်၏မျက်နှာကိုထောက်၍၊ သင့်လက်ထက်၌ငါသည်းခံဦးမည်။  သင်၏သားလက်မှ နိုင်ငံတော်ကိုနှုတ်မည်။
၁၃ သို့သော်လည်းတနိုင်ငံလုံးကိုမနှုတ်။ ငါ့ကျွန်ဒါဝိဒ်နှင့်ငါရွေးကောက်သော ယေရုရှလင်မြို့ကို ထောက်၍ သင့်သားအားခရိုင်တခရိုင်ကို ငါပေးမည်ဟု ရှောလမုန်အားမိန့်တော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၁၀၆ (Ps 106:3-40);

၃ ခပ်သိမ်းသော အခါတို့၌ တရားကိုစောင့်ရှောက်၍၊ ဖြောင့်မတ်စွာကျင့်သော  သူတို့သည် မင်္ဂလာရှိကြ၏။
၎-၅ အိုထာဝရဘုရား၊ အကျွန်ုပ်သည်ရွေးကောက်တော်မူသော သူတို့၏ ကောင်းကျိုးကို မြင်စေခြင်းငှာ၎င်း၊ ကိုယ်တော်၏ လူမျိုးဝမ်းမြောက်ခြင်း၌ ဝမ်းမြောက်၍၊ ကိုယ်တော်၏ အမွေဖြစ်သော သူတို့နှင့် အတူဝါကြွား ရွှင်လန်းစေခြင်းငှာ၎င်း၊ ကိုယ်တော်၏ လူတို့ခံရသော စေတနာတော်နှင့်တကွ ၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်ကို အကြည့်အရှု ကြွလာ၍ ကယ်တင်တော်မူပါ။
၆ အကျွန်ုပ်တို့သည် ဘိုးဘေးတို့နှင့်အတူ ပြစ်မှားကြပါပြီ။ ဒုစရိုက်ကို ပြုကြပါပြီ။ မတရား သောအမှုကို ပြုကြပါပြီ။
၇ အဲဂုတ္တုပြည်၌ ပြုတော်မူသော အံ့သြဘွယ် တို့ကို ဘိုးဘေးတို့သည် နားမလည်ကြ။ များစွာ သော ဂရုဏာတော်တို့ကို မအောက်မေ့ကြ။ပင်လယ်နား၊ ဧဒုံပင်လယ်နား မှာ ပုန်ကန်ကြပါ၏။
၈ သို့သော်လည်း၊ မဟာ တန်ခိုးတော်ကို ထင်ရှားစေခြင်းငှါ နာမတော်သည် အကြောင်းကြောင့် သူတို့ကို ကယ်တင်တော်မူ၏။
၉ ဧဒုံ ပင်လယ်ကိုဆုံး မတော်မူ၍၊ ပင်လယ်ရေသည် ခန်းခြောက်လေ၏။ တော၌ ပို့ဆောင်သကဲ့သို့ နက်နဲရာ အရပ်၌ သူတို့ကို ပို့ဆောင်တော် မူ၏။
၁၀ မုန်းသောသူ၏ လက်မှ သူတို့ကို ကယ်တင်၍၊ ရန်သူ၏ လက်မှ ရွေးနှုတ်တော်မူ၏။
၁၁ ရန်သူတစ်စုံ တစ်ယောက်ကိုမျှ မကျန်ရစ်စေခြင်းငှာ၊ ရေသည်လွှမ်းမိုးလေ၏။
၁၂ ထိုအခါ စကားတော်ကို ယုံ၍ဂုဏ်ကျေးဇူတော်ကို သီချင်းဆိုကြ၏။
၁၃ သို့သော်လည်း၊ အမှုတော်ကို အလျင်အမြန် မေ့လျော့သည်ဖြစ်၍ ၊ အကြံအစည်တော်ကို မဆိုင်းမလင့်ဘဲ၊
၁၄ တော၌ အလွန်တပ်မက်၍၊ လူဆိတ်ညံရာအရပ်၌ ဘုရားသခင်ကို စုံစမ်းကြ၏။
၁၅ သူတို့တောင်းသောဆုကို ပေးတော်မူ၏။သို့သော် လည်း၊ သူတို့၌ ပိန်ကြုံခြင်းကို သွင်းပေးတော်မူ၏။
၁၆ ထိုသူတို့သည်လည်း၊ တပ်ထဲမှာ မောရှေကို၎င်း၊ ထာဝရဘုရား၏ သန့်ရှင်းသူ အာရုန်ကို၎င်း ငြူစူကြ၏။
၁၇ မြေကြီးသည်  ကွဲလျက်၊ ဒါသန်ကိုမျို၍၊ အဘိရံ၏ အသင်းအဝင်ကို ဖုံးအုပ်လေ၏။
၁၈ သူတို့အသင်းအဝင်ထဲမှာမီးရှို့၍၊ မတရားသောသူတို့ကို လောင်လေ၏။
၁၉ သူတို့သည်ဟောရပ်တောင်နား မှာ နွားသငယ်ကိုလုပ်၍ အရည်သွင်းသော ရုပ်တုကို ပြပ်ဝပ်ကိုးကွယ်ကြ၏။
၂၀ သူတို့၏ ဘုန်းကိုလဲ၍ မြက်ကိုစားသော နွား၏ပုံသဏ္ဍာန်ကို ယူကြ၏။
၂၁-၂၂ အဲဂုတ္တု  ပြည်၌  ကြီးသောအမှုတို့ကို၎င်း၊ ဟာမအမျိုးနေရာပြည်၌ အံဘွယ်သောအမှုတို့ကို၎င်း၊ ဧဒုံပင်လယ်နားမှာ ကြောက်မက်ဘွယ်သော အမှုတို့ကို၎င်း၊ ပြု၍၊ ကယ်တင်တော်မူသော အရှင်ဘုရားသခင်ကို မေ့လျော့ကြ၏။
၂၃ ထိုအခါ ရွေးကောက်တော်မူသော မောရှေ့သည်  အမျက်တော်ကိုလွှဲ၍ ထိုသူတို့ကို ဖျက်ဆီးတော်မမူစေခြင်းငှာ၊ ဖျက်ဆီးရာ အရပ်၊ ရှေ့တော်၌ မရပ်လျှင်၊ သူတို့ကိုဖျက်ဆီး မည်ဟုအကြံရှိတော်မူ၏။
၂၄ ထိုသူတို့သည်လည်း စကားတော်ကိုမယုံ၊ သာယာသောပြည်ကို မထီမဲ့မြင်ပြုကြ၏။
၂၅ မိမိတို့တဲများ၌ ဆန့်ကျင်ဘက်ပြု၍  ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို  နားမထောင်ဘဲ နေကြ၏။
၂၆ ထို့ကြောင့်သူတို့ကို တော၌ လှဲခြင်းငှာ၎င်း၊
၂၇ သူတို့အမျိုးအနွယ်ကို တပါးအမျိုးသားတို့တွင် လှဲ၍၊ အပြည်ပြည်အရပ်ရပ်သို့ ကွဲပြားစေခြင်း ငှာ၎င်း၊ သူတို့တဘက်၌ ကျိန်ဆိုတော်မူ၏။
၂၈ ထိုသူတို့သည် ဗာလပေဂုရဘုရား၌ မှီဝဲ၍ လူသေရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားကြ၏။
၂၉ ထိုသို့ မိမိတို့အများအားဖြင့် အမျက်တော်ကို နှိုးဆော်၍၊ ကာလနာသည်သူတို့ကို လုယက်လေ၏။
၃၀ ထိုအခါ ဖိနဟတ်သည် ထ၍ တရားစီရင် သဖြင့်၊ ကာလနာသည်ငြိမ်းလေ၏။
၃၁ ထိုအမှုကို သူ၏ဖြောင့်မတ်ခြင်းကဲ့သို့ လူမျိုးအဆက်ဆက် တည်သော ကာလအစဉ်မပြတ် မှတ်ရသတည်း။
၃၂ တဖန်မေရိဘရေအနားမှာ အမျက်တော်ကို နှိုးဆော်ကြသဖြင့်၊ သူတို့အတွက်ကြောင့် မောရှေ့၌ အမင်္ဂလာဖြစ်လေ၏။
၃၃ သူ၏ စိတ်ကို ချုပ်ချယ်နှောင့်ယှက်ကြသဖြင့်၊ သူသည်အမှတ်တမဲ့ မြွက်ဆို၏။
၃၄ ထာဝရဘုရား မိန့်တော်မူသည်အတိုင်းမပြု။ တပါးအမျိုးသားတို့ကို မဖျက်ဆီးဘဲ နေကြ၏။
၃၅ သူတို့နှင့် ရောနှော၍ သူတို့၏ ဘာသာ ဓလေ့ကို သင်ကြ၏။
၃၆ သူတို့၏ရုပ်တုများကိုဝတ်ပြု၍ ကျော့ကွင်း ၌ ကျော့မိကြ၏။
၃၇ ကိုယ့်သားသမီးတို့ကို နတ်ဆိုးတို့အား  ယဇ်ပူဇော်ကြ၏။
၃၈ ထို့အပြင် အပြစ်မရှိသော သူတို့၏အ သွေး၊ ခါနာန်ရုပ်တု တို့ရှေ့မှာယဇ်ပူဇော်သော ကိုယ်သား သမီးတို့အသွေးကို သွန်ကြ၍ ထိုမြေသည်အသွေးနှင့် ညစ်ညူးလေ၏။
၃၉ သူတို့သည် ကိုယ်အကျင့်အားဖြင့် ကိုယ်ကို ညစ်ညူးစေ၍ ကိုယ်အမှုတို့တွင် မှားယွင်းကြ၏။
၄၀ ထို့ကြောင့်ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်၍၊ မိမိအမွေတော်ကို ရွံ့ရှာတော်မူ၏။

ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၁ (James 1:21);
၂၁ ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညှုးခြင်း၊ မနာလိုသောစိတ်လွန်ကျူး ခြင်းကို ပယ်ရှား၍၊ သင်တို့စိတ်ဝိညာဉ် ကိုကယ်တင်နိုင်သော၊ အထဲ၌စိုက်ပျိုးသော နှုတ်ကပတ်တရားကို နူးညံ့သိမ်မွေ့သောစိတ်နှင့် ခံယူကြလော့။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၇ (Mark 7:24-30);

၂၄ ကိုယ်တော်သည် ထိုအရပ်မှထ၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ကြွတော်မူပြီးလျှင် အိမ်သို့ ဝင်၍ အဘယ်သူမျှမသိစေခြင်းငှါ အလိုတော်ရှိသော်လည်း ပုန်းရှောင်၍နေတော်မမူနိုင်။
၂၅ အကြောင်းမူကား၊ ညစ်ညူးသောနတ်စွဲသောမိန်းမငယ်၏ အမိသည် သိတင်းတော်ကိုကြားသဖြင့်၊ လာ၍ခြေရင်းတော်၌ ပြပ်ဝပ်လျက်၊
၂၆ မိမိသမီးထဲက နတ်ဆိုးကို နှင်ထုတ်တော်မူမည်အကြောင်း တောင်းပန်လေ၏။ ထိုမိန်းမကား၊ ဟေလသအမျိုး၊ ရှုရိဖိနိတ် ပြည်သူဖြစ်သတည်း။
၂၇ ယေရှုကလည်း၊ ရှေ့ဦးစွာသားများကိုဝစွာ ကျွေးပါရစေ။ သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်ဟု မိန့်တော်မူ၏။
၂၈ မိန်းမကလည်း မှန်ပါ၏သခင်။ ခွေးမည်သည်ကား၊ သားတို့၏ စားနုပ်စားပေါက်ကို စားပွဲအောက်၌ စားမြဲထုံးစံရှိပါသည်ဟု ပြန်၍လျှောက်လျှင်၊
၂၉ ကိုယ်တော်က၊ ထိုစကားကြောင့် သင်သွားလော့။ နတ်ဆိုးသည် သင်၏သမီးထဲမှ ထွက်သွားပြီဟု မိန့်တော်မူ၏။
၃၀ ထိုမိန်းမသည် မိမိအိမ်သို့ပြန်၍ နတ်ဆိုးထွက်သွားသည်ကို၎င်း၊ သမီးသည်အိပ်ယာ၌အိပ်လျက်ရှိသည်ကို၎င်း တွေ့၏။