Tue the 3rd: Zech 8:20-23; Ps 87:1-7; Mark 10:45; Luke 9:51-56
ဇာခရိအနာဂတ္တိကျမ်း အခန်းကြီး ၈ (Zech 8:20-23);
၂၀ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ များစွာသောမြို့သူရွာသား၊ လူအမျိုးမျိုးတို့သည် လာကြလိမ့်မည်။
၂၁ မြို့တမြို့၌ နေသောသူသည် အခြားမြို့တမြို့၌နေသောသူတို့ဆီသို့သွား၍၊ ထာဝရဘုရား ရှေ့တော်၌၊ ဆုတောင်းခြင်းငှါင်း၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ရှာခြင်းငှါင်း၊ ဧကန်အမှန် သွားကြကုန်အံ့။ ငါလည်းသွားမည်ဟု ခေါ်ကြလိမ့်မည်။
၂၂ ကြီးသောတိုင်းနိုင်ငံသား၊ လူအမျိုးမျိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ယေရုရှလင်မြို့၌ရှာ၍ ထာဝရဘုရားရှေ့တော်၌ ဆုတောင်းခြင်းငှါ လာကြလိမ့်မည်။
၂၃ ထိုကာလ၌ ဘာသာအသီးသီးကိုပြောတတ်သော လူအမျိုးမျိုးတို့တွင် တကျိပ်သောလူတို့သည် ယုဒလူဖြစ်သောသူ၏ အဝတ်စွန်းကိုကိုင်လျက် ဘုရားသခင်သည် သင်နှင့် အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍ သူတို့နှင့် အတူလိုက်ပါမည်ဟု ဆိုကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၈၇ (Ps 87:1-7);
၁ ဘုံဗိမ္မာန်တော်တိုက်မြစ်သည် သန့်ရှင်းသော တောင်ရိုးပေါ်မှာ တည်လျက်ရှိ၏။
၂ ထာဝရဘုရား သည် ယာကုပ်၏ နေရာအပေါင်းတို့ထက် ဇိအုန်တံခါးတို့ကိုသာ၍ နှစ်သက်တော်မူ၏။
၃ အိုဘုရားသခင်၏ မြို့တော်၊ သင်သည် ဘုန်းအသရေ ကြီးလိမ့်မည်ဟူသော စကားကိုပြောထားလျက်ရှိ၏။
၎ ငါ့ကိုသိကျွမ်းသော သူတို့တွင်၊ ရာခပ်မြို့နှင့် ဗာဗုလုန်မြို့ကို ငါမှတ်ထားမည်။ ဖိလိတ္တိပြည်၊ တုရုပြည်၊ ကုရှပြည်တို့ကိုလည်း ကြည့်ကြလော့။ ဤမည်သော ပြည်သားသည် မြို့တော်၌ ဘွားမြင်သောသူဖြစ်၏။
၅ ဇိအုန်မြို့ကိုလည်း လူအမျိုးမျိုးတို့သည်၊ ထိုမြို့၌ ဘွားမြင်ကြပြီ။ အမြင့်ဆုံးသော ဘုရားသည် ထိုမြို့ကို ကိုယ်တော်တိုင် မြဲမြံစေတော်မူပြီဟု ပြောဆိုကြလိမ့်မည်။
၆ ထာဝရဘုရား သည် လူမျိုးတို့ကို စာရင်းယူတော်မူသောအခါ၊ ဤမည်သော အမျိုးသည် မြို့တော်၌ ဘွားမြင်သောအမျိုး ဖြစ်သည်ဟု မှတ်တော်မူမည်။
၇ သီချင်းသည်နှင့် ပွဲသဘင်ခံသောသူ အစရှိသော ငါ၏ပျော်မွေ့ခြင်း အကြောင်းရှိသမျှတို့သည် သင်၌ရှိကြသတည်း။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၀ (Mark 10:45);
၄၅ အကြောင်းမူကား၊ လူသားသည် သူတပါးကိုစေစားခြင်းငှါ မလာ၊ သူတပါးအစေကိုခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသတည်းဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၉ (Luke 9:51-56);
၅၁ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောအချိန်ရောက်သောအခါ၊ ယေရုရှလင်မြို့သို့ တူရူကြွအံ့ သောငှါ သဘောထားတော်မူ၏။
၅၂ ရှေ့တော်သို့ တမန်တော်တို့ကို စေလွှတ်တော်မူသဖြင်၊့ သူတို့သည်ကိုယ်တော်၏ အဘို့ကို ပြင်ဆင်ခြင်းငှါသွား၍ ရှမာရိရွာတရွာသို့ ဝင်ကြ၏။
၅၃ ကိုယ်တော်သည် ယေရုရှလင်မြို့သို့သွားအံ့သော အခြင်းအရာကို ထိုရွာသားတို့သည်ထောက်၍ လက်မခံကြ။
၅၄ ထိုအကြောင်း ကို တပည့်တော်ယာကုပ်၊ ယောဟန်တို့သည်မြင်လျှင်၊ သခင်၊ ဧလိယပြုသကဲ့သို့ အကျွန်ုပ်တို့သည် ကောင်းကင်မှ မီးကျစေ၍ ထိုသူတို့ကို လောင်စေခြင်းငှါ အလိုရှိတော်မူသလောဟု လျှောက်ကြသော်၊
၅၅ ယေရှုသည်လှည်ကြည့်၍၊ သင်တို့သည် ကိုယ်စိတ်သဘောကို ကိုယ်မသိကြ၊ လူသားသည် လူတို့၏ အသက်ကို သတ်အံ့သောငှါ ကြွလာသည်မဟုတ်။ ကယ်တင်အံ့သောငှါ ကြွလာသည်ဟု ဆုံးမတော်မူပြီးမှ၊
၅၆ အခြားသောရွာသို့ကြွတော်မူ၏။