Sunday, 4 February 2018

04-FEB-2018 (READING -ORD5-YB-C2)

Sun the 4th: Psalter I, Ordinary Time Week 5.
Job 7:1-7; Ps 147:1-6; 1 Cor 9:16-23; Matt 8:17; Mark 1:29-39

ယောဘဝတ္တု အခန်းကြီး ၇(Job 7:1-7);

၁ လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာ အမှုထမ်းရသည်မဟုတ်လော၊၊ သူနေရသော နေ့ရက်တို့ သည် အငှါးခံသောသူ၏ နေ့ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော၊၊
၂ ကျွန်ခံရသောသူသည် မိုဃ်းချုပ်သောအချိန် ကို တောင့်တ၍ အငှါးခံသောသူသည် အခရမည့်အချိန်ကိုမြော်လင့်သကဲ့သို့၊
၃ ထိုနည်းတူငါသည် ဒုက္ခနေ့လတို့နှင့်ဆိုင်ရ၏၊၊ ပင်ပန်းစွာခံရသော ညဥ့်တို့သည်လည်း ငါ၏အဝန်းအတာဖြစ်၏၊၊
၎ အဘယ်အခါမှ ညဥ့်ကုန်၍ ငါထရပါမည်နည်းဟု ငါသည် ညည်းတွားလျက် အိပ်ရ၏၊၊ မိုဃ်းလင်းသည်တိုင်အောင်လှိမ့်လျက် လူးလျက်နေရ၏၊၊
၅ လောက်နှင့်ရွှံ့တို့သည် အဝတ် ကဲ့သို့ငါ့ကိုယ်ကို ဖုံးလွှမ်းကြ၏၊၊
၆ ငါ့အရေသည်ကွဲ၍ ယိလျက်ရှိ၏၊၊ ငါ့နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မြော်လင့်ခြင်းမရှိဘဲ လွန်သွားတတ်ကြ၏၊၊
၇ ငါ့အသက်သည် လေသက်သက်ဖြစ်ကြောင်းကို အောက်မေ့တော်မူပါ၊၊ နောက်တဖန်ကောင်းသော အကျိုးကိုငါမမြင်ရ၊၊

ဆာလံကျမ်း အခန်းကြီး ၁၄၇ (Ps 147:1-6);

၁ ထာဝရဘုရားကို ချီးမွမ်းကောင်းသည်ဖြစ်၍ ချီးမွမ်းကြလော့၊၊ ငါတို့၏ ဘုရားသခင်ကို ထောမနာပြုခြင်းသည် သာယာလျှောက်ပတ်သည်ဖြစ်၍ ထောမနာ သီချင်းဆိုကြလော့၊၊ ၂ ထာဝရဘုရား သည် ယေရုရှလင်မြို့ကို တည်ဆောက်၍ အဝေးသို့နှင်လိုက်သော ဣသရေလအမျိုးသာတို့ကို စုဝေးစေတော်မူ၏၊၊
၃ စိတ်ကြေမွသောသူတို့ ကို နှစ်သိမ့်စေမူ၍ သူတို့၏ အနာကို ကုတော်မူ၏၊
၎ ကြယ်များကို ရေတွက်၍ အသီးအသီးတို့ကို သမုတ်တော် မူ၏၊၊
၅ ငါတို့၏ ဘုရားရှင်သည် ကြီးမြတ်တော်မူ၏၊၊ တန်ခိုးတော်လည်းကြီး၏၊၊  ဥာဏ်တော်သည် အနန္တဖြစ်၏၊၊ 
၆ ထာဝရဘုရားသည် စိတ်နှိမ့်ချသော သူတို့ကို ကြွပင့်၍ မတရားသော သူတို့ကိုကား မြေပေါ်မှာ လှဲတော်မူ၏၊၊

ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၉ (1 Cor 9:16-23);

၁၆ ငါသည် ဧဝံဂေလိတရားကို ဟောရုံပြုလျှင် ဝါကြွားခြင်းအကြောင်းမရှိသေး။ အဘယ်ကြောင့် နည်းဟူမူကား၊ မဟောဘဲမနေနိုင်၊ မဟောဘဲနေလျှင် အမင်္ဂလာရှိ၏။
၁၇ သို့ဖြစ်၍ အမှုတော်ကို အလိုအလျောက် ဆောင်ရွက်လျှင် အကျိုးရှိ၏။ ကိုယ်အလိုကိုငြင်းဆန်၍ ဆောင်ရွက်လျှင် အရာတော်၌ခန့်ထားသောသူဖြစ်၏။
၁၈ သို့ဖြစ်၍ ငါ၏အကျိုးအဘယ်သို့နည်းဟူမူကား၊ ဧဝံဂေလိတရားကို ဟောသောအခါ ဟောခြင်းနှင့်စပ်ဆိုင်သော အခွင့်ကို မသုံးဘဲလျက်၊ ခရစ်တော်၏ ဧဝံဂေလိတရားကို နာသောသူတို့သည် အဘယ်စရိတ်ကိုမျှ မကုန်ဘဲ နေစေခြင်းငှါ ပြုလျှင် ငါ၌အကျိုးရှိ၏။ ၁၉ ငါသည် အဘယ်သူ၏ ကျွန်မဖြစ်သော်လည်း သာ၍များသောသူတို့ကို ရခြင်းအလိုငှါ လူတကာတို့၏ ကျွန်ခံရ၏။
၂၀ ယုဒလူတို့ကို ရခြင်းအလိုငှါ ယုဒလူတို့၌ ယုဒလူကဲ့သို့ဖြစ်၏။ ပညတ်တရားကို ကိုယ်တိုင်မဆည်းကပ် သော်လည်း၊ ပညတ်ရားကို ဆည်းကပ်သောသူတို့ကို ရခြင်းအလိုငှါ၊ ပညတ်တရားကို ဆည်းကပ်သောသူတို့၌ ပညတ်တရားကိုကျင့်သောသူ ကဲ့သို့ဖြစ်၏။ ၂၁ ဘုရားသခင့်ရှေ့တော်၌ တရားမဲ့မနေ၊ ခရစ်တော်၏တရားကို ကျင့်သောသူဖြစ်သော်လည်း၊ ပညတ်တရားမဲ့သောသူတို့ကို ရခြင်းအလိုငှါ ပညတ်တရားမဲ့သောသူတို့၌ ပညတ် တရားမဲ့သော သူကဲ့သို့ဖြစ်၏။
၂၂ အားနည်းသောသူတို့ကို ရခြင်းအလိုငှါ၊ အားနည်းသောသူတို့၌ အားနည်းသော သူကဲ့သို့ဖြစ်၏။ အချို့သောသူတို့ကို တစုံတခုသော အမှုအရာအားဖြင့် ကယ်တင်ခြင်းအလိုငှါ၊ ခပ်သိမ်းသောသူ တို့၌ ခပ်သိမ်းသောအရာဖြစ်၏။
၂၃ သင်တို့နှင့်အတူ ဧဝံဂေလိတရားကို ဆက်ဆံခြင်းအလိုငှါ၊ ဧဝံဂေလိတရားကြောင့် ထိုသို့ငါပြုလေ့ရှိ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၈ (Matt 8:17);

၁၇ ထိုအကြောင်း အရာမူကား၊ သူသည် အကျွန်ုပ်တို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်ဟု ပရောဖက်ဟေရှာယဟောဘူးသော စကား ပြည့်စုံမည်အကြောင်းဖြစ်သတည်း။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၁ (Mark 1:29-39);

၂၉ တရားစရပ်မှထွက်ကြလျှင်၊ ရှိမုန်၊ အန္ဒြတို့အိမ်သို့ ယာကုပ်၊ ယောဟန်နှင့်တကွ ချက်ခြင်းသွားကြ၏။
၃၀ ရှိမုန်၏ ယောက္ခမသည် ဖျားနာစွဲ၍ တုံးလုံးနေသည်အကြောင်းကို အလျှင်အမြန်လျှောက်ကြ၏။
၃၁ ကိုယ်တော် သည်လာ၍ ထိုမိန်းမ၏လက်ကိုကိုင်လျက် ချီကြွတော်မူသည်ခဏချင်းတွင် သူသည်အဖျား ပျောက်၍ ဧည့်သည် ဝတ်ကို ပြုလေ၏။
၃၂ နေဝင်၍ ညအချိန်ရောက်လျှင်၊ မကျန်းမမာသောသူနှင့် နတ်ဆိုးစွဲသောသူရှိသမျှတို့ကို အထံတော် သို့ဆောင်ခဲ့၍၊
၃၃ တမြို့လုံးသည် တံခါးနားမှာစုဝေးလျက်ရှိကြ၏။
၃၄ အထူးထူးအပြားပြားသော အနာစွဲသော သူများ တို့ကို သက်သာစေတော်မူ၏။ နတ်ဆိုးများတို့ကိုလည်း နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကို သိကြသောကြောင့်၊ စကားတခွန်းကိုမျှ ပြောစေခြင်းငှါ အခွင့်ပေးတော်မမူ။
၃၅ နံနက်အချိန်၊ မိုဃ်းမလင်းမှီ ကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ထွက်ကြွ၍ ဆုတောင်း တော်မူ၏။
၃၆ ရှိမုန်နှင့် သူ၏အပေါင်းအဘော်တို့သည် လိုက်၍ရှာကြသော်၊
၃၇ ကိုယ်တော်ကိုတွေ့လျှင် လူအပေါင်းတို့သည်  ကိုယ်တော်ကိုရှာကြပါသည်ဟု လျှောက်ဆို၏။
၃၈ ကိုယ်တော်ကလည်း ငါသည် နီးစပ်သော မြို့ရွာတို့၌ တရား ဟောခြင်းငှါ သွားကြကုန်အံ့။ ထိုသို့အလိုငှါ ငါကြွလာပြီဟု မိန့်တော်မူ၏။
၃၉ ဂါလိလဲပြည် အရပ်ရပ် တရားစရပ်တို့၌ တရားဟောလျက် နတ်ဆိုးတို့ကို နှင်ထုတ်လျက်နေတော်မူ၏။