Tuesday, 31 October 2017

31-OCT-2017 (READING -ORD30-YA-C1)

Tue the 31st: Vigil of Solemnity of All Saints.
Rom 8:18-25; Ps 126:1-6; Matt 11:25; Luke 13:18-21

ရောမသြဝါဒစာ အခန်းကြီး (Rom 8:18-25);

၁၈ ငါတို့အားပေါ်ထွန်းလတံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲ ဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။
၁၉ ဤလောကသည် ဘုရားသခင်သားတို့၏ ပေါ်ထွန်းခြင်း အရာကို အလွန်တောင့်တမြော်လင့်လျက်နေ၏။
၂၀ ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလိုလိုက်သည် မဟုတ်။
၂၁ ဘုရားသခင် သားတို့၏ ထူးမြတ်သောလွှတ်ခြင်းချမ်းသာတည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်း အနှောင် အဖွဲ့မှကယ်လွှတ်ခြင်း ချမ်းသာကိုဝင်စားမည်ဟု မြော်လင့်ရသောအခွင့်ကိုပေး၍ အနိစ္စနိုင်ငံသို့ လိုက်စေတော်မူသောသူ၏ အလိုတော်ကြောင့် သာလိုက်ရ၏။
၂၂ ဤလောကတနိုင်ငံလုံးသည် ယခုတိုင် အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည် ဟုငါတို့သိကြ၏။
၂၃ ထိုမျှမကဝိညာဉ် တော်၏ ကျေးဇူးတော်အစအဦးကိုခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌မြှောက်ခြင်း အကြောင်းတည်း ဟူသောကိုယ် ခန္ဓွာရွေးနှုတ်ခြင်းချမ်းသာကိုမြော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။
၂၄ ငါတို့ သည် မြော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ မြော်လင့်သောအရာကိုတွေ့မြင်လျှင် မြော်လင့်စရာအကြောင်းမရှိ၊ တွေ့မြင်သောအရာကို အဘယ်ကြောင့် မြော်လင့်ရမည်နည်း။
၂၅ ငါတို့သည် မတွေ့မမြင်သောအရာကို မြော်လင့်လျှင်မူကား၊ ထိုအရာကိုသည်းခံသော စိတ်နှင့်ငံ့လင့်၍နေကြ၏။

ဆာလံကျမ်း အခန်းကြီး ၁၂၆ (Ps 126:1-6);

ဘမ်းသွားချုပ်ထားသော ဇိအုန်သားတို့ကို ထာဝရဘုရား ပြန်လာစေတ်ာမူသောအခါ၊ ငါတို့သည် အိပ်မက် သောသူကဲ့သို့ ဖြစ်ကြ၏။
ထိုအခါ ငါတို့နှုတ်သည် ရယ်ခြင်းနှင့်၎င်း၊ ငါတို့လျှာသည် သီဆိုခြင်းနှင့်၎င်း ပြည့်ဝ၏။ တပါးအမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် သူတို့အဘို့ကြီးသောအမှုကို ပြုတော်မူပြီဟုဆိုကြ၏။
ထာဝရ ဘုရားသည် ငါတို့အဘို့ကြီးသောအမှုကို ပြုတော်မူပြီ။ ငါတို့သည်လည်း ဝမ်းမြောက်လျက်ရှိနေကြ၏။
အိုထာဝ ဘုရား၊ ဘမ်းသွားချုပ်ထားခြင်းကို ခံရသော အကျွန်ုပ်တို့ကို တောင်မျက်နှာ ချောင်းရေကဲ့သို့ တဖန်ပြန်လာစေ တော်မူပါ။
မျက်ရည်ကျလျက် မျိုးစေ့ကြဲသော သူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်။
မျက်ရည်ကျ လျက် ကြဲရန်မျိုးစေ့ကို ဆောင်၍ ထွက်သွားသော သူသည်၊ ကောက်လှိုင်းများကို ဆောင်လျက် ရွှင်လန်းသော စိတ် နှင့် အမှန်ပြန်လာလိမ့်မည်။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:25);

၂၅ ထိုအခါယေရှုက၊ ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဘ၊ ကိုယ်တော်သည်ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကိုထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အားဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၃ (Luke 13:18-21);

၁၈ တဖန် မိန့်တော်မူသည်ကား ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်အရာနှင့်တူသနည်း။ အဘယ်သို့ ပုံပြရအံ့နည်း။
၁၉ လူသည်ယူ၍ ဥယျာဉ်၌စိုက်သော မုန်ညင်းစေ့နှင့်တူ၏။ ထိုအစေ့သည် ကြီးပွား၍ အပင်ကြီးဖြစ်၏။ မိုဃ်းကောင်းကင်ငှက်တို့သည်လည်း အကိုင်းအခက်တို့၌ နားနေမှီခိုကြသည်ဟု မိန့်တော်မူ၏။
၂၀ တဖန် မိန့်တော် မူသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း။
၂၁ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက် သုံးတင်း၌ ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သော တဆေးနှင့်တူသည်ဟု မိန့်တော်မူ၏။