Saturday, 3 February 2018

03-FEB-2018 (READING -ORD4-YB-C2)

Sat the 3rd:     Optional memorial of Blase, bishop and martyr.
Optional memorial of Ansgar, bishop.
1 Kgs 3:4-13; Ps 119:9-14; John 10:27; Mark 6:30-34

ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၃ (1 Kgs 3:4-13);

၎ တရံရောအခါ၊ ရှင်ဘုရင်သည် ယဇ်ပူဇော်ခြင်းငှာ အလွန်မြင့်မြတ်သော အရပ်တည်းဟူသော ဂိဗောင်မြို့ သို့သွား၍ ထိုယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာ ယဇ်တထောင်ကို ပူဇော်လေ၏။
၅ ထိုမြို့၌ ထာဝရဘုရားသည် ညဥ့်အခါအိပ်မက်တွင် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည်ဆုကို တောင်းလော့ဟု ဘုရားသခင်မိန့်တော်မူ၏။
၆ ရှောလမုန်ကလည်း၊ ကိုယ်တော်၏ ကျွန်အကျွန်ုပ်၏အဘ ဒါဝိဒ်သည် ရှေ့တော်၌ သဘောဖြောင့်၍ သမ္မာတရား၊ ဖြောင့်မတ်ခြင်းတရား အတိုင်းကျင့်သည်နှင့်အညီ၊ သူ၌များစွာသော ကျေးဇူးကိုပြုတော်မူပြီ။ ယနေ့တွင်ရှိသည်အတိုင်း၊ သူ၏ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သားကိုသူ့အား ပေးသနား တော်မူသဖြင့်၊ သူ့အဘို့ကျေးဇူးတရားကို စောင့်ရှောက်တော်မူပြီ။
၇ ယခုမှာ အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကျွန်ကို အဘဒါဝိဒ်၏ ကိုယ်စားရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။ သို့ရာတွင် အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏။ ထွက်ဝင်ခြင်းငှာ မတတ်နိုင်ပါ။
၈ ရွေးချယ်တော်မူ၍ အရေအတွက်အားဖြင့် အတိုင်းမသိများပြားစွာသော ကိုယ်တော်၏ လူမျိုးကြီးအလယ်၌  ကိုယ်တော်ကျွန်ရှိပါ၏။
၉ သို့ဖြစ်၍ ကိုယ်တော် ကျွန်သည် ကိုယ်တော်၏ လူတို့ကို တရားစီရင်နိုင်မည်အကြောင်းကောင်းမကောင်းကို ပိုင်းခြား၍ သိတတ်သော ဥာဏ်ကို ပေးသနားတော်မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏ လူတို့ကို အဘယ်သူသည် ကိုယ်အလို အလျောက်တရား စီရင်နိုင်ပါမည်နည်းဟု တောင်းလျှောက်၏။
၁၀ ထိုသို့ ရှေလမုန်တောင်းလျှောက်သော ပဌနာစကား ကို ထာဝရဘုရားသည် နှစ်သက်တော်မူ၏။
၁၁ ဘုရားသခင်ကလည်း၊ သင်သည်တာရှည်သော အသက်ကို မတောင်း၊ စည်းစိမ်ကိုလည်း မတောင်း၊ ရန်သူတို့၏ အသက်ကိုလည်း မတောင်း၊ တရားစီရင်ခြင်းငှာ တတ်နိုင်သော ဥာဏ်ကို သာကိုယ်အဘို့တောင်းလျှောက်သောကြောင့်၊
၁၂ သင်တောင်းလျှောက်သည်အတိုင်း ငါပေး၏။ ရှေးကာလ၌ သင်နှင့် တူသောသူတယောက်မျှမဖြစ်၊ နောင်ကာလ၌ မဖြစ်နိုင်အောင် ဥာဏ်ပညာနှင့် ပြည့်စုံသော စိတ်ဝိညာဉ်ကို သင့်အား ငါပေး၏။
၁၃ ထိုမှတပါး သင်နှင့်တူသော ရှင်ဘုရင်တယောက်ကိုမျှ သင့်လက်ထက်၌ မရှိစေခြင်းငှာ၊ သင်မတောင်း သောဆု၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကို ငါပေး၏။
ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:9-14);
၉ လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်း၊ ဟူမူကား နှုတ်ကပတ်တော် အတိုင်း သတိပြုရမည်၊၊
၁၀ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏၊၊ ပညတ်တော်လမ်းမှ လွဲစေတော် မမူပါနှင့်၊၊
၁၁ ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ၊၊ 
၁၂ အို ထာဝရဘုရား ကိုယ်တော်သည် မင်္ဂလာရှိတော်မူ၏၊၊ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ၊၊
၁၃ စီရင် တော်မူရာ နှုတ်တော်ထွက်အလုံးစုံတို့ကို အကျွန်ုပ်သည် ကိုယ်နှုတ်နှင့် ဟောပြောပါ၏၊၊
၁၄ ခပ်သိမ်းသော စည်းစိမ် ဥစ္စာကို ရဘိသကဲ့သို့ သက်သေခံတော်မူရာလမ်း၌ ဝမ်းမြောက်ပါ၏၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:27);
၂၇ ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၆ (Mark 6:30-34);

၃၀ တမန်တော်တို့သည် ယေရှုထံတော်၌စုဝေး၍၊ မိမိတို့ပြုသမျှ သွန်သင်သမျှတို့ကို ကြားလျှောက်ကြ၏။
၃၁ ကိုယ်တော်ကလည်း၊ တော၌ဆိတ်ကွယ်ရာအရပ်သို့လာကြ။ ခဏအားဖြည့်၍ ငြိမ်သက်စွာနေကြဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ လူများသွားလာကြသည်ဖြစ်၍ တမန်တော်တို့သည် အစာစားခြင်းငှါမျှ မအားနိုင်ကြ။
၃၂ ထိုကြောင့်၊ လှေစီး၍ တော၌ဆိတ်ကွယ်ရာအရပ်သို့သွားကြ၏။
၃၃ သွားကြသည်ကို လူများတို့သည်မြင်၍ ကိုယ်တော်ဖြစ် သည်ကိုသိလျှင်၊ အမြို့မြို့အရွာရွာတို့မှထွက်၍ ထိုအရပ်သို့ ကုန်းကြောင်း ပြေးသွားသဖြင့်၊ တမန်တော်တို့ အရင်ရောက်၍ အထံတော်၌စုဝေးကြ၏။
၃၄ ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသော ဆုံးမသြဝါဒကို ပေးတော်မူ၏။