Thu the 5th: Neh 8:1-12; Ps 19:8-11; Mark 1:15; Luke 10:1-12
နေဟမိမှတ်စာ အခန်းကြီး ၈ (Neh 8:1-12);
၁ သတ္တမလရောက်မှ၊ မြို့ရွာအရပ်ရပ်၌ နေသော ဣသရေလလူအမျိုးသားလူအပေါင်းတို့သည် လာ၍ ရေတံခါးလမ်းတွင်စည်းဝေးကြ၏။ ဣသရေလအမျိုး၌ထာဝရဘုရား၊ ထားတော်မူသော မောရှေပညတ္တိကျမ်းစာကို ကျမ်းတတ်ဆရာ ဧဇရကို တောင်းသည်အတိုင်း၊
၂ နားထောင်နားလည် နိုင်သမျှသော ပရိသတ်ယောက်ျားမိန်းမ တို့ရှေ့သို့သတ္တမလ ပဌမနေ့ရက်တွင်၊ ပညတ္တိကျမ်းကို ယဇ်ပုရောဟိတ် ဧဇရသည် ဆောင်ခဲ့၍၊
၃ နားလည်နိုင်သောသူ၊ ယောက်ျားမိန်းမတို့ရှေ့မှာ၊ နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင် ရေတံခါးလမ်းတွင် ဘတ်ရွတ်လေ၏။ လူအပေါင်းတို့သည် ပညတ္တိကျမ်းကားကို စေ့စေ့နားထောင်ကြ၏။
၎ သူတို့လုပ်ကြသော တရားဟောရာသစ်သား ပလ္လင်ပေါ်မှာ ကျမ်းတတ်ဆရာ ဧဇရသည် ရပ်၍ မတ္တိသိ၊ ရှေမ၊ နာယ၊ ဥရိယ၊ ဟိလခိ၊ မာသေယတို့သည် လက်ျာဘက်၌င်း ပေဒါယ၊ မိရှေလ၊ မာလခိ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိ၊ မေရှုလံတို့သည် လက်ဝဲဘက်၌င်း ရပ်နေကြ၏။
၅ ထိုသို့ဧဇရသည် လူအပေါင်းတို့ထက်သာ၍ မြင့်လျက်၊ လူအပေါင်းတို့ရှေ့မှာ ကျမ်းစာကိုဖွင့်သောအခါ၊ လူအပေါင်းတို့သည် ထကြ၏။
၆ ဧဇရသည် မြတ်စွာဘုရားသခင် ထာဝရဘုရားကို ကောင်းကြီးပေး၏။ လူအပေါင်းတို့ ကအာမင်၊ အာမင်ဟု လက်တို့ကိုချီလျက်၊ ဝန်ခံ၍ဦးချပြပ်ဝပ်လျက်၊ ထာဝရဘုရားကို ကိုးကွယ်ကြ၏။
၇ ယောရှု၊ ဗာနိ၊ ရှေရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗက်၊ ဟာနန်၊ ပေလာယ အစရှိသော၊ လေဝိသားတို့သည်လည်း၊ လူများတို့အား ပညတ္တိကျမ်းစာအနက်ကို ပြန်ကြားကြ၏။ လူများတို့သည် လည်း မိမိတို့နေရာ၌ နေကြ၏။
၈ ထိုသို့ဘုရားသခင်၏ ပညတ္တိကျမ်းစာကို သေချာစွာဘတ်ရွတ်၍ အနက်ကိုပြန် သဖြင့်၊ လူများနားလည်စေခြင်းငှါ ပြုကြ၏။
၉ လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကိုကြားသောအခါ၊ ငိုကြွေးကြသည်ဖြစ်၍၊ ပြည်အုပ်မင်း နေဟမိ၊ ကျမ်းတတ်ဆရာယဇ်ပုရောဟိတ်ဧဇရ၊ လူများတို့အားသွန်သင်သော လေဝိသားတို့က၊ ဤသည်နေ့ရက်သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားအဘို့၊ သန့်ရှင်းသောနေ့ရက်ဖြစ်၏။ ငိုကြွေးမြည်းတမ်းခြင်းကို မပြုကြနှင့်။
၁၀ သွားကြလော။ မြိန်စွာသောအစာကိုစားကြလော့။ ချိုသောအရည်ကို သောက်ကြလော့။ ဆင်းရဲသောသူတို့အား ဝယ်မျှကြလော့။ ဤသည်နေ့ရက်သည် ငါတို့ဘုရားရှင်ဘို့ သန့်ရှင်း၏။ ဝမ်းမနည်းကြနှင့်။ ထာဝရဘုရား ပေးတော်မူသောအခွင့်နှင့် အားယူ၍ ဝမ်းမြောက်ကြလောဟု လူအပေါင်းတို့အားဆိုကြ၏။
၁၁ ထိုသို့လေဝိသားတို့က၊ ဤသည်နေ့ရက်သည် သန့်ရှင်းသောနေ့ ဖြစ်သောကြောင့်၊ တိတ်ဆိတ်စွာနေကြလော့။ ဝမ်းမနည်းကြနှင့် ဟုဆို၍၊ လူအပေါင်းတို့ကို ငြိမ်းစေကြ၏။
၁၂ လူအပေါင်းတို့သည် ဟောပြောသောစကားတို့ကို နားလည်သောကြောင့် စားသောက်ခြင်း၊ သူတပါးတို့ အား ဝယ်မျှခြင်း၊ အလွန်ပျော်မွေ့ခြင်းကို ပြုအံ့သောငှါ သွားကြ၏။
ဆာလံကျမ်း အခန်းကြီး ၁၉ (Ps 19:8-11);
၈ ထာဝရဘုရား၏ နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကိုရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍ မျက်စိကိုရှင်းလင်းစေတတ်၏၊၊
၉ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည်ဖြစ်၍ ကာလအစဉ်အမြဲတည်၏။ ထာဝရဘုရား၏ စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍ တညီတ ညွတ်တည်း ဖြောင့်မတ်ကြ၏၊၊
၁၀ ရွှေထက်မက များစွာသောရွှေစင်ထက်နှစ်သက်ဘွယ် ဖြစ်၍ပျားရည်ထက်မက ပျားလပို့ထက် ချိုကြ၏။
၁၁ တရားတော် အားဖြင့် ကိုယ်တော်၏ကျွန်သည် သတိရ၍ တရားစောင့်ခြင်း အကျိုးသည် ကြီးလှပါ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁ (Mark 1:15);
၁၅ အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့ ဟူသော ဘုရားသခင်၏နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၀ (Luke 10:1-12);
၁ ထိုနောက်မှ သခင်ဘုရားသည် အခြားသောတပည့်တော် ခုနစ်ကျိပ်တို့ကိုခန့်ထားတော်မူ၍၊ ကိုယ်တိုင် ကြွလေအံ့သောမြို့ရွာအရပ်ရပ်တို့သို့ ရှေ့တော်၌နှစ်ယောက်စီနှစ်ယောက်စီစေလွှတ်တော်မူ၏။
၂ သူတို့အား မိန့်တော်မူသည်ကား၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သော သူတို့ကို စပါးရိတ်စေခြင်းငှါ စပါးရှင်စေလွှတ်တော်မူမည်အကြောင်း ဆုတောင်းကြလော့။
၃ သင်တို့သွားလေ သည်အရာမှာ၊ တောခွေးစုထဲသို့ သိုးသငယ်တို့ကို စေလွှတ်သကဲ့သို့ သင်တို့ကိုငါ စေလွှတ်၏။
၎ ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းတို့ကို မဆောင်ကြနှင့်။ လမ်း၌သွားစဉ်တွင် အဘယ်သူကိုမျှ နှုတ်မဆက်ကြနှင့်။
၅ မည်သည့်အိမ်သို့ဝင်သောအခါ၊ ဤအိမ်၌မင်္ဂလာဖြစ်ပါစေသောဟု ရှေ့ဦးစွာပြောကြ လော့။
၆ ထိုအိမ်၌ မင်္ဂလာသားရှိလျှင်၊ သင်တို့မြွက်သော မင်္ဂလာသည်တည်လိမ့်မည်။
၇ သို့မဟုတ် သင်တို့ထံသို့ပြန်လာလိမ့်မည်။ ထိုအိမ်၌နေ၍ အစားအသောက်စီရင်ရာကို စားသောက်ကြလော့။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေသည်။ တအိမ်မှတအိမ်သို့ လှည့်လည်၍ မသွားကြနှင့်။
၈ အကြင်မြို့သို့သင်တို့ဝင်၍ မြို့သားတို့သည်လက်ခံ၏၊ ထိုမြို့၌ သင်တို့ရှေ့မှာထည့် သမျှကိုစားကြလော့။
၉ လူနာများကိုချမ်းသာပေးကြလော့။ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌တည် ထောင် သောအချိန်နီးပြီဟု သူတို့အားဟောပြောကြလော့။
၁၀ အကြင်မြို့သို့ဝင်၍ မြို့သားတို့သည် လက်မခံအံ့၊ ထိုမြို့၏ လမ်းသို့ထွက်ပြီးလျှင်၊ ငါတို့၌ကပ်သောသင်တို့မြို့၏မြေမှုန့်ကို ငါတို့ခါလိုက်၏။