Wed the 4th: Memorial of Francis of Assisi.
Neh 2:1-8; Ps 137:1-6; Phil 3:8-9; Luke 9:57-62
နေဟမိမှတ်စာ အခန်းကြီး ၂ (Neh 2:1-8);
၁ အာတဇေရဇ်မင်းကြီးနန်းစံနှစ်ဆယ်၊ နိသန်လတွင် ရှေ့တော်၌တင်သော စပျစ်ရည်ကို ငါကိုင်၍ဆက်လေ၏။
၂ အထက်က တခါမျှရှေ့တော်၌ ညှိုးငယ်သောမျက်နှာကို မပြဘူးသည်ဖြစ်၍၊ ရှင်ဘုရင်က၊ ကျန်းမာလျက်နှင့် အဘယ်ကြောင့် မျက်နှာညှိုးငယ်သနည်း။ ဝမ်းနည်းဟန်ရှိပါသည်တကားဟု မိန့်တော်မူလျှင်၊
၃ ငါသည် အလွန်ကြောက်၍၊ ရှင်ဘုရင်အသက်တော် အစဉ်အမြဲရှင်ပါစေ။ ကျွန်တော်ဘိုးဘေး သင်္ချိုင်းရှိရာမြို့သည် ပျက်ဆီးလျက်၊ မြို့တံခါးလည်း မီးလောင်၍ကုန်ပြီဖြစ်သောကြောင့်၊ ကျွန်တော်သည် မျက်နှာမညှိုးငယ်ဘဲ အဘယ်သို့ နေနိုင်ပါမည်နည်းဟု လျှောက်သော်၊
၎-၅ ရှင်ဘုရင်က၊ အဘယ်သို့ တောင်းလျှောက်ချင်သနည်းဟု မေးတော်မူ၏။ ငါကလည်း အရှင်မင်းကြီး အလိုတော်ရှိ၍ ကျွန်တော်ကို စိတ်နှင့်တွေ့တော်မူလျှင်၊ ကျွန်တော်ဘိုးဘေး သင်္ချိုင်းရှိရာမြို့ကို ကျွန်တော်ပြုစုရမည်အကြောင်း၊ ယုဒပြည်သို့ စေလွှတ်တော်မူပါဟု ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား ဆုတောင်းပြီးမှ လျှောက်လေ၏။
၆ ထိုအခါ မြောက်သားတော်နှင့်ယှဉ်ပြိုင်၍ နေထိုင်စဉ် ရှင်ဘုရင်က၊ သင်သွားလျှင် အဘယ်မျှကာလ ကြာလိမ့်မည် နည်း။ အဘယ်ကာလမှ ပြန်လာမည်နည်းဟု မေးတော်မူသော်၊ ကာလအချိန်ကို ငါလျှောက်ထားပြီးမှ၊ ရှင်ဘုရင်သည် အလိုတော်ရှိ၍ ငါ့ကိုလွှတ်လိုက်တော်မူ၏။
၇ တဖန်တုံ၊ ရှင်ဘုရင်အလိုတော် ရှိလျှင်၊ မြစ်အနောက်ဘက်၌ရှိသော မြို့ဝန်တို့သည် ကျွန်တော်တို့ကို မဆီးမတား၊ ယေရုရှလင်မြို့သို့ ပို့ရမည် အကြောင်း၊ အမိန့်တော်စာကို သနားတော်မူပါ။
၈ ဥယျာဉ်တော်မှူးအာသပ်သည် ဗိမာန်တော်ရဲတိုက်တံခါး တိုင်နှင့် တံခါးထုပ်ဘို့င်း၊ မြို့ရိုးနှင့် ကျွန်တော်နေရာအိမ်ဘို့င်း၊ သစ်ကိုပေးရမည်အကြောင်း၊ အမိန့်တော်စာကိုလည်း သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း၊ ငါ၏ဘုရားသခင့် တန်ခိုးကျေးဇူးတော်ကြောင့် ရှင်ဘုရင်သည် ပေးသနား တော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၁၃၇ (Ps 137:1-6);
၁ ဗာဗုလုန်မြစ်တို့ အနားမှာ ငါတို့သည် ထိုင်၍၊ ဇိအုန်မြို့ကို အောက်မေ့လျက် ငိုကြွေးကြ၏။
၂ ငါတို့ စောင်းများကိုလည်း ထိုအရပ်တွင် မိုဃ်းမခပင်တို့၌ ဆွဲထားကြ၏။
၃ အကြောင်းမူကား၊ ထိုအရပ်၌ ငါတို့ကို ဘမ်းသွားချုပ်ထားသော သူနှင့်၊ ငါတို့ကို ညှဉ်းဆဲသော သူတို့က၊ ဇိအုန်သီချင်းကို ငါတို့အား ဆိုကြလော့ဟု၊ သီချင်း ဆိုသံကို၎င်း၊ ရွှင်လန်းသော အသံကို၎င်း ငါတို့၌ တောင်းကြပါသည်တကား။
၎ တကျွန်းတနိုင်ငံ၌ ထာဝရဘုရား၏ သီချင်းကို အဘယ်သို ဆိုရပါမည်နည်း။
၅ အိုယေရုရှလင်မြို့၊ သင့်ကိုငါမေ့လျှင် ငါလက်ျာလက်သည် မိမိအတတ်ကို မေ့ပါစေ။
၆ သင့်ကိုငါ မအောက်မေ့၊ အမြတ်ဆုံးသော ဝမ်းမြောက်ခြင်း အကြောင်းထက်၊ ယေရုရှလင်မြို့ကို အမြတ်မ ထားလျှင်၊ ငါလျှာသည် အာခေါင်၌ ကပ်ပါစေ။
ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၃ (Phil 3:8-9);
၈-၁၀ ထိုမျှမကငါ၏ သခင်ယေရှုခရစ်ကိုသိသော ပညာသည်အဘယ်မျှလောက်မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၉ (Luke 9:57-62);
၅၇ လမ်း၌သွားကြစဉ် လူတဦးက၊ သခင်၊ ကိုယ်တော်ကြွတော်မူရာအရပ်ရပ်သို့ အကျွန်ုပ်လိုက် ပါမည်ဟု လျှောက်လေ၏။
၅၈ ယေရှုကလည်း၊ မြေခွေးသည်မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာအရပ်ရှိ၏၊ လူသားမူကား ခေါင်းချရာမျှမရှိဟု မိန့်တော်မူ၏။
၅၉ အခြားသောသူကို၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူလျှင်၊ ထိုသူက၊ သခင်၊ ကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေသော်၊
၆၀ ယေရှုက၊ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေ။ သင်မူကားသွား၍ ဘုရားသခင့်နိုင်ငံတော်၏ အကြောင်းကို ဟောပြောလော့ဟု မိန့်တော်မူ၏။
၆၁ အခြားသောသူကလည်း၊ သခင်၊ ကိုယ်တော်နောက်သို့ အကျွန်ုပ်လိုပ်ပါမည်။ သို့သော်လည်း အကျွန်ုပ်အိမ်၌ရှိရစ်သောသူတို့ကို အရင်သွား၍အခွင့်ပန်ပါစေဟု လျှောက်လျှင်၊
၆၂ ယေရှုက၊ ထွန်ကိုင်း ကိုကိုင်လျက် နောက်သို့လှည့်၍ကြည့်သော သူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်နှင့် မထိုက်မတန် ဟုမိန့်တော်မူ၏။