Wednesday, 15 August 2018

15-AUG-2018 (READING -ORD19-YB-C2)

Wed the 15th:     Solemnity of The Assumption.
Rev 11:19, 12:1-10; Ps 45:10-16; 1 Cor 15:20-27; Luke 1:39-56

ဗျာဒိတ်ကျမ်း အခန်းကြီး ၁၁ (Rev 11:19, 12:1-10);

၁၉ တဖန် ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကိုဖွင့်ထား၍ ဗိမာန်တော်ထဲမှာ ပဋိညာဉ်သေတ္တာတော် ထင်ရှားလေ၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ မြေလှုတ်ခြင်း၊ အလုံးကြီး စွာသော မိုဃ်းသီးကျခြင်းဖြစ်ကြ၏။
၁ ကောင်းကင်၌ ကြီးစွာသော နိမိတ်လက္ခဏာဟူမူကား၊ မိန်းမတဦးသည် နေကိုဝပ်လျက်၊ လကိုခြေဖြင့် နင်းလျက်၊ မိမိခေါင်းပေါ်၌ ကြယ်ဆယ်နှစ်လုံးဖြင့် ပြီးသောသရဖူကို ဆောင်းလျက်ပေါ်လာ၏။
၂ ထိုမိန်မသည် ကိုယ်ဝန်ဆောင်၍ ဘွားအံ့သောဝေဒနာပြင်းသောကြောင့် ဟစ်အော်လေ၏။
၃ ကောင်းကင်၌ အခြားသောနိမိတ် လက္ခဏာပေါ်လာသည်ကား၊ အဆင်းနီသောနဂါးကြီးသည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူခုနစ်ဆူကို ဆောင်လျက်ရှိ၏။
၎ သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစု တစုကိုဆွဲငင်၍ မြေကြီးသို့ ချလိုက် လေ၏။ သားကိုဘွားလုသောမိန်းမသည် ဘွားသောအခါ၊ နဂါးသည် ထိုသားကိုကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ ရပ်နေ၏။
၅ ထိုမိန်းမသည် လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတံ့သော သားယောက်ျားကို ဘွားဖြင်၏။ ထိုသားကို ဘုရားသခင့်ထံသို့၎င်း ပလ္လင်တော်သို့၎င်း၊ ချီယူတော်မူ၏။
၆ မိန်းမသည် အရက်တထောင်နှစ်ရာ ခြောက်ဆယ်ပတ်လုံး တော၌ကျွေးမွေးခြင်းကို ခံရမည်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။
၇ ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။
၈-၉ ထိုအခါ၊ ဤလောကတနိုင်ငံလုံးကို လှည့်ြ့ဖား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။
၁၀ ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏ အာဏာတော်စက်လည်းဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီ အစ်ကိုများကို ငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညဥ့်မပြတ် အပြစ်တင်သောရန်သူကို အောက်သို့ချလေပြီ။

ဆာလံကျမ်း အခန်းကြီး ၄၅  (Ps 45:10-16);

၁၀ ငါ့သမီးနားထောင်လော့၊၊ ဆင်ခြင်၍ နာယူလော့၊၊ ကိုယ့်အမျိုးသားချင်းနှင့် ကိုယ့်အဘ၏ အိမ်ကို မေ့လျာ့ လော့၊၊
၁၁ သို့ပြုလျှင် သင်လှသောအဆင်းကို ရှင်ဘုရင်သည် နှစ်လိုစုံမက်တော်မူမည်၊၊ သူသည် သင်၏ အရှင်ဖြစ်သော ကြောင့် သူ့ကို ကိုးကွယ်လော့၊၊
၁၂ တုရုမင်းသမီးမှစ၍ လူစုတွင် ဥစ္စာရတတ်သော သူတို့သည်လည်း လက်ဆောင် ပဏ္ဍာပါလျက် သင့်ကို ဖျောင်းဖျရကြလိမ့်မည်၊၊
၁၃ ရှင်ဘုရင်၏ သမီးတော်သည် အတွင်း၌ ဂုဏ်အသရေသက်သက် ရှိ၏၊၊ ရွှေဖြင့် ချယ်လှယ်သော အဝတ်တန်ဆာကို ဆင်၏၊၊
၁၄ ဈာနှင့်ကာလျက် ရှင်ဘုရင်ထံသို့ ဆောင်ခဲ့ရ၏၊၊ နောက်လိုက်သော အပေါင်းအဘော် အပျိုတော် များကိုလည်း ကိုယ်တော်ထံသို့ သွင်းရလိမ့်မည်၊၊
၁၅ မ်းမြောက်ရွှင်လန်းသော အခြင်းအရာနှင့် ဆောင်ခဲ့၍ ရှင်ဘုရင်၏ နန်းတော်သို့ ဝင်ရကြလိမ့်မည်၊၊
၁၆ ကိုယ်တော်၏ အဘများ ကိုယ်စားသားများကို ရ၍၊ မြေကြီးတပြင်လုံးတွင် မင်းအရာ ၌ ခန့်ထားတော်မူလိမ့်မည်၊၊

ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁၅ (1 Cor 15:20-27);

၂၀ ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီးသော အသီးဖြစ်တော်မူပြီ။
၂၁ သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်း တရားသည် လူအားဖြင့် တည်လျက်ရှိ၏။
၂၂ လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။
၂၃ သို့ရာတွင် လူအသီးသီးတို့သည် မိမိတို့အလှည့်အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးသီးသောအသီး ဖြစ်တော်မူ၏။ ထိုနောက် ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ တပည့်တော်ဖြစ်သော သူတို့သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။
၂၄ ထိုအခါ ခရစ်တော်သည် အထွဋိအမြတ်အာဏာတန်ခိုး အမျိုးမျိုးကိုပယ်ရှင်း၍၊ မိမိနိုင်ငံကို ဘုရားသခင် တည်းဟူသော ခမည်းတော်၌ အပ်ပြန်တော်မူပြီးမှ ကမ္ဘာကုန်ရလတံ့၊
၂၅ ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဘဝါးတော်အောက်၌ ချထားတော်မူမှီတိုင်အောင် အုပ်စိုးတော်မူရမည်။
၂၆ နောက်ဆုံးသောရန်သူတည်း ဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတံ့။
၂၇ ခပ်သိမ်းသောအရာတို့ကို လူသား၏ ခြေအောက်၌ ချထားတော်မူ သည်ဟု ကျမ်းစာလာ၏။ ခပ်သိမ်းသောအရာတို့သည်ချထားလျက်ရှိကြောင်းကိုဆိုသော်၊ ခပ်သိမ်းသောအရာတို့ကို လူသားအောက်၌ချထားတော်မူသောသူသည် ကြွင်းတော်မူကြောင်းထင်ရှားသတည်း။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁ (Luke 1:39-56);

၃၉ ထိုအခါ မာရိသည် ထ၍၊ တောင်ကြားအရပ်၌ရှိသော ယုဒမြို့တမြို့သို့ အလျင်အမြန်သွားပြီးလျှင်၊
၄၀ ဇာခရိ အိမ်သို့ဝင်၍ ဧလိရှဗက်ကို နှုတ်ဆက်လေ၏။
၄၁ ထိုနှုတ်ဆက်ခြင်းစကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း၌ ရှိသောသူငယ်သည် ခုန်၍၊ မိမိသည်သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက်၊
၄၂ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိ၏။ သင်၏ဝမ်း၌ရှိသောသူငယ်သည်လည်း မြတ်စွာသောမင်္ဂလာရှိ၏။
၄၃ အကျွန်ုပ်သခင်၏ မယ်တော်သည် အကျွန်ုပ်ဆီသို့ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။
၄၄ သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြား စဉ်တွင်၊ အကျွန်ုပ်ဝမ်းထဲ၌ သူငယ်သည်ရွှင်မြူးသောစိတ်နှင့် ခုန်၏။
၄၅ ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအား ထာဝရဘုရား မိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသော အသံနှင့် မြွက်ဆို၏။
၄၆ မာရိကလည်း၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏။
၄၇ ငါ့ကို ကယ်တင်တော်မူသောအရှင် ဘုရားသခင်ကိုအမှီပြု၍ ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ၏။
၄၈ အကြောင်းမူကား၊ မိမိကျွန်မ၏ နှိမ့်ချသော အဖြစ်ကို ကြည့်ရှုတော်မူပြီ။ နောင်ကာလ၌ ခပ်သိမ်းသောလူ အစဉ်အဆက်တို့သည် ငါ့ကိုမင်္ဂလာရှိသော သူဟူ၍ ခေါ်ကြလိမ့်မည်။
၄၉ တန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသည် အံ့ဘွယ်သောကျေးဇူးတော်ကို ငါ့အားပြုတော်မူပြီ။ ထိုဘုရား၏ နာမတော်သည် ရိုသေဘွယ်ဖြစ်တော်မူ၏။
၅၀ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် သနားတော် မူခြင်း ကျေးဇူးကို အစဉ်မပြတ်ခံစားကြ၏။
၅၁ လက်ရုံးတော်အားဖြင့် တန်ခိုးကို ပြတော်မူပြီ။ မာနထောင်လွှားသော သူတို့ကို ကွဲလွင့်စေတော်မူပြီ။
၅၂ ဘုရင်တို့ကို ရာဇပလ္လင်ပေါ်မှ ချ၍ နှိမ့်ချသောသူတို့ကို မြှောက်တော်မူပြီ။
၅၃ ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာပေး၍ ရတတ်သောသူတို့ကို လက်ချည်းလွှတ်လိုက်တော်မူပြီ။
၅၄ ငါတို့ ဘိုးဘေးများတို့အား ဗျာဒိတ်ထားတော် မူသည်နှင့်အညီ၊
၅၅ အာဗြဟံမှစသော သူ၏အမျိုးအနွှယ်အား သနားခြင်း ကျေးဇူးတော်ကို အစဉ်အမြဲပြုခြင်း ငှါ သတိထား၍ မိမိကျွန် ဣသရေလကို မစတော်မူသည်ဟုဆို၏။
၅၆ မာရိသည် လည်း ဧလိရှဗက်ထံမှာ သုံးလခန့်နေပြီးမှ မိမိအိမ်သို့ပြန်လေ၏။