Wednesday, 28 February 2018

28-FEB-2018 (READING -LENT2-YB-C2)

Wed the 28th: Jer 18:18-20; Ps 31:5-16; Matt 20:17-28

ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၁၈ (Jer 18:18-20);

၁၈ သူတို့ကလည်း လာကြ။ ယေရမိတဘက်၌ ကြံစည်ကြကုန်အံ့။ ယဇ်ပုရောဟိတ်သည် တရားအမှု၌၎င်း၊ ပညာရှိသောသူသည် အကြံပေးခြင်းအမှု၌၎င်း၊ ပရောဖက်သည် ဟောပြောခြင်းအမှု၌၎င်း အရှုံးမခံကြ။ လာကြ။ ယေရမိကို လျှာနှင့်ရိုက်ကြကုန်အံ့။ သူ၏စကားကိုနားမထောင်ဘဲ နေကြကုန်အံ့ဟု ဆိုကြ၏။
၁၉ အိုထာဝရဘုရား၊ အကျွန်ုပ်ကို ကြည့်ရှုတော်မူပါ။ အကျွန်ုပ်နှင့် ရန်တွေ့သောသူတို့၏ စကားကို မှတ်တော်မူပါ။
၂၀ ကျေးဇူးပြုသောအတွက် အပြစ်ပေးသင့်ပါမည်လော။ သူတို့သည် အကျွန်ုပ်အသက်ဘို့ တွင်းကို တူးကြပါပြီ။ အကျွန်ုပ်သည် သူတို့အကျိုးအလိုငှါ လျှောက်၍၊ သူတို့မှ အမျက်တော်ကို လွှဲခြင်းငှါ၊ ရှေ့တော်၌ ရပ်နေကြောင်းကို အောက်မေ့တော်မူပါ။

ဆာလံကျမ်း အခန်းကြီး ၃၁ (Ps 31:5-16);

၅ သစ္စာစောင့်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနှုတ်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်၏ ဝိညာဉ်ကို ကိုယ်တော်လက်၌ အပ်ပါ၏၊၊
၆ မုသာအနတ္တကို ဆည်းကပ်သော သူတို့ကို အကျွန်ုပ်သည် မုန်း၍ ထာဝရဘုရားကို ခိုလှုံပါ၏၊၊
၇ ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်း ခြင်းရှိပါလိမ့်မည်၊၊ ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှု၍ အကျွန်ုပ်၏ဝိညာဉ်တွေ့သော အမှုကို သိမှတ်တော်မူ၏၊၊
၈ အကျွန်ုပ်ကို ရန်သူလက်သို့ မအပ်ဘဲ ကျယ်ဝန်းသော အရပ်၌ နေရာချတော်မူ၏၊၊
၉ အိုထာဝရဘုရား အကျွန်ုပ်၌ အမှုရောက်ပါပြီ၊၊ ထိုကြောင့် အကျွန်ုပ်ကို သနားတော်မူပါ၊၊ ပူပန်ခြင်းအားဖြင့် အကျွန်ုပ်မျက်စိ၊ စိတ်နှလုံး၊ ဝမ်းတို့သည် ပျက်ကြပါပြီ၊၊
၁၀ အကျွန်ုပ်သည် ပူပန်ခြင်းရှိ၍ အသက်ကာလကို လွန်စေရပါ၏၊ နှစ်စဉ်အတိုင်း ညည်းတွားလျက် နေရပါ၏၊ ကိုယ့်အပြစ်ကြောင့် အကျွန်ုပ်အားလျော့၍ ရန်သူများသောကြောင့် အရိုး တို့သည် ဆွေးမြေ့ကြပါ၏၊၊
၁၁ အိမ်နီးချင်း တို့သည် အကျွန်ုပ်ကိုအထူးသဖြင့် ကဲ့ရဲ့ကြပါ၏၊၊ အကျွမ်းဝင်သော သူများတို့သည်လည်း ရွံ့ကြပါ၏။ အိမ်ပြင်မှာ အကျွန်ုပ်ကို တွေ့မြင်သောသူတို့သည် ရှောင်၍ ပြေးကြပါ၏၊၊
၁၂ မ အောက်မေ့သော အသေကောင်ကဲ့သို့ အကျွန်ုပ်ကို မေ့လျော့ကြပါ၏၊၊ အိုးခြမ်းကဲ့သို့ အကျွန်ုပ်ဖြစ်ပါ၏၊၊
၁၃ လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရပါ၏၊၊ ပတ်ဝန်းကျင်အရပ်တို့ ၌ ကြောက်မက်ဘွယ်သော အကြောင်းရှိပါ၏။ လူများ တို့သည် အချင်းချင်း သင်းဖွဲ့လျက် အကျွန်ုပ်အသက်ကို သတ်မည်အကြောင်း ကြံစည်ကြပါ၏၊၊
၁၄ သို့သော်လည်း ထာဝရဘုရား ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏၊၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရား သခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ်လျှောက်ဆိုပါ၏၊၊
၁၅ အကျွန်ုပ်၌ဖြစ်လေသမျှသော အမှုအရာတို့ကို ကိုယ်တော်စီရင် ပိုင်တော်မူ၏၊၊ ရန်သူတို့နှင့် ညှင်းဆဲတတ်သောသူတို့လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊
၁၆ မျက်နှာတော်၏ အလင်းကို ကိုယ်တော်၏ ကျွန်အပေါ်၌ ထွန်းလင်းစေတော်မူပါ၊၊ ကရုဏာတော်ကြောင့် အကျွန်ုပ်ကို ကယ်တင်တော်မူ ပါ၊၊

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၀ (Matt 20:17-28);

၁၇  ယေရှုသည် ယေရုရှလင်မြို့သို့ တက်ကြွတော်မူစဉ်၊ လမ်းခရီး၌ တကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ဆိတ်ကွယ်ရာအရပ်သို့ခေါ်၍၊
၁၈ ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ လူသားသည် ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကိုစီရင်ကြလိမ့်မည်။
၁၉ လူသားအား ပြက်ယယ် ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ လက်ဝါးကပ်တိုင်မှာရိုက်ထား ခြင်းကို ပြုစေခြင်းငှါ တပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။
၂၀ ထိုအခါ ဇေဗေဒဲ၏သားတို့အမိသည် သားတို့နှင့်အတူ အထံတော်သို့ချဉ်း၍ ပြပ်ဝပ်လျက် ဆုကျေးဇူးကို တောင်းပန်လေ၏။ ကိုယ်တော်က သင်သည် အဘယ်ဆုကျေးဇူးကို အလိုရှိသနည်းဟု မေးတော် မူသော်၊
၂၁ ကိုယ်တော်၏နိုင်ငံတွင် ကျွန်မ၌ ဤသားနှစ်ယောက်တို့သည် လက်ျာတော်ဘက်၌ တယောက်၊ လက်ဝဲ တော်ဘက်၌ တယောက် ထိုင်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေ၏။
၂၂ ယေရှုကလည်း၊ သင်တို့သည်  အဘယ်သို့ တောင်းပန်သည်ကို သင်တို့မသိကြ။ ငါသောက်ရအံ့သော ခွက်ကို သောက်ခြင်းငှာ၎င်း၊ ငါခံသော ဗတ္တိဇံ ကို ခံခြင်းငှာ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေးတော်မူလျှင်၊ အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ ဟု လျှောက်ကြသော်၊
၂၃ ငါ၏ခွက်ကို သင်တို့သည် သောက်ရကြလိမ့်မည်။ ငါခံသော ဗတ္တိဇံ ကိုလည်း သင်တို့သည် ခံရကြလိမ့်မည်။ သို့သော်လည်း ငါ၏လက်ျာဘက်၊ လက်ဝဲဘက်မှာ ထိုင်ရသောအခွင့်ကိုကား အကြင်သူတို့အဘို့ အလိုငှါ ငါ့ခမည်း တော်သည် ပြင်ဆင်၏၊ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ၏။
၂၄ အခြားသောတပည့်တော်တကျိပ်တို့သည် ကြားသိလျှင်၊ ထိုညီအစ်ကိုနှစ်ယောက်တို့ကို အမျက်ထွက် ကြ၏။
၂၅ ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ၍၊ သင်တို့သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရပြုတတ် ကြ၏။
၂၆ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။
၂၇ သင်တို့အမှုကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတပါး ကို စေစားခြင်းငှါမလာ၊
၂၈ သူတပါးအစေကိုခံခြင်းငှာ၎င်း၊ မိမိအသက်ကိုစွန့်၍ လူအများကိုရွေးခြင်းငှာ၎င်း၊ ကြွလာ သည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင် အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင် အထွဋ်အမြတ် လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။