Thursday, 26 October 2017

26-OCT-2017 (READING -ORD29-YA-C1)

Thu the 26th: Rom 6:19-23; Ps 1:1-6; Phil 3:8-9; Luke 12:49-53

ရောမသြဝါဒစာ အခန်းကြီး (Rom 6:19-23);

၁၉ ထိုသို့ ငါဆိုသော်၊ သင်တို့သည် ဇာတိပကတိအတိုင်း ဥာဏ်နည်းသောကြောင့်၊ လောကီဝေါဟာရအားဖြင့် ဆိုသတည်း။ သင်တို့သည်မိမိတို့ ကိုယ်အင်္ဂါများကို အဓမ္မတရား၌ သွင်း၍ ကျွန်ခံစေဘူးသည်နည်းတူ၊ ယခုမှာကိုယ်အင်္ဂါများ ကိုသန့်ရှင်းခြင်း အလိုငှါဖြောင့်မတ်ခြင်းတရား၌သွင်း၍ ကျွန်ခံစေကြလော့။
၂၀ သင်တို့သည်အပြစ်တရား၏ ကျွန်ဖြစ်စဉ် ကာလ၊ ဖြောင့်မတ်ခြင်းတရား၏လက်မှလွတ်ကြ၏။
၂၁ ယခုသင်တို့ရှက်ကြောက်သောထိုအကျင့် တို့ကိုကျင့်စဉ်အခါ၊ အဘယ်အကျိုးကို ရကြသနည်း။ ထိုသို့သောအကျင့်သည် သေခြင်း၌လမ်းဆုံးသတည်း။ ၂၂ ယခုမူကား၊ သင်တို့သည် အပြစ်တရား၏လက်မှလွတ်၍၊ ဘုရားသခင်၏ကျွန်ဖြစ်ကြသည်နှင့်အညီ၊ သန့်ရှင်းခြင်းအကျိုး ကိုရကြ၏။ အဆုံး၌လည်းထာဝရအသက်ကိုရကြလိမ့်မည်။ ၂၃ အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူး တော်ကား၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ထာဝရအသက် ပေတည်း။

ဆာလံကျမ်း အခန်းကြီး (Ps 1:1-6);

မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊၊
လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင် ပြုသောသူတို့၏ အစည်းအဝေး၌ မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဥ့်မပြတ်ဆင်ခြင် အောက်မေ့သောသူသည် မင်္ဂလာရှိ၏၊၊
အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏၊၊ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း၊၊
မတရားသောသူတို့မူကား ထိုကဲ့သို့မဟုတ်၊၊ လေတိုက်၍ လွင့်သောဖွဲနှင့်တူကြ၏၊၊
ထို့ကြောင့် တရားဆုံး ဖြတ်တော်မူရာကာလ၌ မတရားသောသူတို့သည် မတည်မနေရကြ၊၊ ဖြောင့်မတ်သောသူတို့၏ အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ၊၊
အကြောင်းမူကား ဖြောင့်မတ်သောသူတို့၏ လမ်းကို ထာဝရဘုရားသိကျွမ်းတော်မူ၏။ မတရားသော သူတို့၏လမ်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်သတည်း၊၊

ဖိလိပ္ပိသြဝါဒစာ အခန်းကြီး (Phil 3:8-9);

-၁၀ ထိုမျှမကငါ၏ သခင်ယေရှုခရစ်ကိုသိသော ပညာသည်အဘယ်မျှလောက်မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၂ (Luke 12:49-53);

၄၉ မြေပေါ်၌ မီးလောင်းစေခြင်းငှါ ငါလာသတည်း။ ထိုမီးမညှိမှီတိုင်အောင်ငါ၏ အလိုမပြည့်စုံ။ ဗတ္တိဇံ တခုကို လည်း ငါခံစရာရှိ၏။ ၅၀ ထို ဗတ္တိဇံ ကိုမခံမှီတိုင်အောင်ငါသည် အလွန်ငြီးငွေ့သောစိတ်ရှိ၏။
၅၁ မြေပေါ်၌ငြိမ်သက်ခြင်း ကိုပေး အံ့သောငှါငါလာသည်ဟု ထင်ကြသလော။ ထိုသို့သောအလိုငှါငါလာသည် မဟုတ်။ အချင်းချင်းကွဲပြား စေခြင်းငှါ ငါလာသည်ဟု ငါဆို၏။
၅၂ အဘယ်သို့နည်းဟူမူကား၊ ယခုမှစ၍အိမ်တအိမ်၌နေသောလူငါးယောက်တို့သည် နှစ်ယောက်တစုသုံးယောက်တစု အချင်းချင်း ကွဲပြား လိမ့်မည်။

၅၃ အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့်ချွေးမ အချင်းချင်းကွဲပြားလိမ့်မည် ဟု မိန့်တော်မူ၏။