Wed the 18th: Feast of Luke, evangelist.
Rom 2:1-11; Ps 62:1-9; John 10:27; Luke 11:42-46
ရောမသြဝါဒစာ အခန်းကြီး ၂ (Rom 2:1-11);
၁ သူတပါးကို စစ်ကြောစီရင်တတ်သောသူ၊ သင်သည် ကိုယ်အပြစ်ကိုမဖုံးနိုင်ရာ။ အကြောင်းမူကား၊ သင်သည် စစ်ကြောစီရင်သောအမှုကိုပင် ကိုယ်တိုင်ပြုသည်ဖြစ်၍၊ သူတပါးကို စစ်ကြောစီရင်သည်တွင် ကိုယ်အပြစ်ရှိကြောင်းကို စီရင်ဆုံးဖြတ်ရာရောက်၏။
၂ ဘုရားသခင်သည် ထိုသို့ပြုသောသူတို့ကို စီရင်တော် မူခြင်းအရာသည် သမ္မာတရား နှင့်ညီသည်ကို ငါတို့သိကြ၏။
၃ ထိုသို့သောအမှုကို ကိုယ်တိုင်ပြုလျက်ပင်၊ သူတပါးပြုသည်ကို စစ်ကြောစီရင်သောသူ၊ သင်သည် ဘုရားသခင်စီရင်တော်မူခြင်းနှင့် လွတ်မည်ဟု ထင်မှတ်သလော။
၎ ဘုရားသခင်၏ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိမမှတ်ဘဲ၊ ကြွယ်ဝစွာကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြု သလော။
၅ ထိုသို့ပြုလျှင် စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသော ဘုရားသခင်၏ တရားတော်ထင်ရှားသောနေ့၌ ကိုယ်ခံစရာဘို့ အမျက်ဒေါသကို ဆည်းဖူးသလော။
၆ ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတံ့။
၇ ကောင်းသော အကျင့်ကို အမြဲကျင့်၍၊ ဘုန်းအသရေကို၎င်း၊ မဖောက်ပြန်သောဇာတိကို၎င်း၊ ရှာသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလတံ့။
၈ ငြင်းဆန်သောသဘောရှိ၍၊ သမ္မာတရားကိုနားမထောင်ဘဲ မတရား သဖြင့် ကျင့်သောသူတို့ကိုကား၊ ပြင်းစွာသောဒေါသ အမျက်ထွက်တော်မူလတံ့၊
၉ ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသ လူ၊ ဆိုးညစ်သောအမှုကိုပြုသောသူ ရှိသမျှတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာကို ခံရကြလတံ့။
၁၀ ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ကောင်းသောအကျင့်ကို ကျင့်သောသူရှိသမျှ တို့သည် ဘုန်းအသရေချမ်းသာကို ခံစားရကြလတံ့၊
၁၁ ဘုရားသခင်သည် အဘယ်သူ၏ မျက်နှာကိုမျှ မှတ်တော်မမူ။
ဆာလံကျမ်း အခန်းကြီး ၆၂ (Ps 62:1-9);
၁ အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏၊၊ ငါ့ကိုကယ်တင်ခြင်းအကြောင်း သည် အထံတော်က သက်ရောက်ရ၏၊၊
၂ အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအ ကြောင်း၊ ငါခိုလှုံရာဖြစ်တော်မူ၍ ၊ ငါ၌ လှုပ်ရှားခြင်းများစွာမရှိရာ၊၊
၃ သင်တို့သည် အဘယ်မျှကာလပတ်လုံး တယောက် သောသူကို တိုက်ကြမည်နည်း၊၊ သူ့ကိုတိမ်းသော အုတ်ရိုး၊ လှုပ်သောထရံကဲ့သို့မှတ်၍ သင်တို့ အပေါင်းသည် အဘယ်မျှ ကာလပတ်လုံးဖြိုဖျက်ကြမည်နည်း၊၊
၎ ထိုသူကိုမြင့်သော အရပ်က လှဲခြင်းငှါ ကြံစည်လျက်နေကြ၏၊၊ မုသာကို နှစ်သက်ကြ၏၊၊ နှုတ်ဖြင့်ကား ကောင်းကြီးကိုပေးလျက် နှလုံး၌ကား ကျိန်ဆဲခြင်းကို ပြုတတ်ကြ၏၊၊
၅ အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာနေတတ်၏၊၊ ငါမြော်လင့်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏၊၊
၆ အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း ငါခိုလှုံရာဖြစ်တော်မူ၍ ငါသည် လှုပ်ရှားခြင်းမရှိရာ၊၊
၇ ငါ့ကို ကယ်တင်ခြင်း အကြောင်း ငါ၏ဘုန်းပွင့်ခြင်း အကြာင်းကား ဘုရားသခင်ပေတည်း၊၊ ငါ့ကိုအားပေးသော ကျောက်၊ ငါခိုလှုံရာကား၊ ဘုရားသခင်ပေတည်း၊၊
၈ အိုလူ များတို့ ဘုရားသခင်၌ အစဉ်မပြတ်ခိုလှုံကြလော့၊၊ ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့၊၊ ဘုရားသခင်သည် ငါတို့ခိုလှုံ ရာဖြစ်တော်မူ၏၊၊
၉ အကယ်စင်စစ် ယုတ်ညံ့သော သူတို့သည် အနတ္တ အသရေရှိသောသူတို့သည် မုသာဖြစ်ကြ၏၊၊ ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူအပေါင်းတို့သည် အနတ္တ ထက်သာ၍ ပေါ့ကြ၏၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:27);
၂၇ ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:42-46);
၄၂ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်းရွက်၊ လျူရွက်မျိုးမှစ၍ မြက်ပင်အမျိုးမျိုးကို ဆယ်ဘို့ တဘို့လှူကြသည်တွင်၊ တရားသဖြင့်စီရင်ခြင်း၊ ဘုရားသခင်ကိုချစ်ခြင်းအမှုကိုကားလှပ်၍ ထားကြ၏။ အရင်ဆိုသောအရာတို့ကို မလှပ်မထား နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။
၄၃ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ တရားစရပ်၌ မြင့်မြတ်သောနေရာထိုင်ရာကို၎င်း ဈေး၌ ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်း နှစ်သက်ကြ၏။
၄၄ သင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ မထင်ရှား သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းအပေါ်မှာ သွားလာသောသူတို့သည် သင်္ချိုင်းတွင်းရှိမှန်းကိုမျှ မသိကြဟု မိန့်တော်မူ၏။
၄၅ ကျမ်းတတ်တယောက်ကလည်း၊ အရှင်ဘုရားထိုသို့ဆိုလျှင် အကျွန်ုပ်တို့ကိုပင် ကဲ့ရဲ့အပြစ် တင်တော်မူ၏ ဟု လျှောက်သော်၊
၄၆ ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထမ်းခဲသောဝန်ကိုသူတပါး အပေါ်မှာတင်တတ်၏။