Saturday, 17 February 2018

17-FEB-2018 (READING -ORD6-YB-C2)

Sat the 17th: (Optional memorial of Seven founders of the order of Servites.)
Isa 58:9-14; Ps 86:1-6; Luke 5:27-32

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၈ (Isa 58:9-14);

၉ သို့ပြုလျှင်၊ ထာဝရဘုရားသည်၊ သင်ခေါ်သောအခါ ထူးတော်မူလိမ့်မည်။ အော်ဟစ်သောအခါ၊ ငါရှိသည်ဟု မိန့်တော်မူလိမ့်မည်။ သင်သည်သင်၏အထဲက ထမ်းဘိုးကိုင်း၊ လက်ည‡ိုးထိုးခြင်းကိုင်း၊ ကဲ့ရဲ့သောစကား ကိုင်း ပယ်ရှား၍၊
၁၀ မွတ်သိပ်သောသူနှင့် ဆင်းရဲခံရသောသူကို သနားသောစိတ်နှင့် ချမ်းသာပေးလျှင်၊ မရှင်းလင်း သော အရာမှာသင်၏အလင်းသည်ပေါ်ထွန်း၍၊ သင်၏မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ ဖြစ်လိမ့်မည်၊၊
၁၁ ထာဝရဘုရားသည် သင့်ကိုအစဉ်ပဲ့ပြင် တော်မူသည်။ အစာခေါင်းပါးသည်ကာလ၌ ဝစွာကျွေး၍၊ သင်၏အရိုးတို့ကို ခိုင်ခံ့စေတော်မူမည်။ သင်သည် ရေလောင်းသောဥယျာဉ်ကဲ့သို့င်း၊ ရေမပြတ်နိုင်သော စမ်းရေတွင်းကဲ့သို့င်း၊ ဖြစ်လိမ့် မည်။
၁၂ သင်၏အမျိုးအနွှယ်သည် ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေးကာလ၌ တည်ဘူးသော တိုက်မြစ်များ အပေါ်မှာထပ်ဆင့်၍ တည်ဆောက်ကြလိမ့်မည်။
၁၃ သင်သည်လည်း ပြိုပျက်သောမြို့ရိုးကို ပြုပြင်သောသူ၊ လူနေရာ လမ်းများကို ပြင်ဆင်သောသူဟူ၍ သမုတ်ခြင်းကိုခံရလိမ့်မည်။ သင်သည်ဥပုသ်နေ့ကို မရှုတ်ချ။ ငါသန့်ရှင်း သောနေ့မှာ ကိုယ်အလိုသူ့မလိုက်၊  ဥပုသ်နေ့ကို မွေ့လျော်ရာနေ့၊ ထာဝရဘုရားအဘို့ သန့်ရှင်းသောနေ့၊ ရိုသေဘွယ်သော နေ့ဟူ၍ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ်အလိုသို့မလိုက်၊ ကိုယ်စကားကိုမပြောဘဲနေ၍ ထိုနေ့ကို ရိုသေလျှင်၊
၁၄ သင်သည် ထာဝရဘုရား၌ ပျော်မွေ့ရလိမ့်မည်။ မြေကြီးပေါ်မှာမြင့်သော အရပ်တို့ကိုငါစီးစေ၍၊ သင့်အဘယာကုပ်၏ အမွေဥစ္စာနှင့် ငါကျွေးမည်ဟု ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။

ဆာလံကျမ်း အခန်းကြီး ၈၆ (Ps 86:1-6);

၁ အိုထာဝရဘုရား၊ နားတော်ကိုလှည့်၍ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ၏။
၂ အကျွန်ုပ်၏ဘုရားသခင်၊ သန့်ရှင်းသူတို့အဝင်ဖြစ်သော အကျွန်ုပ်၏ ဝိညာဉ်ကိုစောင့် မ၍၊ ကိုယ်တော်ကို ကိုးစားသော အကျွန်ုပ်၏ကျွန်ကို ကယ်တင်တော်မူပါ။
၃ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို အစဉ်အော်ဟစ်ပါသည်ဖြစ်၍၊ ကယ်မသနားတော်မူပါ။
၎ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် တသပါသည် ဖြစ်၍၊ ကိုယ်တော်၏ ကျွန်သည် ဝမ်းမြောက်မည်အကြောင်း ပြုတော်မူပါ။
၅ အိုထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းသောသဘော၊ သည်းခံတတ်သော သဘောနှင့် ပြည့်စုံ၍၊ ကိုယ်တော်ကို ပဌာနာပြုသော သူအပေါင်းတို့အား ကရုဏာတော်ကြွယ်ဝပါ၏။
၆ အိုထာဝရဘုရား၊ အကျွန်ုပ်၏ ပဌနာစကားကို နားထောင်တော်မူပါ။ အသနားတော်ခံသော စကားသံကို မှတ်တော်မူပါ။ ဘေးရောက်သည့်ကာလ ကိုယ်တော်ကို ခေါ်ပါမည်။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၅ (Luke 5:27-32);

၂၇ ထိုနောက် ကိုယ်တော်သည်ထွက်ကြွ၍၊ လေဝိအမည်ရှိသော အခွန်ခံသူသည် အခွန်ခံရာတဲ၌ ထိုင်နေ သည်ကိုမြင်သော်၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။
၂၈ ထိုသူသည်လည်း ရှိသမျှတို့ကို စွန့်ပစ်လျက် ထ၍ နောက်တော်သို့ လိုက်လေ၏။
၂၉ ထိုနောက်မှ လေဝိသည် ကိုယ်တော်အဘို့အလိုငှါ မိမိအိမ်၌ ကြီးစွာသောပွဲကိုခံ၍၊ အခွန်ခံသောသူများနှင့် အခြားသောသူအပေါင်းတို့သည် ကိုယ်တော်မှ စသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။
၃၀ ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့က၊ သင်တို့သည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင်အတူ အဘယ် ကြောင့် စားသောက်ကြသနည်းဟု တပည့်တော်တို့ကို ကဲ့ရဲ့ပြစ်တင်ကြ၏။
၃၁ ယေရှုကလည်း၊ ကျန်းမာသောသူ တို့သည် ဆေးသမားကိုအလိုမရှိကြ။ နာသောသူတို့ သာလျှင် အလိုရှိကြ၏။
၃၂ ဖြောင့်မတ်သောသူတို့ကို နောင်တ သို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ်။ ဆိုးသော သူတို့ကို ခေါ်ခြင်းငှါ ငါလာသည်တည်းဟု မိန့်တော်မူ၏။