Sun the 5th: Psalter II, Ordinary Time Week 18.
(Optional memorial of The Dedication of St. Mary Major.)
Exod 16:1-15; Ps 78:3-54; Eph 4:17-24; Matt 4:4; John 6:24-35
ထွက်မြောက်ရာကျမ်း အခန်းကြီး ၁၆(Exod 16:1-15);
၁ တဖန် ဣသရေလ အမျိုးသားပရိသတ် အပေါင်းတို့သည်၊ ဧလိမ်အရပ်မှထွက်၍ ခရီးသွားကြ၏။ အဲဂုတ္တု ပြည်မှ ထွက်သွားသောနောက်၊ ဒုတိယလဆယ်ငါးရက်နေ့တွင်၊ ဧလိမ်အရပ်နှင့် သိနာတောင်စပ်ကြားမှာ သိန်းတော သို့ရောက်ကြ၏။
၂ ထိုတော၌ ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့က၊
၃ ငါတို့သည် အဲဂုတ္တုပြည်၌ အမဲသား ချက်သော အိုးကင်းနားမှာထိုင်၍ ဝစွားစားရသောအခါ၊ ထာဝရဘုရား၏ လက်တော်ဖြင့် သေလျှင်သာ၍ကောင်း၏။ ယခုမူကား၊ ဤစည်းဝေးလျက်ရှိသော လူအပေါင်းတို့ကို ငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောငှါ၊ ဤတောအရပ်သို့ ဆောင်ခဲ့ပြီတကားဟု မောရှေနှင့် အာရုန်ကို အပြစ်တင်၍မြည်တမ်း လျက်ဆိုကြ၏။
၎ ထိုအခါ ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင်တို့အဘို့ မိုဃ်းကောင်းကင်ကမုန့်မိုဃ်း ကိုရွာစေမည်။ လူတို့သည်နေ့တိုင်းထွက်၍ တနေ့စားလောက်အောင်သိမ်းယူရကြမည်။ ငါ၏တရားအတိုင်း ကျင့်မည်လော၊ မကျင့်လောဟု ထိုသို့သောအားဖြင့် သူတို့ကိုငါစုံးစမ်းမည်။
၅ နေ့တိုင်းသိမ်းယူသော အရာထက်၊ ခြောက်ရက်မြောက် သောနေ့၌ နှစ်ဆကို သိမ်းယူ၍ပြင်ရကြမည်ဟု မောရှေအားမိန့်တော်မူ၏။
၆ မောရှေနှင့် အာရုန်တို့ကလည်း၊ ထာဝရ ဘုရားသည် သင်တို့ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည်ဟု ယနေ့ညဦးယံ၌ သင်တို့သိကြလိမ့်မည်။
၇ နံနက်ယံ ၌လည်း၊ ထာဝရဘုရား၏ ဘုန်းတော်ကိုမြင်ရကြလိမ့်မည်။ ထာဝရဘုရားကို အပြစ်တင်လျက် မြည်တမ်းကြသောအသံ ကိုကြားတော်မှုပြီ။ ငါတို့ကိုအပြစ်တင်လျက် မြည်တမ်းစေခြင်းငှါ၊ ငါတို့သည်အဘယ်သို့သောသူ ဖြစ်သနည်းဟု ဣသရေလအမျိုးသားအပေါင်းတို့အား ဆိုလေ၏။
၈ တဖန်လည်း မောရှေက၊ ထာဝရဘုရားသည် ညဦးယံ၌ သင်တို့ စားစရာအမဲသားကို၎င်း၊ နံနက်ယံ၌ ဝလောက်အောင် မုန့်ကို၎င်း ပေးတော်မူသောအခါ၊ ဤစကားပြည့်စုံလိမ့်မည်။ သင်တို့သည် အပြစ်တင်လျက် မြည်တမ်းကြသော အသံကို ထာဝရဘုရား ကြားတော်မူပြီ။ ငါတို့သည် အဘယ်သို့ သောသူဖြစ်သနည်း။ သင်တို့သည် အပြစ်တင်လျက်မြည်တမ်းကြသောစကားသည်၊ ငါတို့ကိုမထိမခိုက်၊ ထာဝရဘုရား ကိုထိခိုက်သည်ဟု ဆိုလေ၏။
၉ တဖန်သင်တို့သည် အပြစ်တင်လျက်၊ မြည်တမ်းသောအသံကို ထာဝရဘုရားကြား တော်မူသည်ဖြစ်၍၊ အထံတော်သို့ ချဉ်းကပ်ကြလော့ဟု ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုလော့ဟု အာရုန်ကိုမှာ ထားသည်အတိုင်း၊
၁၀ အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆို သောအခါ၊ သူတို့သည်တောသို့ မြော်ကြည့်၍၊ မိုဃ်းတိမ်၌ ထင်ရှားသောထာဝရဘုရား၏ ဘုန်းတော်ကိုမြင် ရကြ၏။
၁၁ ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည် အပြစ်တင်လျက် မြည်တမ်းသောအသံကို ငါကြားရပြီ။
၁၂ ညဦးယံ၌ သင်တို့သည် အမဲသားကိုစားရကြလိမ့်မည်။ နံနက်ယံ၌လည်း မုန့်နှင့်ဝရကြလိမ့်မည်။ ငါသည် သင်တို့ ၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သိကြလိမ့်မည်ဟု သူတို့ကိုပြောလော့ဟု မောရှေအားမိန့်တော်မူ၏။
၁၃ ညဦးယံ၌ ငုံးငှက်တို့သည် တပ်ကိုအနှံ့အပြားတက်လာကြ၏။ နံနက်ယံ၌လည်း တပ်ပတ်လည်အရပ်ရပ် တွင် နှင်းကျလျက်ရှိ၏။
၁၄ နှင်းတက်ပြီးသောအခါ၊ နှင်းခံကဲ့သို့ သေးသေးလုံးလုံးအရာသည် မြေမျက်နှာပေါ်မှာ ရှိရစ် လေ၏။
၁၅ ထိုအရာကို ဣသရေလအမျိုးသားတို့သည် မြင်သောအခါ၊ အဘယ်အရာနည်းဟု မသိသောကြောင့်၊ တယောက်ကိုတယောက် မေးကြ၏။ မောရှေကလည်း၊ ဤအရာသည် သင်တို့စားစရဘို့ ထာဝရဘုရားပေးသနား တော်မူသောမုန့်ဖြစ်၏။
ဆာလံကျမ်း အခန်းကြီး ၇၈ (Ps 78:3-54);
၁ ငါ၏လူများတို့၊ ငါ့တရားကို နာကြလော့။ ငါမြွက်သော စကားကို နားထောင်ကြလော့။
၂ ပုံစကားကို ငါမြွက်ဆို၍၊ ရှေးကာလ၏ နက်နဲသောအရာများကို ဘော်ပြပေအံ့။
၃ ဘိုးဘေးတို့သည် ပြော၍ ငါတို့သည် ကြားသိရသော ထိုအရာများကို၊
၎ သားမြေးတို့မှ မဝှက်မထား။ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်နှင့် တန်ခိုးတော် ကို၎င်း၊ ပြုတော်မူသော အံ့ဘွယ်အမှုတို့ကို၎င်း၊ ဖြစ်လတံ့သော သူတို့အားဘော်ပြကြမည်။
၅ အကြောင်းမူကား၊ ယာကုပ်အမျိုး၌ သက်သေတရားကို စီရင်၍၊ ဣသရေလအမျိုး၌ ပညတ်တရားကို ထားတော်မူ၏။
၆-၇ သဘော မဖြောင့်၊ ဘုရားသခင်၌ စိတ်ဝိညာဉ်အမြဲ မဆည်းကပ်သောအမျိုး၊ ငြင်းဆန်၍ ပုန်ကန်တတ်သော အမျိုးတည်းဟူသော ဘိုးဘေးတို့ကဲ့သို့ သားမြေးတို့သည်မဖြစ်၊ ဘုရားသခင်၏ အမှုတော်တို့ကိုမမေ့၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍၊ ပညတ်တော်တို့ကို စောင့်စေခြင်းငှာ၊ ထိုတရားတို့ကို ဘိုးဘေးတို့သည် သားတို့အားပြသ၍၊ ဖြစ်လတံ့သော အမျိုးတည်းဟူသော၊ ဘွားမြင်လတံ့သော သားတို့သည် သိနားလည်၍၊ နောက်တဖန် မြေးမြစ်တို့အား ပြသကြမည်အ ကြောင်း ပညတ်ထားတော်မူပြီ။
၉ ဧဖရိမ်အမျိုးသားတို့သည် လေးလက်နက်ကို စွဲကိုင်သော်လည်း၊ စစ်တိုက်သောအခါ နောက်သို့ လှည့်ကြပါသည်တကား။
၁၀ ဘုရားသခင်၏ သစ္စာတော်ကိုမစောင့်။ တရားတော်လမ်း၌ သွားခြင်းငှာ အလိုမရှိကြ။
၁၁ အမှုတော်တို့ကို၎င်း၊ ပြတော်မူသော အံ့သြဘွယ်တို့ကို၎င်း မေ့လျော့ကြ၏။
၁၂ အဲဂုတ္တုပြည်၊ ဇောနအရပ်တွင်၊ သူတို့အဘများ မျက်မှောက်၌ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မှု၏။
၁၃ ပင်လယ်ကိုခွဲ၍ သူတို့ကိုလျှောက်သွား စေတော်မူ၏။ ရေများကိုစုပုံ၍ ထားတော်မှု၏။
၁၄ နေ့အချိန်၌ကား၊ မိုဃ်းတိမ်ဖြင့်၎င်း၊ ညဥ့်အချိန်၌ကား၊ တညဥ့်လုံးမီးအလင်းဖြင့်၎င်း သူတို့ကိုလမ်းပြ တော်မူ၏။
၁၅ တော၌ကျောက်တို့ကိုဖောက်၍၊ ပင်လယ်ရေကဲ့သို့ များစွာသောရေကို သူတို့အားတိုက်တော်မူ၏။
၁၆ ကျေက်ထဲကစီးသောရေကို ထွက်စေ၍၊ မြစ်ရေကဲ့သို့ ရေများကို စီးစေတော်မူ၏။
၁၇ ထိုသူတို့မူကား၊ အမြင့်ဆုံးသော ဘုရားကို တော၌ ပုန်ကန်သောအားဖြင့် တိုး၍ပြစ်မှားကြ၏။
၁၈ မိမိတို့အလိုအလျောက် အစာကိုတောင်း၍ စိတ်နှလုံး ထဲမှ ဘုရားသခင်ကို စုံစမ်းကြ၏။
၁၉ ဘုရားသခင်သည် တော၌စားပွဲကို ပြင်ဆင်နိုင်သလော။
၂၀ ကြည့်ကြလော့။ ကျောက်ကိုရိုက်တော်မူသဖြင့်၊ ရေထွက်၍ မြစ်ရေကဲ့သို့ စီးလေ၏။ မုန့်ကိုလည်းပေးနိုင်သလော။ မိမိလူတို့အဘို့မဲသားကို ပြင်ဆင်နိုင်သလောဟု ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုလျက် ပြောဆိုကြ၏။
၂၁ ထိုစကားကို ထာဝရ ဘုရားသည် ကြား၍အမျက်ထွက်တော်မူ၏။ ယာကုပ်အမျိုး၌ မီးလောင်၍ ဣသရေလအမျိုး၌ ဒေါသမီးတက်လေ၏။
၂၂-၂၅ အကြောင်းမူကား၊ အထက်မိုဃ်းတိမ် တို့ကို မှာထားလျက်၊ ကောင်းကင်တံခါးတို့ ကိုဖွင့်၍၊ သူတို့စားစရာဘို့မန္နကိုမိုဃ်းရွာစေသဖြင့်၊ ကောင်းကင်ဆန်စပါးကို ပေးတော်မူသည်ဖြစ်၍၊ ထိုသူအပေါင်းသည် ကြီးမြတ်သောသူတို့၏ အစာကိုသုံးဆောင်၍၊ ဝပြောစွာ စားကြမည်အကြောင်း ပြုတော်မူသော်လည်း၊ သူတို့သည် ဘုရားသခင်ကို မယုံကြည်။ ကယ်တင်တော်မူခြင်း ကျေးဇူးကိုမကိုးစားပဲနေကြ၏။
၂၆ မိုဃ်းကောင်းကင်၌ အရှေ့လေကို ပယ်၍၊ အားကြီးသော တောင်လေကို ဆောင်ခဲ့သဖြင့်၊
၂၇ သူတို့အပေါ်သို့ အမဲသားကို မြေမှုန့်နှင့်အမျှပျံတက်သော ငှက်တို့ကို သမုဒ္ဒရာသဲလုံးနှင့် အမျှ၊ မိုဃ်းရွာစေလျက်၊
၂၈ သူတို့တပ်ချ၍၊ နေရာအရပ်ပတ်လည်၌ ကျစေတော်မူ၏။
၂၉ ထိုသို့သူတို့ အလိုရှိသည်အတိုင်း ပေးတော်မူသဖြင့်၊ သူတို့သည် ဝပြောစွာစားရကြ၏။
၃၀ သူတို့ တပ်မက်သောအစာကို မရောင့်ရဲမှီ စားကြစဉ်တွင်၊
၃၁ ဘုရားသခင်၏ အမျက်တော်သည် သက်ရောက်သဖြင့်၊ ကျန်းမာသောသူတို့ကို ကွက်မျက်၍ ဣသရေလလူပျိုတို့ကို လှဲချတော်မူ၏။
၃၂ ထိုအမှု အလုံးစုံတို့နှင့် ဣသရေလ လူတို့သည် တွေ့ကြုံရသော်လည်း၊ အံ့ဘွယ်သော အမှုတော်တို့ကြောင့် ယုံကြည်ခြင်းမရှိ၊ ပြစ်မှားလျက်နေကြသေး၏။
၃၃ ထို့ကြောင့် သူတို့နေ့ရက်ကာလကို အချည်းနှီးလွန်စေ၍၊ သူတို့နှစ်များကို ဘေးဥပဒ်တွင် မြှပ်တော်မူ၏။
၃၄ သူတို့ကို ကွပ်မျက်တ်ာမူသောအခါ ကိုယ်တော်ကို ရှာကြ၏။ ပြန်လာ၍ ကိုယ်တော်ကိုလိုက်ရှာကြ၏။
၃၅ ဘုရားသခင် သည် သူတို့၏ ကျောက်၊ အမြင့်ဆုံးသော ဘုရားသည် သူတို့ကိုကယ်တင်သော အရှင်ဖြစ်တော်မူသည်ကို ထိုအခါ သတိရကြ၏။
၃၆ သို့သော်လည်း ကိုယ်တော်ကိုနှုတ်ဖြင့် ချော့မော့၍၊ လျှာဖြင့်လည်း မုသားစကားကို လျှောက်ဆိုကြ၏။
၃၇ သူတို့စိတ်သဘောမူကား၊ ရှေ့တော်၌မဖြောင့်၊ သစ္စာတော်ကို မစောင့်ဘဲနေကြ၏။
၃၈ ကိုယ်တော်မူကား၊ ကရုဏာစိတ်ရှိ၍ သူတို့ကို မဖျက်ဆီးပဲအပြစ်လွှတ်တော်မူ၏။ ကြိမ်ဖန်များစွာ စိတ်တော်ပြေ၍၊ အမျက်တော်ကို နှိုးဆော်တော်မမူ။
၃၉ သူတို့သည် အသားဖြစ်ကြောင်းကို၎င်း၊ စုတေ၍ နောက်တဖန်မလာ တတ်သော ဝိညာဉ်ဖြစ် ကြောင်းကို၎င်း အောက်မေ့တော်မူ၏။
၄၀ သူတို့သည် ကိုယ်တော်ကို တော၌ ပုန်ကန်၍ လူဆိတ်ညံရာအရပ်၌ စိတ်တော်နာဘွယ်သော အကြောင်းကို ကြိမ်ဖန်များစွာ ပြုကြပါသည်တကား။
၄၁ ဘုရားသခင်ကိုအဖန်ဖန်စုံစမ်း၍ ဣသရေလအမျိုး၌ သန့်ရှင်းတော်မူသော ဘုရားကို ဆန့်ကျင်ဘက် ပြုကြပါသည် တကား။
၄၂ တန်ခိုးတော်ကို၎င်း၊ ဒုက္ခထဲက ကယ်လွှတ်တော်မူသော နေ့ရက်ကာလကို၎င်း မအောက်မေ့ကြ။
၄၃ အဲဂုတ္တပြည်၌ လက္ခဏာသက်သေတော် တို့ကို ၎င်း၊ ဇောနအရပ်၌ အံ့ဘွယ်သောအမှုတို့ကို၎င်း ပြုတော်မူ၏။
၄၄ ထိုပြည်သားတို့သည် ရေမသောက်ရမည် အကြောင်း၊ သူတို့မြစ်ရေ၊ စမ်းရေများကို သွေးဖြစ်စေတော်မူ၏။
၄၅ သူတို့ကို ကိုက်စားတတ်သော ယင်ရဲတို့ကို၎င်း၊ ဖျက်ဆီးတတ်သောဘားတို့ကို၎င်း စေလွှတ်တော်မူ၏။
၄၆ သူတို့၏မြေ အသီးအနှံကို ခါသိလကျိုင်းတို့အား၎င်း၊ သူတို့လုပ်၍ရသော ဥစ္စာကိုအရာ ဘကျိုင်းတို့အား၎င်း ပေးတော်မူ၏။
၄၇ သူတို့စပျစ် နွယ်ပင်များကို မိုဃ်းသီးဖြင့်၎င်း၊ သူတို့သဖန်းပင်များကို နှင်းခဲဖြင့်၎င်း ဖျက်ဆီးတော်မူ၏။
၄၈ သူတို့၏ သိုးနွားများကို မိုဃ်းသီးဖြင့်၎င်း၊ ပြုစုသော တိရစ္ဆာန်များကို မီး၌၎င်း အပ်တော်မူ၏။
၄၉ အမျက်တော်အရှိန်အားဖြင့် သူတို့၌ ဆိုးသော တမန်တို့ကိုစေလွှတ်၍ လွှမ်းမိုးခြင်း၊ ဒဏ်ခတ်ခြင်း၊ နှောက်ယှက်ခြင်းအမှုကို ဖြစ်စေတော်မူ၏။
၅၀ အမျက်တော်ဘို့ လမ်းကိုပြင်ဆင်တော်မူ၏။ သူတို့အသက်ကို မနှမြော၊ သေစေခြင်းငှာ ကာလနာသို့ အပ်နှံသဖြင့်၊
၅၁ အဲဂုတ္တပြည်၌ သားဦးအပေါင်း တို့ကို၎င်း၊ ဟာမသားတို့ နေရာအရပ်၌ အထွဋိအမြတ်များကို၎င်း ဒဏ်ခတ်တော်မူ၏။
၅၂ မိမိလူများကို ကား၊ သိုးကဲ့သို့ထွက်စေ၍၊ တော၌ သူတို့ကို သိုးစုကဲ့သို့ဆောင်တော်မူ၏။
၅၃ ဘေးနှင့်ကင်းလွတ်အောင် ဆောင်တော်မူသဖြင့်၊ သူတို့သည် မကြောက်ရကြ။ ရန်သူတို့ကိုကား ပင်လယ်ရေသည် လွှမ်းလေ၏။
၅၄ သန့်ရှင်းသောပြည်တော် စွန်းတိုင်အောင်၎င်း၊ လကျာ်လက်တော်အားဖြင့် အပိုင်ရတော်မူသော ဤတောင်သို့၎င်း၊ သူတို့ကို ပို့ဆောင်တော်မူ၏။
ဧဖက်သြဝါဒစာ အခန်းကြီး ၄ (Eph 4:17-24);
၁၇ ထိုကြောင့် ကြွင်းသော တပါးအမျိုးသားတို့သည် လျှပ်ပေါ်သောစိတ်နှင့် ကျင့်သည်နည်းတူ၊ သင်တို့သည် နောက်တဖန် မကျင့်မည်အကြောင်း သခင်ဘုရားအခွင့်နှင့် ငါမှာလိုက်၏။
၁၈ ထိုသူတို့သည် ဥာဏ်အလင်းကွယ်သည် ဖြစ်၍၊ စိတ်နှလုံးမိုက်မဲသောအားဖြင့် အလျှင်းမသိသောကြောင့်၊ ဘုရားသခင်၏ အသက်နှင့်ကွာရှင်းလျက်ရှိကြ၏။
၁၉ ထိုသူတို့သည် ရှက်ကြောက်ခြင်းမရှိ၊ တပ်မက်ခြင်းအလွန်ပြင်းသည်နှင့် ညစ်ညူးသောအကျင့် အမျိုးမျိုးကို ကြိုးစား၍ကျင့်လိုသောငှါ၊ မိမိတို့ကို ကိလေသာလက်သို့ အပ်လိုက်ကြ၏။
၂၀ ထိုသို့ဖြစ်စေခြင်းငှါ သင်တို့သည် ခရစ်တော်တရားကို သင်ကြပြီမဟုတ်ဘဲ၊
၂၁-၂၄ အထက်ကကျင် လည်ကြသည်အရာမှာ လှည့်ဖြားတတ်သော လောဘစိတ်တို့ဖြင့် ပုတ်ပျတ်သောလူဟောင်းကို ချွတ်ပယ်၍၊ စိတ်နှလုံးသဘောသစ်ကို ရပြီးလျှင်၊ မှန်သောဖြောင့် မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် ဘုရားသခင်နှင့်အတူ အမျှ ဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင်မည် အကြောင်း၊ ခရစ်တော်၏စကားကို ကြားနာရသည်ဖြစ်၍၊ ယေရှု၌ သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၄ (Matt 4:4);
၎ ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ လာသည်ဟုပြန်ပြောတော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၆ (John 6:24-35);
၂၄ ထိုအရပ်၌ ယေရှုမှစသော တပည့်တော်တို့မရှိသည်ကို သိကြသဖြင့်၊ နက်ဖြန်နေ့၌ လှေစီး၍ ယေရှုကိုရှာခြင်းငှါ ကပေရနောင်မြို့သို့ သွားကြ၏။
၂၅ အိုင်တဘက်၌တွေ့လျှင် အရှင်ဘုရား၊ အဘယ်သော အခါ ဤအရပ်သို့ကြွလာတော်မူသနည်းဟု မေးလျှောက်ကြ၏။
၂၆ ယေရှုကလည်း၊ ငါအမှန်အကန် ဆိုသည်ကား၊ သင်တို့သည် နိမိတ်လက္ခဏာတို့ကိုမြင်သောကြောင့် ငါ့ကိုရှာသည် မဟုတ်။
၂၇ မုန့်ကိုစား၍ ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကို ရခြင်းငှာမကြိုးစားကြနှင့်။ လူသားသည် သင်တို့အားပေး၍ ထာဝရအသက်နှင့်အမျှတည်တတ်သော အစာကိုရခြင်းငှါ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏ တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။
၂၈ ထိုသူတို့ကလည်း၊ ဘုရားသခင်၏အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်ခြင်းငှါ အဘယ်သို့ ပြုရပါမည် နည်းဟု မေးလျှောက်ကြ၏။
၂၉ ယေရှုကလည်း ဘုရားသခင်စေလွှတ်တော်မူသောသူကို ယုံခြင်း အကျင့်ကား၊ အလိုတော်နှင့်ညီသောအကျင့်တည်းဟု မိန့်တော်မူ၏။
၃၀ ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့် မြင်၍ ကိုယ်တော်ကို ယုံကြည်မည်အကြောင်း အဘယ်နိမိတ်လက္ခဏာကို ပြတော်မူသနည်း။ အဘယ်အမှုကို ပြုတော်မူ သနည်း။
၃၁ ကျမ်းစာ၌လာသည်ကား၊ ထိုသူတို့စားစရာဘို့ ကောင်းကင်မှမုန့်ကို ပေးတော်မူသည်ဟု လာသည်နှင့် အညီ၊ ငါတို့ဘိုးဘေးများသည် တော၌မန္နကိုစားကြသည်ဟု လျှောက် ကြ၏။
၃၂ ယေရှုကလည်း ငါအမှန်အကန်ဆိုသည်ကား၊ မောရှေသည် ကောင်းကင်မုန့်ကို သင်တို့အားမပေး။ ခမည်းတော်သည် မှန်သောကောင်းကင်မုန့်ကို သင်တို့အားပေးတော်မူ၏။
၃၃ ဘုရားသခင်၏မုန့်မူကား၊ ကောင်းကင် မှဆင်းသက်၍ လောကီသားတို့အား အသက်ကိုပေးသောမုန့်ပေတည်းဟု မိန့်တော်မူလျှင်၊
၃၄ သခင်၊ ထိုမုန့်ကို အကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါဟု လျှောက်ကြ၏။
၃၅ ယေရှုကလည်း၊ ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာအမွတ်မခံရ။ ငါ့ကိုယုံကြည်သောသူသည် နောက်တဖန် ရေငတ် မခံရ။