Mon the 6th: Feast of The Transfiguration.
Dan 7:9-14; Ps 97:1-9; 2 Peter 1:16-19; Mark 9:1-10
ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၇ (Dan 7:9-14);
၉ ထိုအခါ ငါကြည့်ရှုစဉ်၊ ရာဇပလ္လင်များကို တည်ထားလျက်ရှိ၍၊ အသက်ကြီးသောသူတဦးသည် ထိုင်တော်မူ၏။ အဝတ် တော်သည် မိုဃ်းပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူသောသိုးမွေးနှင့် တူ၏။ ပလ္လင်တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက်လှည်းဘီးရှိ၏။
၁၀ မျက်နှာတော်မှာ မီးရောင်ခြည်ထွက်လေ၏။ အတိုင်းမသိ များစွာသောသူတို့သည် အမှုတော်ကို ဆောင်ရွက်၍၊ ကုဋေ သင်္ချေမက ရှေ့တော်၌ ခစား၍ နေကြ၏။ တရားစီရင်ခြင်းငှါ ပြင်ဆင်၍၊ စာစောင်များကိုဖွင့်ထား၏။
၁၁ ထိုအခါ ချိုငယ်ပြောသောစကားကြီးအသံကြောင့် ငါကြည့်ရှုနေစဉ်၊ ထိုသားရဲအသက်ကို သတ်ပြီးလျှင် သူ၏ကိုယ်ကိုကိုယ် မီးရှို့၍ဖျက်ဆီးကြ၏။
၁၂ အခြားသောသားရဲမူကား၊ အစိုးရသောအခွင့်တန်ခိုးရှုံး သော်လည်း၊ ချိန်းချက်သောကာလပတ်လုံး အသက်ရှင်ရကြ၏။
၁၃ ထိုညဥ့်အခါ ငါသည် အာရုံပြု၍၊ လူသားနှင့်တူသော သူတဦးသည် မိုဃ်းတိမ်ကိုစီးလျက်၊ အသက်ကြီးသောသူ၏ အထံတော်သို့ ရောက်လေ၏။ ထိုသူကို အထံတော်ပါးသို့ သွင်းကြ၏။
၁၄ အရပ်ရပ်တို့၌နေ၍၊ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသောလူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှါ၊ ထိုသူသည် နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ၏။ အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်ရာ။
ဆာလံကျမ်း အခန်းကြီး ၉၇ (Ps 97:1-9);
၁ ထာဝရဘုရားသည် စိုးစံတော်မူ၏။ မြေကြီးသည် ဝမ်းမြောက်၍၊ ကျွန်းများတို့သည်လည်း ရွှင်လန်းကြစေ။
၂ မိုဃ်းတိမ်နှင့် မှောင်မိုက်တို့သည် ထာဝရဘုရား၏ပတ်ဝန်းကျင်တို့၌ ရှိကြသည်၊၊ တရားသဖြင့်စီရင်ခြင်း ဖြောင့်မတ်စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာဖြစ်၏၊၊
၃ မီးသည်ရှေ့တော်၌ သွား၍ ရန်သူတို့ကိုအလှည့်လည့် လောင်လေ၏။
၎ လျှပ်စစ်တော်သည် လောကဓါတ်ကိုလင်းစေ၏၊၊ မြေကြီးသည်မြင်၍ တုန်လှုပ်၏၊၊
၅ ထာဝရဘုရားရှေ့ မြေကြီးတပြင်လုံး ကိုအစိုးရတော်မူသော အရှင်၏ရှေ့တော်၌ တောင်တို့သည်ဘယောင်းကဲ့သို့ အရည်ဖြစ်ကြသည်၊၊
၆ ဖြောင့်မတ်တော်မူ ခြင်း အကြောင်းကိုကောင်းကင်တို့သည် ထင်ရှားစွာပြ၍ လူများအပေါင်းတို့သည် ဘုန်းတော်ကိုမြင်ရကြ၏၊၊
၇ ရုပ်တု ဆင်းတုကို ဝတ်ပြုသောသူ အချည်းနှီးသက်သက်သော အရာ၌ဝါကြွားသောသူ အပေါင်းတို့သည် အရှက်ကွဲခြင်း ရှိကြစေ၊၊ ဘုရားအပေါင်းတို့ ထာဝရဘုရားကို ပြပ်ဝပ်ကိုးကွယ်ကြလော့၊၊
၈ အိုထာဝရဘုရား ကိုယ်တော်သည်တရားစီရင်တော်မူချက်တို့ အကြောင်းကြောင့် ဇိအုန်မြို့သည် ကြား၍ ရွှင်လန်းပါ၏၊၊ ယုဒသတို့သမီးတို့လည်း ဝမ်းမြောက်ကြပါ၏၊၊
၉ အိုထာဝရဘုရား ကိုယ်တော်သည် မြေကြီင်္းသားအ ပေါင်းတို့ ထက်ကြီးမြင့်တော်မူ၏၊၊ ဘုရားတကာတို့ထက် အလွန်မြှောက်ခြင်းရှိတော်မူ၏၊၊
ရှင်ပေတရုသြဝါဒစာဒုတိယစောင် အခန်းကြီး ၁ (2 Peter 1:16-19);
၁၆ ငါတို့သခင်ယေရှုခရစ်၏ တန်ခိုးတော်ကို၎င်း၊ ကြွလာတော်မူခြင်းကို၎င်း၊ သင်တို့အားကြားပြော သောအခါ၊ ငါတို့သည် ပရိယာယ်နှင့်ပြင်ဆင်သော ဒဏ္ဍာရီစကားကိုမလိုက်၊ ဘုန်းအာနုဘော်ကို ကိုယ်တိုင် မြင်သောသူဖြစ်ကြ၏။
၁၇ အဘယ်သို့နည်းဟူမူကား၊ ဤသူသည်ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း ဟူသောအသံတော်သည်၊ ထူမြတ်သော အရောင်အဝါတော်ထဲက၊ ထိုသခင်သို့ရောက်သောအခါ၊ ခမည်းတော်ဘုရားသခင့်အထံတော်မှ ဂုဏ်အသေရေ၊ ဘုန်းအာနုဘော်ကိုခံရတော်မူ၏။
၁၈ ကောင်းကင်က ရောက်လာသော ထိုအသံတော်ကို ငါတို့သည် သန့်ရှင်းသော တောင်ပေါ်မှာ သခင်ဘုရားနှင့် အတူရှိသော အခါကြားရကြ၏။
၁၉ ထိုမှတပါး၊ သာ၍မြဲမြံသော အနာဂတ္တိစကားတော်သည် ငါတို့၌ရှိသေး၏။ စိတ်နှလုံးထဲ၌ အာရုဏ်တတ်၍ ကြယ်နီပေါ်ထွက်သည်ကာလတိုင်အောင်၊ ထိုအနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ ထွန်းလင်းသော ဆီမီးကဲ့သို့မှတ်၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၉ (Mark 9:1-10);
၁ ငါအမှန်ဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သည် တန်ခိုးနှင့်တကွ တည်ကြောင်းကို ဤအရပ်၌ ရှိသောသူအချို့တို့သည် မမြင်မှီသေခြင်းသို့မရောက်ရကြဟု မိန့်တော်မူ၏။
၂ ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်၍၊ အခြားသူမပါဘဲ မြင့်လှစွာသောတောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။ သူတို့၏ရှေ့၌ ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊
၃ အဝတ်တော်လည်း ပြောင်လက်လျက်၊ ဤမြေပေါ်၌ အဘယ်ခဝါသည်မျှ မတက်နိုင်အောင် မိုဃ်းပွင့်ကဲ့သို့ အလွန်ဖြူလျက်ရှိ၏။
၎ မောရှေနှင့် ဧလိယသည် ထင်ရှား၍ ယေရှုနှင့်အတူ စကားပြောလျက်ရှိ၏။
၅ ထိုအခါ ပေတရုက၊ အရှင်ဘုရား၊ ဤအရပ်၌ နေဘွယ်ကောင်းပါ၏။ ကိုယ်တော်ဘို့ တဲတဆောင်၊ မောရှေဘို့တဆောင်၊ ဧလိယဘို့တဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပါရစေ ဟုလျှောက်လေ၏။
၆ တပည့်တော်တို့သည် အလွန်ကြောက်သောကြောင့် ပေတရုသည် ယောင်ယမ်း၍ ထိုသို့ လျှောက်သတည်း။
၇ ထိုအခါ မိုဃ်းတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါ၏ချစ်သားပေတည်း။ သူ၏ စကားကိုနားထောင်ကြလော့ဟု မိုဃ်းတိမ်က အသံတော်ဖြစ်လေ၏။
၈ ထိုခဏခြင်းတွင် တပည့်တော်တို့သည် ပတ်လည်သို့ကြည့်ရှုလျှင် မိမိတို့နှင့်အတူ ယေရှုတယောက်တည်းမှတပါး အဘယ်သူကိုမျှမမြင်ကြ။
၉ တောင်ပေါ်မှာဆင်းကြသောအခါ ကိုယ်တော်က၊ လူသားသည် သေခြင်းမှမထမြောက်မှီတိုင်အောင် သင်တို့ယခုမြင်သောအရာကို အဘယ်သူအားမျှ မကြားမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။
၁၀ တပည့်တော်တို့သည် ထိုစကားကိုမှတ်မိ၍ သေခြင်းမှထမြောက်ခြင်းသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်းဆွေးနွှေးမေးမြန်းကြ၏။