Sat the 18th: Ezek 18:1-32; Ps 51:12-19; Matt 11:25; Matt 19:13-15
ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၁၈ (Ezek 18:1-32);
၁ တဖန်ထာဝရ ဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရာက်လာ၍၊
၂ အဘတို့သည် ချဉ်သောစပျစ်သီးကို စား၍ သားတို့သည် သွာကျိန်းလျက် ရှိကြ၏ဟု သင်တို့သည် ဣသရေလ ပြည်ကိုရည်မှတ်၍ စကားပုံကို သုံးသော အခါ အဘယ်သို့ ဆိုလိုသနည်း။
၃ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း နောက်တဖန် ဣသရေလပြည်၌ ထိုစကားပုံကိုသုံးရသော အကြောင်းမရှိရ။
၎ိညာဉ်အပေါင်းတို့ကို ငါပိုင်၏။ အဘ၏ ဝိညာဉ်ကို ငါပိုင်သကဲ့သို့ သား၏ ဝိညာဉ်ကို လည်းငါပိုင်၏။ ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်။
၅ လူမည်သည်ကား၊ သဘောဖြောင့်၍ တရားသောအမှု၊ ဟုတ်မှန်သောအမှုကို ပြုလျှင်င်း၊
၆ တောင်ပေါ်မှာမစား၊ ဣသရေလအမျိုးကိုး ကွယ်သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကိုမပစ်မှား၊ ဥတုရောက်သောမိန်းမကို မချဉ်းကပ်၊
၇ အဘယ်သူကိုမျှမ ညှဉ်းဆဲ၊ ကြွေးစားပေါင်ထားသော ဥစ္စာကိုပြန်၍ မပေးမနေ၊သူ့ဥစ္စာကိုအနိုင့်အထက် မလုမယူ။ ငတ်မွတ်သောသူကို ကျွေးမွေး၍၊ အဝတ်မရှိသောသူကို အဝတ်နှင့်ဖုံးလွှမ်းလျှင်င်း၊
၈ အတိုးစား၍ ငွေကိုမချေး၊ အဓမ္မအမှုကို လက်မခံ၊ သူတပါးအမှုကို တရားသဖြင့် စီရင်ခြင်း၊
၉ ငါစီရင်ထုံးဖွဲ့သည်အတိုင်းကျင့်၍ သစ္စာစောင့်သိခြင်းကို ပြုလျှင်င်း၊ ထိုသူသည် ဖြောင့်မတ် သောသူဖြစ်၏။ အကယ်စင်စစ် အသက်ရှင်ရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၁၀ သို့ရာတွင်၊ ထိုသူ၏ သားသည် ထားပြတိုက်သောသူ၊ လူ့အသက်ကိုသတ်သောသူ၊ အရင်ဆိုခဲ့ပြီးသော ဒုစရိုက် တစုံတခုကိုပြုသောသူ၊
၁၁ အရင်ဆိုခဲ့ပြီးသောသုစရိုက်ကိုမပြု၊ တောင်ပေါ်မှာစားခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊
၁၂ ဆင်းရဲငတ်မွတ်သော သူကို ညှဉ်းဆဲခြင်း၊ သူ့ဥစ္စာကို အနိုင်အထက်လုယူခြင်း၊ ပေါင်ထားသောဥစ္စာကိုပြန်မပေးဘဲ နေခြင်း၊ ရုပ်တုကို ဖူးမျှော်ခြင်း၊ ရွံရှာဘွယ်သောအမှုကို ပြုခြင်း၊
၁၃ အတိုးစား၍ ငွေချေးခြင်းကိုပြုသော သူဖြစ်လျှင်၊ အသက်ရှင်ရမည်လော။ အသက်မရှင်ရ။ ထိုရွံရှာဖွယ်သောအမှုများကိုပြုသောကြောင့်၊ စင်စစ်အသေသတ်ခြင်းကို ခံရမည်။ သေထိုက် သောအပြစ်ရှိ၏။
၁၄ သို့ရာတွင်၊ ထိုသူ၏သားသည် အဘပြုသမျှသော ဒုစရိုက်တို့ကို မြင်၍ ဆင်ခြင်သဖြင့်၊ ထိုသို့သောအမှုတို့ ကို မပြု၊
၁၅ တောင်ပေါ်မှာမစား၊ ဣသရေလအမျိုးကိုးကွယ်သော ရုပ်တုတို့ကို မဖူးမမျှော် သူ့မယားကို မပြစ်မှား။
၁၆ အဘယ်သူကိုမျှ မညှဉ်းဆဲ၊ ပေါင်ထားသော ဥစ္စာကို မသိမ်း၊ သူ့ဥစ္စာကို အနိုင်ထက် မလုမယူ၊ ငတ်မွတ်သောသူ ကို ကျွေးမွေးခြင်း၊ အဝတ်မရှိသောသူကို အဝတ်နှင့် ဖုံးလွှမ်းခြင်း၊
၁၇ ဆင်းရဲသောသူကို ချမ်းသာပေးခြင်း၊ အတိုးမစား ဘဲ ငွေချေးခြင်းကို ပြု၍ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူသည် အဘ၏ အပြစ်ကြောင့် အသေခံရမည် မဟုတ်။ စင်စစ်အသက်ရှင်ရလိမ့်မည်။
၁၈ အဘမူကား၊ မိမိညီအစ်ကို အထပ်ထပ်ညှဉ်းဆဲလျက်၊ သူ့ဥစ္စာကို အနိုင် အထက်လုယူလျက်၊ မိမိအမျိုးသားချင်းတို့တွင် မကောင်းသောအမှုကို ပြုသောအပြစ်ကြောင့် အသေသတ်ခြင်းကို ခံရမည်။
၁၉ သင်တို့ကလည်း၊ အဘယ်သို့နည်း။ သားသည်အဘ၏ အပြစ်ကို မခံရသလောဟု မေးကြသော်လည်း၊ သားသည် တရားသောအမှု ဟုတ်မှန်သောအမှုကို ပြု၍၊ ငါစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့်လျှက်၊ စင်စစ် အသက်ရှင်ရလိမ့်မည်။
၂၀ ပြစ်မှားသောသူသည်အသေခံရမည်။ သားသည်အဘ၏ အပြစ်ကိုမခံရ။ အဘသည် သား၏အပြစ်ကိုမခံရ။ တရားသောသူသည်တရားစွာပြုခြင်း အကျိုးကိုင်း၊ မတရားသောသူသည် မတရားစွာပြုခြင်း အပြစ်ကို င်း ခံရလိမ့်မည်။
၂၁ သို့ရာတွင် မတရားသောသူသည် မိမိပြုမိသမျှသော ဒုစရိုက်တို့ကို ကြဉ်ရှောင်လျက်၊ ငါစီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍၊ မတရားသောအမှု၊ ဟုတ်မှန်သောအမှုတို့ကိုပြုလျှင်၊ သေခြင်းနှင့် ကင်းလွတ်၍ စင်စစ်အသက်ရှင်ရလိမ့်မည်။
၂၂ မိမိပြုမိသမျှသော ဒုစရိုက်တို့ကို အပြစ်တို့ကို သူ့တဘက်၌ မမှတ်ရ၊၊ ပြုမိသော ဖြောင့်မတ်ခြင်းအမှုကြောင့် အသက်ရှင်ရလိမ့်မည်၊၊
၂၃ မတရားသောသူသည် မိမိအကျင့်တို့ကို ရှောင်၍ အသက်မရှင်၊ အသေခံခြင်းအမှု၌ ငါသည် အနည်းငယ်သော ပျော်မွေ့ခြင်းရှိသလော။
၂၄ သို့ရာတွင်၊ တရားသောသူသည် ဖောက်ပြန်၍၊ အဓမ္မအမှုကိုင်း၊ မတရား သောသူပြုသမျှသော စက်ဆုပ်ရွံရှာဘွယ် အမှုတို့ကိုင်း ပြုလျှင်၊ အသက်ရှင်ရမည်လော။ အရင်ပြုသမျှသော ဖြောင့်မတ်ခြင်း အမှုတို့ကို မမှတ်၊ သူသည် လွန်ကျူးသောအမှု၊ ပြစ်မှားသောအပြစ်ကြောင့် အသေသတ်ခြင်းကို ခံရလိမ့်မည်။
၂၅ သို့သော်လည်း သင်တို့က၊ ထာဝရဘုရားစီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား၊၊ အိုဣသရေလအမျိုး ငါစီရင်ချက်သည် ဖြောင့်မတ်၍၊ သင်တို့စီရင်ချက် ကောက်သည်မဟုတ်လော၊
၂၆ တရားစီရင်သောသူသည် တရားသောအမှု ကိုပယ်၍ အဓမ္မအမှုကိုပြုလျှင်၊ ထိုအမှုကြောင့် သေရမည်။ ပြုမိသော အဓမ္မအမှုကြောင့် အသေသက်ခြင်းကိုခံရမည်။
၂၇ ထိုအတူ၊ မတရားသော သူသည် မိမိပြုမိသော အဓမ္မ အမှုကိုရှောင်၍ တရားသောအမှု၊ ဟုတ်မှန်သောအမှုကိုပြုလျှင်၊ မိမိအသက်ကို ကယ်နှုတ်ရလိမ့်မည်။
၂၈ ပြုမိသမျှသော အဓမ္မအမှုတို့ကိုဆင်ခြင်၍ ရှောင်သောကြောင့်၊ သေခြင်းနှင့် လွတ်၍ စင်စစ်အသက်ရှင်ရလိမ့်မည်။
၂၉ သို့သော်လည်း ဣသရေလအမျိုးက၊ ထာဝရဘုရားစီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား၊ အိုဣသရေ လအမျိုး၊ ငါစီရင်ချက်သည် ဖြောင့်၍၊ သင်တို့စီရင်ချက်သည်ကောက်သည် မဟုတ်လော။
၃၀ သို့ဖြစ်၍ အိုဣသရေလ အမျိုး သင်တို့အသီးအသီးကျင့်ကြသည်အတိုင်း အကျိုးအပြစ်ကို ငါစီရင်မည်။ သင်တို့သည် အဓမ္မအမှုရှိသမျှတို့ကို စွန့်ပစ်၍ ပြောင်းလဲကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက်အပြစ်ကြောင့် ထိမိ၍ ဆုံးခြင်းသို့ မရောက်ကြနှင့်။
၃၁ သင်တို့သည် ပြုသမျှသော လွန်ကျူးခြင်းအမှုတို့ကို စွန့်ပစ်၍ အသစ်သောနှလုံး၊ အသစ်သော စိတ်သဘောကို ပြင်ဆင်ကြလော့။ အိုဣသရေလအမျိုး၊ သင်တို့သည် အဘယ်ကြောင့် အသေသတ်ခြင်းကို ခံလိုသနည်း။
၃၂ အသေခံရ သောသူ၏ အသေခံခြင်းအမှု၌ ငါသည်ပျော်မွေ့ခြင်းမရှိ။ ထိုကြောင့် ပြောင်းလဲ၍ အသက်ရှင်ကြလော့ဟု အရှင် ထာဝရဘုရား မိန့်တော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၅၁ (Ps 51:12-19);
၁၂ ကယ်တင်တော်မူခြင်းနှင့် ယှဉ်သောဝမ်းမြောက်ခြင်း အခွင့်ကိုပြန်၍ ပေးသနား တော်မူပါ၊၊ ကြည်ညိုသောစေတနာ စိတ်သဘောသည် အကျွန်ုပ်ကို ထောက်မပါစေသော၊၊
၁၃ အကျွန်ုပ်သည်လည်း မတရားသောသူ တို့အား တရားတော်လမ်းကို ပြသသွန်သင်ပါမည်၊၊ အပြစ်ရှိသော သူတို့သည် ကိုယ်တော်ထံသို့ ပြန်ကြပါလိမ့်မည်။
၁၄ အိုဘုရားသခင် အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား လူအသတ်ကိုသတ်ခြင်းအပြစ်နှင့် အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ၊၊ တရားသဖြင့် စီရင်တော်မူခြင်းကို အကျွန်ုပ်လျှာသည် ရွှင်လန်းစွာ သီချင်းဆိုပါမည်၊၊
၁၅ အိုထာဝရ ဘုရား အကျွန်ုပ်၏ နှုတ်ကို ဖွင့်တော်မူပါ၊၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမြွက်ဆိုပါမည်၊၊
၁၆ ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ၊၊ သို့မဟုတ်လျှင် ယဇ်ပူဇော်ပါမည်၊၊ မီးရှို့သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ၊၊
၁၇ ဘုရားသခင် နှစ်သက်တော်မူသော ယဇ်မူကား ကျိုးပဲ့သော စိတ်ပေတည်း၊၊ အိုဘုရားသခင် ကိုယ်တော်သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ်တော်မမူတတ်ပါ၊၊
၁၈ စေတနာစိတ်တော်ရှိ၍ ဇိအုန်တောင်ကို ကျေးဇူးပြုတော်မူပါ၊ ယေရုရှလင်မြို့ရိုးကို တည်စေတော်မူပါ။
၁၉ ထိုအခါ တရားသဖြင့် ပူဇော်သောယဇ် ၊ မီးရှို့သောယဇ် ၊ တကိုယ်လုံးမီးရှို့သောယဇ်နှင့် မွေ့လျော်တော်မူလိမ့်မည်။ ထိုအခါ ယဇ်ပလ္လင်တော်ပေါ်မှာ နွားလားတို့ကို ယဇ်ပူဇော်ကြပါလိမ့်မည်၊၊
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:25);
၂၅ ထိုအခါယေရှုက၊ ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဘ၊ ကိုယ်တော်သည်ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကိုထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အားဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၉ (Matt 19:13-15);
၁၃ ထိုအခါ သူငယ်တို့အပေါ်မှာ လက်တော်ကိုတင်၍ မေတ္တာပို့တော်မူစေခြင်းငှါ အထံတော်သို့ ဆောင်ခဲ့သည် ဖြစ်၍ တပည့်တော်တို့သည် အပြစ်တင်ကြ၏။
၁၄ ယေရှုကလည်း၊ ထိုသူငယ်တို့ကို ရှိစေတော့။ ငါ့ထံသို့လာသည်ကို မဆီးတားကြနှင့်။ ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်သည်ဟု မိန့်တော်မူ၍၊
၁၅ သူငယ်တို့ အပေါ်မှာ လက်တော်ကိုတင်ပြီးလျှင်၊ ထိုအရပ်မှကြွသွားတော်မူ၏။