Thu the 22nd: Feast of Chair of St. Peter, apostle.
Esth C:12-25; Ps 138:1-8; Matt 7:7-12
အက်စတာဝတ္ထု ပူးတွဲအခန်းကြီး (ဂ)(နျအ့ ဃါ်၁၂-၂၅)း
၁၂။ မိဖုရား အက်စတာသည်လည်း သေလုမတတ်ခံစား ရသော စိတ်သောက ပူဆွေးခြင်းဖြင့်ဘုရားသခင်ထံ
၁၃။ အသနားခံတောင်းလျှောက်လေ၏။သူမ၏တင့်တယ့် လှပသော ဝတ်ရုံများကို ချွတ်ခွာ၍ဝမ်းနည်းပူဆွေး ခြင်းအထိမ်းအမှတ် အဝတ်များကိုဝတ်ဆင်ပြီး၊အဖိုး တန်သောနံ့သာအမွှေးအကြိုင်များ အစား၊ပြာမှုန့်နှင့် နွားချေးကို သူမ၏ ဦးခေါင်းမှာ ဖုံးထားလေ၏။ပွဲ အခမ်းအနားတွင်ပျော်ရွှင်စွာ ဆင်ယင်ခြယ်သခဲ့သမျှ တို့ကိုဖယ်ရှားပြီး၊ မိမိခန္ဓာကိုယ်ကိုပြင်းထန်စွာဒဏ်
၁၄။ ပေးကာ ဆံပင် ဖရိုဖရဲနှင့် နေလေ၏။ ထို့နောက် သူမသည်အစ္စရေးလ်လူမျိုး၏ အရှင်ဘုရားသခင်ထံ ဆုတောင်းသည်မှာ တပည့်တော်မ၏ အရှင်သခင် တပည့်တော်မတို့၏ ဘုရင်ကိုယ်တော်တစ်ပါးတည်း သာလျှင် ဘုရားဖြစ်တော်မူပါ၏။ တပည့်တော်မကို ကူညီမစတော်မူပါ။တပည့်တော်မသည်တစ်ယောက် တည်းဖြစ်၍ကိုယ်တော်မှတစ်ပါးကူညီမည့်သူမရှိပါ။
၁၅။ အကြောင်းမှာ တပည့်တော်မသည် သေရမည့်ဘေး အန္တရာယ်နှင့် လက်တစ်ကမ်းတွင် ရောက်နေပါပြီ။
၁၆။ တပည့်တော်မငယ်ရွယ်စဉ်အချိန်မှစ၍တပည့်တော်မ ဘိုးဘေးများနှင့်မျိုးနွယ်တို့၏သွန်သင်ချက်များအား ဖြင့် ကိုယ်တော်သည် လူအမျိုးမျိုး၊ နိုင်ငံအမျိုးမျိုး အနက်မှ အစ္စရေးလ်လူမျိုးကို ရွေးချယ်တော်မူခဲ့ ကြောင်းကိုလည်းကောင်း၊တပည့်တော်မတို့ဘိုးဘေး များအား သူတို့၏ဘိုးစဉ်ဘောင်ဆက်လူမျိုးထဲမှရွေး ချယ်လျက် အစဉ် ထာဝရတည်သောအမွေတော်ကို ပေးတော်မူခဲ့ကြောင်းကိုလည်းကောင်း၊ ကိုယ်တော် သည်သူတို့အပေါ်မှာအစဉ်ကတိတည်တော်မူကြောင်းကိုလည်းကောင်း၊ တပည့်တော်မ ကြားခဲ့ရပါ၏။
၁၇။ သို့သော်ယခုမှာ တပည့်တော်တို့သည်ကိုယ်တော်၏ မျက်မှောက်တော်၌ အပြစ်ြုပမိခဲ့သောကြောင့် ကိုယ် တော်သည် တပည့်တော်တို့ကိုရန်သူတို့၏လက်တွင်
၁၈။ အပ်နှံတော်မူခဲ့ပြီ။ အကြောင်းမူကား၊တပည့်တော်တို့ သည် သူတို့ဘုရားများကို ရှိခိုးကိုးကွယ်မိခဲ့သော ကြောင့်ဖြစ်ပါ၏။ ကိုယ်တော်သည် တရားမျှတ၊မှန်
၁၉။ ကန်တော်မူပါ၏။သို့သော်ယခုမှာမူသူတို့သည် တ ပည့်တော်တို့ခါးသည်းစွာကျွန်ခံရခြင်းကိုပင် မကျေ
၂၀။ နပ်နိုင်သေးဘဲ၊မိမိတို့၏ရုပ်တုများကိုတိုင်တည်လျက် ကိုယ်တော်၏ မိန့်မှာတော်မူချက်ကို ဖျောက်ဖျက်၍၊ ကိုယ်တော်၏အမွေတော်ကိုဖျက်ဆီးရန်လည်းကောင်း
၂၁။ ကိုယ်တော်ကို ချီးမွမ်းထောပနြာုပသောသူတို့၏နှုတ် ဖျားကို တိတ်ဆိတ်စေရန်လည်းကောင်း၊ကိုယ်တော့် ဗိမာန်တော်နှင့်ယဇ်ပလ္လင်တော်တို့၏ဘုန်းဂုဏ်တော်
၂၂။ ကိုချုပ်ငြိမ်းစေရန်လည်းကောင်း၊မမှန်ကန်သောသူတို့၏ ဘုရားများကိုချီးမွမ်းမည့်လူမျိုးဘာသာခြားတို့၏ နှုတ်များကို ဖွင့်ဟစေခြင်းငှာလည်းကောင်း၊သေမျိုး ဖြစ်သောဘုရင်ကို အစဉ် ချီးမြှောက်နိုင်ရန်လည်း ကောင်း ကြိုးပမ်းအားထုတ်ခဲ့ကြပါပြီ။
၂၃။ အိုသခင် ကိုယ်တော်၏ရာဇလှံတံကိုအသက်မဲ့သော အရာများလက်သို့ကမ်းတော်မမူပါနှင့်။ တပည့်တော် မတို့၏ ပျက်စီးခြင်းကိုသူတို့ နှစ်ထောင်းအားရစွာ ကြည့်စေခြင်းငှာ ခွင့်ြုပတော် မမူပါနှင့်။ သူတို့၏ မကောင်းသောအကြံအစည်များကိုသူတို့အပေါ်သို့ပြန်လည် သက်ရောက်စေတော်မူ၍၊ တပည့်တော်တို့၏ အဓိက ရန်သူအားစံနမူနာအဖြစ်ထိုသိြု့ပတော်မူပါ။
၂၄။ အိုသခင်တပည့်တော်တို့ကိုသတိရတော်မူပါ။တပည့် တော်တို့ကိုဒုက္ခရောက်သောအချိန်တွင်ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ကို ထုတ်ဖော်ပြတော်မူပါ။တပည့် တော်မအား ခွန်အားသတ္တိကို ပေးသနားတော်မူပါ ဘုရား၊အားလုံးတို့၏ဘုရင်၊တန်ခိုးအာဏာအပေါင်း
၂၅။ တို့၏အရှင်သခင်၊ခြင်္သေ့၏ရှေ့သို့တပည့်တော်မ ဝင် ရောက်သောအခါ သင့်လျော်၍နားဝင်အောင်ပြောဆို နိုင်သောစကားများကိုတပည့်တော်မနှုတ်မှထွက်လာ စေတော်မူပါ။သူ၏အမျက်ဒေါသကိုတပည့်တော်တို့ ရန်သူအပေါ်သို့လွှဲပြောင်းပေး၍သူနှင့်သူ၏အပေါင်း အပါတို့ကို ပျက်စီးစေတော်မူပါ။
ဆာလံကျမ်း အခန်းကြီး ၁၃၈(Ps 138:1-8);
၁ အိုထာဝရဘုရား၊ ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ အကျွန်ုပ်ချီးမွမ်းပါမည်။ အခြားတစ်ပါးသော ဘုရားတို့ရှေ့မှာ ကိုယ်တော်ကို ထောမနာ သီချင်းကိုဆိုပါမည်။
၂ သန့်ရှင်းသော ဗိမာန်တော်သို့ မျက်နှာပြုလျက် ပြပ်ဝပ်ကိုးကွယ်၍၊ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် နာမတော်ကို ချီးမွမ်းပါမည်။ အကြောင်းမူကား၊ ကတိတော်ကို သိတင်းတော် ရှိသမျှထက် ချီးမြှောက်တော်မူပြီ။
၃ အကျွန်ုပ်အော်ဟစ်သော နေ့တွင် နားထောင်တော်မူ၍၊ စိတ်ဝိညာဉ်ထဲသို့ ခွန်းအားကို သွင်းသဖြင့်၊ အကျွန်ုပ်ကို ခိုင်မာစေတော်မူ၏။
၎ အိုထာဝရဘုရား၊ လောကီရှင်ဘုရင် အပေါင်းတို့သည် နှုတ်တော်ထွက် စကားတို့ကို ကြားရသည် ဖြစ်၍၊ ဂုဏ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။
၅ ထာဝရဘုရား၏ လမ်းခရီးတော်တို့၌ လိုက်၍ သီချင်းဆိုကြပါလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဘုန်းကြီးတော်မူ၏။
၆ ထာဝရဘုရားသည် မြင့်မြတ်တော်မူသော်လည်း၊ စိမ့်နှိမ့်ချသော သူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သောသူတို့ကိုကား၊ အဝေးက သိတော်မူ၏။
၇ အကျွန်ုပ်သည် ဆင်းရဲဒုက္ခများ၌ ကျင်လည်သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင်စေတော်မူလိမ့်မည်။ လက်တော်ကို ဆန့်လျက်၊ ရန်သူ တို့၏ အမျက်ဒေါသ ကို ဆီးတား၍၊ လက်ျာလက်တော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော် မူလိမ့်မည်။
၈ ထာဝရဘုရားသည် ငါ၏အမှုကို ပြီးစီးစေတော်မူမည်။ အိုထာဝရဘုရား၊ ကရုဏာသည် အစဉ်အမြဲ တည်ပါသည်ဖြစ်၍၊ ကိုယ်တော်၏ လက်နှင့် ပြုစုသော အမှုတို့ကို စွန့်ပစ်တော်မမူပါနှင့်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၇ (Matt 7:7-12);
၇ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။
၈ တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သော သူအားလည်း တံခါးကိုဖွင့်၏။
၉ သားသည်မုန့်ကိုတောင်းလျှင် မိမိ၏သားအားကျောက်ကိုပေးမည်သူ၊
၁၀ ငါးကိုတောင်းလျှင် မြွေကို ပေးမည်သူ တစုံတယောက်မျှသင်တို့တွင်ရှိသလော။
၁၁ သင်တို့သည် အဆိုးဖြစ်လျက်ပင်ကိုယ်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင်၊ ထိုမျှမကကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့အဘသည် ဆုတောင်းသော သူတို့အား၊ ကောင်းသောအရာကိုသာ၍ ပေးတော်မူမည်မဟုတ်လော။
၁၂ သင်တို့သည် ကိုယ်၌သူတပါးပြုစေလို သမျှအတိုင်း သူတပါး၌ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့၏အချုပ်အချာပင်ဖြစ်သတည်း။