Ezek 12:1-12; Ps 78:56-62; Ps 119:135; Matt 18:21-19:1
ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၁၂ (Ezek 12:1-12);
၁တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ ၂အချင်းလူသား၊ သင်သည် ပုန်ကန်တတ်သော အမျိုးထဲမှာနေ၏။ သူတို့သည် မြင်ရသောမျက်စိရှိသော်လည်း မမြင်တတ်။ ကြားရသော နားရှိသော်လည်း မကြားတတ်။ ၃ပုန်ကန်တတ်သော အမျိုးဖြစ်ကြ၏။ ၃သို့ဖြစ်၍၊ အချင်းလူသား၊ အခြားသို့ ပြောင်းသွားခြင်းငှါ ဥစ္စာပရိကံများကို ပြင်ဆင်၍၊ နေ့အချိန်၌ သူတို့မျက်မှောက်တွင် ပြောင်းသွားလော့။ သူတို့မျက်မှောက်တွင် အခြားတပါးသို့ နေရာပြောင်းလော့။ ပုန်ကန်တတ်သော အမျိုးဖြစ်သော်လည်း၊ သတိရကောင်း ရကြလိမ့်မည်။ ၄နေရာ ပြောင်းစရာဘို့ ပြင်ဆင်သော ဥစ္စာပရိကံများကဲ့သို့ နေ့အချိန်၌ သူတို့မျက်မှောက်တွင် ထုတ်ရမည်။ သိမ်းသွားခြင်းကို ခံရသောသူကဲ့သို့ ညအချိန်၌ သူတို့မျက်မှောက်တွင် ထွက်သွားရမည်။ ၅သူတို့မျက်မှောက်၌ အုတ်ရိုးကို တူးဖောက်၌ ဥစ္စာကံများကို ထုတ်သွားလော့။ ၆ညဦးယံအချိန်၌ သူတို့မျက်မှောက်တွင် ပခုံးပေါ်မှာ ထမ်း၍ ထုတ်ရမည်၊၊ မြေကို မမြင်ရအောင် ဖုံးရမည်။ အကြောင်းမူကား၊ သင့်ကို ဣသရေလအမျိုး အား နိမိတ်လက္ခဏာာဖြစ်စေခြင်းငှါ ငါခန့်ထားပြီဟု မိန့်တော်မူသည်အတိုင်း၊ ၇ငါသည် သိမ်းသွင်းခြင်းကို ခံရသောသူ၏ ဥစ္စာပရိကံများကဲ့သို့၊ ငါ၏ ဥစ္စာပရိကံများကို နေ့အချိန်၌ ထုတ်၍၊ ညအချိန်၌ အုတ်ရိုးကို ကိုယ်လက်နှင့် တူးဖောက်ပြီး ညဦးယံအချိန်၌ သူတို့မျက်မှောက်တွင် ပခုံးပေါ်တွင် ထမ်းသွား၏။ ၈နံနက်အချိန်၌ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ ၉အချင်းလူသား၊ ပုန်ကန်တတ်သော ဣသရေလအမျိုးက ၊ သင်သည် အဘယ်သို့ ပြုသနည်းဟု သင့်အားမေးသည်ရှိသော်လည်း၊ ၁ဝအရှင်ထာဝရ ဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်၊ ဤဗျာဒိတ်တော်သည် ယေရုရှလင်မြို့ ကို အစိုးရသော မင်းမှစ၍ ၊ ထိုမြို့၌ ရှိသော ဣသရေလအမျိုးသား တို့နှင့် ဆိုင်ပေ၏။ ၁၁ငါသည် သင်တို့၏ နိမိတ်လက္ခဏာဖြစ်၏။ ငါပြုသကဲ့သို့ သင်တို့သည် ပြုရကြလိမ့်မည်။ နေရာပြောင်း၍ သိမ်းသွားခြင်း ကို ခံရကြလိမ့်မည်။ ၁၂သင်တို့၏ မင်းသည်လည်း၊ မိမိပခုံး၌ ထမ်း၍ ညဦးယံ အချိန်၌ ထုတ်သွားရလိမ့်မည်။ ထုတ်သွား စရာဘို့ အုတ်ရိုး ကို တူးဖော်ရလိမ့်မည်၊၊ မြေကို မမြင်ရအောင် မျက်နှာကို ဖုံးရလိမ့်မည်။
ဆာလံကျမ်း အခန်းကြီး ၇၈ (Ps 78:56-62);
၅၆ သို့သော်လည်း၊ သူတို့သည် အမြင့်ဆုံးသောဘုရားကို စုံစမ်း၍ ပုန်ကန်ကြ၏။ သက်သေခံတော်မူ ချက်များ ကို မစောင့်ဘဲ၊
၅၇ ဘိုးဘေးများကဲ့သို့ ဖောက်ပြန်ကို သစ္စာကို ဖျက်ကြ၏။ လိမ်တတ်သောလေကဲ့သို့ လမ်းလွဲကြ၏။
၅၈ သူတို့သည် မြင့်သော အရပ်များအားဖြင့်၊ အမျက်တော်ကို နှိုးဆော်၍၊ ရုပ်တုများအားဖြင့် လည်း စိတ်တော်ကို ချုပ်ချယ်နှောက်ယှက်ကြ၏။
၅၉ ဘုရားသခင်သည် ကြားသိတော်မူ လျှင်၊ အမျက်တော်ထွက်၍၊ ဣသရေလအမျိုးသားတို့ကို အလွန်ရွံ့ရှာသဖြင့်၊
၆၀ ရှီလောတဲတော်တည်းဟူသော၊ လူတို့တွင် နေရာချတော်မူသောအရပ်ကို စွန့်တော်မူ၏။
၆၁ တန်ခိုးတော်ကို သိမ်းသွားစေခြင်းငှာ၎င်း၊ ဘုန်းတော်ကို ရန်သူတို့လက်သို့ ရောက်စေခြင်းငှာ စီရင်တော်မူ၏။
၆၂ မိမိလူတို့ကိုလည်းထားဘေး၌ အပ်၍၊ အမွေတော်ကို အမျက်ထွက်တော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:135);
၁၃၅ မျက်နှာ တော်၏အလင်း ကို ကိုယ်တော်၏ ကျွန်ပေါ်မှာ ထွန်းလင်းစေ၍ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၈ (Matt 18:21-19:1);
၂၁ ထိုအခါ ပေတရုသည် ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏အပြစ် ကိုဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရမည်ငါမဆို။
၂၂ အကြိမ်ခုနစ်ဆယ်ခုနစ်လီ မြောက်အောင်လွှတ်ရမည် ငါဆို၏။
၂၃ ထိုကြောင့် ကောင်းကင်နိုင်ငံတော်သည်၊ မိမိကျွန်များတို့ကို စာရင်းယူခြင်းငှါ အလိုရှိသောမင်းကြီးတဦး နှင့်တူ၏။
၂၄ စာရင်းယူစဉ်တွင်၊ ငွေအခွက် တသိန်းကြွေးတင်သော သူတယောက်ကိုရှေ့တော်သို့ ဆောင်ခဲ့ကြ၏။
၂၅ ထိုသူသည် ကြွေးဆပ်ရန် မရှိသောကြောင့်၊ ကိုယ်မှစ၍သားမယားဥစ္စာရှိသမျှတို့ကိုရောင်း၍ ကြွေးကိုဆပ်စေဟု သူ၏သခင်စီရင်၏။
၂၆ ထိုကျွန်သည် ညွတ်ပြပ်ဝပ်တွားလျက်၊ သခင်၊ ကျွန်တော်ကို သည်းခံတော်မူပါ။ ကြွေးရှိသမျှကိုဆပ်ပါမည် ဟု လျှောက်လျှင်၊
၂၇ သူ၏သခင်သည် သနားခြင်းရှိသဖြင့် ကြွေးရှိသမျှကိုလွှတ်၍ ချမ်းသာပေးလေ၏။
၂၈ ထိုကျွန်သည် ထွက်သွားရာတွင် မိမိငွေဒေနာရိတရာ ကြွေးတင်သော ကျွန်ချင်းတယောက်ကို တွေ့လျှင်၊ လည်ပင်းကိုကိုင် ညှစ်၍ ငါ့ငွေကိုဆပ်ပေးလော့ဟု ဆို၏။
၂၉ ထိုကျွန်ချင်းသည် ကြွေးရှင်၏ ခြေရင်း၌ ပြပ်ဝပ်လျက် ကျွန်တော်ကို သည်းခံတော်မူပါ။ ကြွေးရှိသမျှကိုဆပ်ပါမည်ဟု တောင်းပန်သော်လည်း၊
၃၀ ငွေရှင်သည် နားမထောင်ဘဲ သွား၍ ကြွေးကိုမဆပ်မှီတိုင်အောင်သူ့ကိုထောင်ထဲမှာ လှောင်ထား၏။
၃၁ အခြားသော ကျွန်ချင်း တို့သည် မြင်လျှင် အလွန်နာကြည်းသောစိတ်နှင့်သွား၍၊ ပြုလေသမျှတို့ကို မိမိတို့သခင်၌ ကြားလျှောက်ကြ၏။
၃၂ ထိုအခါသခင်သည် ထိုကျွန်ကိုခေါ်၍၊ ဟယ်ဆိုးညစ်သောကျွန်၊သင်သည်ငါ့ကိုတောင်းပန်သောကြောင့်သင်၌တင် သမျှသော ကြွေးကိုငါ ရှင်းလင်း စေ၏။
၃၃ ငါသည်သင့်ကို သနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကို မသနားအပ် သလောဟုဆိုလျက်၊
၃၄ အမျက်ထွက်၍ ကြွေးရှိသမျှကို မဆပ်မှီ တိုင်အောင်အာဏာသားတို့လက်ကို အပ်လေ၏။
၃၅ သင်တို့သည်လည်း ညီအစ်ကို အချင်းချင်းတို့ကို စိတ်နှလုံးပါလျက် အပြစ်မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောငါ၏ အဘသည် ထိုနည်းတူသင်တို့ကို စီရင်တော်မူလတံ့ဟုမိန့်တော်မူ၏။
၁ ထိုဒေသနာတော်ကို ယေရှုသည် အကုန်အစင်ဟောတော်မူပြီးလျှင်၊ ဂါလိလဲပြည်မှ ပြောင်း၍ ယုဒပြည်စွန်း၊ ယော်ဒန်မြစ်တဘက်သို့ ကြွတော်မူ၏။