ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၁၀ (1 Kgs 10:1-10);
၁ ရှေဘပြည်ကို အစိုးရသော မိဖုရားသည်ရှောလမုန်၏ ဂုဏ်အသရေနှင့် ထာဝရဘုရား၏နာမတော် သိတင်း ကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿနာအားဖြင့်သူ့ကိုစုံစမ်းခြင်းငှါလာ၏။
၂ နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဘိုးထိုက်သော ကျောက်တို့ကို ဆောင်သောကုလားအုပ်များ၊ လိုက်သောသူများနှင့်တကွ ယေရုရှလင်မြို့သို့ရောက်၍၊ ရှောလမုန်မင်းကြီးထံတော်သို့ဝင်သောအခါ၊ မိမိအလိုဆန္ဒ ရှိသမျှကို ဆွေးနွေးမေးမြန်းလေ၏။
၃ သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန်မင်းကြီးသည် ဖြေလေ၏။ နားမလည်၍ မဖြေနိုင်သော အရာ တစုံတခုမျှမရှိ။
၎ ရှေဘ မိဖုရားသည်ရှောလမုန်၏ပညာ အလုံးစုံကိုင်း၊ တည်ဆောက်သော အိမ်တော်ကိုင်း၊ ၅ စားပွဲတော် တန်ဆာကိုင်း၊ အမှုတော်စောင့်တို့နေရာ ထိုင်ရာကိုင်း။ လုလင်တို့ခစားသည့် အခြင်းအရာကိုင်း၊ သူတို့ဝတ်သော အဝတ် တန်ဆာကိုင်း၊ ဝန်စာရေးများကိုင်း၊ ထာဝရဘုရား၏ အိမ်တော်၌မီးရှို့ရာယဇ်ပူဇော်ခြင်းကိုင်းမြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊ ၆ ကိုယ်တော်၏ အခြင်းအရာနှင့်ကိုယ်တော်၏ပညာကိုအကျွန်ုပ်သည်ကိုယ်ပြည်၌ ကြားရသော သိတင်းစကား မှန်ပါ၏။ ၇ သို့သော်လည်း၊ ကိုယ်တိုင်ရောက်၍မမြင်မှီထိုစကားကိုမယုံ။ ယခုမူကား၊ အရင်ကြားသော စကားသည်တဝက်ကိုမျှမမှီ။ ကိုယ်တော်၏ ပညာနှင့်ကိုယ်တော်၏စည်းစိမ်သည် အကျွန်ုပ်သည် ကိုယ်ပြည်၌ ကြားရသော သိတင်းစကားသည်တဝက်ကိုမျှမမှီ။ ကိုယ်တော်၏ပညာနှင့် ကိုယ်တော်၏ စည်းစိမ်သည် အကျွန်ုပ်ကြားရသော သိတင်းကိုလွန်ကဲပါ၏။
၈ ရှေ့တော်၌ အစဉ်နေ၍ ပညာတော်ကိုကြားရသော ကိုယ်တော်၏လူ၊ ကိုယ်တော်၏ကျွန်တို့ သည်မင်္ဂလာရှိကြပါ၏။
၉ ကိုယ်တော်ကိုနှစ်သက်၍၊ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ တင်တော်မူသောကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။ ထာဝရဘုရားသည် ဣသရေလအမျိုးကိုအစဉ် ချစ်သောကြောင့်၊ ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှါကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီဟု ရှင်ဘုရင်အားပြောဆို၍၊ ၁၀ ရွှေအခွက်တရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအားဆက်သော နံ့သာမျိုးနှင့်အမျှများပြားသော နံ့သာမျိုးသည် နောက်တဖန်မရောက်။
ဆာလံကျမ်း အခန်းကြီး ၃၇ (Ps 37:5-40);
၅ ကိုယ်အမှု အရာကို ထာဝရဘုရား၌ အပ်လော့၊၊ ကိုယ်တော်ကို ကိုးစားလော့၊၊
၆ သို့ပြုလျှင်စီရင်တော်မူမည်၊၊ သင်၏ ဖြောင့်မတ်ခြင်းအကြောင်းကို အလင်းကဲ့သို့၎င်း၊ တရားသဖြင့် ပြုခြင်းအရာကို မွန်းတည့် ရောင်ခြည်ကဲ့သို့၎င်း၊ ဘော်ပြ တော်မူမည်၊၊ ၇ ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာ နေ၍ ကိုယ်တော်ကို ငံ့လင့်လော့၊၊ မိမိအမှု၌ အောင်တတ်သော သူ၊ မကောင်းသော အကြံအစည်တို့ကို ပြီးစီးစေသောသူ၏ အကြောင်းကြောင့် စိတ်မပူနှင့်၊၊
၈ အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပယ်လော့၊၊ ပြစ်မှားစေခြင်းငှါ တိုက်တွန်းတတ်သော စိတ်မရှိစေနှင့်၊၊
၉ ပြစ်မှားသော သူတို့သည် ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်၊၊ ထာဝရဘုရားကို မြော်လင့်သော သူတို့မူကား ၊ ပြည်တော်ကို အမွေခံရကြလိမ့်မည်။
၁၀ ခဏကြာပြီးမှ မတရားသောသူသည် မရှိရ၊၊ သူ၏ နေရာကို စေ့စေ့ရှာ၍ မတွေ့ရ၊၊
၁၁ စိတ်နှိမ့်ချသော သူတို့မူကား၊ ပြည်တော်ကို အမွေခံ၍ များပြားသော ငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်၊၊
၁၂ မတရားသောသူသည် ဖြောင့်မတ် သော သူတဘက်၌ ကြံစည်၍ အံ့သွားခဲကြိတ်တတ်၏၊၊
၁၃ သို့သော်လည်း သူ၏နေ့ရက်အချိန်ရောက်မည်ကို ဘုရားရှင် သိမြင်၍သူ့ကို ပြုံးရယ်တော်မူ၏၊
၁၄ မတရားသောသူတို့သည် ဆင်းရဲငတ်မွတ်သော သူတို့ကို လှဲချခြင်းငှါ၎င်း ဖြောင့်မတ် စွာကျင့်သော သူတို့ကို သတ်ခြင်းငှါ၎င်း၊ ထားကိုထုတ်လျက် လေးကိုတင်လျက် နေတတ်ကြ၏၊၊
၁၅ သို့သော်လည်း သူတို့ထားသည် သူတို့နှလုံးထဲသို့ ဝင်လိမ့်မည်၊၊ သူတို့လေးတို့သည်လည်း ကျိုးကြလိမ့်မည်၊၊
၁၆ ဖြောင့်မတ်သောသူ၌ နည်းသောဥစ္စာသည် မတရားသောသူကြီးတို့၌ ကြွယ်ဝသော ဥစ္စာထက်သာ၍ ကျေးဇူးရှိ၏၊၊
၁၇ အကြောင်းမူကား ၊ မတရားသောသူ၏ လက်ရုံးသည် ကျိုးရလိမ့်မည်၊၊ ဖြောင့်မတ်သောသူကိုကား ထာဝရဘုရားမစတော်မူ၏၊၊
၁၈ ဖြောင့်မတ်သော သူတို့၏ နေ့ရက်ကာလကို ထာဝရဘုရား သိမှတ်တော်မူ၍ သူတို့၏ အမွေဥစ္စာသည် အစဉ်အမြဲတည်လိမ့်မည်၊၊
၁၉ သူတို့သည် ခဲယဉ်းသော ကာလ၌ မျက်နှာမပျက်၊ အစာခေါင်းပါးသည် ကာလ၌ ဝစွာစားရကြ၏၊
၂၀ မတရားသော သူတို့မူကား ပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်၊၊ ထာဝရဘုရား၏ ရန်သူတို့သည် ကျက်စားရာ အရပ်၏ အသရေကဲ့သို့ ဆုံး၍ မီးခိုးဖြစ်လျက် ကွယ်ပျောက်ကြလိမ့်မည်၊၊
၂၁ မတရားသောသူသည် ချေးငှား၍ မဆပ်ဘဲနေတတ်၏၊၊ ဖြောင့်မတ်သောသူမူကား၊ သနားသောစိတ်ရှိ၍ ပေးတတ်၏။
၂၂ ကောင်းကြီးပေး တော်မူခြင်းကို ခံရသောသူသည် ပြည်တော်ကို အမွေခံရလိမ့်မည်၊၊ ကျိန်တော်မူခြင်းကို ခံရသောသူမူကား ပယ်ရှင်းခြင်းကို ရောက်ရလိမ့်မည်၊၊
၂၃ ကောင်းသောသူ၏ ခြေရာတို့ကို ထာဝရဘုရားသည် ပဲ့ပြင်၍ သူသွားရာလမ်းကို နှစ်သက်တော်မူ၏၊၊
၂၄ ထိုသူသည်လဲသော်လည်း ဆုံးရာသို့မရောက်ရ၊၊ အကြောင်း မူကား ၊ ထာဝရဘုရားသည် သူ၏ လက်ကို ကိုင်မတော်မူ၏၊
၂၅ ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကို ခံရသည့်အကြောင်း သူ၏ သားမြေးတို့သည် တောင်း၍ စားရသည် အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင် အောင်မမြင်စဖူး၊၊
၂၆ သူသည် အစဉ်သနားသော စိတ်ရှိသည်နှင့် သူတပါးတို့အား ချေးငှါးတတ်သည်ဖြစ်၍ သူ၏ သားမြေးတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြ၏။
၂၇ ဒုစရိုက်ကို လွဲရှောင်၍ သုစရိုက်ကို ပြုလော့၊၊ သို့ပြုလျှင် အစဉ်အမြဲနေရလိမ့်မည်၊၊ ၂၈ ထာဝရဘုရားသည် တရားကို နှစ်သက်တော်မူ၏၊၊ မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မ မူ၊၊ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲ ခံရကြလိမ့်မည်၊၊ မတရားသောသူ၏ သားမြေးတို့မူကား ပယ်ရှင်းခြင်း ကို ခံရကြလိမ့်မည်၊၊
၂၉ ဖြောင့်မတ်သော သူတို့သည် ပြည်တော်ကို အမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။ ၃၀ ဖြောင့်မတ်သော သူ၏ နှုတ်သည် ပညာကို မြွက်ဆိုတတ်၏၊ သူ၏လျှာသည်လည်း တရားသော စကားကို ပြောဆို တတ်၏၊၊
၃၁ ထာဝရဘုရား၏ တရားတော်သည် သူ၏ စိတ်နှလုံးထဲမှာ တည်သည်ဖြစ်၍ သူသွားသောအခါ မချော်မလဲ ရ၊၊ ၃၂ မတရားသော သူသည် ဖြောင့်မတ်သောသူကို ချောင်း မြောင်း၍ သတ်ခြင်းငှါ ရှာကြံတတ်၏၊၊
၃၃ သို့သော်လည်း ထာဝရဘုရားသည် ထိုသူ၏ လက်၌ ဖြောင့်မတ်သောသူ ကို စွန့်ပစ်တော်မူမည်မဟုတ်၊၊ အစစ်ခံရသောအခါ အပြစ် စီရင်တော်မူမည်မဟုတ်၊၊
၃၄ ထာဝရဘုရားကို မြော်လင့်၍ လမ်းတော်ကို ရှောက်သွားလော့၊၊ ပြည်တော်ကို အမွေခံရ သော အခွင့်နှင့် မြှောက်တော်မူမည်၊၊ မတရားသော သူတို့ ဆုံးရှုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည်၊၊ ၃၅ မတ ရားသောသူသည် အစိုးတရပြု၍ ပေါက်ရင်းအရပ်မှာ ကြီးပွားသော သစ်ပင်လန်းလန်းရှိသကဲ့သို့ ကိုယ်ကို ကိုယ်ပြန့်ပွား စေသည်ကို ငါမြင်ရသော်လည်း ၃၆ နောက်တဖန် သူသည် ရွေ့သွား၍ ကွယ်ပျောက်၏၊၊ သူ့ကိုလည်း ငါရှာ၍ မတွေ့ရ။ ၃၇ စုံလင်ခြင်းတရားကို စောင့်ရှောက်လော့၊၊ ဖြောင့်မတ်ခြင်း တရားကို ကြည့်ရှုဆင်ခြင်လော့၊၊ ထိုသို့ပြုသောသူသည် အဆုံး၌ ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည်၊ ၃၈ ပြစ်မှားသော သူအပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်၍ မတရားသော သူတို့သည် အဆုံး၌ ပယ်ရှားခြင်းကို ခံရကြလိမ့်မည်၊၊
၃၉ ဖြောင့်မတ်သော သူတို့၏ ကယ်တင်ခြင်းအမှုကို ထာဝရ ဘုရားစီရင်တော်မူ၏၊၊ ဘေးရောက်သည့် ကာလ၌ သူတို့ခိုလှုံရာ ဖြစ်တော်မူ၏၊၊
၄၀ ထာဝရဘုရားသည် သူတို့ကို မစကယ်တင်တော်မူမည်၊၊ ယုံကြည်ခိုလှုံသောကြောင့် မတရားသော သူတို့လက်မှ နှုတ်ယူကယ်တင်တော်မူမည်၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၇ (John 17:17);
၁၇ ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၇ (Mark 7:14-23);
၁၄ ထိုအခါ လူအစုအဝေးအပေါင်းကို အထံတော်သို့ခေါ်၍၊ သင်တို့ရှိသမျှသည် နားထောင်နားလည် ကြလော့။
၁၅ လူပြင်မှလာ၍ လူအတွင်းသို့ဝင်လျက်၊ လူကိုညစ်ညူးစေနိုင်သောအရာတစုံတခုမျှမရှိ။ လူအတွင်းမှ ထွက်သော အရာသည် လူကိုညစ်ညူးစေသောအရာဖြစ်၏။
၁၆ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။
၁၇ လူအစုအဝေးရှိရာမှ ကြွ၍ အိမ်သို့ဝင်တော်မူပြီးလျှင်၊ တပည့်တော်တို့သည် ထိုဥပမာကို မေးမြန်းကြ၏။
၁၈ ကိုယ်တော်ကလည်း၊ သင်တို့သည်ဤမျှလောက်ပညာမဲ့လျက် နေသလော။ လူပြင်မှလာ၍ လူအတွင်း သို့ဝင်သမျှသည် နှလုံးထဲသို့မဝင်။
၁၉ ၀မ်းထဲသို့ဝင်၍ အစာရှိသမျှကို သန့်ရှင်းစေသဖြင့် ရေအိမ်တွင် ဆင်းသွား သောကြောင့်၊ လူကိုမညစ်ညူးစေနိုင်သည်ကို နားမလည်ကြသလော။
၂၀ လူအတွင်းမှ ထွက်သော အရာမူကား၊ လူကိုညစ်ညူးစေသောအရာဖြစ်၏။
၂၁ လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ လူအသက်ကိုသတ်ခြင်း၊
၂၂ သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသရေကိုဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊
၂၃ ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။