Sunday, 15 October 2017

15-OCT-2017 (READING -ORD28-YA-C1)

Sun the 15th: Psalter IV, Ordinary Time Week 28.
(Memorial of Teresa of Jesus, virgin and doctor.)
Isa 25:6-10; Ps 23:1-6; Phil 4:12-20; Eph 1:17-18; Matt 22:1-14

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂၅ (Isa 25:6-10);

ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည်၊ ခဲဘွယ်စားဘွယ်ပွဲ၊ ဟောင်းသော စပျစ်ပွဲတည်းဟူသော၊ ဆူသောခဲဘွယ်စားဘွယ်၊ ကောင်းမွန်စွာစစ်သောစပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဘို့ ဤတောင်ပေါ်မှာ စီရင်တော် မူလိမ့်မည်၊၊
လူခပ်သိမ်းတို့ကို ဖုံးသော မျက်နှာဖုံးကိုင်း၊ ခပ်သိမ်းသော လူမျိုးတို့ကို ဖုံးလွှမ်းသောတင်းတိမ်ကိုင်း ဤတောင်ပေါ်မှာပယ်တော်မူလိမ့်မည်၊၊
သေခြင်းကိုလည်း နစ်မွန်ဆုံးရှုံးစေတော်မူ လိမ့်မည်။ အရှင်ထာဝရဘုရား သည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကိုသူတ်တော်မူလိမ့်မည်၊၊ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ ရဲ့ခြင်းကိုလည်း မြေကြီးတပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု ထာဝရဘုရားအမိန့်တော်ရှိ၏၊၊
ထိုကာလ၌ကြည့်ရှုလော့၊၊ ဤအရှင်ကား၊ ငါတို့မြော်လင့်သော ငါတို့၏ဘုရားသခင်တည်း၊၊ ငါတို့ကို ကယ် တင်တော်မူလိမ့်မည်၊၊ ဤအရှင်ကား၊ ငါတို့မြော်လင့်သော ထာဝရဘုရားတည်း၊၊ ကယ်တင်တော်မူခြင်း ကျေးဇူးကြောင့်၊ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟုဆိုကြလိမ့်မည်၊၊
၁၀ အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော်သည် ဤတောင်ပေါ်မှာ ငြိမ်းလိမ့်မည်၊၊ ကောက်ရိုးသည် နောက်ချေး ရွှံ့ပွက်၌နှိပ်နင်းခြင်းကို ခံရသကဲ့သို့၊ မောဘပြည်သည် မိမိ၌ နှိပ်နင်းတော်မူခြင်းကို ခံရလိမ့်မည်၊၊

ဆာလံကျမ်း အခန်းကြီး ၂၃ (Ps 23:1-6);

ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏၊၊ ငါသည် ဆင်းရဲမခံရ၊
စိမ်းလန်းသော ကျက်စားရာ အရပ်၌ ငါ့ကို အိပ်စေတော်မူ၏၊၊ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏၊၊
ငါ့ဝိညာဉ်ကို  အားဖြည့်၍ နာမတော် အဘို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏၊၊
အကယ်၍ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ ရှောက် သွားရသော်လည်း ဘေးအန္တရာယ်   ကို မကြောက်ပါ၊၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့် အတူရှိတော် မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်းဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏၊၊
အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့စားပွဲကို ခင်းတော်မူ၏၊၊ အကျွန်ုပ်ခေါင်းကို ဆီနှင့် လိမ်းတော်မူ၏။ အကျွန်ုပ်ခက်ဖလားသည် လျှံလျက်ရှိ ပါ၏။
အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူနှင့် ကရုဏာကို တသက်လုံးခံစား၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။

ဧဖက်သြဝါဒစာ အခန်းကြီး (Phil 4:12-20);

၁၂ သန့်ရှင်းသူ တို့ကို ပြင်ဆင်ခြင်းအလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊ အချို့တို့ကို ပရောဖက်အရာ၌၎င်း၊ အချို့တို့ကို သာသနာပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏။
၁၃ ငါတို့ ရှိသမျှသည် ယုံကြည်ခြင်းသို့၎င်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့၎င်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ ပြည့်စုံခြင်းပမာဏအရပ်တည်းဟူသော ကြီးရင့်သောလူ၏အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း။
၁၄ အကြောင်းမူကား၊ သူတပါးတို့သည် လူပရိယာယ်နှင့် အပြစ်သို့သွေးဆောင်ခြင်းငှါ လှည့်ဖြားပြော ဆိုသဖြင့်၊ ငါတို့သည်နောက်တဖန် ခပ်သိမ်းသော သြဝါဒလေတိုက်၍ ဖရိုဖရဲလွင့်သွားသော သူငယ်မဖြစ်ဘဲလျက်၊
၁၅ မေတ္တာစိတ်နှင့် သမ္မာတရားကို ဟောပြောသဖြင့်၊ ဦးခေါင်းတည်း ဟူသော ခရစ်တော်မှာ အရာရာတို့၌ ကြီးပွား ကြမည်အကြောင်းတည်း။
၁၆ ထိုဦးခေါင်းမှ၊ အဆစ်အပိုင်းများ တို့သည် အားဖြည့်သဖြင့်၊ တကိုယ်လုံးသည် စေ့စပ် ထုံးဖွဲ့လျက်၊ အသီးအသီးအင်္ဂါများ ကိုယ်ငန်းကိုယ်တာ အတိုင်း ပြုပြင်သည်နှင့်အညီ၊ မိမိကိုယ်ကိုမေတ္တာ၌ တည်ဆောက်ခြင်းငှါ ကြီးပွားစေတတ်၏။
၁၇ ထိုကြောင့် ကြွင်းသော တပါးအမျိုးသားတို့သည် လျှပ်ပေါ်သောစိတ်နှင့် ကျင့်သည်နည်းတူ၊ သင်တို့သည် နောက်တဖန် မကျင့်မည်အကြောင်း သခင်ဘုရားအခွင့်နှင့် ငါမှာလိုက်၏။
၁၈ ထိုသူတို့သည် ဥာဏ်အလင်းကွယ်သည် ဖြစ်၍၊ စိတ်နှလုံးမိုက်မဲသောအားဖြင့် အလျှင်းမသိသောကြောင့်၊ ဘုရားသခင်၏ အသက်နှင့်ကွာရှင်းလျက်ရှိကြ၏။
၁၉ ထိုသူတို့သည် ရှက်ကြောက်ခြင်းမရှိ၊ တပ်မက်ခြင်းအလွန်ပြင်းသည်နှင့် ညစ်ညူးသောအကျင့် အမျိုးမျိုးကို ကြိုးစား၍ကျင့်လိုသောငှါ၊ မိမိတို့ကို ကိလေသာလက်သို့ အပ်လိုက်ကြ၏။
၂၀ ထိုသို့ဖြစ်စေခြင်းငှါ သင်တို့သည် ခရစ်တော်တရားကို သင်ကြပြီမဟုတ်ဘဲ၊
၂၁-၂၄ အထက်ကကျင် လည်ကြသည်အရာမှာ လှည့်ဖြားတတ်သော လောဘစိတ်တို့ဖြင့် ပုတ်ပျတ်သောလူဟောင်းကို ချွတ်ပယ်၍၊ စိတ်နှလုံးသဘောသစ်ကို ရပြီးလျှင်၊ မှန်သောဖြောင့် မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် ဘုရားသခင်နှင့်အတူ အမျှ ဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင်မည် အကြောင်း၊ ခရစ်တော်၏စကားကို ကြားနာရသည်ဖြစ်၍၊ ယေရှု၌ သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။
ဧဖက်သြဝါဒစာ အခန်းကြီး (Eph 1:17-18);

၁၇ ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီး လှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက် ကြီးသည်ကိုင်း၊ သင်တို့သည် သိစေခြင်းငှါ၊ သင်တို့၏ဥာဏ် မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။
၁၈ ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူ၍ ခရစ်တော်၌ ပြုပြင်သော မဟာတန်ခိုးအာနုဘော်အရှိန်ကဲ့သို့ ဖြစ်၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၂ (Matt 22:1-14);

တဖန်ယေရှုသည် ဥပမာကိုဆောင်၍ပရိသတ်တို့အား မိန့်မြွက်တော်မူသည်ကား၊
ကောင်းကင် နိုင်ငံတော် သည် မိမိသားအဘို့ထိမ်းမြားမင်္ဂလာဆောင်ပွဲကိုစီရင်သောမင်းကြီးနှင့်တူ၏။
ထိုမင်းကြီးသည်ဘိတ်ပြီးသောသူတို့ကို ခေါ်စေခြင်းငှါလုလင်တို့ကိုစေလွှတ်သောအခါ ထိုသူတို့သည်မလာဘဲ နေကြ၏။
တဖန်အခြားသောလုလင်တို့ကို စေလွှတ်၍ ငါ့ပွဲကိုငါပြင်ဆင်ပြီ။ နွားမှစသောဆူဖြိုးသောတိရ စ္ဆာန်များကိုသတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့လာကြပါဟု ဘိတ်ပြီးသော သူတို့အားပြောကြဟုမှာလိုက်ပြန်၏။
သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့သွားကြ၏။ အချို့တို့သည်ကုန်သွယ်ရာသို့သွားကြ၏။
ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဘမ်းဆီး၍ညှင်းဆဲခြင်း၊ အသေသတ်ခြင်းကိုပြုကြ၏။
ထိုမင်းကြီးသည် ကြားလျှင် အမျက်ထွက်၍စစ်ချီစေသဖြင့်၊ လူအသက်ကိုသတ်သောထိုသူတို့ကိုအပြီးလုပ်ကြံ၍ သူတို့၏မြို့ကို မီးရှို့လေ၏။
ထိုနောက်မှ မင်းကြီးသည်လုလင်တို့ကိုခေါ်၍ ငါ၏ မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ၏။ ခေါ်ဘိတ်သောသူတို့ သည်မထိုက်မတန်သောကြောင့်၊
လမ်းမလမ်းကြားသို့သွား၍တွေ့သမျှသောသူတို့ကို ပွဲသို့ခေါ်ဘိတ်ကြဟုမိန့်တော်ရှိ သည်အတိုင်း၊
၁၀ လုလင်တို့သည် လမ်းများသို့ထွက်သွား၍ ကောင်းမကောင်း တွေ့သမျှသောလူအပေါင်းတို့ကိုစုဝေးစေ၍ ပွဲတော်၌အပြည့်ရှိလေ၏။
၁၁ မင်းကြီးသည် ပွဲ၌လျောင်းသော သူတို့ကိုကြည့်ရှုခြင်းငှါ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကိုမဝတ်သောသူတယောက်ကို မြင်လျှင်၊
၁၂ အဆွေ၊ မင်္ဂလာဆောင်ပွဲ၏အဝတ်မရှိဘဲ အဘယ်ကြောင့်ဝင်သနည်း ဟုမေးတော်မူသည်ကို ထိုသူသည် မပြောနိုင်ဘဲနေ၏။
၁၃ ထိုအခါမင်းကြီးသည် အခြံအရံတို့အားထိုသူ၏လက်ခြေကိုတုပ်နှောင်လော့။ ငိုကြွေးခြင်းအံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲ သို့ယူသွားချလိုက်ကြဟု အမိန့်တော်ရှိ၏၊
၁၄ ထိုသို့ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက်တော်မူသော သူနည်းသည်ဟုမိန့်တော်မူ၏။