Tue the 21st: Memorial of Pius X, pope.
Ezek 28:1-10; Deut 32:26-36; 2 Cor 8:9; Matt 19:23-30
ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၂၈ (Ezek 28:1-10);
၁ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊
၂ အချင်းလူသား၊ အရှင်ထာဝရ ဘုရား၏ အမိန့်တော်ကို တုရုရှင်ဘုရင်အား ဆင့်ဆိုရမည်မှာ၊ သင်သည် ကိုယ်ကိုဘုရားသခင်ကဲ့သို့ ထင်မှတ်သော်လည်း ဘုရားသခင်မဟုတ်၊ လူသက်သက်ဖြစ်လျက်နှင့် ငါသည် ဘုရားဖြစ်ပါ၏၊ ပင်လယ်အလယ်၌ ဘုရားပလ္လင်ပေါ်မှာ ငါထိုင်သည်ဟု ဝါကြွားသောစိတ်နှင့် ဆိုသည်ဖြစ်၍၊
၃ သင်သည် ဒံယေလထက် သာ၍ပညာရှိပါသည်တကား။ သည်မသိရအောင် သူတပါးဝှက်ထားနိုင်သောအရာ တစုံတခုမျှမရှိ။
၎ ကိုဥာဏ်ပညာအားဖြင့် ဥစ္စာရတတ်၏။ ရွှေငွေကိုဆည်းဖူးပြီ။
၅ ထူးဆန်းသောပညာနှင့် ကုန်စလယ်များအားဖြင့် စည်းစိမ်ကြီး၍၊ ထိုစည်းစိမ်ကြောင့် စိတ်ဝါကြွားပြီ။
၆ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ်သောကြောင့်၊
၇ ကြောက်မက်ဘွယ်သော တကျွန်းတနိုင်ငံသားတို့ကို သင်ရှိရာသို့ ငါပို့ဆောင်သဖြင့်၊ သူတို့သည် သင်၏ပညာဂုဏ်ကို ထားနှင့်ခုတ်၍၊ သင်၏တင့်တယ်ခြင်းအသရေကို ရှုတ်ချကြလိမ့်မည်။
၈ သင့်ကို မြေတွင်းထဲသို့နှိမ့်ချ၍၊ ပင်လယ်အလယ်၌ ဆုံးရှုံးသောသူကဲ့သို့ သင့်အသက်သည် ဆုံးရှုံးရလိမ့်မည်။
၉ သင့်အသက်ကို သတ်သောသူတို့လက်တွင်၊ သင်သည် ဘုရားသခင်မဟုတ်၊ လူသက်သက်ဖြစ်လျက်နှင့်၊ ငါသည် ဘုရားဖြစ်သည်ဟု သင့်အသက်ကိုသတ်သော သူတို့ရှေ့မှာ အမှန်ပြောလိမ့်မည်လော။
၁၀ အရေဖျားလှီးခြင်းမခံသောလူ သေသကဲ့သို့၊ သင်သည် တကျွန်းတနိုင်ငံသားတို့လက်ဖြင့် သေရမည်။ ငါပြောပြီဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
တရားဟောရာကျမ်း အခန်းကြီး ၃၂ (Deut 32:26-36);
၂၆ ရန်သူ၏မာန်မာနကို ငါမကြောက်လျှင်င်း၊
၂၇ ရန်ဘက်ပြုသော သူတို့သည်ထောင်လွှား လျက်၊ ဤအမှုအလုံးစုံကို ထာဝရဘုရားမပြု၊ ဘုန်းကြီးသောငါတို့ လက်ရုံးပြပြီဟု ပြောမည်ကို စိုးရိမ်စရာမရှိလျှင်င်း၊ သူတို့ကို မြေကြီးစွန်းတိုင်အောင် အရပ်ရပ်သို့ကွဲပြားစေ၍၊ အဘယ်သူမျှ မအောက်မေ့ စေခြင်းငှာ ပယ်ရှင်းမည်ဟု ငါအကြံရှိ၏။
၂၈ အကြောင်းမူကား၊ သူတို့သည် ပညာသတိမရှိ၊ ဥာဏ်ကင်းသော လူမျိုးဖြစ်ကြ၏။
၂၉ ပညာကိုရ၍ ဤအမှုကို နားလည်ကြပါစေသော။ နောက်ဆုံးကာလ၌ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင်ကြပါစေသောဟု မိန့်တော် မူ၏။
၃၀ သူတို့ခိုလှုံစရာကျောက်သည် သူတို့ကိုမရောင်း၊ ထာဝရဘုရားသည် သူတို့ကို အပ်တော်မမူလျှင်၊ လူတယောက်သည် လူတထောင်ကို အဘယ်သို့နှင်နိုင်မည်နည်း။ လူနှစ်ယောက်သည် လူတသောင်းကို အဘယ်သို့ ပြေးစေနိုင်မည်နည်း။
၃၁ ငါတို့၏ရန်သူများ စီရင်ဆုံးဖြတ်သော်လည်း၊ သူတို့ကျောက်သည် ငါတို့ကျောက်နှင့် မတူ။
၃၂ သူတို့စပျစ်နွယ်ပင်သည် သောဒုံစပျစ်နွယ်ပင်မျိုး၊ ဂေါမောရမြေ၌ ပေါက်သော အပင်မျိုးဖြစ်၏။ သူတို့စပျစ်သီးသည် ခါးသော အပင်၏အသီးဖြစ်၍၊ စပျစ်သီးပြွတ်တို့သည် ခါးသောအရသာနှင့် ပြည့်စုံကြ၏။
၃၃ သူတို့စပျစ်ရည်သည် နဂါးအဆိပ်၊ ပြင်းထန်သော မြွေဆိုးအဆိပ်အတောက်ဖြစ်၏
၃၄ ဤအမှုသည် ငါထံမှာ သိုထားလျက်၊ ငါ့ဘဏ္ဍာတိုက်၌ တံဆိပ်ခပ်လျက် ရှိသည်မဟုတ်လော။
၃၅ အပြစ်တရားကို စီရင်ရသော အခွင့်၊ အပြစ်နှင့်အလျောက် ဆပ်ပေးရသော အခွင့်ကိုငါပိုင်၏။ အချိန်တန်မှ သူတို့ခြေသည် ချော်လိမ့်မည်။ သူတို့၌ ဘေးရောက်သောအချိန်နီးပြီ။ သူတို့တွေ့ကြုံ ရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။
၃၆ ထာဝရဘုရားသည် မိမိလူတို့အဘို့တရားစီရင်တော်မူမည်။ ကိုယ်တော်၏ ကျွန်တို့သည် တန်းခိုးကုန်ကြောင်း၊ အချုပ်ခံရသောသူ၊ လွတ်သောသူတယောက်မျှမရှိကြောင်းကို မြင်သောအခါ၊ သူတို့အမှုကြောင့် နောင်တ ရတော်မူလျက်၊
၃၇ သူတို့ဘုရား၊ သူတို့ခိုလှုံသော ကျောက်သည်အဘယ် မှာ ရှိသနည်း။
ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၈ (2 Cor 8:9);
၉ အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၉ (Matt 19:23-30);
၂၃ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ငွေရတတ်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခဲလှ၏။
၂၄ တဖန် ငါဆိုသည်ကား၊ ကုလားအုပ်သည် အပ်နဖားကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
၂၅ ထိုသူတို့သည် ကြားလျှင် အလွန်မိန်းမောတွေဝေ ခြင်းရှိ၍၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင် မည်နည်းဟု ပြောဆိုကြ၏။
၂၆ ယေရှု သည်လည်း၊ သူတို့ကိုကြည့်ရှု၍ ဤအမှုကို လူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသောအမှု တို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။
၂၇ ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီ။ အဘယ် အကျိုးကို ရကြပါမည်နည်းဟု လျှောက်လေသော်၊
၂၈ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည်ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအခါ၊ ငါ့နောက်သို့ လိုက်ကြသောသင်တို့သည် တဆယ်နှစ်ခုသော ပလ္လင်ပေါ်မှာထိုင်လျက်၊ ဣသရေလလူတဆယ်နှစ်မျိုးကို စစ်ကြော စီရင်ရကြလတံ့။
၂၉ အကြင်သူသည် ငါ၏နာမကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တပါးပါးကိုစွန်၍၊ ထိုသူသည် အဆတရာသောအကျိုးကို ရ၍ ထာဝရ အသက်ကို အမွေခံရလတံ့။
၃၀ နောက်ကျသော သူအများတို့သည် အရင်ကျကြလိမ့်မည်၊ အရင်ကျသောသူအများတို့သည် နောက်ကျကြလိမ့်မည်။