Mon the 9th: Optional memorial of Denis, bishop and martyr, and companions, martyrs.
Optional memorial of John Leonardi, priest.
Jonah 1:1-2:11; Jonah 2:3-8; John 13:34; Luke 10:25-37
ယောနဝတ္ထု အခန်းကြီး ၁(Jonah 1:1-2:11);
၁ အမိတ္တဲ၏သား ယောနသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
၂ သင်ထ၍ နိနေဝေမြို့ကြီးသို့သွားပြီးလျှင်၊ ခြိမ်းချောက်သောစကားနှင့် ကြွေးကြော်လော့။ ထိုမြို့ပြုသော ဒုစရိုက်အပြစ်သည် ငါ့ရှေ့သို့တတ်လာပြီဟု မိန့်တော်မူ၏။
၃ သို့သော်လည်း၊ ယောနသည် ထာဝရဘုရားထံတော်မှ တာရှုမြို့သို့ ပြေးမည်အကြံရှိသည်နှင့် ထလျက်ယုပ္ပေမြို့သို့သွား၍ ရောက်သဖြင့်၊ တာရှုမြို့သို့သွားသော သင်္ဘောကိုတွေ့ကြုံ၍ သင်္ဘောခကိုပေးပြီးလျှင်၊ ထာဝရဘုရားထံတော်မှ သင်္ဘောသားတို့နှင့် အတူ တာရှုမြို့သို့လိုက်ခြင်းငှါ၊ သင်္ဘောကို စီးလေ၏။
၎ ထာဝရဘုရားသည်လည်း၊ ပြင်းစွာသောလေကို ပင်လယ်အပေါ်သို့စေလွှတ်တော်မှုသဖြင့်၊ ပင်လယ်၌ ကြီးစွာသော မိုဃ်းသက်မုန်တိုင်းဖြစ်၍၊ သင်္ဘောသည် ပျက်လုသော လက္ခဏာရှိ၏။
၅ ထိုအခါ သင်္ဘောသားတို့သည် ကြောက်ရွံ့၍ အသီးအသီးမိမိတို့ဘုရားကို အော်ဟစ်ကြ၏။ သင်္ဘောပေါ့စေခြင်းငှါ၊ ဝန်များကိုလည်း ပင်လယ်ထဲသို့ ပစ်ချကြ၏။ ယောနမူကား၊ သင်္ဘောဝမ်းထဲသို့ဆင်း၍ အိပ်ပျော်လျက်နေ၏။
၆ သင်္ဘောသူကြီးသည် လာ၍အိုအိပ်ပျော် သောသူ၊ အဘယ်သို့နည်း။ ထလော့။ သင်၏ဘုရားကို ဆုတောင်းလော့။ ငါတို့အသက်လွတ်စေခြင်းငှါ၊ ထိုဘုရားသည် ငါတို့ကိုအောက်မေ့ကောင်း အောက်မေ့လိမ့်မည်ဟု ဆို၏။
၇ နောက်တဖန်သူတို့က၊ လာကြ။ အဘယ်သူ၏အပြစ် ကြောင့်၊ ဤအမှုရောက်သည်ကို ငါတို့သိရမည်အကြောင်း၊ စာရေးတံချကြကုန်အံ့ဟု တိုင်ပင်၍ စာရေးတံချလျှင် ယောန၌ စာရေးတံကျ၏။
၈ တဖန်သူတို့က အဘယ်အပြစ်ကြောင့်၊ ဤအမှုရောက်သည်ကို ပြောပါလော့။ သင်ဆောင်ရွက်သောအမှုက၊ အဘယ်အမှုနည်း။ သင်သည် အဘယ်အရပ်ကလာသနည်း။ အဘယ်ပြည်၊ အဘယ်အမျိုးသားဖြစ်သနည်း။ မေးမြန်းကြသော်၊
၉ ငါသည်ဟေဗြဲအမျိုးသားဖြစ်၏။ ရေမြေကို ဖန်ဆင်းတော်မူသော ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်သောသူဖြစ်၏ဟု၊
၁၀ ထိုသူတို့သည် အလွန် ကြောက်ရွံ့၍၊ သင်သည်အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မေးကြ၏။ ယောနသည် ထာဝရဘုရားထံတော်မှ မိမိပြေးကြောင်းကိုဘော်ပြသောကြောင့် သူတို့သိကြ၏။
၁၁ ထိုအခါ ပင်လယ်၌ လှိုင်းတံပိုးသည် တိုး၍ထသောကြောင့် သူတို့က၊ ငါတို့၌ လှိုင်းတံပိုးငြိမ်းစေခြင်းငှါ၊ သင့်ကိုအဘယ်သို့ပြုရမည်နည်းဟု မေးကြသော်။
၁၂ ငါ့ကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြလော့။ သို့ဖြစ်လျှင် လှိုင်းတံပိုး သည် သင်တို့၌ ငြိမ်းလိမ့်မည်။ ဤပြင်းစွာသော မိုဃ်းသက်မုန်တိုင်းသည် ငါ့ကြောင့်သာ သင်တို့အပေါ်သို့ရောက် သည်ကို ငါသိ၏ ဟုပြန်ပြောသော်လည်း၊
၁၃ သင်္ဘောသားတို့သည် ကမ်းသို့ရောက်အံ့သောငှါ၊ ပင်ပန်းစွာ တက်ခတ် ကြ၏။ သို့ရာတွင်၊ သူတို့တဘက်၌ လှိုင်းတံပိုးတိုး၍ထသောကြောင့်၊ သူတို့သည် မတက်နိုင်သောအခါ၊
၁၄ အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် တောင်းပန်ပါ၏။ ဤသူ၏အသက်ကြောင့် အကျွန်ုပ်တို့သည် အကျိုးနည်း မဖြစ်ပါစေနှင့်။ အပြစ်မရှိသောသူ၏ အသက်သတ်သော အပြစ်ကိုအကျွန်ုပ်တို့၌ တင်တော်မမူပါနှင့်။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အလိုရှိတော်မူသည်အတိုင်း ပြုတော်မူ၏ဟု ထာဝရဘုရားအား ကြွေးကြော် တောင်းပန်ပြီးမှ
၁၅ ယောနကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြ၏။ ထိုအခါ ပင်လယ်လှိုင်းတံပိုးသည် ငြိမ်းလေ၏။
၁၆ သင်္ဘောသားတို့သည်လည်း ထာဝရဘုရားကို အလွန်ကြောက်ရွံ့သဖြင့် ယဇ်ပူဇော်၍ သစ္စာဂတိထားကြ၏။
၁၇ ယောနကိုမျိုစေခြင်းငှါ ငါးကြီးကို ထာဝရဘုရား ခန့်ထားတော်မူသည်နှင့်အညီ၊ ယောနသည် ငါး၏ဝမ်း ထဲမှာ သုံးရက်ပတ်လုံးနေရ၏။
၁ ငါး၏ဝမ်းထဲမှာနေစဉ်တွင်၊ ယောနသည် မိမိဘုရားသခင် ထာဝရဘုရားကို ဆုတောင်းသောစကား ဟူမူ ကား၊
၂ ငါသည် ဒုက္ခဆင်းရဲကိုခံရသောကြောင့်၊ ထာဝရဘုရားကို ဟစ်ခေါ်၍ ငါ့စကားကို ကြားတော်မူ၏။ မရဏာ နိုင်ငံ၏ဝမ်းထဲက ဟစ်ခေါ်သောစကားသံကို နားထောင်တော်မူ၏။
၃ ကိုယ်တော်သည် အကျွန်ုပ်ကို နက်နဲသောအရပ်၊ သမုဒ္ဒရာအလယ်ချက်ထဲသို့ ချပစ်တော်မူသဖြင့်၊ ပင်လယ်ရေသည်ဝိုင်း၍ လှိုင်းတံပိုးတော်ရှိသမျှတို့သည် လွှမ်းမွမ်း ကြပါ၏။
၎ ထိုသို့ မျက်မှောက်တော်မှ နှင်ထုတ်ခြင်းကို ခံရသော်လည်း၊ သန့်ရှင်းသော ဗိမာန်တော်ကို မျက်မှောက် ပြုမြဲပြုပါမည်ဟု အောက်မေ့လျက်နေ၏။
၅ ရေတို့သည် အကျွန်ုပ်အသက်ကို သေစေခြင်းငှါ ဝိုင်းသဖြင့်၊ အကျွန်ုပ်သည် ပင်လယ်အလယ်၌ အချုပ်ခံရပါ၏။ ပင်လယ်မြက်ပင်သည် အကျွန်ုပ်ခေါင်းကို ပေါင်းစည်းလျက်ရှိပါ၏။
၆ တောင်ခြေ ရင်းအမြစ်သို့ အကျွန်ုပ်ဆင်း၍၊ မြေကန့်လန့်ကျင်အတွင်း၌ အစဉ်အမြဲပိတ်ထားသော်လည်း၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို ပျက်ဆီးရာမှ ကယ်ဆယ်တော်မူလိမ့်မည်။
၇ အကျွန်ုပ်သည် စိတ်ပျက်သောအခါ ထာဝရဘုရားကို အောက်မေ့၍၊ အကျွန်ုပ်၏ပဌနာသည် သန့်ရှင်းသောဗိမာန်တော်၌ ကိုယ်တော် ထံသို့ ဝင်ပါ၏။
၈ မုသာအနတ္တကိုမှီဝဲသော သူတို့သည် မိမိတို့ကရုဏာခံရကြောင်းကို စွန့်ပစ်ကြပါ၏။
၉ အကျွန်ုပ်မူ ကား၊ ကျေးဇူးတော်ကို ချီးမွမ်းသောစကားနှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ သစ္စာဂတိထားသည်အတိုင်း သစ္စာဝတ်ကိုပြုပါမည်။ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်းသာရပါသည်ဟု ဆုတောင်းလေ၏။
၁၀ ထိုအခါ ငါးကြီးသည် ထာဝရဘုရား၏ အမိန့်တော်ကိုခံ၍ ယောနကို ကုန်းပေါ်သို့ အန်လေ၏။
ယောနဝတ္ထု အခန်းကြီး ၂ (Jonah 2:3-8);
၃ ကိုယ်တော်သည် အကျွန်ုပ်ကို နက်နဲသောအရပ်၊ သမုဒ္ဒရာအလယ်ချက်ထဲသို့ ချပစ်တော်မူသဖြင့်၊ ပင်လယ်ရေသည်ဝိုင်း၍ လှိုင်းတံပိုးတော်ရှိသမျှတို့သည် လွှမ်းမွမ်း ကြပါ၏။
၎ ထိုသို့ မျက်မှောက်တော်မှ နှင်ထုတ်ခြင်းကို ခံရသော်လည်း၊ သန့်ရှင်းသော ဗိမာန်တော်ကို မျက်မှောက် ပြုမြဲပြုပါမည်ဟု အောက်မေ့လျက်နေ၏။
၅ ရေတို့သည် အကျွန်ုပ်အသက်ကို သေစေခြင်းငှါ ဝိုင်းသဖြင့်၊ အကျွန်ုပ်သည် ပင်လယ်အလယ်၌ အချုပ်ခံရပါ၏။ ပင်လယ်မြက်ပင်သည် အကျွန်ုပ်ခေါင်းကို ပေါင်းစည်းလျက်ရှိပါ၏။
၆ တောင်ခြေ ရင်းအမြစ်သို့ အကျွန်ုပ်ဆင်း၍၊ မြေကန့်လန့်ကျင်အတွင်း၌ အစဉ်အမြဲပိတ်ထားသော်လည်း၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို ပျက်ဆီးရာမှ ကယ်ဆယ်တော်မူလိမ့်မည်။၇ အကျွန်ုပ်သည် စိတ်ပျက်သောအခါ ထာဝရဘုရားကို အောက်မေ့၍၊ အကျွန်ုပ်၏ပဌနာသည် သန့်ရှင်းသောဗိမာန်တော်၌ ကိုယ်တော် ထံသို့ ဝင်ပါ၏။
၈ မုသာအနတ္တကိုမှီဝဲသော သူတို့သည် မိမိတို့ကရုဏာခံရကြောင်းကို စွန့်ပစ်ကြပါ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၃ (John 13:34);
၃၄ သင်တို့သည် အချင်းချင်း တယောက်ကိုတယောက်ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၀ (Luke 10:25-37);
၂၅ တရံရောအခါ ကျမ်းတတ်တယောက်သည် ထ၍၊ အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံအံ့ သောငှါ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်းဟု ကိုယ်တော်ကိုစုံစမ်းနှောင့်ရှက်ခြင်းငှါ မေးလျှောက်သော်၊
၂၆ ကိုယ်တော်က၊ ပညတ္တိကျမ်း၌ အဘယ်သို့လာသနည်း။ သင်သည်အဘယ်သို့ ဘတ်သနည်းဟု မေးတော်မူလျှင်၊
၂၇ ထိုသူက၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဥာဏ်ရှိသမျှနှင့်ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ပြန်လျှောက်လေ၏။
၂၈ ကိုယ်တော်ကလည်း၊ သင်၏စကားသည် မှန်ပေ၏။ ထိုသို့ပြုလျှင် အသက်ကိုရမည်ဟု မိန့်တော်မူ၏။
၂၉ ထိုသူကလည်း၊ အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင် သောသူဖြစ်ပါသနည်းဟု မိမိအပြစ်မရှိဟန် ပြုလိုသောစိတ်နှင့် ယေရှုကိုလျှောက်ပြန်သော်၊
၃၀ ယေရှုက၊ လူတယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားရာတွင် ထားပြနှင့်တွေ့ကြုံလေ၏။ ထားပြတို့သည် ထိုသူ၏အဝတ် ကိုချွတ်၍ နာကျင်စွာရိုက်နှက်ပြီးမှ သေလုမတတ်ဖြစ်သောအခါ ပစ်ထား၍သွားကြ၏။
၃၁ ထိုလမ်းသို့ ယဇ်ပုရောဟိတ်တယောက်သည် အမှတ်တမဲ့သွား၍ ထိုလူနာကိုမြင်လျှင် လွှဲရှောင်၍သွားလေ၏။
၃၂ ထိုနည်းတူ လေဝိလူတယောက်သည် ထိုအရပ်သို့ရောက်သောအခါ လာ၍ကြည့်မြင်လျှင် လွှဲရှောင်၍သွား လေ၏။
၃၃ ရှမာရိ လူတယောက်သည် ခရီးသွားရာတွင် ထိုလူနာရှိရာသို့ရောက်၍ မြင်သောအခါ ဂရုဏာစိတ်ရှိသည်နှင့်၊
၃၄ ချဉ်းကပ်၍ သူ၏အနာများကို ဆီနှင့်စပျစ်ရည်ထည့်လျက် အဝတ်နှင့်စည်းပြီးလျှင်၊ မိမိတိရစ္ဆာန်ပေါ်မှာတင်၍ စရပ်တခုသို့ ဆောင်သွားပြုစုလေ၏။
၃၅ နက်ဖြန်နေ့၌ ထွက်သွားသောအခါ၊ ဒေနာရိနှစ်ပြားကိုထုတ်၍ စရပ်ရှင်အားပေးလျက်၊ ဤသူကို ကြည့်ရှုပြုစုပါ။ ကုန်သမျှကို ငါပြန်လာသောအခါ ဆပ်ပေးမည်ဟု ဆို၏။ သင်သည် အဘယ်သို့ထင်သနည်း။
၃၆ ထိုသူသုံးယောက်တို့တွင် အဘယ်သူသည် ထားပြလက်သို့ရောက်သောသူနှင့်စပ်ဆိုင်သောသူ ဖြစ်သနည်းဟု ပြန်၍မေးတော်မူလျှင်၊
၃၇ ကျမ်းတတ်က လည်း၊ လူနာကိုသနားသောသူသည် စပ်ဆိုင်သောသူဖြစ်ပါ၏ဟု လျှောက်သော် ယေရှုက၊ သင်သည်သွား၍ ထိုနည်းတူပြုလော့ဟု မိန့်တော်မူ၏။